#LocalNews
Published-27 April 2022
တစ်နိုင်ငံလုံးအတိုင်းအတာအသက်(၁၅)နှစ်ကနေအသက်(၁၈)နှစ်အတွင်းရည်မှန်းလူဦးရေ(၃)သန်းကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသေးတဲ့သူတွေကိုကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောခဲ့ပါတယ်၊၊
"အသက်(၁၅)နှစ်နဲ့ (၁၈)နှစ်အထိရည်မှန်းလူဦးရေ (၃)သန်းကျော်ရှိတဲ့အနက် အသက်(၁၂)နှစ်ကနေ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁.၅)သန်းကျော်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်တဲ့အတွက် အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ(၇)သိန်း(၉)သောင်းကျော် ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ခန့်မှန်းလို့ရပါတယ်၊၊

ပြည်သူလူထုအတွင်းမှာတော့အသက်(၁၅)နှစ်ကနေ (၁၈)နှစ်အတွင်း (၂.၂)သန်းကျော်ကာကွယ်ဆေးထိုးဖို့ကျန်နေပါတယ်၊၊တစ်နိုင်ငံလုံးအတိုင်းအတာ အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်းကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ပထမအကြိမ်ဧပြီလ(၁၇)ရက်ကနေဧပြီလ(၂၃)ရက် အထိဒုတိယအကြိမ်မေလ(၂၄)ရက်ကနေဇွန်လ(၂၀)ရက်အတွင်းထိုးပေးသွားဖို့ လျာထားပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်၊၊
ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ဧပြီလ(၂၄)ရက်အထိစာရင်းတွေအရ ကိုဗစ်ကာကွယ်ဆေးဝယ်ယူ၊လှူဒါန်း၊ရရှိမှု Doseစုစုပေါင်း(၆၆.၁၃)သန်းကျော်ရှိပြီး(၅၃.၇၅) သန်းကျော်ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြချက်အရ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 27 April 2022
တစ်ရက်လျှင် စက်သုံးဆီဖိုးသိန်းချီကုန်ကျနေသည့်အတွက် ပရဟိတအသင်းများအနေနဲ့ လူမှုကူညီပေးဖို့ အခက်အခဲများရှိလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_27 April 2022
ဂရိတ်ဦးဘိုးစိန်၏မြေး၊ မင်းသားကြီး ကက်နက်စိန်၏သား ဇာတ်မင်းသားကြီး ညီဝင်းစိန်သည် ဧပြီလ ၂၆ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ဇာတ်မင်းသားကြီး ညီဝင်းစိန်(ခ)ဦးညီဝင်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာ မောင်သီက "စိန်မဟာအဆက်ပေမို့၊တိမ်ဝဋာထက်ဆီက၊ထိန်ဖြာလျက် အသရေညီ။ပုဆိုးတော် ခက်ဂမုန်းရယ်နဲ့၊အရိုးပေါ် အရွက်မဖုံးရအောင်၊အကျိုးမျှော် တစ်သက်လုံးသာပ ကပြရှာသည်။သုခအမြှိက် အသွင်တည်၊မုခသိုက် သဘင်သည် မို့၊စတုမဟာနန်း ကိုဖြင့်၊အခုမကြာ လှမ်းကာကြွရှာတော့၊ကျန်ရစ်သူ မှန်းကာဆလို့ရယ်၊ လွမ်းရစ်ကြအုံး"ဟု လွမ်းချင်းစာစီ၍ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားထားသည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တောင်သူလယ်သမားတိုးတက်ရေး ပါတီကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-27 April 2022
ဧပြီလ(၂၉)ရက်မှာ မြန်မာနိုင်ငံမှာ ပုလင်းသွင်းထုတ်လုပ်တဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး dose(၁)သန်းကို ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်တယ်လို့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်၊၊
