Published 21 July 2022
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းအနီးမှာ ရာသီဥတုဆိုးရွားလို့ ဖယ်ရီသင်္ဘောတစ်စီး နစ်မြုပ်ရာ ယခုအထိ အနည်းဆုံး အလောင်း (၉)လောင်း ဆယ်ယူရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ဇူလိုင်၂၁ရက် ကြာသပတေးနေ့က ပြောပါတယ်။
ကေအမ် ကာဟာရာ အာရာဖါ သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံ တာနိတ်ကျွန်း ရေပြင်မှာ တနင်္လာနေ့ ညနေပိုင်းက နစ်မြုပ်ခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ လူ၁၃ ဦးကို ကယ်ဆယ်ရှာဖွေရေးတွေလုပ်ခဲ့ကြပါတယ်။
သင်္ဘောဟာ ခရီးသည် ၇၇ ဦးတင်ဆောင်ပြီး အနီးက ဟာမာဟီရာ ကျွန်းကို ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ပြီးနောက် လူ ၆၄ ဦးကို အနီးနားရွာတစ်ရွာကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။
ကျေးရွာသားတွေဟာ သူတို့ လှေတွေကိုလှော်ခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနှင့် အတူပူးပေါင်းကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာကျွန်းပေါင်း တစ်သောင်း ခုနှစ်ထောင်ခန့်ရှိပြီး ရေကြောင်းသွားလာမတော်တဆမှုတွေဟာ ပုံမှန်ဖြစ်နေကျပါ။ ဘေးအန္တရာယ်ကင်းရှင်းရေးစံသတ်မှတ်ချက်တွေ အားနည်းပေမယ့် လူတွေဟာ ခရီးသွားဖို့ လှေနှင့်သင်္ဘာတွေပဲ အားပြုနေကြရတာဖြစ်ပါတယ်။
မေလတုန်းကလည်း ခရီးသည် ၈၀၀ကျော်တင်လာတဲ့ ခရီးသည်တင်သင်္ဘောတစ်စီး အရှေနူဆာ တင်ဂါရာ ပြည်နယ်က ရေတိမ်တစ်ခုမှာ နစ်မြပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မျှ သေဆုံးဒဏ်ရာရမှုမရှိခဲ့ပါဘူး။
၂၀၁၈ခုနှစ်တုန်းကတော့ ကမ္ဘာ့ အနက်ဆုံးရေကန်တွေထဲမှာ တစ်ခုပါဝင်တဲ့ ဆူမတ်တြာကျွန်းက ရေကန်တစ်ကန်မှာ ခရီးသည် သင်္ဘောနစ်မြုပ်ပြီး လူ ၁၅၀ကျော်ရေနစ်သေဆုံးခဲ့ကြရပါတယ်။
#Source_AFP
Y
Published 21 July 2022
သီရိလင်္ကာရဲ့ ခြောက်ကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရာနီလ် ဝတ်ခ်ရီမက်ဆင်ဟီဟာ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က အကျပ်အတည်းတွေနှင့်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာရဲ့ သမ္မတအဖြစ် ညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းခင်မ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အသက်၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝတ်ခ်ရီမက်ဆင်ဟီကို ဥပဒေပြုအမတ်တွေက ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ်ရွေးချယ်ပေးခဲ့ လို့ ကြာသပတေးနေ့မှာ တင်းကြပ်တဲ့ အစောင့်အရှောက်တွေရှိနေတဲ့ ပါလီမန် အဆောက်အအုံတွဲထဲက တရားသူကြီးချုပ် ဂျာယန်သာ ဂျာယာဆူရီယာ ရှေ့မှောက်မှာ ကျမ်းသစ္စာပြုခဲ့တာပါ။
ကျမ်းကျိန်နေတဲ့အချိန်မှာ သီရိလင်္ကာရဲချုပ်နှင့် ထိပ်တန်းစစ်တပ်အရာရှိကြီးတွေက သူ့နောက်မှာ ရပ်နေကြပါတယ်။ ဒီအခမ်းအနားကို ရုပ်မြင်သံကြားတွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့် အခမ်းအနားမစခင်လေးတင် အစီအစဉ်က ပြတ်တောက်သွားခဲ့ရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။
နိုင်ငံကို ထိန်းကျောင်းမောင်းနှင်ဖို့ ဝန်ကြီး ၃၀ ဦးထက်မများတဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်သစ်က ဖွဲ့စည်းဖို့ရှိနေပါတယ်။ သီရိလင်္ကာဟာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဆိုးရွာဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ ရှည်လျားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ခံစားနေရပြီး နိုင်ငံရဲ့ ၂၂သန်းသော လူဦးရေဟာ လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ခံစားနေကြရပါတယ်။
ဆင်းရဲဒုက္ခတွေကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသထွက်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သမ္မတ ဂိုတာ ဘာရာ ရာဂျာပက်ဆာအိမ်တော်ကို ချင်းနင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူဟာ ရာထူးမှဆင်းပေးခဲ့ရပြီး ဝတ်ခ်ရီမက်ဆင်ဟီအတွက် ရာထူးလမ်းရှင်းပေးသလိုဖြစ်ခဲ့ရပါတယ်။
