#WorldNews
Published 6 July 2022
ကွယ်လွန်သူမိသားစုထံမှ ခွင့်ပြုချက်မရယူဘဲ အလောင်းတွေကိုခွဲခြမ်းဖြတ်တောက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းစားခဲ့တဲ့ ကိုလိုရာဒိုမှဈာပနလုပ်ငန်းပိုင်ရှင်ဟောင်းတစ်ဦးကို လိမ်လည်လှည့်ဖျားမှုဖြင့် တရားစွဲဆိုခဲ့ရာ အင်္ဂါနေ့က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
'မီဂန်ဟက်စ်'ဆိုတဲ့ အမျိုးသမီးဟာ Sunset Mesa လိုခေါ်တဲ့ ဈာပနလုပ်ငန်းတစ်ခုနဲ့ Donor Services လိုခေါ်တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းလုပ်ငန်းတို့ကို အဆောက်အအုံတစ်ခုတည်းမှာပဲ ဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်ပြီး လိမ်လည်လှည့်ဖျားမှုဖြင့် အမေရိကန်တရားသူကြီး'ဂေါ်ဒွန်ဂယ်လာဂါ'ရှေ့မှောက်မှာ တရားရင်ဆိုင်ခဲ့ရပါတယ်။
အရင်ကတော့ အပြစ်မရှိဘူးလို့ ဝန်ခံခဲ့တဲ့'ဟက်စ်'ကို တရားသူကြီး'ဂယ်လာဂါ'က ဇန်နဝါရီလမှာ စီရင်ချက်ချရန်ချိန်းဆိုခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ ၁၅ နှစ်အထိချမှတ်ခဲ့ပါတယ်။
အသက် ၄၅ နှစ်ရှိ'ဟက်စ်'ဟာ သေဆုံးသွားသူတွေအတွက် အလောင်းတွေကိုမီးသဂြိုဟ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မိသားစုတစ်ဒါဇင်လောက်ကို လိမ်လည်လှည့်ဖျားခဲ့ကြောင်း အင်္ဂါနေ့ကဝန်ခံခဲ့တာဖြစ်ပါတယ်။
အလောင်းတွေကို မီးရှိသဂြိုဟ်ခြင်းမလုပ်ဘဲနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းခွဲခြမ်းရေးလုပ်ငန်းဖြင့် အလောင်းတွေရဲ့ ဦးခေါင်း၊ ကျောရိုး၊ ခြေလက်တိုကိုဖြတ်ယူပြီး ပညာရေးကဏ္ဍများနဲ့ ခွဲစိတ်သင်ကြားရေးလုပ်ငန်းတွေကို ရောင်းချခဲ့ကြောင်း တရားခွင်မှာ သက်သေဖော်ပြခဲ့ပါတယ်။
'ဟက်စ်'ရဲ့ရှေ့နေဖြစ်သူ'ဒန်ရှက်ဖာ'က ထောင်ဒဏ်ကို ၂ နှစ်အထိလျှော့ချဖိုကြိုးပမ်းခဲ့ပြီး 'ဟက်စ်'ဟာအဖမ်းခံရပြီးနောက် အာမခံနဲ့လွတ်မြောက်နေခဲ့ပါတယ်။
ခွင့်ပြုချက်မရဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းချခံခဲ့ရတဲ့အလောင်းတွေရဲ့ မိသားစုဝင်နှစ်ဦးနဲ့ မိတ်ဆွေတစ်ဦးတို့ဟာလည်း တရားဝင်ကြားနာပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။
'ဟက်စ်'ကအပြစ်ရှိကြောင်းဝန်ခံလိုက်တာကိုလည်း ကျေနပ်ပါကြောင်းပြောကြားခဲ့ပါတယ်။
အစားထိုးခွဲစိတ်ရန် နှလုံး၊ ကျောက်ကပ်၊ အရွတ်စတဲ့ကိုယ်တွင်းအင်္ဂါများ ရောင်းချခြင်းဟာ အမေရိကန်မှာ တရားမဝင်ပါဘူး။
ဒါပေမဲ့ သုတေသနလုပ်ငန်းနဲ့ ပညာရေးလုပ်ငန်းအတွက် ရုပ်ကလာပ်များနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းချခြင်းကိုတော့ အစိုးရဥပဒေမှာ မကန့်သတ်ထားပါဘူး။
မီးသဂြိုဟ်ဖို့တောင်းဆိုတဲ့ မိသားစုတွေထံမှ 'ဟက်စ်'ဟာ ဒေါ်လာ ၁ ထောင်လောက်အထိကောက်ခံခဲ့ပေမယ့် မီးရှိခြင်းမလုပ်ခဲ့တဲ့အပြင် အလောင်းလှူဒါန်းခြင်းအတွက် အခမဲ့မီးသဂြိုဟ်ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါသေတယ်။
မိသားစုဝင်အများအပြားက ရုပ်ကလာပ်အမျိုးမျိုးကရရှိတဲ့ အကြွင်းအကျန်တွေနဲ့ အမှိုက်ပုံးတွေက ရောထားတဲ့ပြာတွေကိုသာ ရရှိခဲ့ကြောင်း အာဏာပိုင်များကဖော်ပြခဲ့ပါတယ်။