Sinopharm ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ ပုလင်းသွင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ဧပြီလ(၂၅)ရက်မှာ မြန်မာနိုင်ငံFDA ရဲ့ထောက်ခံချက်ရရှိခဲ့ပြီးဧပြီလ(၂၉)ရက်မှာ မြန်မာနိုင်ငံမှာ ပုလင်းသွင်းထုတ်လုပ်တဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး dose(၁)သန်းကို ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်ပါတယ်၊၊
ကာကွယ်ဆေးကို ပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောခဲ့ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 27 April 2022
နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နောက်နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်း၌ အမြင့်ဆုံး ၃၉ ဒီဂရီစင်တီဂရိတ်/ ၁၀၂ ဒီဂရီ ဖာရင်ဟိုက်အထိရှိနိုင်ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
ထို့ပြင် မုံရွာနှင့် မကွေးတို့တွင်လည်း အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်/ ၁၀၈ ဒီဂရီဖာရင်ဟိုက်အထိ ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။
ဧပြီ ၂၆ ရက်နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဧပြီလ၏ပျမ်းမျှ အပူချိန်ထက် (၅) ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိပိုခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီ စင်တီဂရိတ်ပိုခဲ့သော်လည်း ကချင်ပြည်နယ်၌ ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_27 April 2022
တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးရန် နစက ဥက္ကဌ ဖိတ်ခေါ်မှုအပေါ် EAO အဖွဲ့ အများစုတက်ရောက်မည့်သတင်းရထားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးလည်းဖြစ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ယင်းက အတက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
"NCA လက်မှတ်ရေးထိုးပြီး ၁၀ ဖွဲ့ထဲက ၉ ဖွဲ့နဲ့အဆက်အသွယ်ရပြီး ဖြစ်ပါတယ်။NCA မထိုးရသေးတဲ့ အဖွဲ့ ၁၁ ဖွဲ့ထဲက ၈ ဖွဲ့ နဲ့ အဆက်အသွယ်ရပြီး ဖြစ်ပါတယ်။တက်ရောက်ဖို့များတယ်လို့ သတင်းကောင်း မျှဝေလိုပါတယ်"ဟု ယင်းက ဆိုသည်။
NCA ရေးထိုးထားသော အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) တို့ ဖြစ်ပြီး NCA မထိုးထားသော အဖွဲ့များမှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#DailyNews
Published -27 April 2022
၁။ စားသောက်ဆိုင်လုပ်ငန်းအချို့ ပိတ်လိုက်ရခြင်းမျိုးရှိနေ။
၂။ တစ်ရက်လျှင် စက်သုံးဆီဖိုး သိန်းချီကုန်ကျနေသည့်အတွက် ပရဟိတအသင်းများ လူမှုကူညီပေးဖို့ အခက်အခဲများရှိလာ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ နိုင်ဂျီးရီးယားလက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများဖန်တီးပြီး ခင်းကျင်းပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 27 April 2022
မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီဌားစီးပြီး ဆိုင်ကယ်သမားကို ရာဘာခြံထဲ၌ ရိုက်သတ်ကာ အဆိုပါ ဆိုင်ကယ်အား လုယူထွက်ပြေးသူနှစ်ဦးကို ဧပြီလ ၂၆ ရက် နေ့က ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မြို့ခံများထံမှ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ ရာဘာခြံထဲမှာ ဖြစ်ပွားခဲ့တာပါ။