#Source_AFP
#Sri_Lanka_new_president
#Wickremesinghe
#Sri_lanka_election
#Local_News
Published - 21 July 2022
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်နေတဲ့ ကာလမှာ ထိုင်းဘတ်ဈေးနှုန်းကလည်း မြင့်တက်နေတာကြောင့် ကုန်သည်တချို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 21 July 2022
ရောမ,ဇူလိုင် ၂၁-အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီဟာ သူ့ရဲ့ ညွန့်ပေါင်းအစိုးရ ကွဲပြဲပြီးနောက် နိုင်ငံဟာ နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်ပြီး ဘဏ္ဍာရေးဈေးကွက်ကိုပါ ရိုက်ခတ်လာတဲ့အတွက် သူ့ရဲ့နှုတ်ထွက်စာကို သမ္မတ ဆာဂျီယိုမက်တာရီလာထံ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က ပေးအပ်ခဲ့ပါတယ်။
သမ္မတက နှုတ်ထွက်မှုကို မှတ်သားပြီး ဒရက်ဂီကို သမ္မတက ယာယီအိမ်စောင့်အဖြစ် ဆက်လက်တာဝန်ယူဖို့ ပြောခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒါပေမယ့် သမ္မတ မက်တာရီလာက နောက်ဘာဆက်လုပ်မယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်ထဲထည့်မထားပါဘူး။ သူ့အနေနှင့် ပါလီမန်ကိုဖျက်သိမ်းပြီး အောက်တိုဘာမှာ ရွေးကောက်ပွဲစောစောကျင်းပလိမ့်မယ်လို့တော့ ဒီတစ်ပတ်စောစော ပိုင်းမှာ နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုနေကြပါတယ်။

မက်တာရီလာဟာ လွှတ်တော်နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေနှင့် ဒီနေ့ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာတွေ့ဆုံဖို့ရှိနေပါတယ်။
ဒရက်ဂီရဲ့ အဓိကမိတ်ဖက်သုံးပါတီက အယုံအကြည်ရှိမဲကိုဗုဒ္ဓဟူးနေ့က ပစ်ပယ်လိုက်ပြီးနောက် အီတလီရဲ့ ညွန့်ပေါင်းအစိုးရဟာ ပြိုလဲခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျပ်အတည်းဟာ အီတလီရဲ့ လများစွာ နိုင်ငံရေးတည်ငြိမ်နေမှုကို အဆုံးသတ်လိုက်ပါတယ်။ ဒရက်ဂီဟာ ရုရှားက ယူကရိန်းကျူးကျော်မှုအပေါ် ဥရောပရဲ့ တင်းမာစွာ တုန့်ပြန်မှုကို ကူညီခဲ့သူဖြစ်ပြီး အီတလီရဲ့ ဘဏ္ဍာရေးဈေးကွက်ကို မြှင့်တင်ခဲ့သူဖြစ်ပါတယ်။
ဒရက်ဂီဟာ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ရဲ့ မိတ်ဖက် ကြယ်ငါးပွင့်လှုပ်ရှားမှုက သူ့ကို အယုံအကြည်မရှိမဲခွဲရာမှာ ထောက်ခံမှု မပြုလုပ်ခဲ့တဲ့အတွက် နှုတ်ထွက်စာတင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက သမ္မတ မက်တာရီလာက နှုတ်ထွက်စာကို ပယ်ချခဲ့ပါတယ်။
#Source_Reuters
#Italy_PM_Resigns
#Italy_Politics
#Mario_Draghi

#Local_News
Published_21 July 2022
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံအမှတ် ၂၁၆၂ အာနန္ဒာအုတ်ကျောင်းကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းကို ၁၉ လ အတွင်းမှာ အပြီးလုပ်ဖို့ လျာတား ထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 July 2022
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် ဗီယက်နမ်ကို (၄-၃) ဂိုးဖြင့် အနိုင်ယူပြီး တတိယနေရာ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီမှ (ယနေ့)ဇူလိုင်လ ၂၀ ရက်တွင် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၅၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲပြီးနောက် ဆက်လက်ပြိုင်ပွဲဝင်ရန်ရှိသည့် နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published - 21 July 2022
