#Local_News
Published_ 18 January 2024
တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတိုက ပူးတွဲတတိယရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊ အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
#Local_News
Published 18 January 2024
ရှေးဟောင်း Classic မော်တော်ယာဉ်များ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မှတ်ပုံတင်ခြင်းများပြန်လည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။
မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၄င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကာ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
အဆိုပါ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား www.motc.gov.mm နှင့် www.myanmarrtad.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Local_News #ရှေးဟောင်းClassicမော်တော်ယာဉ် #မှတ်ပုံတင်ခြင်းများပြန်လည်ဆောင်ရွက် #YMG/ NN #Yangon-Times
#World_Health
Published 18 January 2024
ကြက်ဥမှာ ကိုလက်စ်ထရောလ် ပါဝင်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြား အကြံပြုချက် ကွဲလွဲနေကြပါတယ်။
အာဟာရပညာရှင်တစ်ဦးကတော့ ကြက်ဥကို ဘယ်လိုပြင်ဆင်စားသောက်လဲ ဆိုတဲ့အပေါ်မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှ အသိအမှတ်ပြု အာဟာရပညာရှင် ဒေါက်တာ ကယ်လီယန်ပက်ထရူချီက ကြက်ဥမှာ ရိုင်ဘိုဖလေဘင်၊ သံဓာတ်၊ ဇင့်၊ ဖော့စ်ဖရပ်စ်၊ ဖောလိတ်၊ ကိုလင်းနဲ့ ဗိုက်တာမင်များ ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုလင်းစားပေးရင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ကြက်ဥက ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလ်ကို သိပ်ပြီးမသက်ရောက်ဘူးလို့ ဆိုလိုက်ပါတယ်။
အချို့သုတေသနတွေကို နှိုင်းယှဥ်ကြည့်ရာမှာ ကြက်ဥအလွန်အကျွံ စားသုံးရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်စေတာကြောင့် တော်သင့်ရုံသာ စားသုံးသင့်ပါတယ်။
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လို အရာတွေနဲ့ တွဲဖက်ရင်တော့ မူလကတည်းက အဆီဓာတ်နဲ့ ဆိုဒီယမ်ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ကြက်ဥကို ဟင်းချက်ဆီတွေနဲ့ ပြင်ဆင်စားသုံးတာက ကျန်းမာရေးအန္တရာယ် ပိုရှိနိုင်တာကြောင့် မြက်စားနွားတွေထံမှရတဲ့ ထောပတ်တို့ဖြင့် ချက်ပြုတ်စားသုံးသင့်တယ်လို့ ပက်ထရူချီက အကြံပြုလိုက်ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးကောင်းတဲ့ လူတွေဟာ တစ်ပတ်ကို ကြက်ဥ ၇ လုံးအထိ ဘေးကင်းစွာစားသုံးနိုင်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။
အမေရိကန်နှလုံးအဖွဲ့အစည်းမှ ဂျာလင်ဂျုန်းစ်က ကြက်ဥဟာ အာဟာရဓာတ်များစွာပါဝင်တဲ့ အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုက်တာမင်အများအပြားနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် မျက်လုံး၊ နှလုံးအတွက် ကျန်းမာရေးကောင်းမွန်စေတယ်လို့ ရှင်းပြသွားပါတယ်။
#World_Health #ကျန်းမာရေးဆိုးရွားစွာထိခိုက်စေ #ကြက်ဥ #Source: New York Post
#Local_News
Published_ 18 January 2024
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဉီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများတိုးမြှင့် ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
