#World_Health
Published 11 February 2026

■ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောကျန်းမာရေး၊ အာဟာရချို့တဲ့ပြဿနာများအတွက် ဗိုက်တာမင်-ဘီ၁၂ ဖြည့်စွက်အားဆေးတွေ အသုံးပြုကြပါတယ်။

■ ဒါပေမဲ့ အလျင်စလို သွားလာလှုပ်ရှားနေရတဲ့ ခေတ်ကြီးမှာ အစာမရှိဘဲ ဖြည့်စွက်အားဆေးတွေ သုံးစွဲနေကြပါတယ်။

■ ဗိုက်တာမင်-ဘီ၁၂ နဲ့ပတ်သက်လာရင် အဆင်ပြေသလို သောက်သုံးနိုင်တယ်လို့ အက်စတာRVဆေးရုံမှ ဒေါက်တာ အာရာဗင်ဒါ S N က ပြောပါတယ်။

■ "ဗိုက်တာမင်-ဘီ၁၂ ဟာ အစာရှိရှိ မရှိရှိ သုံးစွဲနိုင်ပါတယ်။ အစာရှိနေလို့ ဗိုက်တာမင်စုပ်ယူမှုအပေါ် သက်ရောက်စေမှာ မဟုတ်ပါဘူး။ အစာမရှိတဲ့အချိန်မှာသောက်ရင် အနည်းငယ်ပိုမြန်ပြီး သက်ရောက်နိုင်ဖွယ် ရှိပါတယ်" လို့ ဒေါက်တာက ပြောပါတယ်။

■ အချို့သော လူတွေမှာတော့ အစာမရှိဘဲ သောက်သုံးတဲ့အခါ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းတို့ ကြုံရနိုင်တာကြောင့် အစာစားပြီးမှ သောက်သုံးသင့်ပါတယ်။

■ အစာခြေပြဿနာရှိတတ်သူတွေမှာ အစာစားပြီး ဖြည့်စွက်အားဆေးသောက်မှ ခံနိုင်ရည်ရှိတတ်တာ တွေ့ရပါတယ်။

■ အစာအိမ်အက်ဆစ်လျှံတက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ဗိုက်အောင့်လွယ်ခြင်း စတာတွေ ခံစားရသူတွေကတော့ အစာရှိမှသောက်ရင် ပိုမိုခံနိုင်ပါတယ်။

■ အစာမရှိဘဲ ဘီ၁၂ သောက်ခြင်းက ဘေးကင်းစိတ်ချရတယ်ဆိုပေမယ့် မူးဝေခြင်း၊ ဗိုက်မကောင်းခြင်း၊ သတ္တုအရသာဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရတတ်ပါတယ်။

■ ဘယ်လိုပဲဖြစ်ဖြစ် အစာရှိတဲ့အချိန် သောက်သုံးခြင်းက ပိုမိုနေလို့ထိုင်လို့ ကောင်းစေမှာ ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

Source: Indian Express.