လူတစ်ဦးဆိုရင် သက်ဆိုင်ရာရုပ်အလောင်းရဲ့အရိုးပြာတွေမရဘဲနဲ့ ကွန်ကရစ်အရောအနှောတွေကိုသာ ရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ရိုက်တာသတင်းဌာနရဲ့တင်ပြချက်အရ အလောင်းတစ်ခုရဲ့ရွှေသွားကို နှုတ်ယူပြီးရောင်းစားခဲ့ရာမှ ဒေါ်လာ ၄ သောင်းရရှိဖူးကြောင်း ဝန်ထမ်းဟောင်းတစ်ဦးက စွပ်စွဲခဲ့ပါတယ်။
ထိုလုပ်ငန်းများမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတွေက ရိုက်တာကိုပြောပြရာမှာ မိသားစုဝင်တွေရဲ့ခွင့်ပြုချက်မယူဘဲ အလောင်းတွေကို ခွဲခြမ်းဖြတ်တောက်ကြတယ်လို့ ပြောပြခဲ့ကြပါတယ်။
ရိုက်တာကဖော်ပြပြီး တစ်လအကြာမှာ FBI က ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဈာပနလုပ်ငန်းနဲ့ မီးသဂြိုဟ်ရာနေရာကို ပိတ်ပင်ခဲ့ပါတယ်။
အစိုးရတရားသူကြီးအဖွဲ့ဝင်တစ်ဦးက 'ဟက်စ်'ကို ၂၀၂၀ ခုနှစ်မှာ တရားစွဲချက်တင်ခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_6 July 2022
ဒုရဲအုပ် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး ဖားကန့်သို့တာဝန့်ပြောင်းရွှေ့စဉ် လမ်း၌ ပျောက်ဆုံးနေကြောင်း နစက က တာဝန်ရှိသူက ပြောသည်။
"ဟုတ်ပါတယ်။ မနေ့က ဇူလိုင် ၅ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က သတင်းရပါတယ်။ ကာမိုင်းမြို့က ဒုရဲအုပ် ပါ ၇ ယောက်ပေါ့။ ဖားကန့်ကို ပြောင်းတာ ဖားကန့်ကို မရောက်ဘူး။ လမ်းမှာ အဆက်အသွယ် ပြတ်နေတယ်။ကျွန်တော်တို့ဖြစ်စဉ်ကို စုံစမ်းနေပါတယ်"ဟု နစက တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အား ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ်ကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_6 July 2022
၁၄ နှစ်ခန့်အဆက်ပြတ်နေ၍ မိသားစုကသေပြီဟု ထင်ထားခံရသူ မလေးရှားမှမြန်မာနိုင်ငံသို့ ဇူလိုင်လ ၅ ရက်တွင်ပြန်လည်ရောက်ရှိခဲ့ကာ လက်ရှိတွင် ကွာရန်တင်းဝင်နေရကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။
၎င်း မြန်မာနိုင်ငံသားမှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝင်းမနားကျေးရွာမှ ကိုဝင်းကျော်ဆိုသူဖြစ်ပြီးမိသားစုနှင့် အဆက်အသွယ် ၁၄ နှစ်ခန့်ပြတ်တောက်နေခြင်း ဖြစ်ကြောင်း၊ ယင်းတို့အဖွဲ့အနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားအား နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ကူညီပေးခဲ့ကာ MNA မြန်မာအမျိုးသားပိုင်လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)၏ တာဝန်ရှိသူက ပြောပြချက်အရ မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုအနေဖြင့် ကိုဝင်းကျော်သေဆုံးသွားပြီဟုသာ ယူဆထားကြောင်း၊ မကြာသေးသည့်ရက်ပိုင်းက facebook မိတ်ဆွေများက မိသားစုအနေဖြင့် ဆက်သွယ်ပေးရန် ရေးသားကြသည့်အတွက် မိသားစုကလည်း မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးရန်အကူအညီတောင်းခံခဲ့ကြောင်း၊ ယင်းကြောင့် အသင်းအနေဖြင့် ဒေသပြန်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် ကိုဝင်းကျော်အနေဖြင့် စိတ်ဝေဒနာကိုလည်း ခံစားနေရကြောင်း သိရသည်။
ကိုဝင်းကျော်သည် မလေးရှားနိုင်ငံကာချမ်းမြို့နယ် ဘန်တာတက်ကနော်လော်ဂျီရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 6 July 2022
