#Local_News
Published 5 February 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၏ ထောက်ပံ့မှုဖြင့် မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) နှင့် အခြားလူငယ်အဖွဲ့အစည်းများ ပူးပေါင်းကာ “YC25 (Youth Conference 2025): Share Your Voice with the EU” အမည်ရ Conference ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ YC25 ကို မြန်မာနိုင်ငံက လူငယ်များအနေဖြင့်အသိပညာ၊ ဗဟုသုတနှင့်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် ၎င်းတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပူးပေါင်းအဖြေရှာနိုင်ရန် ရည်ရွယ်ပြီးယခုလ၈ရက်တွင် ရန်ကုန်မြို့၊ စက်ဆန်းရှိ Studio Canvas တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ YC25 တွင် ပါဝင်မည့် အစီအစဉ်များမှာ
၁။ မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ၏ အများပြည်သူနှင့်သက်ဆိုင်သောနေရာများကို အသင်းအဖွဲ့နှင့် ဖန်တီးမှုစွမ်းအားများကတစ်ဆင့် မြှင့်တင်နည်းကို လေ့လာနိုင်မည့် "The Place Game Workshop"
၂။ For The Future Myanmar က ဦးဆောင်ဆွေးနွေးသွားမည့် "How Gender Affects Access to Education and Vocational Training"
၃။ allyours က ဦးဆောင်ကာ အနုပညာ ဆန်းသစ်ဖန်တီးမှုများကို နေ့စဉ်ဘဝထဲသို့ ပေါင်းစပ်နိုင်ပုံများကို ရှာဖွေသွားမည့် "Integration of Art & Design Panels & Workshops"
၄။ YEAH - Youth for Environmental Action and Hope ၏ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များအပေါ် စိတ်ကူးစိတ်သန်းများနှင့် အကြံပြုချက်များကို မျှဝေသွားမည့် "Youth Environment Echo Workshop"
၅။ Purple - ပါပယ် နှင့် Untitled Space က ဦးဆောင်ပြီး ပြုလုပ်သွားမည့် "Caps to Pins: Crafting Creativity from Waste Workshop" နှင့်"Our Journey Brought to You: Stories of Resilience, Innovation, and Growth Panel Discussion" တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုအစီအစဉ်များထဲမှ တက်ရောက်လိုသည့် အစီအစဉ်ကို ရွေးချယ်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ ပြကွက်အသစ်များ ပြင်ဆင်ထားသည့် အတွက် လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့မှ
သိရသည်။
▪️ နေပြည်တော်ရှိ ရှားပါးမျိုးစိတ် ပန်ဒါနီငါးကောင်မှ မီးမီးနှင့်မောင်မောင်ပန်ဒါစုံတွဲအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၉)နှစ်အတွက် ပြကွက်အသစ်တိုးပြသနိုင်ရန် နှင့် မျိုးဆက်ပွားနိုင်ရန် ရန်ကုန်သို့ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီမလေး မီးမီးသည်အသက် လေးနှစ် ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် အသက်၁၃ နှစ်ဖြစ်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ မောင်မောင်မှာမူ အသက်နှစ်နှစ်ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှနေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီးလတ်တလောတွင် အသက်၁၂နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီများသည်မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်များတွင် ကျက်စားနေထိုင်လေ့ရှိကြပြီး ကမ္ဘာ့အဆင့် ရှားပါးစာရင်းဝင်ဖြစ်ကြောင်း၊ ၎င်းတို့သည် အဓိကအားဖြင့် ဝါးရွက်များကိုစားသုံးကြပြီး အင်းဆက်အကောင်များကိုလည်း ဖမ်းယူစားသောက်လေ့ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဥယျာဉ်အနေဖြင့်လည်း သဘာဝနှင့် လိုက်လျောညီထွေစေရန် ဝါးရွက်များကို ခုတ်ယူ ကျွေးမွေးလေ့ရှိကာ အာဟာရဖြစ်စေရန် ငုံးဥ၊ ခါကြက်ဥ၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီးများနှင့် ဗီတာမင်အားဆေးများကိုလည်းကျွေးမွေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်အတွင်းမှာ အားပျော့တဲ့လာနီညာဖြစ်စဉ်ကြောင့် ဆောင်းရာသီရက်ရှည်ပြီး မိုးရာသီမှာတော့ မိုးရေချိန် ပိုများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးခန့်မှန်းထားပါတယ်။
#Local_News
Published 5 February 2025
#လာနီညာ #ဆောင်းရက်ရှည်၍မိုးပိုနိုင်
#YMG/NN #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှ ခြံအမှတ် ၅၄ ဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင်အိမ်အား ယနေ့ဖေဖော်ဝါရီ ၅ ရက်၊ မနက်ပိုင်းတွင် တတိယအကြိမ်လေလံတင်ရောင်းချသော်လည်း လေလံဆွဲဝယ်ယူသူမရှိ ကြောင်းသိရသည်။
▪️ အဆိုပါ ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေးကျပ် ၂၉၇ ဘီလီယံဖြင့် တတိယအကြိမ်မြောက်အဖြစ် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
▪️ ထိုကဲ့သို့တတိယအကြိမ် လေလံတင်ရောင်းချနိုင်ရန် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ ကမာရွတ်ခရိုင်တရားရုံးက လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံအထိ လျှော့ချ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းခြံကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကပြုလုပ်သည့် လေလံပွဲ၌ ငွေကျပ် ၃၁၅ ဘီလီယံဖြင့် စတင်ရောင်းချခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဒုတိယအကြိမ် လေလံတင်ရောင်းချမှုကို ဩဂုတ် ၁၅ ရက်၌ ကျပ်ဘီလီယံ ၃၀၀ ဖြင့် ရောင်းချခဲ့သော်လည်းဝယ်တဲ့သူမရှိခဲ့ကြောင်း၊ ယခုတတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်သည့်အတွက် အဆိုပါလေလံပွဲနှင့်တ်သက်၍ ကမာရွတ်ခရိုင်တရားရုံးသို့ဖေဖော်ဝါရီ ၆ ရက်တွင် အစီရင်ခံစာ ပြန်လည်တင်သွင်းသွားနည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
နိုင်ငံတကာအဆင့်မီ ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်းအတွက်အစုရှယ်ယာတွေ ခေါ်ယူသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 5 February 2025
#ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်း #အစုရှယ်ယာများခေါ်ယူ
#YMG/SW #Yangon_Times
