#Local_News
Published 19 November 2025
▪️ ယနေ့ညနေပိုင်းတွင် ကရင်၊မွန်နှင့်စစ်ကိုင်းတိုင်း မှအပကျန်ဒေသအနှံ့ မိုးသွန်း ရွာပြီးပဲခူးနှင့်တနသ်ာရီ ရှိမိုးတိမ်တောင်ဖြစ်ထွန်းရာနေရာများ၌ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ် ကြောင်း ၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ယနေ့ညနေအထိခန့်မှန်းချက်မှာရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 November 2025
▪️ မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သည့် ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ အဆိုပါအထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကိုယခုလ၂၀ ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်ကြောင်း သိရသည်။
▪️ ထိုစာပို့ တံဆိပ်ခေါင်းသစ် ထုတ်ဝေသည့် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 19 November 2025
■ အိပ်ရေးမဝခြင်း၊ မေ့လျော့တတ်ခြင်းတို့က စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ မြင်ကြပေမယ့် ဦးနှောက်ရင့်ရော်မှုနှုန်း မြန်ဆန်လာတဲ့လက္ခဏာဆိုတာကို မသိကြပါဘူး။
■ ဦးနှောက်အိုမင်းလာခြင်းဆိုတာက အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ဖွဲ့စည်းပုံ၊ ဓာတုပစ္စည်းနဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
■ ဒါက ရှောင်လွှဲလို့မရဘူးဆိုပေမယ့် ဆိုးဆိုးရွားရွားကြီး မအိုမင်းလာခင်မှာ ပြုပြင်ထိန်းသိမ်းလို့ရတာကြောင့် ဦးနှောက်အိုမင်းခြင်းကို မြန်ဆန်စေတဲ့ အစောပိုင်းလက္ခဏာ ၆ မျိုးကို ဖော်ပြလိုက်ပါတယ်။
■ (၁) သာမန်အလုပ်လုပ်ပြီးနောက် စိတ်ပင်ပန်းခြင်း - သာမန်ကိစ္စလေးတွေ လုပ်ပြီးနောက် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခြင်း ခံစားရတာဟာ စွမ်းအင်ဖြစ်စဉ်ချို့ယွင်းတဲ့သဘော ဖြစ်ပါတယ်။
■ (၂) ပါးစပ်ဖျား၌စကားလုံးမေ့ခြင်း - မှတ်ဉာဏ်၊ စကားပြောဆိုခြင်းတို့မှာ ပါဝင်ပတ်သက်တဲ့ ဦးနှောက်အပိုင်းတွေမှာ ရောင်ရမ်းခြင်းကြောင့် မှတ်ဉာဏ်လစ်ဟသွားကာ လျှာဖျားမှာပဲ ပြောမယ့်စကား မေ့နေတတ်ပါတယ်။
■ (၃) ပင်ပန်းသော်လည်း ကောင်းစွာအိပ်မပျော်ြခင်း - အိပ်ချိန်ထချိန် ပုံစံမမှန်တဲ့သူတွေမှာ နေ့ညလည်ပတ်မှုစည်းချက်ပုံစံ ပျက်ယွင်းပြီး အိပ်စက်မှုအလေ့အထ ပုံမှန်မဖြစ်တော့ဘဲ အခြေခံကျတဲ့ ဆဲလ်နဲ့ ဇီဝဖြစ်စဉ်တွေကို သက်ရောက်လာပါတယ်။
■ (၄) စိတ်ဆိုးခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း - အသက်အရွယ်အရ စိတ်ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေကို သက်ရောက်ပြီး စိတ်အခြေအနေ အတက်အကျ ဖြစ်စေပါတယ်။
■ (၅) ဆူညံသံနဲ့ အလင်းရောင်ကို မခံနိုင်ခြင်း - ဦးနှောက်အိုမင်းလာလို့ အာရုံကြောတွေ အလွန်အထိမခံဖြစ်လာကာ ဆူညံသံတွေ အနှောင့်အယှက်တွေကို သည်းမခံနိုင်တော့ပါဘူး။
■ (၆) စားသောက်ပြီးနှောက် ဦးနှောက်ထိုင်းမှိုင်းခြင်း - စားပြီးသောက်ပြီး လေးလံထိုင်းမှိုင်းလာခြင်းက အစာခြေခြင်းနဲ့တင် မဟုတ်တော့ဘဲ ဦးနှောက်ရဲ့ အဓိကစွမ်းအင်ရင်းမြစ် ယိုယွင်းလာကာ စိတ်အာရုံယာယီ ချို့ယွင်းစေတာ ဖြစ်ပါတယ်။
