Pubkished_ 20 September 2024
တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၀) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနား၌ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးဇေယျာနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zhen Zhihong တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် "THE WANDERING EARTH 1" ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း (၁) ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ရုပ်ရှင်သီတင်းပတ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ China Media Group နှင့် တရုတ်ယဥ်ကျေးမှုစင်တာ(ရန်ကုန်)တို့က ပူးပေါင်း၍ စီစဥ်ကျင်းပတာဖြစ်ပါတယ်။
ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ အခမဲ့ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
တရုတ်သိပ္ပံနည်းပညာဇာတ်ကားများဖြစ်သည့် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၂ ၊ Animation Cartoon သမိုင်းထဲက ချန်အန်း၊ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စိတ်ဝိဉာဥ် နားခိုးရာဆီသို့ နှင့် ငှက်တို့ ဇာမဏီ စတဲ့ ဇာတ်ကား ၅ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
YBS ယာဉ်တွေကသူတို့ရဲ့ယာဉ်လိုင်းအစီအစဉ်နဲ့ ကုမ္ပဏီအစီအစဉ်တွေနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းနေသလို YRTC အနေနဲ့ သိန်း(၃၀၀)လှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 20 September 2024
#ရေဘေးသင့်ပြည်သူ #YRTCမှလှူဒါန်း
#YMG/tthl #Yangon_Times
#Local_News
Published 20 September 2024
▪️ အီလက်ထရောနစ်နည်းစနစ် ဖြင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထပ်မံကြေညာ လိုက်သည်။
▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူ များအခွန် ပေးဆောင်ရာတွင် လွယ်ကူမြန်ဆန်စေရန် အီလက်ထရောနစ်နည်းဖြင့် အခွန် ငွေပေးဆောင်နိုင်မည့်နည်းလမ်းများကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်စနစ်မှတဆင့် လည်းကောင်း၊ MPU e-commerceကိုအသုံးပြု၍ Onlineမှလည်းကောင်းပေးဆောင်နိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ e-commerce ဖွင့်လှစ်ထားသော MPU Debit Cardကိုအသုံးပြု၍ Online မှ အခွန်ငွေပေးဆောင်ခြင်း၊ မိုဘိုင်းအီလက်ထရောနစ်ငွေပေးချေမှုစနစ်သို့မဟုတ် ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသောငွေစာရင်းမှ CBN Net system ရှိ CCT fundction ကိုအသုံးပြု၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းများဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အထက်ပါနည်းလမ်းများအပြင် ဦးစီးဌာန၏ ဝက်ဆိုက်မှတဆင့် Multi-channel Tax payment plattform အနေဖြင့် အသုံးပြုအခွန်ငွေပေးဆောင်နိုင်ရန်အတွက် IRD's Tax payment Hub portal အားအကောင်အထည်ဖော်ခဲ့ရာ ပထမအဆင့်အနေဖြင့် စက်တင်ဘာ ၁ရက်နေ့မှစတင်၍ uab bank ၏ uab pay နှင့်uab banking ဖြင့်လည်းကောင်း၊e-commerceဖွင့်လှစ်ထားသော MPU Debit Card ဖြင့်လည်းကောင်းအခွန်ပေးသွင်းနိုင်ရန်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ IRD's Tax payment Hub portalမှတဆင့်အခြားသောဘဏ်များနှင့် မိုဘိုင်းငွေရေး၊ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းနိုင်ရန်စနစ်ပိုင်းချိတ်ဆက်ပြီးချိန်တွင်လည်း အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ဆီဈေးတက်ပြီး ဒီဇယ်ဈေးကျအနည်းငယ်ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 20 September 2024
