#World_Health
Published 11 February 2026

■ ဖရုံစေ့က အရွယ်အစားသေးငယ်ပေမယ့် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

■ အနည်းငယ်မျှစားရုံဖြင့် အာဟာရဓာတ်ရရှိမှုကို အထိရောက်ဆုံး မြှင့်တင်ပေးနိုင်ပါတယ်။

■ ပရိုတိန်းပြည့်စုံစွာပါဝင်တဲ့ ဖရုံစေ့ထဲမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့..

■ (၁) မဂ္ဂနီဆီယံ - ဖရုံစေ့က မဂ္ဂနီဆီယံ သဘာဝအတိုင်း အများဆုံးပါဝင်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်ထိန်းခြင်း၊ အရိုးကျန်းမာရေး ထောက်ကူပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်းတို့အပြင် ကြွက်သားနဲ့ အာရုံကြောစနစ်တို့ကို ငြိမ်သက်စေပါတယ်။

■ (၂) ကောင်းကျိုးပြုအဆီများ - နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ ပါဝင်ကာ မကောင်းတဲ့ ကိုလက်စထရောတွေ လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောတွေ မြှင့်တင်ပေးပါတယ်။

■ (၃) ထရစ်ပ်တိုဖန် - ဆယ်ရိုတိုနင်ကို အိပ်စက်ဟော်မုန်း မယ်လာတိုနင်အဖြစ် ပြောင်းပေးတဲ့ ထရစ်ပ်တိုဖန်တွေ များစွာပါဝင်ကာ အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။

■ (၄) အမျှင်ဓာတ် - အစာခြေခြင်းနဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

■ (၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ - ရောင်ရမ်းခြင်းနဲ့ ဆဲလ်များဓာတ်တိုးခြင်းတို့ကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကင်ဆာနဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

■ (၆) ဇင့် - ဇင့်က ကိုယ်ခံအား၊ ဆဲလ်ကြီးထွားမှု၊ အိပ်စက်မှုတို့အတွက် အရေးပါပြီး အမျိုးသားတွေမှာ သုတ်ပိုးအရည်အသွေးနဲ့ ဆီးကျိတ်ကျန်းမာရေးတို့ကို ကောင်းမွန်စေပါတယ်။

■ ဖရုံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောတို့ လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း၊ မဂ္ဂနီဆီယံ ပါဝင်မှုကြောင့် အရိုးကျန်းမာရေး ကောင်းမွန်စေခြင်း၊ အချို့သော လေ့လာချက်များအရ အမျိုးသားတွေမှာ ဆီးကျိတ်လုပ်ဆောင်ချက် ကောင်းမွန်စေခြင်း၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယံတို့ကြောင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်းတို့ ရရှိစေပါတယ်။

Source: NDTV