#Local_News
Published 11 February 2025
▪️ ဖေဖော်ဝါရီလအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များ၌ ဘဏ်များပိတ်ထားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထားသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူရုံးပိတ်ရက်များအတွင်း ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းအသိပေးကြေညာထားသည်။
▪️ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ သည် ပြည်ထောင်စုနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ ဖြစ်သည့်အတွက် အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအားလုံး (ရုံးချုပ်နှင့် ဘဏ်ခွဲများ) ကိုပိတ်ထားမည်ဖြစ်သည်။
▪️ ထို့အပြင် ဘဏ်များပိတ်ထားသည့် ကာလအတွင်း မိဘပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ Digital Banking စနစ်များဖြစ်သည့် Mobile Banking ဝန်ဆောင်မှု
Internet Banking ဝန်ဆောင်မှု E-Wallet (Electronic Wallet) ဝန်ဆောင်မှုများကို (၂၄) နာရီပတ်လုံး ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် အသုံးပြုသူ မိဘပြည်သူများအနေဖြင့် အဆိုပါရုံးပိတ်ရက်များအတွင်း ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာဘဏ်များ၏ တရားဝင် Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။
#YMG/NN #Yangon_Times