#Local_News #အိန္ဒိယနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ #နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက် #Ymg_mnn #Yangon_Media_Group
#World_Business
Published 18 January 2024
ဆမ်ဆောင်းအီလက်ထရွန်နစ်က ဖန်တီးမှတ်ဉာဏ်တု(AI) လုပ်ဆောင်ချက်များစွာ ပါဝင်တဲ့ နောက်ဆုံးပေါ် ပရီမီယံစမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
အဆိုပါ AI လုပ်ဆောင်ချက်တွေထဲမှာ နိုင်ငံခြားဘာသာစကားဖြင့် ဖုန်းပြောဆိုခြင်းအတွက် တပြိုင်နက် ဘာသာပြန်ပေးတာလည်း ပါဝင်ပြီး အက်ပဲလ်စမတ်ဖုန်းတွေကို လိုက်လံယှဥ်ပြိုင်ဖို့ ဆမ်ဆောင်းက ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်းရဲ့ အချက်အလက်များအရ ၂၀၂၃ မှာ အက်ပဲလ်က ဆမ်ဆောင်းထက် စမတ်ဖုန်းတင်ပို့မှု ပိုမိုသာလွန်ခဲ့ကာ ၂၀၁၀ နောက်ပိုင်း ဆမ်ဆောင်းထက် ပထမဆုံးအကြိမ် အသာရခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် ဆမ်ဆောင်းက ဖုန်းအသုံးပြုသူတွေကို ဆွဲဆောင်တဲ့အနေဖြင့် ပရီမီယံ Galaxy S24 မော်ဒယ်တွေမှာ AI လုပ်ဆောင်ချက်အမျိုးမျိုးကို ထည့်သွင်းလာပါတယ်။
မတူညီတဲ့ ဘာသာစကား ၂ ခုဖြင့် ဖုန်းပြောဆိုတဲ့အခါ ဝင်လာတဲ့ ဘာသာစကားအသံနဲ့ ပြောလိုက်တဲ့ ဘာသာစကားတို့ကို တိုက်ရိုက်ဘာသာပြန်ပေးမှာဖြစ်ပြီး Galaxy S24 က ဒီလိုလုပ်ဆောင်ချက်မျိုး ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဘာသာစကား ၁၃ မျိုး ရရှိနိုင်ကာ ဆမ်ဆောင်းက ကိုယ်ပိုင် AIလေ့ကျင့်မှုများဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
ဖန်သားပြင်ပေါ်က ပုံရိပ်တစ်စိတ်တစ်နေရာကို ဝိုင်းလိုက်ရင် ဂူဂဲလ်မှာ ရှာပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။
မက်ဆေ့ချ်တွေရဲ့ အသံအနေအထားကို ပုံမှန်သံ၊ တရိုတသေသံ၊ စီးပွားရေးအသံ၊ ဆိုရှယ်မီဒီယာအသံမျိုး လိုက်ပြီးပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
AI အနှစ်ချုပ်တင်ပြခြင်း၊ အသံသွင်းခြင်းကို ဘာသာပြန်ခြင်း၊ လက်တွေ့မှာမရှိတဲ့ နောက်ခံကို ဓာတ်ပုံတွေမှာ ထည့်သွင်းခြင်း၊ တိုက်ရိုက် ရိုက်ကူးနေတဲ့ ဗီဒီယိုတွေကို အနှေးအသွင်ဖန်တီးပေးခြင်းတို့ ပါဝင်ပါတယ်။
ဒီလိုAIလုပ်ဆောင်ချက်တွေက cloud ကိုချိတ်ဆက်စရာမလိုဘဲ လေ့ကျင့်ဖန်တီးပြီးတဲ့အခါ သုံးစွဲသူတွေရဲ့ ဖုန်းတွေဆီကို ဒေါင်းလုဒ်ဆွဲသွားမှာ ဖြစ်ပါတယ်။
Qualcomm နဲ့ ဆမ်ဆောင်းတို့လို ကုမ္ပဏီတွေဟာ ကိုယ်ရေးအချက်အလက်များ ပိုမိုစိတ်ချရတဲ့ အဆိုပါAIစနစ်မျိုးကို အသုံးပြုလာကြပါတယ်။
၂၀၂၄ မှာ တင်ပို့မယ့် စမတ်ဖုန်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကသာ AI လုပ်ဆောင်ချက် ပါဝင်မှာဖြစ်ပြီး ၂၀၂၇ မှာတော့ ၄၅ ရာခိုင်နှုန်းအထိ မြင့်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ရေရှည်မှာ သုံးစွဲသူများရဲ့ လိုအပ်ချက်အရ ဖုန်းထဲမှာ AI လုပ်ဆောင်ချက်များ ထည့်သွင်းလာတဲ့ ဖုန်းတွေဟာ စမတ်ဖုန်းဈေးကွက်ကို သိသာစွာ သက်ရောက်နေလိမ့်မယ်လို့ Counterpoint မှ ဂျင်းပါ့ခ်က ပြောကြားလိုက်ပါတယ်။
သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေကို AI လုပ်ဆောင်ချက်တွေထဲ ထည့်သွင်းနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်တာကြောင့် ချက်ချင်းတော့ သက်ရောက်ဦးမှာ မဟုတ်ပါဘူး။
