#WorldHealth
Published - 21 October 2021
ယူကေမှာ ကိုဗစ်ရောဂါလှိုင်းတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒယ်လ်တာမျိုးဗီဇကွဲကနေ သန္ဓေပြောင်းလာတဲ့ ဒယ်လ်တာပလပ်စ်ကို အရေးတကြီးသုတေသနလုပ်ဖို့ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးမှ ကော်မရှင်နာဟောင်းဖြစ်သူ စကော့ဂေါ့လစ်ဘ်က တောင်းဆိုလိုက်ပါတယ်။
"ဒယ်လ်တာပလပ်စ်က ပိုမိုကူးစက်မြန်လား၊ ကိုယ်ခံအားမကာကွယ်နိုင်တာမျိုးရှိလား ဆိုတာတွေကို သိရဖို့ အရေးတကြီး လေ့လာဖို့လိုနေပါတယ်။ ဒီမျိုးဗီဇကွဲက ကူးစက်နှုန်းပိုမြန်လားဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီမျိုးဗီဇကွဲတွေနဲ့ တခြားမျိုးဗီဇကွဲတွေရဲ့အကြောင်းကို မြန်မြန်ဆန်ဆန်သိရဖို့ လေ့လာဖော်ထုတ်သင့်ပါတယ်။ ပစ္စည်းကိရိယာတွေလည်း ရှိနေတာပဲလေ" လို့ ဂေါ့လစ်ဘ်က တွစ်တာ မှာပြောထားပါတယ်။
ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆန်က ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက်အများစုကို ဖြေလျှော့ဖို့ အမိန့်ပေးပြီးတဲ့နောက် ဒီတနင်္ဂနွေနေ့မှာ ကူးစက်မှုအများဆုံးဖြစ်ခဲ့တယ်လို့ ယူကေမှာသတင်းဖော်ပြထားပါတယ်။
အခုကူးစက်မှုအများစုက ယူကေရှိ ကျောင်းပြန်တက်တဲ့ကလေးငယ်တွေမှာ ကူးစက်မှုအတော်များများ ဖြစ်နေပါတယ်။ကျောင်းနေအရွယ်ကလေးတွေမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းဟာ မျှော်မှန်းထားတာထက် ပိုပြီးနှောင့်နှေးနေပါတယ်။
ယူကေမှာ ကိုဗစ်ရောဂါကြောင့် လူပေါင်း ၁၄၀၀၀၀ နီးပါး သေဆုံးထားရတာဖြစ်ပါတယ်။ မေလအတွင်း အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ဒယ်လ်တာပလပ်စ်မျိုးဗီဇကွဲမှာ K417N သန္ဓေပြောင်းခြင်းဖြစ်စဉ် ပါဝင်နေပါတယ်။
ရောဂါပိုးပြန်လည်ကူးစက်စေနိုင်တဲ့ ဘီတာမျိုးဗီဇကွဲက ဒယ်လ်တာပလပ်စ်ကို ဖုံးအုပ်ထားတာကြောင့်လည်း စိုးရိမ်စရာဖြစ်ရပါတယ်။
နောက်ထပ်သန္ဓေပြောင်းခြင်းဖြစ်စဉ်ဟာ ပိုပြီးစိုးရိမ်စရာအခြေအနေရှိတဲ့အကြောင်း အထောက်အထားတွေ မတွေ့ရဘူးလို့ ဇွန်လနောက်ပိုင်းတုန်းက ယူကေသုတေသီတွေက ပြောထားပါတယ်။
ဒယ်လ်တာရော ဒယ်လ်တာပလပ်စ်ရောက အခြားကိုရိုနာဗိုင်းရပ်စ်တွေထက် အဆုတ်ဆဲလ်တွေကို ပိုပြီးကူးစက်စေနိုင်ပေမယ့် ဒယ်လ်တာပလပ်စ်မျိုးဗီဇကွဲက ဒယ်လ်တာလောက် အန္တရာယ်ရှိပုံ မပေါ်ဘူးလို့ ဂျာမနီသတင်းတစ်ခုက ဒီလအစောပိုင်းမှာ ဖော်ပြထားပါတယ်။
Source South China Morning Post