#Local_News
Published 21 November 2025
▪️ ရန်ကုန်မြို့တွင် ပြုလုပ်မည့် Colours of Myanmar ပန်းချီပြပွဲ၌ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ " Colours of Myanmar" ပန်းချီပြပွဲကြီးတွင်
မြန်မာ့ပန်းချီအနုပညာ၏ အလှတရားများနှင့် ရှုမြင်လေ့လာမြန်မာ့အနုပညာ ကိုလေ့လာနိုင်မည်ဖြစ်ကာ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ Times City Complex ရှိ Times City Convention Center တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် အငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပန်းချီပြပွဲကြီးလည်းဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနှင့် ခေတ်ပြိုင်အနုပညာရှင်များ၏ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းတွင် ကြည့်ရှုခံစားနိုင် မည်ဖြစ်ပြီး ပန်းချီဆရာကြီးများ၏ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီ ကေးချား(Caricature) ရေးဆွဲခြင်းများ၊ မိမိစိတ်ကူးရှိသကဲ့သို့ ပန်းချီပိတ်ကားချပ်ပေါ်တွင် အပျော်တမ်းပန်းချီ ရေးဆွဲ ဖန်တီးထားသော လက်ရာများကို အိမ်သို့ အမှတ်တရပြန်လည်ယူဆောင်နိုင်ခြင်းအပြင် အနုပညာမြောက် အစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။
▪️ ယင်းအပြင်မြန်မာ့အနုပညာနှင့် ဆက်စပ်သည့် ပစ္စည်းများကိုခင်းကျင်းပြသရောင်းချနိုင်ရန် နေရာများစီစဉ်ပေးထားပြီး ပါဝင်ပူးပေါင်းလိုသည့် လက်မှုအရောင်းဆိုင်များကိုပါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 21 November 2025
■ ဥရောပမဟာမိတ်တွေက ရုရှားလိုက်လျောချက်ပေးသွားဖို့နဲ့ ပတ်သက်ပြီး ဆန့်ကျင်နေကြစဉ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်အကြောင်း အမေရိကန်နဲ့ ရိုးသွားစွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေတယ်လို့ အမေရိကန် တပ်မတော်ထိပ်သီးအရာရှိတစ်ဦးနဲ့ ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။
■ အမေရိကန်ထောက်ပံ့တဲ့ အစီအစဉ်မှာဆိုရင် ယူကရိန်းအနေနဲ့ ဒွန်ဘက်စ်ဒေသတစ်ခုလုံးကို လက်လျှော့ရမှာဖြစ်ကာ စစ်တပ်အင်အား သိသိသာသာ လျှော့ချသွားရမှာ ဖြစ်ပါတယ်။
■ တပ်သားအင်အား ၆ သိန်းအထိသာ ကန့်သတ်ထားရှိရမှာဖြစ်ပြီး လုံခြုံရေးအာမခံချက်များ ရရှိသွားမယ့် အစီအစဉ်ဖြစ်ပါတယ်။
■ ရုရှားကို လိုက်လျောပေးချက်တွေထဲမှာ ခရိုင်းမီးယား၊ လူဟန့်စ်၊ ဒိုနက်စ်တို့ ပေးရမှာဖြစ်ပြီး ယူကရိန်းတပ်တွေက ဒိုနက်စ်ဒေသကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
■ အမေရိကန်တပ်မတော်အတွင်းရေးမှူး ဒန်နီယယ်ဒရစ်ကောလ်နဲ့ တွေ့ဆုံအပြီးမှာ အစီအစဉ်မူကြမ်းကို လက်ခံရရှိခဲ့တယ်လို့ ဇယ်လန်စကီက ပြောပါတယ်။
■ လိုက်လျောချက်ထဲမှာ နေတိုးအဖွဲ့အစည်း ချဲ့ထွင်လာခြင်းကို ကန့်သတ်တားဆီးခြင်းနဲ့ ကမ္ဘာ့စီးပွားရေးထဲသို့ ရုရှားပြန်ဝင်ရောက်လာရေးလည်း ပါဝင်ပါတယ်။
■ ဥရောပခေါင်းဆောင်တွေကတော့ တရားမျှတပြီး ရေရှည်တည်မြဲမယ့် ဖြေရှင်းချက်မျိုးကိုသာ အလိုရှိနေပြီး အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအချက်အလက်တွေကို ကန့်ကွက်နေပါတယ်။
■ အမေရိကန်က ရုရှားသံတမန်တွေနဲ့ ဒီအစီအစဉ်အကြောင်း ဆွေးနွေးနေတာ တစ်လခန့်ရှိပြီး ဇယ်လန်စကီက အလျင်အမြန် သဘောတူညီလိုက်ပါတယ်။
■ စစ်မြေပြင်မှာ ယူကရိန်းအတွက် ခက်ခဲနေကာ ရုရှားတပ်တွေက ရှေ့သို့ဆက်လက်ချီတက်ထားနိုင်ပါတယ်။