#ဓာတ်ဆီဈေးတက် #ဒီဇယ်ဈေးပြန်ကျ
#YMG/NN #Yangon_Times
လေပွေလှိုင်းဖြတ်သန်းမယ့် လမ်းကြောင်း ညာဘက်ခြမ်းတွင်ပါဝင်တဲ့ဒေသတွေ မိုးပိုမိုရွာသွန်းနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
#Local_News
Published 20 September 2024
#လေပွေလှိုင်းဖြတ်သန်း #မိုးပိုမိုရွာသွန်းနိုင်
#YMG/NN #Yangon_Times
ငမိုးရိပ်ဆည်ဟာ အခုရက်ပိုင်းမှာအနည်းငယ်ရေပြန်တိုးလာပြီး ရေပိုလွှဲမှ (၂)ပေကျော်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 20 September 2024
#ငမိုးရိပ်ဆည် #ရေပိုလွှဲမှ(၂)ပေကျော်နေ
#YMG/tthl #Yangon_Times
#Local_News
Published_ 20 September 2024
▪️ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှလှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV) ၂.၄၅ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရပါတယ်။
▪️ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ တုံပြန်ဆောင်ရွက်ရေးနှင့် ကာကွယ်၊ထိန်းချုပ်ရေးများတွင် အထောက်အကူ ဖြစ်စေရန် WHO မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၄.၀၅) သန်း တန်ဖိုးရှိ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) ၂.၄၅ သန်း doses သည် စက်တင်ဘာ (၁၇) ရက်နှင့် (၁၉)ရက်တို့တွင် လေယာဉ်အမှတ် WW211 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
▪️ အဆိုပါဆေးများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်းမပြတ် ပိုဆောင်ခဲ့ပါတယ်။
▪️ ကာကွယ်ဆေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားခဲ့သော မြို့နယ်/ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာ၊ ကျောင်းများ၊ ဘာသာရေး ကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အစား အသောက်ဆိုင်တန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များ၊ လူနေထူထပ်ပြီး သန့်ရှင်းသောသောက်သုံးရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းသောနေရာများတွင် တုံပြန်ကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေးတိုက်ကျွေးသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

#Ymg_mnn #Yangon_Media_Group
၂၀ စက်တင်ဘာ ၂၀၂၄
မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားအလုပ်သမားတွေ တရားမဝင်ခိုးသွင်းတဲ့ ဂိုဏ်းနှင့် ချိတ်ဆက် ဆောင် ရွက်ကြတဲ့ အကြီးတန်းလူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိ ဒါဇင်ကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။
အသက်၄၀ ဝန်းကျင်ရှိ အဲဒီလဝက အကြီးတန်းအရာရှိဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်က လဝက ရဲ့ စာရွက်စာတမ်းအထောပ်အထားမပြည့်စုံဝင်ရောက်လာသူတွေအတွက် သီးခြားတန်းစီလမ်းကြောင်း ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဆရာကြီးဖြစ်ပါတယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်အကြီးအကဲ အာဇမ်ဘာကီက စက်တင်ဘာ ၁၈ ရက်က ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားပါတယ်။