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီမျာ၏ နိုင်ငံခြားဘဏ်စာရင်းရှိ ဒေါ်လာငွေများကိုယနေ့(ဇူလိုင်လ ၂၁ ရက်) ညနေ ၆ နာရီ နောက်ဆုံးထား၍ ကျပ်ငွေနှင့် အပြီးလဲလှယ်ရန် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များသို့ အကြောင်းကြားခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းပါဝင်သည့် ကုမ္ပဏီများ ဘဏ်စာရင်းထဲရှိ ဒေါ်လာများကို မြန်မာကျပ်ငွေနှင့် လဲလှယ်ရန် ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်၏ အဆိုပါညွှန်ကြားချက်ထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအပါအဝင် ကင်းလွတ်ခွင့်ပယ်ဖျက်ထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တွေပါ ဒေါ်လာနှင့် ကျပ်လဲလှယ်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအနေဖြင့် အခက်အခဲများရှိနေပြီး ဒေါ်လာကို ကျပ်ငွေလဲလှယ်ရာမှာ ဗဟိုဘဏ်၏ သတ်မှတ်ပေါက်ဈေးနှင့်သာ လဲလှယ်ရမည်ဖြစ်သည့်အတွက် ကုမ္ပဏီများနစ်နာမှုရှိနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ရန်ပျက်ကွက်ပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ အနေဖြင့်ချေးငွေ အတိုးနှင့် အရင်း ပြန်လည်ပေးဆပ်ခြင်းကို လတ်တလောကာလတွင် ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ အကြောင်းကြားထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 21 July 2022
ငွေကြေးဖောင်းပွမှုတိုးလာခြင်း၊ ဒေါ်လာငွေပြတ်လပ်ခြင်း၊ ပြည်တွင်းပဋိပက္ခ ကြာရှည်လာခြင်းတို့ကြောင့် မြန်မာ့စီးပွားရေးအလားအလာသည် အားနည်းနေဆဲဖြစ်မည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် မြန်မာ့စီးပွားရေးတိုးတက်မှု (ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) သည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျှော့နည်းသွားလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ယင်းအပြင် မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ(သေးငယ်) သွားခဲ့သည်ဟုလည်း ယနေ့ (ဇူလိုင် ၂၁ ရက်) ကြာသာပတေးမနက်ခင်း၌ ထုတ်ပြန်သော မြန်မာ့စီးပွားရေးစောင့်ကြည့်ခြင်းအစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
လောင်စာဆီအပါအဝင် များစွာသော သွင်းကုန်များအပေါ် ကန့်သတ်ချက်များရှိနှင့်နေပြီးဖြစ်သလို ဒေါ်လာငွေကြေးပြတ်လပ်မှုများသည် ငွေပေးချေမှုလက်ကျန် အခြေအနေကြီးထွားမှုမှာ စိုးရိမ်စရာဖြစ်လာသည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလမတိုင်ခင်က အနေအထားမျိုးသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်ပေဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယင်းအပြင် မြန်မာ့စီးပွားရေးသည် ဒေသတွင်း အားကြီးသော စီးပွားရေးရှိ နိုင်ငံများ၏ ၂၀၁၉ ခုနှစ်အထက် (သို့မဟုတ်) ၂၀၂၃ ခုနှစ်တွင် ပြန်လည်ထူထောင်နိုင်ရန် နောက်ကျနေကြောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့် စွန့်စားစိန်ခေါ်စရာများကို ဦးတည်သော မူဝါဒအပြောင်းအလဲများဖြစ်ပေါ်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကုန်သွယ်ရေး လိုအပ်ချက်အပေါ် ဝန်ထုတ်ဝန်ပိုးများရှိခြင်း၊ နှုန်းရှင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုကို စွန့်လွှတ်ပစ်ခြင်း၊ နိုင်ငံခြားငွေကြေးကိုင်ဆောင်မှုကို စွန့်လွှတ်ရန် အမိန့်ထုတ်ပြန်ခြင်းတို့က ပို့ကုန်များကို အတားအဆီးဖြစ်စေကာ ပြတ်လပ်မှုများလည်းဖြစ်စေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည့်အပြင် ယူကရိန်းစစ်ပွဲကြောင့် ဈေးနှုန်းကြီးမြင့်မှုကို တစိတ်တပိုင်းဖြစ်စေသည်ဟု ရေးသားသည်။
ယခုနှစ် မတ်လတွင် ပြည်တွင်း ငွေကြေးဖောင်းပွမှုသည် ၁၇.၃ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသော ကိန်းကဏန်းများက ညွှန်ပြနေသည်။
သို့ရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍစသည့် အချိုကဏ္ဍများ ယခုနှစ်တွင် ပြန်လည်ဦးမော့လာခြင်းသည် မျှော်မှန်းသော တိုးတက်မှုကို တွန်းအားပေးလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 21 July 2022
၁။ ပုဂံအာနန္ဒာအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်း ၁၉ လ ကြာမည်ဟု ခန့်မှန်းထား