"မော်လမြိုင် တောင်ရှမ်းစုက ဆိုင်ကယ် Taxi သမားကို မင်းရွာရာဘာခြံထဲ သတ်သွားတဲ့တရားခံ ၂ ဦး ယနေ့ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။"လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ဘိုဘိုဝင်း (Rescue) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ဖမ်းဆီးရမိသည့် တရားခံများအား လက်ရှိတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေကို
ပြူလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားသည့် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူမှာ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်နေ ထော့မယ်ပါတက္ကစီဆိုင်ကယ်ယာဥ်မောင်း မောင်ကျော်ထူးဖြစ်ပြီး ၄င်းသေဆုံးချိန်တွင် ကလေးတစ်ယောက်ကျန်ရှိခဲ့တယ်လို့သိရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
Photo - ဘိုဘိုဝင်း (Rescue)
ymg/kg
#Yangon_Media_Group
Published 27 April 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်ဟာ မော်စကိုမြို့တော်မှာ ရှိတဲ့ ကရင်မလင် သမ္မတအိမ်တော်မှာ ဧပြီ ၂၆ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကုလထွေချုပ်ဟာ ရုရှားသမ္မတပူတင်၊ ယူကရိန်းးသမ္မတ ဇီလင်စကီးတို့နှင့် သီးခြားစီတွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
လက်ရှိစစ်ဆင်ရေးကဆက်သွားနေပေမယ့် သံတမန်လမ်းကြောင်းအရ သဘောတူညီချက်ရရှိနိုင်သေးတယ်လို့ သူယုံကြည်တယ်လို့ ပူတင်ကပြောပါတယ်။ သူတို့ ဟာဆက်လက်စေ့စပ်ညှိနှိုင်းနေပြီး ဆွေးနွေးမှုကို မပယ်ချဘူးလို့သူကပြောပါတယ်။
Source AFP
#LocalNews
Published_27 April 2022
သင်္ကြန်အပြီးတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်၍အဖမ်းခံရသော မြန်မာနိုင်ငံသားများ ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၇ ရက် နံနက် တစ်နာရီ မထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာ ပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်းသိရသည်
ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံ မဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 April 2022
ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော အဂတိအမှုအတွက် ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်အထူးတရားရုံး၌ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။
" ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ အမိန့်ချတယ်။ ၅ နှစ်ပါ တဲ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။
ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldPolitics
Published 27 April 2022
ရုရှားတို့က ပိုလန်သို့ ဓာတ်ငွေ့တွေတင်ပို့ခြင်းကို ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဥရောပသမဂ္ဂဓာတ်ငွေ့ကွန်ရက်အော်ပရေတာရဲ့ အချက်အလက်များအရသိရှိရပါတယ်။
ဒါဟာ ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားနဲ့ အနောက်နိုင်ငံတို့ကြား ဆက်ဆံရေးပိုမိုဆိုးရွားလာတဲ့လက္ခဏာတွေ မြင်တွေ့နေရတာဖြစ်ပါတယ်။
