#World_Health
Published 13 February 2026
■ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားချိန်တို့မှာ နှလုံးဖောက်ခြင်းဖြစ်ရပ်တွေ အဖြစ်များနေပါတယ်။
■ အသက် ၃၅ နှစ်နဲ့အထက် အမျိုးသမီးမိခင်တွေအနေနဲ့ နှလုံးကျန်းမာရေးနဲ့ လက္ခဏာများကို ဂရုပြုကြဖို့ ပညာရှင်တွေ တိုက်တွန်းနေပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ရော သန္ဓေသားရောအတွက် နှလုံးကနေ သွေးတွေ အများကြီးပိုညှစ်ထုတ်ရပါတယ်။
■ သွေးတိုး၊ ဆီးချို၊ အဝလွန် ရှိသူတွေအတွက် နှလုံးနဲ့ သွေးကြောတို့မှာ ဖိအားဖြစ်စေပါတယ်။
■ ယခင်ကတော့ ကိုယ်ဝန်ဆောင်တွေမှာ နှလုံးဖောက်ခြင်းက အလွန်ရှားပါးပေမယ့် လတ်တလောလေ့လာချက်တွေမှာတော့ လစ်လျူမရှုသင့်တော့ပါဘူး။
■ နွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့လို လက္ခဏာတွေကို သာမန်ထင်နေကြပြီး ဒါတွေက နှလုံးပြဿနာတွေနဲ့ ရောသွားနိုင်ပါတယ်။
■ ဘယ်လိုလက္ခဏာတွေ သတိထားသင့်လဲဆိုရင် ပုံမှန်မဟုတ် မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မူးဝေခြင်း၊ ကျော မေးရိုး ဝမ်းဗိုက်တို့ အောင့်ခြင်းတို့ ဖြစ်ပါတယ်။
■ ဒီလက္ခဏာတွေ ကြာရှည်ပိုဆိုးလာရင် လစ်လျူမရှုသင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။
■ အသက် ၃၅ နှစ်ကျော်လာတဲ့အခါ နှလုံးနဲ့ သွေးကြောတွေက ကောင်းစွာ အလိုက်သင့်မလုပ်ဆောင်နိုင်တာကြောင့် နှလုံးဖောက်နိုင်ခြေ ပိုများတယ်လို့ သုတေသနမှာ တွေ့ရှိထားပါတယ်။
■ ဆေးလိပ်သောက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းတို့လို နေထိုင်စားသောက်မှုပုံစံတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် နှလုံးဖိအားများစေပါတယ်။
■ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းတို့၊ နှလုံးစစ်ဆေးခြင်းတို့ဖြင့် မမြင်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေ တွေ့ရှိစေနိုင်မှာပါ။
■ အထက်ပါ လက္ခဏာတွေ တစ်ခုခုတွေ့ရှိပါက အရေးပေါ်စောင့်ရှောက်ရေးထံ အလျင်အမြန် သွားရောက်သင့်ပါတယ်။
Source: India Today