#WorldHealth

Published 17 December 2021

ကန်ဆိုင်နိုဘိုင်အို(CanSinoBIO) ကိုဗစ်ကာကွယ်ဆေးက အိုမီခရွန်မျိုးဗီဇကွဲကို အတော်အသင့်အထိ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း တရုတ်ကာကွယ်ဆေးကုမ္ပဏီက ဆိုလိုက်ပါတယ်။လက်ရှိကာကွယ်ဆေးတွေကရတဲ့ ခုခံအားကို ရှောင်ရှားသွားနိုင်တဲ့ သန္ဓေပြောင်းမျိုးဗီဇကွဲအသစ်တွေ ထပ်မံထွက်ပေါ်လာပါကလည်း အဆိုပါသန္ဓေပြောင်းလဲခြင်းကို ပစ်မှတ်ထား ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ကုမ္ပဏီက မြန်မြန်ဆန်ဆန်ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။

အသက်မဲ့ဗိုင်းရပ်စ်ဖြင့်ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် recombinant adenovirus vector ကိုဗစ်ကာကွယ်ဆေးကို booster အားမြှင့်ကာကွယ်ဆေးအနေဖြင့် ရှုသွင်းခိုင်းရာမှာ အရင်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ကာကွယ်နိုင်စွမ်းထက် အနည်းငယ်သာလျော့နည်းကြောင်း စမ်းသပ်ချက်တွေမှာ တွေ့ရှိခဲ့တယ်လို့ ကန်ဆိုင်နိုင်ဘိုင်အိုက Global Times ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

အသက်မဲ့ဗိုင်းရပ်စ်ဖြင့်ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက်မှာ recombinant adenovirus vector ကိုဗစ်ကာကွယ်ဆေးကို booster အားမြှင့်ကာကွယ်ဆေးအနေဖြင့် အသုံးပြုပါက အသက်မဲ့ဗိုင်းရပ်စ်ဖြင့်ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းထက် အိုမီခရွန်ကိုကာကွယ်ရာမှာ ၁၀ ဆ ပိုအားသာကြောင်း ကန်ဆိုင်နိုဘိုင်အိုက ပြောကြားလိုက်ပါတယ်။

"အိုမီခရွန်မျိုးဗီဇကွဲကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးထုတ်လုပ်နေပါတယ်။ လက်ရှိကာကွယ်ဆေးတွေကရတဲ့ ခုခံအားကိုရှောင်ရှားနိုင်တဲ့ မျိုးဗီဇကွဲအသစ်ပေါ်လာပြီဆိုတာနဲ့ သန္ဓေပြောင်းလဲခြင်းကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးအသစ်ကို မြန်မြန်ဆန်ဆန် ထုတ်နိုင်မှာဖြစ်ပါတယ်"လို့ ကန်ဆိုင်နိုဘိုင်အိုကုမ္ပဏီက ပြောသွားပါတယ်။

အသက်မဲ့ဗိုင်းရပ်စ်ဖြင့်ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ၃ လမှ ၆ လအကြာမှာ ကန်ဆိုင်နိုဘိုင်အိုရဲ့ recombinant adenovirus vector ကိုဗစ်ကာကွယ်ဆေးကို booster အားမြှင့်ကာကွယ်ဆေးအနေဖြင့် အသုံးပြုပါက ခုခံပေးနိုင်မယ့် antibody တွေက အဆ ၂၀၀ မျှ များလာမှာဖြစ်ကြောင်း စမ်းသပ်ချက်တွေမှာတွေ့ရှိရတယ်လို့ တရုတ်နိုင်ငံမှ အသက်ရှူလမ်းကြောင်းရောဂါကျွမ်းကျင်ပညာရှင် ရှောင်နန်ရှန်က ဆိုပါတယ်။

အင်္ဂါနေ့က တရုတ်နိုင်ငံမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိခဲ့ပြီး အခြားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ကန်ဆိုင်နိုဘိုင်အိုရဲ့ ရှုသွင်းအသုံးပြုရတဲ့ကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်ပါက ကာကွယ်ဆေးတွေ ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီကပြောကြားလိုက်ပါတယ်။

Source: Global Times