“ သူဟာ လဝက အရာရှိ ၅၀ ခန့်ကို ဩဇာညောင်းတယ်။ သူက လဝကမှာ အလုပ်လုပ်တာ နှစ်၂၀ လောက်ရှိပြီ” လို့ မစ္စတာ အာဇမ်က ပြောပါတယ်။ သူနှင့် အရာရှိတော်တော်များများ ထွက်ပြေးဖို့ကြိုးစား ခဲ့ပြီးနောက် သူ့ကို စက်တင်ဘာ ၅ ရက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ သူဟာ အရာရှိတွေကို လာဘ်ငွေတွေ ခွဲပေးခဲ့သူဖြစ်တယ်လို့ယုံကြည်ရတယ်” လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့ခြောက်လခန့်ကစပြီး အဲဒီကိစ္စနှင့်ပတ်သက်လို့ သတင်းအချက်အလက်တွေ စတင်ရယူစုဆောင်းခဲ့တယ်လို့လည်း သူကပြောပါတယ်။
“ ဒီကနေ့အထိ လဝကအရာရှိ ၄၉ ဦး၊ ရဲတစ်ဦးနှင့် ပွဲစားနှစ်ဦး ပြီးတော့ ဘဏ်အကောင့်တွေပေးခဲ့တဲ့ လူ (၈)ဦးတို့ကိုဖမ်းဆီးရမိထားပါတယ်” လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောပါတယ်။
စစ်ဆင်ရေးသုံးခုအတွင်းမှာ ငွေသား မလေးရှားရင်းဂစ် တစ်သန်း(အမေရိကန်ဒေါ်လာ ၂၃၄,၀၀၀) ငွေသား၊ ယာဉ်တွေ၊ လက်ဝတ်ရတနာနှင့်ရွှေတွေ သိမ်းဆည်းမိတယ်လို့လည်း သတင်းများကရေးပါ တယ်။
“စုစုပေါင်း မလေးရှားရင်းဂစ် သုံးသန်းကျော်ရှိနေတဲ့ ဘဏ်အကောင့် ၂၁၅ခုကိုလည်း ထိန်းချုပ်ထား ပါတယ်” မစ္စတာအာဇမ်ကပြောပါတယ်။ အဲဒီအကောင့်တွေဟာ လဝကအရာရှိတွေနှင့် ဂိုဏ်းအတွက် အလုပ်လုပ်ပေးတဲ့ ပွဲစားတွေပိုင်တဲ့အကောင့်တွေဖြစ်ပါတယ်။
သူတို့ဟာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ပါကစဖ်စတန်နှင့် နီပေါနိုင်ငံတွေက သူတွေ မလေးရှားထဲ ခိုးသွင်းပေးခဲ့သူတွေဖြစ်ပါတယ်။
ရတဲ့ လာဘ်ငွေတွေကို လဝကအရာရှိတွေတစ်ဦးချင်းစီရဲ့ ကုတ်သင်္ကေတအမှတ်တွေကိုပေးပို့ပါတယ်။ ငွေက နိုင်ငံအလိုက်ပေါ်မူတည်ပေးတာလို့လည်းပြောပါတယ်။ အရာရှိတွေဟာ နိုင်ငံခြားသားတစ်ဦး ချင်းစီအတွက် မလေးရှားရင်းဂစ် ၁၀၀ကနေ ၂၅၀၀ အကြားရရှိကြတာဖြစ်ပါတယ်။
“အရာရှိတွေက ဝင်လာမယ့်နိုင်ငံခြာသားကို ဘယ်ကောင်တာဝင်ဆိုပြီး ကြိုသတင်းပေးထားခဲ့တယ်။ အဲဒီနောက် ပွဲစားတွေက အဲဒီနိုင်ငံခြားသားကို နောက်ဆုံးသွားမယ့်နေရာအထိ လိုက်ပို့ပေးတယ်” လို့ မစ္စတာ အာဇမ်ကပြောပါတယ်။
“ ဒီလိုလုပ်ရပ်မျိုးကိုဟန့်တားနိုင်ဖို့အတွက် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ တာဝန်ကျနေတဲ့ အရာရှိတွေကို တာဝန်ချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုတာတွေခွင့်မပြုဖို့လည်း သူက အဆိုပြုခဲ့ပါတယ်။
ဘယ်အရာရှိကို ဘယ်ကောင်တာမှာထားမယ်ဆိုတာကိုလည်း သူတို့တွေ ကောင်တာဇုံကို ရောက်လာ ပြီး မှ သတ်မှတ်ဖို့သင့်တယ်။ ပြီးတော့ အဲသလိုတာဝန်ချတာကိုလည်း အခြားအဖွဲ့တစ်ဖွဲ့ကလုပ်သင့်တယ်” လို့ သူကအကြံပြုထားပါတယ်။
Source CNA
#World_News
Published 20 September 2024
▪️ အနောက်တိုင်းနိုင်ငံများအနေနဲ့ ယူကရိန်းကို ယင်းတို့ရဲ့ အဝေးပစ်လက်နက်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ ခွင့်ပြုပါက နျူကလီးယားစစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နီးစပ်တဲ့ မဟာမိတ်တစ်ဦးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