■ ဦးနှောက်စောစီးစွာအိုမင်းခြင်းမှ ထိန်းသိမ်းဖို့အတွက် ဦးနှောက်လှုံ့ဆော်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်း၊ သွေးပေါင်ချိန်ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
Source: Times Of India
#World_Science
Published 19 November 2025
■ အာဖရိကမှ အဆိပ်ရှိမြွေအားလုံးထံကနေ ကာကွယ်နိုင်မယ့် မြွေဆိပ်ဖြေဆေးတစ်မျိုးကို ဖန်တီးဖို့အတွက် သိပ္ပံပညာရှင်တွေက ကုလားအုတ်မျိုးနွယ်တွေရဲ့ ပဋိဇီဝပစ္စည်းတွေကို အသုံးပြုနေကြပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးက ဓာတ်ခွဲခန်းထဲမှ ကြွက်တွေကို အာဖရိကမှာတွေ့ရတဲ့ အဆိပ်ရှိမြွေ ၁၈ မျိုးထဲက ၁၇ မျိုးထံကနေ ကာကွယ်နိုင်ခဲ့တယ်လို့ သုတေသီများ ဖော်ပြခဲ့ပါတယ်။
■ အသက်ဆုံးပါးခြင်းသာမက မြွေဆိပ်ကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ တစ်ရှူးပုပ်ဆွေးသွားခြင်းတို့ကို သိသိသာသာ လျှော့ချပေးပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးကို ထုတ်ကုန်အဖြစ် ဖြန့်ချနိုင်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်တယ်လို့ ဒိန်းမတ်နည်းပညာတက္ကသိုလ် ဇီဝအင်ဂျင်နီယာအကြီးအကဲ အန်ဒရီယာစ်လော့ဆင်ကီယယ်က ပြောပါတယ်။
■ အာဖရိက၊ အာရှ၊ လက်တင်အမေရိကတို့မှ မြွေကိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်း ၈၁,၀၀၀ နဲ့ ၁၃၈,၀၀၀ ဦး အသက်ဆုံးပါးနေကြကာ ၄ သိန်းလောက်ကတော့ မြွေဆိပ်ဒဏ်ရာကြောင့် ခြေလက်ဖြတ်ပစ်ရခြင်း၊ အမြင်ကွယ်ခြင်း၊ အနာပေါက်ဖြစ်ခြင်းတို့ ခံစားနေရပါတယ်။
■ လက်ရှိအချိန်အထိ မြွေဆိပ်ဖြေဆေးတွေက အသုံးပြုရခက်ခဲသလို ဘေးထွက်ဆိုးကျိုးလည်း ပြင်းထန်နိုင်ကာ အဆိပ်ရှိမြွေမျိုးစိတ်ပေါင်း ၆၅၀ အတွက် ကာကွယ်နိုင်မယ့်ဆေးမျိုး မရှိသေးပါဘူး။
■ အခုတော့ အကြိမ် ၂၀၀ ကျော် မြွေကိုက်ခံရဖူးတဲ့ လူတစ်ယောက်ရဲ့သွေးကနေ ပဋိဇီဝရောစပ်ပစ္စည်းဖြင့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
■ အသုံးပြုတဲ့ နာနိုပစ္စည်းတွေက ပိုမိုသေးငယ်ပြီး ဈေးသက်သာကာ မြွေဆိပ်အမျိုးမျိုး ကုသရာမှာ သေချာတဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
■ ယခုမြွေဆိပ်ဖြေဆေးအသစ်ကို ဓာတ်ခွဲခန်းတွေထဲမှာ ထပ်ပွားထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
■ နောက်ထပ်လူသားစမ်းသပ်မှုတွေ ပြုလုပ်ဖို့နဲ့ ဆေးပမာဏဆန်းစစ်ဖို့ စတဲ့အခက်အခဲတွေရှိသေးသလို ဈေးကွက်ထဲရောက်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်ပါတယ်။
Source: The Telegraph
တရုတ်ပြည် ကွမ်တုံပြည်နယ်တောင်ပိုင်း ကွမ်ကျိုးမှာ ကားယာဉ်ပျံ အမြောက်အများထုတ်လုပ်ရေးအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက်စက်ရုံဟာ စမ်းသပ်ထုတ်လုပ်မှုအဆင့် စတင်နေပြီဖြစ်ကာ မျိုးဆက်သစ် ပိုဆောင်ရေးကဏ္ဍမှာခြေလှမ်းကြီးတစ်ခု ဖြစ်လာပါတယ်။
#Asia_Technology
Published 18 November 2025
#တရုတ်ပြည် #ကားယာဉ်ပျံ
#YMG #Yangon_Times #Yangon_Media_Group