ယခုလအတွက် ဆန်ရည်ညွန်းစျေးတွေ ထုတ်ပြန်ရာမှာ ပြည်ပပို့ဆန်ကြမ်းအုပ်စုဝင်ဆန်တွေ စျေးကျဆင်းလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွက် သင့်တင့်မျှတသောဈေးကွက်စျေးနှုန်း ထုတ်ပြန်ချက် ဆန် ရည်ညွှန်းစျေးနှုန်းတွေ အရသိရပါတယ်။
#Local_News
Published 5 February 2025
#ပြည်ပပို့ဆန်ကြမ်းအုပ်စု #စားသုံးသူရေးရာဦးစီးဌာန
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ၊ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တစ်လကျော်အတွင်း အလှူရှင်အသီးသီးက ကျပ်သိန်းပေါင်း၃၆,၀၀၀ကျော်အထိ လှူဒါန်းထားတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 5 February 2025
#ရွှေတိဂုံစေတီတော် #ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
#YMG/NN #Yangon_Times
#World_News
Published 05 February 2025
▪️ အမေရိကန်က စစ်ဘေးကြောင့်ပျက်စီးနေတဲ့ ဂါဇာကမ်းမြောင်ကို လွှဲယူပြီး ပါလက်စ်တိုင်းသားတွေ တစ်နေရာရာမှာ ပြန်လည်နေရာချပြီးနောက် စီးပွားရေးနည်းလမ်းအရ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
▪️ ဒါဟာ အစ္စရေးလ်-ပါလက်စ်တိုင်း ပဋိပက္ခအပေါ် ဆယ်စုနှစ်တွေကြာထားလာတဲ့ အမေရိကန်မူဝါဒကနေ ကွဲထွက်လာတဲ့သဘော မြင်နေရပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ တက်ရောက်ခဲ့တဲ့ မီဒီယာကွန်ဖရင့်မှာ ထရမ့်က အံ့အားသင့်ဖွယ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
▪️ ပျက်စီးနေတဲ့ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စ်တိုင်းသားတွေကို အိမ်နီးချင်းနိုင်ငံများသို့ အမြဲတမ်းအခြေချရေး အစီအစဉ်အကြောင်း ထရမ့်က အင်္ဂါနေ့အစောပိုင်းမှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်က ဂါဇာကို လွှဲယူသွားမှာဖြစ်ပြီး ထိုနေရာမှ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ အခြားလက်နက်တွေအားလုံး ရှင်းလင်းသွားရမယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ထိုနေရာကို ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးသွားမှာဖြစ်ကာ အရှေ့အလယ်ပိုင်းတစ်ခုလုံးမှာ ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
▪️ ထရမ့်ဟာ ဘောင်အပြင်ဘက်ကနေ စိတ်ကူးအသစ်များ စဉ်းစားနေပြီး သမားရိုးကျကနေ ဖောက်ထွင်းသွားချင်တဲ့ ဆန္ဒရှိနေတယ်လို့ နေတန်ညာဟူက ပြောပါတယ်။
▪️ အမေရိကန်အနေနဲ့ ဘယ်လိုဩဇာအာဏာသုံးပြီး ဂါဇာကို တာဝန်ယူမလဲဆိုတဲ့အပေါ် ထရမ့်တိုက်ရိုက်ဖြေကြားခြင်း မရှိပါဘူး။
▪️ ရေရှည်ထိန်းသိမ်းလုပ်ဆောင်သွားမယ့် အခြေအနေ မြင်တွေ့နေပြီး အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်အေးချမ်းမှု ယူဆောင်လာနိုင်မှာကို မြင်တွေ့နေရတယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ဂါဇာဒေသခံတွေကို ဂျော်ဒန်၊ အီဂျစ်၊ အခြားအာရပ်နိုင်ငံတွေက လက်ခံပေးဖို့ ထရမ့်က အကြိမ်ကြိမ် တောင်းဆိုထားပြီး ပါလက်စ်တိုင်းသားတွေအနေနဲ့ ဂါဇာကမ်းမြောင်ကို စွန့်ခွာဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ဆိုပါတယ်။
▪️ ဂါဇာဒေသခံတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းတာဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်ရာကျသလို အတိုက်အခံ ပေါ်ပေါက်လာနိုင်ပေမယ့် အချို့သော လူ့အခွင့်အရေးထောက်ခံသူတွေကတော့ သဘောကျနိုင်ပါတယ်။
▪️ ထရမ့်က အနာဂတ် ဂါဇာအပစ်အခတ်ရပ်စဲရေး၊ အီရန်တန်ပြန်ရေး ဗျူဟာများ၊ အစ္စရေးလ်-ဆော်ဒီ ပုံမှန်ဆက်ဆံရေး သဘောတူညီချက် မျှော်လင့်ချက်များအတွက် နေတန်ညာဟူကို အိမ်ဖြူတော်မှာ လက်ခံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters
#World_Science
Published 05 February 2025
▪️ ကမ္ဘာပေါ်က အကြီးဆုံး ရေခဲစိုင်တုံးကြီးဟာ အတ္တလန္တိတ်တောင်ပိုင်း သမုဒ္ဒရာ ဂျော်ဂျီယာတောင်ပိုင်းသို့ အန္တရာယ်ကြီးစွာ မျောပါလာနေသဖြင့် စောင့်ကြည့်နေကြပါတယ်။
▪️ A23a လို့အမည်ပေးထားတဲ့ ရေခဲစိုင်ကြီးဟာ မွမ်ဘိုင်းမြို့ထက် စတုရန်းကီလိုမီတာ ၃၇၀၀ လောက် ပိုမိုကြီးမားပြီး ၁၉၈၆ မှာ Filchner–Ronne ရေခဲကျောက်ဆောင်ကြီးကနေ ခွဲထွက်လာတဲ့ ဧရာမရေခဲစိုင်ကြီး ဖြစ်ပါတယ်။
▪️ ဝက်ဒဲလ်ပင်လယ်မှာ ဆယ်စုနှစ်တွေကြာအောင် ပိတ်မိနေခဲ့ပြီးနောက် ၂၀၂၀ မှာ မြောက်ပိုင်းသို့ စတင်ရွေ့လျားလာပါတယ်။
▪️ စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့က မျောနေတဲ့ရေခဲစိုင်ကြီးကနေ ၂၀ မီတာလောက်သာဝေးတဲ့ နေရာမှာ သင်္ဘောပေါ်ကနေ ဗီဒီယိုရိုက်ကူးခဲ့ကြပါတယ်။
▪️ သိပ္ပံပညာရှင်များနဲ့ ဒေသတွင်းအာဏာပိုင်များ စိုးရိမ်လာကြပြီး A23aဟာ လက်ရှိမှာ ဂျော်ဂျီယာတောင်ပိုင်း အနောက်တောင်ဘက် ပင်လယ်ရေပြင် ၁၄၅ မိုင်ခန့်မှာ တည်ရှိနေပါတယ်။
▪️ ရေခဲစိုင်ကြီးက ကျွန်းဆီသို့ တိုက်ရိုက်လမ်းကြောင်းမှာ မရှိပေမယ့် သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ရောက်လာနိုင်ပါတယ်။
▪️ ဂျော်ဂျီယာတောင်ပိုင်းမှာ ပင်လယ်ရေမှော်များ ရှိနေတာကြောင့် ပင်ဂွင်းများ ဖျံများ မှီခိုစားသောက်နေတဲ့ ဂေဟစနစ် ထိခိုက်လာနိုင်ပါတယ်။
▪️ ရေခဲစိုင်ကြီးကို မြင်ရတာ ဆန်းကျယ်လှပေမယ့် ဘေးအန္တရာယ်တွေကလည်း ပါလာနိုင်ပါတယ်။
▪️ ရက်သတ္တပတ်များအတွင်း ဂျော်ဂျီယာတောင်ပိုင်းသို့ ရောက်ရှိနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပြီး ဂေဟဟစနစ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြင်ဆင်မှုများ ပြုလုပ်လာရပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ရွေ့လျားမှုကို စောင့်ကြည့်နေပြီး ရေခဲပြင်တွေပေါ်မှာ ရာသီဥတု ပြောင်းလဲသက်ရောက်မှုအကြောင်းတွေ လေ့လာနေကြပါတယ်။
▪️ ဒီရေခဲစိုင်ကြီးက အနာဂတ်မှာ ပင်လယ်ဂေဟစနစ်ရော ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ကိုပါ ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာကို နားလည်ဖို့ ကြိုးပမ်းနေကြပါတယ်။
#Source: India Today
#World_Technology
Published 05 February 2025
▪️ လူလုပ်အသိဉာဏ်(AI)ဖြင့် လူတစ်ဦးချင်းအတွက် အထူးပြုလုပ်တဲ့ ကင်ဆာကာကွယ်ဆေးကို ၄၈ နာရီအတွင်း ထုတ်လုပ်ပေးနိုင်တယ်လို့ Oracle ဥက္ကဌ လယ်ရီအယ်လီဆန်က ပြောပါတယ်။