▪️ ဒီလိုမျိုး ယူကရိန်းကို ခွင့်ပြုချက်ပေးရန် ဥရောပပါလီမန်က ဥရောပသမဂ္ဂ နိုင်ငံတွေကို တိုက်တွန်းဖို့ မဲပေးတဲ့ကိစ္စကို ရုရှားအောက်လွှတ်တော်ဥက္ကဌနဲ့ ပူတင်ရဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ဗီယာချက်စ်လက်ဗ်ဗိုလိုဒင်က တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
▪️ ဥရောပပါလီမန်က နျူကလီးယားလက်နက်တွေ ပါဝင်တဲ့ ကမ္ဘာစစ်ဖြစ်လာအောင် တောင်းဆိုနေတာ ဖြစ်တယ်လို့ ဗိုလိုဒင်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပူတင်ကလည်း အနောက်တိုင်းအနေနဲ့ ယူကရိန်းကို ယင်းတို့တာဝေးပစ် လက်နက်များဖြင့် ရုရှားမြေထဲသို့ ပစ်ခွင့်ပြုပါက ရုရှားနဲ့ တိုက်ရိုက်ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါသေးတယ်။
▪️ ၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာ နောက်ပိုင်း ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်တိုင်းတို့ကြား အကြီးမားဆုံး ရင်ဆိုင်မှုကြီး ဖြစ်လာပါတယ်။
▪️ ပူတင်က ဘောင်ကျော်ပြီး ပြောဆိုတာများခဲ့ပေမယ့် အနောက်တိုင်းက တင်းမာမှုမမြင့်လာအောင် ထိန်းသိမ်းထားတယ်လို့ နေတိုး(NATO)အကြီးအကဲ ယန်းစ်စတိုလ်တန်ဘာ့ဂ်က The Times သတင်းစာကို ပြောခဲ့ပါတယ်။
▪️ ကြာသပတေးနေ့က ကျင့်သုံးလိုက်တဲ့ စည်းမျဉ်းတစ်ခုမှာ ဥရောပပါလီမန်က ယူကရိန်းအနေနဲ့ ရုရှားနယ်မြေထဲမှ စစ်ရေးပစ်မှတ်များကို ပစ်ခတ်နိုင်ရန် အနောက်တိုင်းလက်နက်များ အသုံးပြုခွင့် ကန့်သတ်ချက်များကို ချက်ချင်းဖြေလျှော့ပေးရန် ဥရောပသမဂ္ဂနိုင်ငံများကို တောင်းဆိုလိုက်ပါတယ်။
▪️ ဗိုလိုဒင်က "ဒီလိုမျိုးဖြစ်လာရင် ရုရှားက စွမ်းအားမြင့်လက်နက်များဖြင့် တုန့်ပြန်မှာပါ။ မဖြစ်နိုင်ဘူး မထင်ပါနဲ့" လို့ ပြောသွားပါတယ်။
▪️ ရုရှားတို့ရဲ့ RS-28 ဆာမတ် တိုက်ချင်းပစ်ဒုံးကျည်ဖြင့် ဥရောပပါလီမန် ပြုလုပ်တဲ့ စထရက်စ်ဘော့ဂ်သို့ ပစ်ခတ်ရန် အချိန် ၃ မိနစ်နဲ့ စက္ကန့် ၂၀ သာကြာမြင့်တယ်ဆိုတာကို ဥရောပနိုင်ငံတွေ နားလည်သင့်ကြောင်း ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 20 September 2024
▪️ မြန်မာ့နိုင်ငံဓာတ်ပုံအသင်းမှကြီးမှူး၍ ဆရာကျော်ကျော်ဝင်း ( X-Photographer ) ၏ Mobile Phone Photography Class ကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းသည် မိုဘိုင်းဖုန်းကင်မရာများကို အသုံးပြု၍ စနစ်တကျ အခြေခံကျကျဓာတ်ပုံရိုက်ကူးခြင်းကိုစိတ်ဝင်စားသူများ ၊ ခရီးသွားဓာတ်ပုံများကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးလိုသူများ၊ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခြင်းဖြစ်သည်။
▪️ သင်တန်းတွင် သင်ကြားတွင် မိုဘိုင်းဖုန်း၏ ကင်မရာကို မှန်ကန်စွာရွေးချယ်ပြီး ထိထိရောက်ရောက်အသုံးပြုနည်းများ၊ မိုဘိုင်းဖုန်း၏ အခြေခံဆက်တင်များကို နားလည်ပြီး ထိန်းချုပ်ရိုက်ကူးခြင်းများ၊ ရိုးရှင်းလှပသော Composition ရယူနည်းများ၊ ဖုန်းဖြင့် ဓာတ်ပုံများကို ထူးခြားဆန်းသစ်သော စိတ်ကူးဖြင့် ရိုက်ကူးနည်းများ၊လက်တွေ့ ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် Post-Processing ပြုလုပ်ပြီးဓာတ်ပုံများ၏အရည်အသွေးကိုမြှင့်တင်ခြင်းအကြောင်းများ၊ နိုင်ငံတကာ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲများနှင့်ဝင်ရောက်ယှဥ်ပြိုင်ခြင်း အကြောင်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအတွက် လက်တွေ့ပြိုင်ပွဲတခု ဝင်ရောက်ယှဥ်ပြိုင်ခြင်း များလည်းပါဝင်ကြောင်း သိရသည်။