Rice Export Zone တွေမှာ လာမယ့်နှစ်နွေစပါးရာသီအတွက် ဧရိယာ ဧကပေါင်း (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 18 November 2025
#Rice_Export_Zone #နွေစပါး
#YMG/SW #Yangon_Times
ကရင်ပြည်နယ်သို့ ခရီးသွားငါးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ခရီးသွားတွေ အတွက် ဆွဲဆောင်မှုပိုရှိစေဖို့ စီမံချက်တွေချမှတ်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ကသိရပါတယ်။
#Local_News
Published 18 November 2025
#ကရင်ပြည်နယ်
#YMG/NN #Yangon_Times
နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ ရှေးဟောင်းလှေကြီးနှစ်စင်းကို ပတ္တာကျေးရွာရှိ စေတီတော်ဘုရားဝင်းတွင်းမှာ သယ်ဆောင်ထိန်းသိမ်းထားတယ်လို့ ပတ္တာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ပြောကြားချက်အရသိရပါတယ်။
#Local_News
Published 18 November 2025
#ရှေးဟောင်းလှေကြီးနှစ်စင်း #ပတ္တာကျေးရွာ
#YMG/NN #Yangon_Times
#Local_News
Published 18 November 2025
▪️ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၁၀နာရီ ခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
နိုဝင်ဘာ ၁၈၊ ၂၀၂၅ -
ဘဏ္ဍာရေးဆိုင်ရာ သတင်းမီဒီယာကြီးများ၏ မကြာသေးမီက ထုတ်ပြန်ချက်များအရ Apple ကုမ္ပဏီ သည် ခေါင်းဆောင်မှုပိုင်း အပြောင်းအလဲအတွက် တက်ကြွစွာ ပြင်ဆင်နေကြောင်း သိရသည်။ Apple ဘက်မှ တရားဝင် အတည်ပြုထားခြင်း မရှိသေးသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော သတင်းများအရ Tim Cook သည် မကြာမီ ကာလအတွင်း CEO ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း ဖော်ပြနေကြသည်။
နောက်ဆုံးရ သတင်းများအပေါ် အခြေခံထားသည့် သတင်းအချက်အလက် အကျဉ်းချုပ်မှာ အောက်ပါ အတိုင်း ဖြစ်သည်-
၁။ အဓိကသတင်း “ဘာတွေ ဖြစ်ပျက်နေသလဲ” - Tim Cook ကို CEO ရာထူးမှ နုတ်ထွက်စေရန် Apple ကုမ္ပဏီက "ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီ" ဟု သတင်းများက ဖော်ပြကြသည်။
အချိန်ကာလသတ်မှတ်ချက် - ဤအပြောင်းအလဲသည် ၂၀၂၆ ခုနှစ်တွင် အမြန်ဆုံး စတင်ဖြစ်ပေါ်လာနိုင် သည်။
အတည်ပြုမှု အခြေအနေ - ဤအချက်သည် လောလောဆယ်တွင် (အဓိကအားဖြင့် Financial Times မှ) အတွင်းသတင်းများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ Apple ကုမ္ပဏီဘက်မှ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးသကဲ့သို့ အပြီးသတ် ဆုံးဖြတ်ချက်ကိုလည်း လူသိရှင်ကြား ကြေညာခြင်း မရှိသေး ပါ။
၂။ ဘာကြောင့်လဲ အသက်အရွယ်ကြောင့်လား - Tim Cook သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အသက် ၆၅ နှစ် ပြည့်ပြီဖြစ်ရာ ပုံမှန် အငြိမ်းစားယူသည့် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စီစဉ်ထားသော အရိုက်အရာဆက်ခံမှု - ဤလှုပ်ရှားမှုသည် Apple ၏ စီးပွားရေး စွမ်းဆောင်ရည် (လက်ရှိတွင် ခိုင်မာအားကောင်းနေဆဲဖြစ်သည်) နှင့် သက်ဆိုင်ခြင်း မရှိဘဲ တည်ငြိမ်မှုကို သေချာစေရန် အတွက် ကာလရှည်ကြာ ဂရုတစိုက် စီစဉ်ထားသော ဆက်ခံသူ လွှဲပြောင်းရေး အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းသာ ဖြစ်ကြောင်း သတင်းရင်းမြစ်များက အလေးပေး ပြောကြားထားသည်။