ကိုဗစ်-၁၉ ကြောင့် မြန်မာလုပ်သားစေလွှတ်မှုကို ၂ နှစ်ကျော်ကြာရပ်နားထားခဲ့ပြီးနောက် ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်လိုသော လူငယ်အများအပြား ရှိလာနေကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAF) မှသိရသည်။
မြန်မာအလုပ်သမား အများစုအနေဖြင့် သွားရောက်ကြသည့်နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ စင်ကာပူ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်း အဆိုပါ အေဂျင်စီများ၏ မှတ်တမ်းများအရ သိရသည်။
"စင်ကာပူက အလုပ်ခေါ်တာတွေ နောက်ပိုင်းများလာတယ်။ တချို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြေလျှော့ထားတာလည်းရှိတယ်။ ထိုင်းကတော့ သိတဲ့အတိုင်းပဲ၊ နေ့တိုင်းသွားနေကြတာလေ။ နယ်တွေမှာလည်း ကျွန်တော်တို့အသင်းအနေနဲ့ ငွေကြေးမတတ်နိုင်သူတွေအတွက် ကုန်ကျစရိတ် လုံးဝမရှိတဲ့ zero cost နဲ့ ခေါ်တဲ့ အလုပ်ခေါ်စာတွေကိုတောင် နယ်တွေမှာ ထုတ်ပြန်ပေးဖို့ စီစဉ်ထားတယ် "ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAF) ၏ တာဝန်ရှိသူက YMG ကို ပြောသည်။
ပြီးခဲ့သည့် နှစ်လအတွင်း ထိုင်းနိုင်ငံသို့ အလုပ်သမား တစ်သောင်းကျော်၊ ၆ လ အတွင်း ကိုရီးယားနိုင်ငံသို့ ၃၀၀၀ ကျော်၊ ဂျပန်နိုင်ငံသို့ တစ်ထောင်ခန့် သွားရောက်ပြီး ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldTradition
Published 6 July 2022
မက္ကဆီကိုနိုင်ငံမှ တံငါရွာလေးတစ်ရွာမှာ ကံကောင်းခြင်းများရောက်ရှိလာရန်ရည်ရွယ်ပြီး မြို့တော်ဝန်က မိချောင်းသတို့သမီးနဲ့ ကြာသပတေးနေ့က လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
ထိုမင်္ဂလာပွဲအတွင်း တီးမှုတ်ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့ပြီး မိချောင်းရဲ့ပါးစပ်ကို ကြိုးဖြင့်ချည်ထားကာ ဆန်ပက်ဒရိုဟွာမယ်လူလာမြို့မှ မြို့တော်ဝန်'ဗစ်တာဟူဂိုဆိုဆာ'က မိချောင်းကို အကြိမ်ကြိမ်အကြင်နာပေးနေခဲ့ပါတယ်။
အသက် ၇ နှစ်အရွယ်မိချောင်းမကို မင်းသမီးလေးလိုခေါ်တွင်ကြပြီး နတ်ဘုရားအဖြစ် ရှုမြင်နေကြပါတယ်။
မိချောင်းနတ်သမီးနဲ့ လက်ဆက်လိုက်ခြင်းက လူသားတွေကို ဘုရားသခင်နဲ့ဆက်သွယ်ခြင်းအဖြစ် မှတ်ယူနေကြပါတယ်။
မိချောင်းကို ဒေသခံများက သယ်ဆောင်လာကြပြီး ယောကျ်ားတွေက သူတို့ရဲ့ဦးထုပ်တွေနဲ့ ဆောင်းပေးခဲ့ကြပါတယ်။
အဆိုပါ ပူဇော်ပွဲအခမ်းအနားဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေက စပိန်ခေတ်မတိုင်မီ အောက်ဇာကာ လူမျိုးစုတွေရဲ့ရိုးရာအလေ့အထလို့ ယူဆရပါတယ်။
တံငါရွာလေးဟာလည်း ပစိဖိတ်ကမ်းရိုးတန်းရှိ အောက်ဇာကာဒေသရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။
"မိုးအလုံအလောက်ရရှိဖို့ စားနပ်ရိက္ခာအလုံအလောက်ရရှိဖို့ မြစ်ထဲမှာငါးအများအပြားရရှိဖို့ သဘာဝတရားကြီးကို တောင်းဆိုတာဖြစ်ပါတယ်" လို့ 'ဆိုဆာ'က ရှင်းပြပါတယ်။
ထိုရိုးရာအစဉ်အလာက ကက်သလစ်ဝိဉာဉ်ရေးရာများနဲ့ ရောနှောနေပြီး မိချောင်းကိုအဖြူရောင်သတို့သမီးဝတ်စုံ ဆင်ပေးထားတာ ဖြစ်ပါတယ်။
မက္ကဆီကိုတောင်ပိုင်းက လူမျိုးစုအများအပြားဟာ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာများကို လက်ကိုင်ထားလေ့ရှိပါတယ်။