Source: Reuters
#World_Technology
Published 21 November 2025
■ PRIMA ဦးနှောက်ကွန်ပျူတာကြားခံ (BCI) မြင်လွှာအစားထိုးခြင်းဖြင့် အသက်အရွယ်ကြောင့် အမြင်လွှာချို့ယွင်းခြင်း ဖြစ်နေတဲ့သူတွေမှာ ဗဟိုအမြင်အာရုံအချို့ ပြန်ရစေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ထားပါတယ်။
■ ဒီအစားထိုးပစ္စည်းဟာ ၂ မီလီမီတာပတ်လည်နဲ့ ၃၀ မိုက်ခရိုမီတာသာထူပြီး ဆံခြည်မျှင်ထက် ပိုမိုပါးလွှာပါတယ်။
■ မြင်လွှာအောက်မှာရှိပြီး စမတ်အထူးမျက်မှန်ဖြင့် အလုပ်လုပ်ပေးပါတယ်။
■ မှန်တွေက ပုံရိပ်တွေကို ဖမ်းယူကာ အနီအောက်အလင်းရောင်အဖြစ် ကိရိယာသို့ ပေးပို့ပါတယ်။
■ ကိရိယာက လျှပ်စီးအချက်ပြငယ်များအဖြစ်သို့ ပြောင်းလဲပေးပြီး အမြင်အာရုံကြောကို လှုံ့ဆော်ပေးပါတယ်။
■ ဒါဟာ ပုံမှန်ကျန်းမာတဲ့ မြင်လွှာဆဲလ်တွေက ဦးနှောက်ဆီသို့ မြင်ကွင်းအချက်အလက်များ ပေးပို့တဲ့ပုံစံ ဖြစ်ပါတယ်။
■ လူ ၃၂ ဦးကို စမ်းသပ်ပြီးနောက် ၁ နှစ်စောင့်ကြည့်ခဲ့ရာမှာ ၂၆ ဦးက မြင်ကွင်းတိုးတက်မှုများ ရှိခဲ့ပါတယ်။
■ မြင်ကွင်းက အဖြူအမည်းပဲဆိုပေမယ့် လုံးဝပြန်မမြင်ရတော့ဘူးလို့ ယူဆထားသူတွေအတွက်တော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။
■ ခွဲစိတ်မှုက ဘေးကင်းပြီး ဘေးထွက်ဆိုးကျိုးအများစုက ပထမနှစ်လအတွင်း ဖြစ်ပေါ်ကာ မကြာခင် သက်သာသွားကြပါတယ်။
■ ဒီနည်းပညာက ယခင်နည်းလမ်းတွေထက် သာလွန်နေပြီး အမြင်အာရုံပြန်ရစေမယ့် မျှော်လင့်ချက်ဖြစ်နေပါတယ်။
■ Science Corporation မှ ထုတ်လုပ်တာဖြစ်ပြီး ဥရောပနဲ့ အမေရိကန်တို့မှာ ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေပါတယ်။
■ ပုံရိပ်ပိုမိုပြတ်သားမှု၊ အရောင်ခွဲခြားနိုင်မှု၊ ကိရိယာအသုံးပြုနိုင်ရေးတို့မှာ တိုးတက်ဖို့ ရည်မှန်းထားပါတယ်။
Source: Fox News
#World_Health
Published 21 November 2025
■ အကွာအဝေးအနည်းငယ်ကို ခဏခဏလျှောက်တာထက်စာရင် တစ်နေ့ကို ခပ်ဝေးဝေးလမ်းလျှောက်ခြင်းက နှလုံးအတွက် ပိုပြီးကောင်းမွန်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ မရပ်မနား ၁၅ မိနစ်ခန့်အတွင်း ခြေလှမ်း ၁၅၀၀ လောက် လျှောက်လှမ်းခြင်းက နှလုံးအတွက် လေ့ကျင့်ခန်းကောင်း ဖြစ်စေနိုင်ပါတယ်။
■ များများလမ်းလျှောက်လေ နှလုံးအတွက် ယေဘုယျအားဖြင့် ပိုကောင်းလေဖြစ်တယ်လို့ ပညာရှင်များ သဘောတူထားပါတယ်။
■ တစ်နေ့ကို ခြေလှမ်း ၈ ထောင်အောက်လမ်းလျှောက်တဲ့ ယူကေမှ အသက် ၄၀ မှ ၇၉ ကြား လူပေါင်း ၃၃၅၆၀ ဦးကို လေ့လာခဲ့ကြပါတယ်။
■ ခြေလှမ်းတိုင်းကိရိယာဖြင့် တိုင်းတာခဲ့တာဖြစ်ပြီး ၅ မိနစ်အောက်လျှောက်သူတွေက ၄၃ ရာခိုင်နှုန်း၊ ၅ မိနစ်မှ ၁၀ မိနစ်ကြားလျှောက်သူတွေက ၃၃.၅ ရာခိုင်နှုန်း၊ ၁၀ မိနစ်မှ ၁၅ မိနစ်ကြားလျှောက်သူတွေက ၁၅.၅ ရာခိုင်နှုန်း၊ ၁၅ မိနစ်အထက် လျှောက်သူတွေက ၈ ရာခိုင်နှုန်း အသီးသီးခွဲခြားခဲ့ပါတယ်။
■ ကြာကြာလျှောက်တဲ့သူတွေက ခဏလေးလျှောက်သူတွေထက် နှလုံးပြဿနာဖြစ်နိုင်ခြေ ပိုနည်းတာ တွေ့ခဲ့ပါတယ်။
■ လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်တောင် ကြာရှည်လမ်းလျှောက်ခြင်းက နှလုံးကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်စေနိုင်မယ်လို့ သုတေသီတွေ ပြောလာပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးနဲ့ နှလုံးအတွက် အကျိုးဖြစ်စေပေမယ့် စတင်လုပ်ဆောင်ဖို့ အားစိုက်ရာမှာ အခက်အခဲရှိနိုင်ပေမယ့် ကြာလာရင် အခြေအနေကောင်းလာစေပါတယ်။