▪️ အိမ်ဖြူတော်မှ Stargate Projectစတင်ကျင်းပပွဲမှာ အယ်လီဆန်က AIတိုးတက်လာခြင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးတက်ပြောင်းလဲစေနိုင်ပြီး တစ်ဦးချင်းစီမှာ ကင်ဆာတိုက်ဖျက်နိုင်ဖို့ အထူးပြုလုပ်ချက် mRNAကာကွယ်ဆေးများကို စက်ရုပ်စနစ်များအသုံးပြုပြီး AIက ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။
▪️ သွေးထဲမှာ အကျိတ်အပိုင်းအစငယ်များ ပေါ်ထွက်လာတည်းက သွေးစစ်ဆေးချက် ပြုလုပ်ခြင်းဖြင့် AIက တွေ့ရှိနိုင်မှာဖြစ်ပြီး ကင်ဆာအကျိတ်ရဲ့ မျိုးဗီဇအချက်အလက်အကြောင်း သိရပြီဆိုရင် တစ်ဦးချင်းစီအတွက် ကင်ဆာကာကွယ်ဆေး ဖော်ထုတ်နိုင်ပါမယ်လို့ ရှင်းပြပါတယ်။
▪️ mRNA ကာကွယ်ဆေးကို စက်ရုပ်တွေနဲ့ AIအသုံးပြုပြီး ၄၈ နာရီအတွင်း ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ ကင်ဆာကို စောစီးစွာတွေ့ရှိပြီး တစ်ဦးချင်းစီရဲ့ ကင်ဆာအလိုက် ကာကွယ်ဆေးရရှိနိုင်မှာ ဖြစ်ကြောင်း၊ ဒါဟာ AIဘက်က အာမခံချက်ဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရှိ AIကဏ္ဍအတွက် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကြေညာထားပါတယ်။
▪️ mRNA ကာကွယ်ဆေးဆိုတာက messenger RNA အပိုင်းအစငယ်တစ်ခု အသုံးပြုပြီး ခန္ဓာကိုယ်ဆဲလ်တွေကနေ ပရိုတိန်းတစ်မျိုး ထုတ်လုပ်ပေးကာ ရောဂါခုခံအား လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
▪️ ခုခံအားစနစ်ကနေ ကင်ဆာဆဲလ်တွေကို သိရှိတိုက်ခိုက်နိုင်အောင် ကူညီပေးပါတယ်။
▪️ ဒီလိုကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရပြီး အလျင်အမြန် ထုတ်လုပ်နိုင်ပါတယ်။
#Source: India Today
၄ ဖေဖော်ဝါရီ ၂၀၂၅
နိုင်ငံဖြတ်ကျော်မှုခင်းတွေနှင့် အွန်လိုင်းရာဇဝတ်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုပေးနေတဲ့ လျှပ်စစ်ဓာတ်အား၊အင်တာနက်နှင့် လောင်စာဆီတင်ပို့မှုတွေကို ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီက စတင်ပြီး ဖြတ်တောက်ပစ်မယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းက အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး အပြီးမှာ ထုတ်ဖော်ပြောကြားပါတယ်။
အခုအရေးယူဆောင်ရွက်မှုတွေဟာ ထိုင်းမြန်မာနယ်စပ်က ဒေသငါးနေရာ အကျုံးဝင်ပါတယ်။ အဲဒီနေရာတွေဟာ အွန်လိုင်းရာဇဝတ်မှု(ကျားဖြန့်) တွေအခြေစိုက်တဲ့နေရာတွေအဖြစ် သံသယရှိထားတဲ့ နေရာတွေဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (ပီအီးအေ)ကို ကြီးကြပ်ရတဲ့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အန်နုတင်ချန်ဗီယာကူ၊ တရားရေးဝန်ကြီး တာဝီဆိုဆောင်၊ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာတာပွန်နပ်ဖန်နစ်နှင့် ကောင်စီအတွင်းရေးမှူးချုပ် ချတ်ချိုင်း ဘန်ချတ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
