Published 21 October 2021

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ယက် ပလက်ဖောင်းအသစ်တစ်ခုကို  "TRUTH Social " အမည်ဖြင့် လွှင့်တင်ဖို့ရှိတယ်လို့ အောက်တိုဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ လာမယ့်လက စပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနှင့် ဘီတာ beta အဆင့်လွှင့်တင်မယ်လို့လည်းပြောပါတယ်။

 

ထရမ့်မီဒီယာအင်န်တက္ကနိုလိုဂျီဂရု(ပ်)(TMTG) ကပိုင်ဆိုင်တဲ့ ကာလကြာစောင့်ဆိုင်းနေရတဲ့ အဲဒီပလက်ဖောင်းဟာ လစဉ်ကြေးပေးကြည့်ရတဲ့  video on-demand ဝန်ဆောင်မှုကိုရည်ရွယ်တယ်လို့ဆိုပါတယ်။ အဲဒီဗွီဒီယိုတွေဟာ ထိလွယ်ခိုက်လွယ်တဲ့ လူမှုကိစ္စမပါတဲ့ "non-woke “ဖျော်ဖြေရေးအစီအစဉ်တွေတင်ဆက်တာဖြစ်မယ်လို့ အဲဒီအုပ်စုက သတင်းထုတ်ပြန်ပါတယ်။

 

“ ကျွန်တော် TRUTH Social ကို ဖန်တီးလိုက်ပါတယ်။ပြီးတော့ TMTG ဟာ နည်းပညာကုမ္ပဏီကြီးရဲ့ နိုင်လိုမင်းထက်ပြုတာကို မျက်နှာချင်းဆိုင်ဖို့ဖြစ်တယ်” လို့ တွစ်တာနှင့်ဖေ့စ်ဘုတ် အပိတ်ခံထားရတဲ့ ထရမ့်က ပြောပါတယ်။

 

“ တာလီဘန်တွေက တွစ်တာမှာ အကြီးအကျယ်နေရာယူထားတဲ့အချိန်မှာ ခင်ဗျားတို့သဘောကျတဲ့ အမေရိကန်သမ္မတက သံတိတ်နေရတဲ့ လောကကြီးထဲ ကျွန်တော်တို့နေထိုင်နေကြရတယ်။ဒါဟာလက်သင့်ခံနိုင်စရာမရှိဘူး” လို့ သူကဆက်ပြောပါတယ်။

TMTGဟာ နှင့် Digital Acquisition Corp ပေါင်းစပ်ပြီး အများပိုင်ကုမ္ပဏီဖြစ်အောင်လုပ်မယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

 

ထရမ့်ရဲ့ လက်ထောက် ဂျေဆင်မီလာကလည်း ဒီနှစ်စောစောပိုင်းက Gettr ဆိုတဲ့ လူမှုကွန်ယက်တည်ထောင်ခဲ့ပေမယ့် ထရမ့်က အဲဒီကွန်ယက်ထဲ မပူးပေါင်းသေးဘဲရှိပါတယ်။

 

Source: AFP