ပိုလန်နိုင်ငံကဲ့သို့ နေတိုး(NATO)နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားကလည်း ရုရှားဓာတ်ငွေ့တင်ပို့ခြင်းပြတ်တောက်သွားနိုင်တယ်လို့ ဆိုခဲ့ပေမယ့် တကယ်ပြတ်တောက်သွားပြီလားဆိုတာကို ဗုဒ္ဓဟူးနေ့ကအထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။
ယူကရိန်းနဲ့ရုရှားတိုစစ်ပွဲဖြစ်နေတာ ၃ လကြာကာလအတွင်းရောက်ရှိလာပြီဖြစ်ပေမယ့် ရုရှားတိုက ယူကရိန်းအဓိကမြိုကြီးတွေကိုသိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ ဥရောပကိုဓာတ်ငွေ့ထောက်ပံ့မှုရပ်တန့်ဖို ရုရှားတိုကခြိမ်းခြောက်လာပြီး ဥရောပမဟာမိတ်နိုင်ငံများသွေးကွဲလာအောင် ကြိုးပမ်းနေတယ်လို ယူကရိန်းကစွပ်စွဲလိုက်ပါတယ်။
ရုရှားအစိုးရကို အပြင်းအထန်ဆန့်ကျင်ထားတဲ့ ပိုလန်နိုင်ငံက ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ရုရှားကို အပြင်းထန်ဆုံးဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ကြိုးပမ်းခဲ့တဲ့ ဥရောပနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ပိုလန်နဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom တို့ ချုပ်ဆိုထားတဲ့စာချုပ်အရ တစ်နှစ်ကိုဓာတ်ငွေ့ ၁၀.၂ ဘီလီယံကုဗမီတာထောက်ပံ့လျက်ရှိပြီး ဒါဟာ ပိုလန်နိုင်ငံဓာတ်ငွေ့သုံးစွဲခြင်းစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ဘီလာရုစ်တို့ကနေဖြတ်သန်းလာတဲ့ Gazprom ဓာတ်ငွေ့တင်ပို့မှုဟာ ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၆ နာရီမှာစတင်ပြတ်တောက်သွားဖွယ်ရှိကြောင်း ပိုလန်နိုင်ငံပိုင် PGNiG ကုမ္ပဏီကပြောဆိုလိုက်ပြီး ဓာတ်ငွေ့သိုလှောင်ရုံမှာ ၇၆ ရာခိုင်နှုန်းအပြည့်ရှိနေတာကြောင့် အရန်ဓာတ်ငွေ့တွေထုတ်ယူဖို့ မလိုအပ်သေးကြောင်း ပိုလန်ကဆိုပါတယ်။
ရုရှားအတွက် မိတ်ဖက်ကောင်းမပီသတဲ့နိုင်ငံတွေအနေနဲ့ ဓာတ်ငွေ့ဝယ်ယူရာမှာ ရုရှားငွေရူဘယ်လ်ဖြင့်ပေးချေဖို့ သမ္မတ'ပူတင်'ကတောင်းဆိုထားရာ နိုင်ငံအနည်းစုကသာ သူ့ရဲ့တောင်းဆိုချက်အတိုင်းဝယ်ယူနေခဲ့ပါတယ်။
"ရုရှားခေါင်းဆောင်ရဲ့ အဓိကရည်ရွယ်ချက်က ယူကရိန်းကိုသိမ်းပိုက်ဖို့တင်မဟုတ်ပါဘူး။ အရှေ့ဥရောပတစ်ခုလုံးကိုလည်း သွေးခွဲဖို့လုပ်နေပြီး ကမ္ဘာ့ဒီမိုကရေစီစနစ်ကို ထိခိုက်အောင်လုပ်ချင်နေတာဖြစ်ပါတယ်" လို့ ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က အင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။
ယူကရိန်းအစိုးရအဖွဲ့ ဦးစီးအရာရှိချုပ်'အန်ဒရီယာမက်'က "ရုရှားက ဥရောပကိုဓာတ်ငွေ့တင်ပို့ခြင်းနဲ့ပတ်သက်ပြီး စတင်ခြိမ်းခြောက်နေပါပြီ။ ကျွန်တော်တို့မဟာမိတ်နိုင်ငံတွေရဲ့ စည်းလုံးမှုကို ပြိုကွဲစေချင်နေတာဖြစ်ပါတယ်" လို့ ပြောကြားသွားပါတယ်။
ရုရှားဓာတ်ငွေ့အပေါ် လုံးဝမှီခိုနေရတဲ့ဘူလ်ဂေးရီးယားနိုင်ငံက Gazprom နဲ့ စာချုပ်ပါအချက်အလက်အားလုံးကို ဖြည့်ဆည်းခဲ့ပြီး ငွေပေးချေမှုပုံစံအသစ်အတွက်စီစဉ်ရာမှာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခံလိုက်ရတယ်လို့ ဆိုခဲ့ပါတယ်။
Gazprom ကုမ္ပဏီက ပိုလန်ကိုဓာတ်ငွေ့တင်ပို့မှု မရပ်ဆိုင်းရသေးဘူးလို့ဆိုလိုက်ပြီး ငွေပေးချေမှုပုံစံအသစ်အတိုင်း ပေးချေဖိုလိုအပ်ကြောင်း အသိပေးလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1782 of 1913