အခမ်းအနားပြုလုပ်ပေးတဲ့ ခေါင်းကိုင်မိခင်'အယ်လီယာအက်ဒစ်အဂွီလာ'က ပွဲတော်ပြုလုပ်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပြီး အလွန်ဂုဏ်ယူရတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#CovidVaccine
Published 6 July 2022
UT Southwestern ဆေးဘက်ဆိုင်ရာစင်တာက ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးနည်းတစ်ခုကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ရာ ထိုစစ်ဆေးနည်းဟာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘယ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကို နာရီပိုင်းအတွင်းဆုံးဖြတ်ပေးနိုင်မှာဖြစ်ကြောင်း Clinical Chemistry ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
လူနာတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရတဲ့အခါ ဘယ်မျိုးဗီဇကွဲကူးစက်လဲဆိုတာကိုသိရှိဖို့က ဆရာဝန်များနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အလွန်အရေးပါပါတယ်။
ကိုရိုနာမျိုးဗီဇကွဲ အမျိုးမျိုးအပေါ်မူတည်ပြီး ဆရာဝန်တွေရဲ့ကုသမှုပုံစံကွဲပြားသွားကြတာကြောင့် ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ စင်တာတွေမှာ ဘယ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကိုသိရှိဖို့က ရက်တွေအထိ ကြာမြင့်နိုင်ပါတယ်။
ရောဂါဗေဒပညာရှင်ဒေါက်တာ'ဂျက်ဖရေဆိုရဲလ်'နဲ့ UT Southwestern အဖွဲ့က SARS-CoV-2 မျိုးဗီဇကွဲ အားလုံးကိုခွဲခြားသိရှိနိုင်မယ့် စမ်းသပ်စစ်ဆေးနည်းကိုထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက 'ဆိုရဲလ်'ဟာ SARS-CoV-2 ဗိုင်းရပ်စ်ပေါ်က အမှတ်အသားနေရာ ၈ ခုကိုတွေ့ရှိနိုင်မယ့် CoVarScan ကိုဗစ်စမ်းသပ်ပစ္စည်းကိုထုတ်လုပ်ခဲ့ပြီး အခုအသစ်ထုတ်လုပ်တဲ့စမ်းသပ်နည်းက CoVarScan ကိုအခြေခံထားတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့က တက္ကဆပ်ဆေးဘက်ဆိုင်ရာစင်တာမှာ လူနာပေါင်း ၄ ထောင်ရဲ့နမူနာများကိုယူပြီး CoVarScan ကိုအသုံးပြုခဲ့ပါတယ်။
CoVarScan က ကိုရိုနာဗိုင်းရပ်စ်ရဲ့နေရာ ၈ နေရာမှ RNA အတွင်းဗီဇပြောင်းလဲမှုလေးများကိုရှာဖွေတာဖြစ်ပြီး မျိုးရိုးဗီဇအပိုင်းများ ကျုံသွားခြင်း ကြီးထွားလာခြင်းတို့အပေါ် တိုင်းတာခြင်းမျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်စလုံး ကိုဗစ်ရောဂါစမ်းသပ်ရှာဖွေရာမှာ အသုံးပြုခဲ့တဲ့ PCR စမ်းသပ်နည်းအပေါ် အခြေခံထားတာလည်းဖြစ်ပါတယ်။
အဆိုပါ နည်းလမ်းဖြင့် CoVarScan စမ်းသပ်နည်းဟာ ဒယ်လ်တာ၊ မူ၊ လမ်ဒါ၊ အိုမီခရွန်၊ BA.2 မျိုးဗီဇကွဲများကို အောင်မြင်စွာခွဲခြား သိရှိနိုင်ခဲ့ပါတယ်။
"ထိုစမ်းသပ်စစ်ဆေးနည်းဖြင့် ဘယ်မျိုးဗီဇကွဲတွေကူးစက်နေသလဲဆိုတာကို အလျင်အမြန်ဆုံးဖြတ်နိုင်ပြီး မျိုးဗီဇကွဲအသစ်ပေါ်ပေါက်လာရင်လည်း သိရှိနိုင်မှာဖြစ်ပါတယ်၊ ပုံမှန်ကုသနည်းတွေနဲ့ မတိုးတဲ့မျိုးဗီဇကွဲကူးစက်တဲ့လူနာတွေမှာ အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်" လို့ ဦးဆောင်စာတမ်းပြုစုသူ'ဒီရိုးလ်'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published_ 5 July 2022