■ လမ်းလျှောက်တဲ့အခါမှာ ညဘက်ဆိုရင် ရောင်ပြန်ပါတာတွေ ဝတ်ဆင်ခြင်း၊ သတိဖြင့်လျှောက်ခြင်း၊ သတ်မှတ်ထားတဲ့ လမ်းကြောင်း လူကူးမျဉ်းကြားများမှ ကူးခြင်းတို့ဖြင့် ဘေးကင်းစွာ လမ်းလျှောက်သင့်ပါတယ်။
Source: BBC Friday
တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာမှာ ဗုံးပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီး မြိုတော်နဲ့ အခြားဒေသတွေမှာ ညတွင်းချင်း လုံခြုံရေးတင်းကြပ်မှုတွေချထားခဲ့ရကြောင်း ရဲတွေက ဆိုပါတယ်။
#Asia_News
Published 20 November 2025
#ဘင်္ဂလားဒေ့ရှ် #ဒါကာ
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်း(၄၀)ကျော်မှ ဈေးကွက်များသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသော်လည်း ထုတ်လုပ်မှုစွမ်းရည်၊ ဈေးကွက်ရရှိမှုနဲ့ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်နိုင်ဖို့ လိုအပ်နေတယ်လို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောပါတယ် ။
#Local_News
Published 20 November 2025
#ရေထွက်ပို့ကုန်
#YMG/NN #Yangon_Times
အလုပ်အကိုင်ပေါင်း ၆၀၀ ကျော် ခေါ်ယူမယ့်အလုပ်အကိုင်ပြပွဲတစ်ခုကို ရန်ကုန်မြို့၊Times City Office Tower 1 ရဲ့ ၁၈ လွှာရှိ Convention Centre မှာ ယခုလ၂၂ရက်နဲ့ ၂၃ရက်တွေမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 20 November 2025
#Times_City #ရန်ကုန်
#YMG/SW #Yangon_Times
ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးနှုန်းများဖြင့်သာရောင်းဝယ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌ ဦးမျိုးမြင့်က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 20 November 2025
#ရွှေ #YGEA
#YMG/NN #Yangon_Times
#Local_News
Published 20 November 2025
▪️ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၃၆၄ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ယင်းသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၆ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၀ ဦး၊ ကလေးရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၆၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
▪️ ထိုသို့ ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုခံယူနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူကြသည့် ဒေသခံ ပြည်သူများအဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/အပို့ ဆောင်ရွက် ပေးသည့်အပြင် နံနက်စာ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိစတုဘုမ္မိကမဟာသတိပဌာန်းကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
▪️ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၄ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၈၆ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၄၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများလည်း ဆောင်ရွက်ပေးသည်။