Galaxy S24 series ကို ဇန်နဝါရီ ၃၁ ရက်နေ့က စတင်ကာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ Galaxy S24 ရဲ့ အခြေခံဈေးနှုန်းက ၇၉၉ ဒေါ်လာကနေ ပိုမိုမြင့်မားတဲ့ ဗားရှင်းနှစ်ခုဖြစ်တဲ့ S24 Plus နဲ့ S24 Ultra တို့ကတော့ ၉၉၉ ဒေါ်လာနဲ့ ၁၂၉၉ ဒေါ်လာအသီးသီး ရှိမှာဖြစ်ပါတယ်။
#World_Business #Appleကိုယှဥ်ပြိုင်မည့်Samsung #GalaxyS24စမတ်ဖုန်း #Source: Reuters
#Local_News
Published_ 18 January 2024
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုဇန်နဝါရီ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေးမှာကြားခဲ့ပါတယ်။
ဆက်လက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)ဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online၊ Offline ဖြင့် ပါဝင်တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါတယ်။
#Local_News #ကျောက်ဖြူအထူးစီးပွားရေးဇုန် #ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် #Ymg_mnn #Yangon_Media_Group
#World_Health
Published 18 January 2024
အမျိုးသားများ သုတ်ပိုးသန်စွမ်းချင်ပါက ကားထိုင်ခုံတွေကို အနွေးဓာတ်မထုတ်ဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ထိုင်ခုံတွေမှာ အနွေးဓာတ်လွှတ်ထားခြင်းက ဝှေးစေ့အပူချိန်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
ယခုလိုဆောင်းရာသီအချိန် အပူချိန် ၀ ဒီဂရီအောက် ရောက်တဲ့နေရာတွေမှာ မော်တော်ကားတွေထဲ ထိုင်ခုံတွေကို အပူပေးလေ့ရှိကြပါတယ်။
ကျားအင်္ဂါကနေ သုတ်ပိုးထုတ်လုပ်ဖို့အတွက် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဒီဂရီများစွာ အေးစက်ဖို့ လိုအပ်ပါတယ်။
ဝှေးစေ့ပူနွေးနေပြီး ဘောင်းဘီအကြပ်ဖြင့် ကြာရှည်စွာ ထိုင်နေရတဲ့အခါ သုတ်ပိုးထုတ်လုပ်မှု လျော့နည်းစေတာကို သိရှိခဲ့ပြီးဖြစ်ကြောင်း မန်ချက်စတာတက္ကသိုလ်မှ ပရော်ဖက်ဆာ အယ်လန်ပေဆီက ပြောပြပါတယ်။
ကိုယ်ဝန်လိုချင်နေတဲ့ သူတွေအတွက် ကားထိုင်ခုံတွေ လျှပ်စစ်စောင်တွေ ပိတ်ထားဖို့ အကြံပြုသွားပါတယ်။
ခရီးရှည်မှာ မဖွင့်သင့်ပေမယ့် ခဏတဖြုတ် ရံဖန်ရံခါ ဖွင့်တာကတော့ ပြဿနာမရှိပါဘူး။
သုတ်ပိုးထုတ်လုပ်ရာ ပြဿနာပေးတာက အပူတစ်မျိုးတည်းမဟုတ်ဘဲ အလုပ်အကိုင်တွေကလည်း သက်ရောက်နေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားလုပ်ကိုင်ရသူတွေဟာ ရုံးတွေမှာ ထိုင်လုပ်ရတဲ့သူတွေထက် ၅၀ ရာခိုင်နှုန်းနီးပါး သုတ်ပိုးအရေအတွက် ပိုများနေပါတယ်။
ဒါကြောင့် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိနေပါတယ်။
လုပ်ငန်းခွင်မှာ လှုပ်ရှားလုပ်ကိုင်နေရခြင်းဟာ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။
#World_Health #သုတ်ပိုးလျော့ကျပစ္စည်းတစ်မျိုး #ဆရာဝန်များသတိပေး #Source: New York Post
တရုတ်ပြည်မှ ရုပ်ရှင်နဲ့တီဗီပရိသတ်တွေဟာ ဇာတ်ကားတွေနဲ့ တီဗီအစီအစဥ်တွေရဲ့ ရိုက်ကွင်းနေရာတွေကို သွားရောက်လိုနေကြပြီး တိုင်းပြည်ရဲ့ ဧည့်ခရီးသွားလုပ်ငန်း အခွင့်အလမ်းသစ်ကို ပုံဖော်နေကြပါတယ်။
Asia_Industry
Published_ 17 January 2024
#ဧည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ #ရိုက်ကွင်းနေရာဒေသရှုခင်း
#Yangon_Times #YMG_News #Yangon_Media_Group
၁၇ ဇန်နဝါရီ ၂၀၂၄
ထိုင်းနိုင်ငံတွင် ထောင်ကျနေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည် သူ၏ အသက်နှင့်ကျန်းမာရေး အခြေအ နေကြောင့် လာမည့်လ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြောင်း ယနေ့ ဇန်နဝါရီ (၁၇)ရက်တွင် ထိုင်း အကျဉ်းဌာနအရာရှိတစ်ဦးကပြောပါတယ်။
အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီလျံနာ သက်ဆင်သည် ထောင်(၈)နှစ်ကျခံရန် ပြီးခဲ့တဲ့နှစ်ဩဂုတ်လတွင် ပြည်တော် ပြန်လာပြီး နာရီပိုင်းအတွင်း သွေးတိုးနင့် ရင်ဘတ်တောင့်လာမှုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ သူ၏ ထောင်ဒဏ်ကိုလည်း ဘုရင်မင်းမြတ်က တစ်နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။
သူ့ကျန်းမာရေးကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်ဆိုပြီး အကျဉ်းဌာနက အကျဉ်းဌာနဆေးရုံမှာ သူဆက်ပြီးနေခွင့် ထပ်မံ တိုးမြှင့်ပေးခဲ့ပါတယ်။
“ သတ်မှတ်ချက်များအရ သက်ဆင်ဟာ အထူးလွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်ပါတယ်” ဟု အကျဉ်းဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဆစ်သီ ဆူဆီဗောင်းက ပြောပါတယ်။ ဖေဖော်ဝါရီမှာ သက်ဆင်ထောင်ကလွတ်လာမှာလားဟု သတင်းထောက်များ ၏ အမေးကို သူကဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
သူ့လွတ်ငြိမ်းခွင့်အတွက် ဘန်ကောက်ရမန်အကျဉ်းထောင်ဆီက တရားဝင်တောင်းခံလွှာ မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
Source Reuters
#Daily_News
Published_ 17 January 2024
၁။ ဟိုပုန်းထွက် စတော်ဘယ်ရီများ ရန်ကုန်သို့ရောက်ရှိလာတော့မည်
၂။ တရုတ်နှစ်ကူးနီးလာသဖြင့် ပြည်တွင်းဆိတ်သားသတ်ဈေးကွက် ဈေးမြင့်တက်လာ
၃။ ဗုဒ္ဓဂါယာ ခရီးသွားလာမှု ယမန်နှစ်ထက်ကျဆင်းနေ
၄။ တရုတ်ရုပ်ရှင်ကားများရိုက်ကူးသော ရိုက်ကွင်းနေရာဒေသရှုခင်းများတွင် ဧည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ ၁ရက်ကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် မြဝတီ ကျောက်လုံးကြီးစခန်းကနေ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှုမှာ လုပ်သားဦးရေနှုန်းထားဟာ ယခင်လတွေ ထက်လျော့ကျသွားတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 17 January 2024
#မြဝတီကျောက်လုံးကြီးစခန်း #MOUလုပ်သားစေလွှတ်
#YMG/LW #Yangon_Times
#Local_News
Published_ 17 January 2024
မန္တလေးမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအတွက် ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်တွင်ကြိုက်နှစ်သက်ရာ Cambridge IELTS စာအုပ်များကို လာရောက်ရွေးချယ်ငှားရမ်းနိုင်ကြောင်း British Council မှ သိရသည်။
ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့လာရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ (သို့) ယာဥ်မောင်းလိုင်စင် (သို့) ကျောင်းသားကဒ် ယူဆောင်လာရမည်ဖြစ်ပြီးတစ်ရက်ကြိုတင်ရက်ချိန်းရယူပေးကာ ငှားရမ်းနိုင်သည်ဟု ဆိုသည်။
စာကြည့်တိုက်အသင်းဝင်လိုသူများအနေဖြင့်လည်း အွန်လိုင်းကတစ်ဆင့် လျှောက်လွှာတင်နိုင်ပြီး စာကြည့်တိုက်မှာ အသင်းဝင်ကြေးပေးချေတဲ့အခါ ငွေသားပေးချေခြင်းကို လက်မခံတဲ့အတွက် ဘဏ်ကဒ်နှင့်ပေးချေခြင်း (သို့မဟုတ်) AYA mobile banking နှင့်ပေးချေခြင်းကိုသာ ပြုလုပ်နိုင်မည်ဟုဆိုသည်။
ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်ကိုအခန်း (၈)၊ ၁၁ လွှာ၊ Mandalay Financial Centre၊ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၌တနင်္လာနေ့ မှ သောကြာနေ့ (မနက် ၉ နာရီခွဲ မှ ညနေ ၄:၀၀ နာရီထိ)ဖွင့်ထားကြောင်း သိရသည်။
#Local_News #IELTSစာမေးပွဲဖြေမည့်သူ #IELTSစာအုပ်များငှားရမ်းနိုင် #tthl #Yangon_Times
Page 533 of 1645