မုတ်သုန်ရာသီကာလ ရာသီဥတုဆိုးရွားနေသည့်ကြားမှ စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) ကို တပ်မတော် (ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့်(မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ် ၂၀ စီးဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)မှတိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့်(မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ် များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း(Sea Shield -2022)လေ့ကျင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေ အားလုံးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်ဟာ အဓိကအခန်းကဏ္ဍမှ ပါဝင် နေတဲ့ အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိနေရမှာ ဖြစ်ကြောင်း၊ ရေတပ်လေ့ကျင့်ခန်း များကို ၂၀၀၉ ခုနှစ်တွင်ရေပြင်ဝေဟင် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းအဖြစ် စတင် လေ့ကျင့်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်ကောင်းမွန်လာခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ယခင်နှစ်က တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် တစ်စီးသာ ပါဝင်နိုင်ခဲ့သော်လည်း ယခုလေ့ကျင့်ခန်းမှာ အမျိုးအစားမတူ ရေငုပ်သင်္ဘော နှစ်စီးအထိ ပါဝင်လေ့ကျင့်နိုင်ခဲ့တဲ့ အတွက် ကြီးမားတဲ့လေ့ကျင့်ရေး အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိတွင် တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့်မြန်မာ့ ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်နိုင်ရေး သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် မျှော်မှန်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် VBSS လေ့ကျင့်ခန်းအနေဖြင့် စစ်ရေယာဉ်များ လေ့ကျင့်ခန်းဧရိယာသို့ ခုတ်မောင်း နေစဉ် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိဖြတ်သန်း ခုတ်မောင်းနေသည့် သံသယဖြစ်ဖွယ် ပြည်ပကုန်သွယ်ရေယာဉ် တစ်စီးအား ထောက်လှမ်း တွေ့ရှိသဖြင့် စစ်ရေယာဉ် (မုတ္တမ)မှ ROE အရ ရေယာဉ်ဆိုင်ရာ အချက်အလက်များ မေးမြန်းခြင်းနှင့် ရပ်တန့်အစစ်ဆေးခံရန် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရပ်တန့်မှုမရှိသဖြင့် တက်ရောက်၊ စီးနင်း၊ ရှာဖွေ၊ ဖမ်းဆီးမှု Procedure များအတိုင်း လေ့ကျင့်ခဲ့ကြပါတယ်။
ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဖရီးဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်) နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တိုမှ ရေငုပ်သင်္ဘောအား ပူးပေါင်းထောက်လှမ်း ရှာဖွေခြင်း လေ့ကျင့်ခန်း CASEX A-2 အား ဆောင်ရွက်ခဲ့ပါတယ်။
ထိုနောက် ရေပြင်ရန်ကာကွယ်ရေး စစ်ဆင်မှုဇုန်အတွင်း ရန်သူ့ရေပြင်ရန် ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ချေမှုန်းရန်အတွက် မိမိရေယာဉ်အုပ်အား Battle Line Formation သို ပြောင်းလဲခုတ်မောင်းခြင်းများဆောင်ရွက်ပြီး ရေတပ်အမြောက်ကြီးများ၊ စက် သေနတ်ကြီးများဖြင့် ရန်သူ့ရေပြင်ပစ်မှတ်များအား အပြီးတိုင်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါတယ်။