သက်ဆိုင်တဲ့ အေဂျင်စီအဖွဲ့အစည်းတွေဆီကရရှိတဲ့ သတင်းအချက်အလက်တွေစုစည်းပြီးတဲ့အခါ ဒီပြဿနာဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဖန်သမ်က ပြောပါတယ်။ အဲသလို ဖြတ်တောက်မှုကြောင့် လူပေါင်း ၅၅၇,၅၀၀ ထိခိုက်မှုရှိပြီး ဆုံးရှုံးမှုဟာ ဘတ် ၈၆ ဘီလျံကျော်ရှိပါလိမ့်မယ်။ နေ့စဉ်ဆုံးရှုံးမှုဟာ ဘတ် သန်း၈၀ လို့ တွက်ချက်ထားကြပါတယ်။ ယခုအကျပ်အတည်းဟာ ထိုင်းနိုင်ငံသားတွေနှင့် ကမ္ဘာ့အသိုက်အဝန်းနှစ်ခု စလုံးကို ကြီးကျယ်တဲ့ရှုပ်ထွေးမှုဖြစ်စေတယ်လို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
ယနေ့ညမှာ အဲဒီအမိန့်ကို သူလက်မှတ်ရေးထိုးမယ်လို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဖန်သမ်က ပြောပါတယ်။
“ ဒီနေ့ည ကျွန်တော်အားလုံးအဆုံးသတ်ပြီး အမိန့်ကိုလက်မှတ်ထိုးမယ်။ပြီးတော့ သက်ဆိုင်တဲ့ အဖွဲ့တွေကို အကြောင်းကြားပါမယ်” လို့သူကပြောပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို အသိပေးမှာဖြစ်သလို ကြိုတင်လုပ်စရာရှိတာ လုပ်လို့ရအောင် ဆေးရုံတွေအပါအဝင် ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လည်း သတင်းပါးပါမယ်။ မနက် ၉နာရီမှာတော့ ဖြန့်ဖြူးထားတာတွေ(လျှပ်စစ်မီး၊အင်တာနက်၊လောင်စာ) တွေဖြတ်တောက်ပါမယ်” လို့သူကပြောပါတယ်။
“ထိုင်းနိုင်ငံဖက်ကနေ မြန်မာဖက်ကို အသိပေးပြီးနောက်ပိုင်းမှာတော့ နောက်ထပ်အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ဖို့က မြန်မာအစိုးရသဘောပါပဲ။ ထိုင်းနိုင်ငံအနေနှင့် သူတို့ရဲ့ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
မြန်မာဘက်က လက်စားချေတဲ့အနေနှင့် ထိုင်းကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့တွေဖြတ်ပစ်နိုင်သလားလို့ သတင်းထောက်တွေကမေးတဲ့အခါ ဒီကိစ္စဆွေးနွေးပြီးဖြစ်ပါတယ်လို့ သူကဖြေပါတယ်။ ဒါဟာ ထိုင်းပြဿနာတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာကိစ္စလို့ မြန်မာဘက်က နားလည်ထားပါတယ်။ နိုင်ငံများစွာက လူတစ်ဦးချင်းစီဟာ ဒီလုပ်ငန်းတွေရဲ့သားကောင်တွေဖြစ်ခဲ့ကြရတယ်လို့ သူကဆက်ပြောပါတယ်။
တရားမဝင်လျှပ်စစ်မီးသွယ်တန်းတာတွေနှင့်ပတ်သက်လို့လည်း ဒီအတိုင်းအရေးယူဆောင်ရွက်မှာဖြစ်ပြီး မြန်မာက ဓာတ်အားပေးစက်ဂျင်နရေတာတွေသုံးမယ်ဆိုရင်တော့ ဒါသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ သူကပြောပါတယ်။
လျှပ်စစ်မီးဖြတ်တောက်မှုတွေလုပ်မယ့်နေရာ (၅)ခု Ban Three Pagodas Pass ဘုရားသုံးဆူ- မွန်ပြည်နယ်၊ Ban Muang Daeng တာချီလိတ်-ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မြဝတီ-ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ မြဝတီ-ကရင်ပြည်နယ်၊ Ban Huai Muang မြဝတီ၊ကရင်ပြည်နယ်တို့ဖြစ်ကြပါတယ်။
Source : The Nation
ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၅ တိုင်းပြည်ဘတ်ဂျက်နဲ့ ပတ်သက်ပြီး တင်းမာမှုမြင့်တက်နေရာ အကျင့်ပျက်ခြစားခြင်းနဲ့ အရေးယူမခံရခြင်းတို့အပေါ် လူထုကမခံမရပ်နိုင်တော့ဘဲ ဆန္ဒပြနေကြပြီး သောကြာနေ့က မြို့တော်မနီလာ ကေဇွန်မြို့ရှိ EDSA ဗိမာန်ရှေ့က လမ်းမမှာ ပိတ်ဆို့ထားကြပါတယ်။
#Asia_News
Published 4 February 2025
#ဖိလစ်ပိုင် #ပြည်သူများဆန္ဒပြကန့်ကွက်
#YMG #Yangon_Times #Yangon_Media_Group
Page 396 of 1937