၂။ ထိုင်းဘတ်ဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းကုန်သည်အချို့ အခက်အခဲများရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြင်သစ်နိုင်ငံလိုင်ယွန်မြို့တွင် ရိုးလင်းစတုန်းစ်ရော့ခ်ဂီတအဖွဲ့ ဖျော်ဖြေပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 July 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေနယ်စပ်ကုန်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ)နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)တို့မှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃ သန်းခန့် တန်ဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက သိရသည်။
ဘင်္ဂလားဒေ့နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သော မောင်တော ၊ စစ်တွေကုန်သွယ်ရေးစခန်းနှစ်ခုမှ ပုံမှန်လည်ပတ်နေပြီး ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ၂ ဒသမ ၉၀ သန်း ဖိုးတင်ပို့နိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်မှ သွင်းကုန်အမေရိကန်ဒေါ်လာ ၆၉၆၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။
စစ်တွေ ကုန်သွယ်မှုစခန်း (ရွှေမင်းဂံ ) မှ အမေရိကန် ဒေါ်လာ ၅၈၉၁၆၁ ဒေါ်လာဖိုး ၊ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်း ( ကညင်ချောင်း) မှ အမေရိကန်ဒေါ်လာ ၂၃၂၇၉၄၈ တန်ဖိုးဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဝင်ကုန်တင်ပို့ပြီး ပြန်လည်ရောက်ရှိလာသော စက်လှေလုပ်သားများအား ခရိုင် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအဖွဲ့၏ ကြပ်မတ်မှုဖြင့် ကိုဗစ်ရောဂါစစ်ဆေးမှုများပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 21 July 2022
YBS ကားများနှင့် တက္ကစီများပေါ်တွင် ကြော်ငြာများချိတ်ဆွဲထားခြင်းသည် မြို့သာယာလှပရေးကို ထိခိုက်စေသည့်အတွက် တပ်ဆင်ခြင်းမပြုရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YRTC ကို ပေးပို့ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း YRTC မှထပ်ဆင့်ထုတ်ပြန်ထားသည်။
ယခင်က YBS ယာဉ်များနှင့်တက္ကစီယာဉ်ပေါ်တွင် ကြော်ငြာကပ်ခွင့်ကို YRTC မှ သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားပြီး ကြော်ငြာကပ်လိုသူအနေဖြင့် ယာဉ်ပိုင်ရှင်ကို အခကြေးငွေပေးကာ ကြော်ငြာများ ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်ပိုင်ရှင်တွေအနေဖြင့် ယင်းကဲ့သို့ ကြော်ငြာကပ်ခွင့်မရှိတော့သည့်အပေါ် ၎င်းတို၏ ကြော်ငြာခ ဝင်ငွေလျော့နည်းသွားမည်ဖြစ်သည့်အတွက် ဝေဖန်ပြောဆိုမှုတွေရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 21 July 2022
တောင်ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲ ဖြေဆိုမည့်သူအများစုသည် စာမေးပွဲမှတ်ပုံတင်ကြေး ဒေါ်လာနှင့်ပေးသွင်းရန် အခက်အခဲရှိနေကြောင်း စာမေးပွဲဖြေဆိုမည့်သူများထံမှ သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာပြင်ပပေါက်စျေးမြင့်တက်နေပြီး ဝယ်ယူရ ခက်နေခြင်းကြောင့် ငွေပေးသွင်းရန် အခက်အခဲရှိနေကြောင်း သိရသည်။
ယင်းအပြင် စာမေးပွဲဖြေဆိုမည့်သူ သောင်းနှင့်ချီရှိသည့် အလုပ်သမားများ မှတ်ပုံတင်ကြေးပေးသွင်းရန် ဒေါ်လာအပြိုင်ဝယ်ယူနေကြာင်း သိရသည်။
EPS စာမေးပွဲ မှတ်ပုံတင်ကြေးကို ၂၄ ဒေါ်လာနှင့် တန်ဖိုးညီသည့် ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ မူလကကြေညာခဲ့သော်လည်းလက်တွေ့တွင် ဒေါ်လာငွေနှင့်သာလက်ခံကြောင်း သိရသည်။
လက်ရှိတွင် EPSစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ကြေးပေးသွင်းခွင့်ရထားသူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း POEA ၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
EPS စာမေးပွဲကို သြဂုတ်လကနေ ဒီဇင်ဘာလအထိ လုပ်ငန်းကဏ္ဍအလိုက်အသုတ်လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1708 of 1994