▪️ ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)ပေါ်၌ မွေးဖွားပေးခဲ့သော ထနီးကျေးရွာနေ အဖ ဦးသက်ပိုင်မှူး၊ အမိဒေါ်ဇင်မီမီထက် တို့၏ အသက် ၂ နှစ်အရွယ်ရှိ သား မောင်စိုးထက်ရွှေ အားတာဝန်ရှိသူများက ဆေးရုံရေယာဉ်ပေါ်တွင် ခေါ်ယူတွေ့ဆုံ၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ချီးမြှင့်ပေးအပ်သည့် ကလေးပစ္စည်းများနှင့် အာဟာရပြည့် အစားအစာများကိုပေးအပ်ခဲ့ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
နိုင်ငံတကာဈေးကွက်သို့ တင်ပို့မှုနည်းပါးလာတဲ့ မြန်မာ့ရွှေထည်လက်ဝတ်ရတနာများ ပြန်လည်တင်ပို့ရန် ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published 20 November 2025
#မြန်မာ့ရွှေထည်လက်ဝတ်ရတနာ #ရွှေ
#YMG/SW #Yangon_Times
#Daily_News
Published 20 November 2025
၁။ သတ်မှတ်ရွှေဈေးနှုန်းများဖြင့်သာရောင်းဝယ်ကြရန် YGEA ဥက္ကဌ တိုက်တွန်း
၂။ အလုပ်အကိုင်ပေါင်း (၆၀၀)ကျော် ခေါ်ယူမည့်အလုပ်အကိုင်ပြပွဲပြုလုပ်မည်
၃။ ရေထွက်ပို့ကုန်များ၏ ထုတ်လုပ်မှုစွမ်းရည်နှင့်ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန်လိုအပ်
၄။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းတရားစီရင်ရက်မတိုင်မီတစ်ရက်အလို ဒါကာ၌ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွား ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 November 2025
▪️ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကပြောသည်။
ယမာန်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့သည့် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုသည့်နေ့( UNCRC Day) ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ (World's Children Day) လည်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးရှိကလေးများ၏ အနာဂတ်ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေး ပိုမိုရရှိနိုင်စေရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို အတူတကွ ဖြေရှင်းပေးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိကြောင်း၊ နှစ်စဉ်နိုဝင်ဘာလ(၂၀)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့ကလေးများနေ့” အဖြစ် နိုင်ငံတကာတွင် အခမ်းအနားများကျင်းပသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ကလေးသူငယ်များ၏အရေးပါသောအခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပသလို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း ယခုလိုအခမ်းအနားများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ကလေးသူငယ်များကိုအကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်အခွင့်ရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝခံစားခွင့်ရအောင် ကလေးသူငယ်များ၏ အရေးကိစ္စကို ဆောင်ရွက်နေကြသည့်ဌာနများ၊ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အနာဂတ်ဘဝ စုံလင်ပြည့်ဝပွင့်လန်းဝေဆာရန် နှင့်နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့သားကောင်းရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
▪️ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Clip နှင့် ၊မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ၏ တေးသီချင်းများ၊ ပုံပြင်များ၊ ကဗျာများ၊ သရုပ်ဖော်ပုံပြင်များ၊ အကအလှများ သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 229 of 2055