.၃။ ဆက်ခံဖွယ်ရှိသည့် ထိပ်တန်း လျာထားသူ - Apple ၏ ဟာ့ဒ်ဝဲ အင်ဂျင်နီယာဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ John Ternus သည် Cook ၏ နေရာကို ဆက်ခံရန် ထိပ်ဆုံးမှ ပြေးနေသူဟု အများက ရှုမြင်ထားကြသည်။
ဘာကြောင့် သူ့ကို ရွေးချယ်သလဲ - Ternus (အသက် ၅၀ နှစ်) သည် iPhone၊ iPad နှင့် Mac တို့၏ ဖွံ့ဖြိုး တိုးတက်မှုကို ကြီးကြပ်ခဲ့သော အတွေ့အကြုံရင့် အမှုဆောင် တစ်ဦးဖြစ်သည်။ သူသည် ကုမ္ပဏီတွင်းနှင့် ဒါရိုက်တာအဖွဲ့၏ လေးစားမှုကို ရရှိထားသူလည်း ဖြစ်သည်။
၄။ ဆက်လက် မျှော်လင့်ရမည့်အရာများ- ကြေညာမည့် အချိန်ကာလ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ပြုလုပ်မည့် Apple ၏ ဝင်ငွေရှင်းတမ်း အစီရင်ခံစာ မတိုင်မီ တရားဝင် ကြေညာချက် ထွက်လာ လိမ့်မည်ဟု လေ့လာဆန်းစစ်သူများက မျှော်လင့်မထားကြပါ။
ကြားကာလ အပြောင်းအလဲ - အကယ်၍ လာမည့်နှစ် အစောပိုင်းတွင် ကြေညာချက် ထွက်ပေါ်လာပါက ဇွန်လတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ဆော့ဖ်ဝဲရေးသားသူများ ကွန်ဖရင့် (WWDC) သို့မဟုတ် စက်တင်ဘာလတွင် ပြုလုပ်မည့် iPhone မိတ်ဆက်ပွဲကဲ့သို့သော ပွဲကြီးများ မတိုင်မီ CEO အသစ် အနေဖြင့် လုပ်ငန်းခွင်နှင့် အသားကျစေရန် အချိန်ကိုက် လုပ်ဆောင်ဖွယ်ရှိသည်။
အခြားအသေးစိတ် အချက်အလက်များ - Tim Cook အနေဖြင့် CEO ရာထူးမှ နုတ်ထွက်လိုက်လျှင်ပင် အသွင်ကူးပြောင်းရေးကာလကို လမ်းညွှန်ရန်အတွက် အမှုဆောင် ဥက္ကဋ္ဌ (Executive Chairman) အဖြစ် ကုမ္ပဏီတွင် ဆက်လက် ရှိနေနိုင်သည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။
အဓိကမှတ်သားရန်အချက်- Tim Cook သည် လက်ရှိအချိန်တွင် Apple ၏ CEO အဖြစ် ဆက်လက် ရှိနေ ဆဲဖြစ်သည်။ သို့သော် ယုံကြည်စိတ်ချရသော သတင်းများအရ ကုမ္ပဏီသည် သူ၏အငြိမ်းစားယူမှု အတွက် တက်ကြွစွာ ပြင်ဆင်နေပြီး ၂၀၂၆ ခုနှစ်တွင် ရာထူးလွှဲပြောင်းမှု ဖြစ်ပေါ်လာနိုင်ကြောင်းဖော်ပြ နေသည်။
(နိုင်ငံတကာသတင်းများကို အခြေခံစုစည်းပါသည်)
နေပြည်တော်-မန္တလေး၊မန္တလေး -နေပြည်တော် ရထားခရီးစဉ်များကို ဘက်ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းတွေနဲ့ ယခုလ၂၂ရက်ကစတင် ပြေးဆွဲပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 18 November 2025
#ရထား #နေပြည်တော်-မန္တလေး-နေပြည်တော်
#YMG/SW #Yangon_Times
#Daily_News
Published 18 November 2025
၁။ ရှေးဟောင်းလှေကြီးနှစ်စင်းအားဘုရားဝင်းတွင်း၌ သယ်ဆောင် ထိန်းသိမ်းထားမည်
၂။ ကရင်ပြည်နယ်သို့ ခရီးသွားငါးသိန်းကျော်ဝင်ရောက်၊ဆွဲဆောင်မှုပိုရှိစေရန် ဆက်လက်ဆောင်ရွက်
၃။ Rice Export Zone များ၌ လာမည့်နွေစပါးရာသီတွင် ဧရိယာဧက (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်
၄။ ကားယာဉ်ပျံအမြောက်အများထုတ်လုပ်ရေးကမ္ဘာ့ပထမဆုံးစက်ရုံကြီး ကွမ်ကျိုး၌စမ်းသပ်ထုတ်လုပ်မှုအဆင့်စတင်ဝင်ရောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 231 of 2055