#World_News
Published 13 February 2026

■ တရုတ်ရဲ့ ထိပ်သီးဗိုလ်ချုပ်ကြီး အံ့အားသင့်ဖွယ်ရှင်းလင်းခံရပြီး ရက်သတ္တပတ်အကြာမှာ CIA က တရုတ်တပ်တွေထဲက သတင်းပေးတွေကို ပစ်မှတ်ထားတဲ့ ဗီဒီယိုထုတ်လွှင့်မှု ထွက်ပေါ်လာပြီး ဖြစ်လာတဲ့စိတ်ဝမ်းကွဲမှုတွေကနေ အမြတ်ထုတ်ဖို့ လုပ်လာပါတယ်။

■ အမေရိကန် သူလျှိုထောက်လှမ်းရေး CIA က ဗီဒီယိုထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အလယ်အလတ် တရုတ်တပ်မတော်အရာရှိတစ်ဦးအကြောင်း သရုပ်ဖော်ထားတာ တွေ့ရပါတယ်။

■ တရုတ်ကွန်မြူနစ်ပါတီအတွင်းက ပုဂ္ဂိုလ်တွေကို ဗဟိုပြုထားပြီး အမေရိကန်ထောက်လှမ်းရေးကို ဘယ်လိုလုံခြုံစွာ ဆက်သွယ်ရမလဲဆိုတဲ့ အသေးစိတ်တွေကို တရုတ်ဘာသာစကားဖြင့် ညွှန်ကြားချက်တွေ ပေးထားတဲ့ မေလကဗီဒီယိုနဲ့ ဆင်တူနေပါတယ်။

■ CIA ညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ်က ဗီဒီယိုတွေဟာ တရုတ်လူမျိုးအများအပြားဆီ ရောက်ရှိခဲ့ပြီး ကောင်းမွန်တဲ့ အနာဂတ်အတွက် အတူတကွ လုပ်ဆောင်ကြဖို့ တရုတ်အစိုးရအရာရှိတွေကို ကမ်းလှမ်းနေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

■ ပြီးခဲ့တဲ့လက ရှီကျင့်ဖျင်လက်အောက် ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဌ ကျန်းယူရှာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

■ CIA ရဲ့လုပ်ဆောင်ချက်တွေက တရုတ်အင်တာနက် ပိတ်ပင်မှုတွေကြား ဖောက်ထွင်းနိုင်ခဲ့ပြီး ရင်းမြစ်အသစ်တွေ လှုံ့ဆော်ပေးနိုင်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

■ CIA ရဲ့ လျှို့ဝှက်ကွန်ရက်တွေ တရုတ်ကြောင့် ထိခိုက်ခဲ့ရတာတွေအတွက် ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။

■ အမေရိကန်နဲ့ တရုတ်အားပြိုင်မှုတွေထဲမှာ စစ်ရေးနဲ့ နည်းပညာပြိုင်ဆိုင်မှုများ ပါဝင်လာပြီး ခေတ်သစ်စစ်အေးတိုက်ပွဲအဖြစ် မြင်လာရပါတယ်။

Source: Reuters