▪️ ယင်းသင်တန်းကြေးမှာ တစ်သိန်းကျပ်ဖြစ်ပြီး မြန်မာ့နိုင်ငံဓာတ်ပုံအသင်းရုံးခန်း၌ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၁ ရက်တွင် ညနေ ( ၄:၀၀ ) နာရီမှ ( ၅:၃၀ )အထိ သင်ကြားပေးသွားမည်ဖြစ်ကာသင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 September 2024
▪️ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ နောက်ဘက်ရှိ စံပါယ်လမ်း၌ ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ၂၀ ရက်နေ့၊ ၁ နာရီ ၁၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စံပယ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ "ပလာဇာရဲ့နောက်ဘက်ကလမ်းမှာမီး လောင်မှုဖြစ်ပွားတာပါ၊ မီးပျက်ပြီးပြန်လာတဲ့အချိန်မှာလောင်တာ၊ သိပ်မကြာဘူးငြိမ်းသွားပါတယ်"ဟု နှင်းဆီလမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၀မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းမီးလောင်မှု ကြောင့်ဆုံးရှုံးမှုတန်ဖိုးအပါအဝင် မီးလောင်မှု ဖြစ်စဥ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အသေးစိတ်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 20 September 2024
▪️ ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအားလုံးကို တိုက်ဖျက်နိုင်မယ့် SC27 ပဋိပစ္စည်းတစ်မျိုးကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ပဋိပစ္စည်းဆိုတာက အန္တရာယ်ပြု ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို ကူညီတိုက်ထုတ်ပေးဖို့ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်လိုက်တဲ့ ပရိုတိန်းတစ်မျိုး ဖြစ်ပါတယ်။
▪️ ခန္ဓာကိုယ်ထဲ ကူးစက်ဝင်ရောက်လာသူတွေကို မှတ်သားထားပြီး ထိုပိုးမွှားများကို တွယ်ဆက်ကာ ချေဖျက်ပေးပြီးတော့ လူကိုဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ SARS-CoV-2 က စပိုက်ခ်ပရိုတိန်းကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်ဆဲလ်တွေကို ကူးစက်တာဖြစ်ပါတယ်။
▪️ ထိုအခါမှာ ပဋိပစ္စည်းတွေက စပိုက်ခ်ပရိုတိန်းကို ချိတ်ဆက်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ သုတေသနအဖွဲ့က ကာကွယ်ဆေးထိုးပြီးနောက် ရောဂါကူးစက်ခဲ့တဲ့ လူနာ ၄ ဦးရဲ့ သွေးရည်ကြည်ထဲမှ SC27 ကို ခွဲထုတ်လိုက်ကြပါတယ်။
▪️ ဒီနောက် SC27 က ကိုဗစ်-၁၉ မျိုးဗီဇကွဲအားလုံးရဲ့ စပိုက်ခ်ပရိုတိန်းကို သိရှိတိုက်ဖျက်တဲ့အတွက် ဗိုင်းရပ်စ် ဆင့်ကဲပြောင်းလဲမှုများကို တိုက်ထုတ်နိုင်မယ့် အရာဖြစ်လာကြောင်း တက္ကဆပ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြခဲ့ပါတယ်။
▪️ ဒီတွေ့ရှိမှုကနေ ပိုမိုအားကောင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေနဲ့ ကုသနည်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။
▪️ SARS-CoV-2 လိုမျိုး လျင်မြန်စွာသန္ဓေပြောင်းတဲ့ ဗိုင်းရပ်စ်တွေထံမှ ကာကွယ်နိုင်မယ့် စွယ်စုံရကာကွယ်ဆေး ထုတ်လုပ်ဖို့ ရည်မှန်းချက်အကြောင်းကို ဦးဆောင်သုတေသီ ဝီလီယံဗော့စ်က အလေးပေးပြောသွားပါတယ်။
▪️ ဒါ့အပြင် ကာကွယ်ဆေးထိုးခြင်းရော ရောဂါကူးစက်ခြင်းရောကနေ ရတဲ့ ပေါင်းစပ်ကာကွယ်နိုင်စွမ်းက တစ်မျိုးထဲထက် ပိုမိုကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ဖော်ပြသွားပါတယ်။
#Source: India Today
Page 532 of 1934