နောက်ဆက်တွဲ လေ့ကျင့်ခန်းများအနေဖြင့် တိုက်ပွဲပြီးပြန်လည်သုံးသပ်ခြင်း (Battle Damage Assessment) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းခြင်း (RAS) လေ့ကျင့်ခန်း၊ မီးငြိမ်းသတ်ခြင်းနှင့်ပျက်စီးထိန်းလုပ်ငန်းများဆောင်ရွက်ခြင်း (Fire Fighting and Damage Control) လေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း(Search and Rescue) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်တွဲဆွဲခြင်း(Towing) လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group











#WorldEntertainment
Published 5 July 2022
အချစ်ဦးကိုဘယ်တော့မှ မမေ့ဘူးဆိုတဲ့ဆိုရိုးရှိသလို လွန်ခဲ့တဲ့ရာစုနှစ်ဝက်နီးပါးလောက်ကတည်းက ဂစ်တာအခိုးခံလိုက်ရတဲ့ ကနေဒါရော့ခ်ဂီတအကျော်အမော်'ရန်ဒီဘာ့ခ်မန်'ဟာလည်း ကြိုးစားပမ်းစားရှာဖွေရင်း ပရိသတ်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာကြောင့် ပျောက်ဆုံးနေခဲ့တဲ့ဂစ်တာကို ပြန်လည်ပိုင်ဆိုင်သွားခဲ့ပါတယ်။
#Yangon_Media_Group
Published 5 July 2022
တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေပြည်နယ်ရဲ့ ကျင်းမင်း ကျန်ဟဲ လေဆိပ်မှာ လေယာဉ်ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုင်ဘာနှင့်ပြုလုပ်ထားတဲ့ အပေါ့စားလေယာဉ် ZA800 ဟာ တနင်္လာနေ့က ပထမဆုံးအဖြစ် အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ပါတယ်။
လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး တောင်ပံတစ်စုံပါ လေယာဉ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး အပေါ့စားလေယာဉ်တွေထဲမှာ တစ်စီးဖြစ်ပါတယ်။
ဒီလေယာဉ်ကို ဟူပေပြည်နယ်မှာ ဇိုင်ယာအုပ်စုက အမှီအခိုကင်းမဲ့စွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းအားလုံးကို ရာနှုန်းပြည့် ပြည်တွင်းမှာ တည်ဆောက်ထားတာလို့လည်းသိရပါတယ်။
“ ကာဘွန်ဖိုင်ဘာကို အသုံးပြုတဲ့အတွက် လေယာဉ်ရဲ့ အလေးချိန်ကိုလျှော့ချပေးနိုင်တယ်။ ဒါဟာ အတော်အရေးကြီးတယ်။အတိတ်တုန်းက ဒီလိုလေယာဉ်မျိုးတွေကို အလျူမီနီယမ်သတ္တုစပ်နှင့်လုပ်တာ အစိတ်အပိုင်းအကြီးကြီးလုပ်တာမို့ ကုန်ကျစရိတ်တွေမြင့်တက်ကုန်တယ်။ အခု အလျူမီနီယမ်သတ္တုစပ်က ကာဘွန်ဖိုင်ဘာထက်လည်း အားပျော့တာဖြစ်တဲ့အတွက် လေယာဉ်မှာ ဖိုင်ဘာကာဘွန်သုံးတဲ့အတွက် အကျိုးနှစ်ခုရှိပါတယ်။ လေယာဉ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုသာလွန်လာတာဖြစ်တယ်”လို့ ဇိုင်ယာအုပ်စုရဲ့ နည်းပညာရှင်ချုပ် ရွှီးချန်းကပြောပါတယ်။
ဒီလေယာဉ်ကို လေယာဉ်မောင်းသင်တန်း၊ကိုယ်ပိုင်ခရီးသွား၊လေကြောင်းထိန်းနှင့်အခြားလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုမယ်လို့သိရပါတယ်။
Source CCTV+
#Local_News
Published_5 July 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိအမှုများအနက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနှင့် ပတ်သက်သည့်အမှုကို ယနေ့ ဇူလိုင်လ ၅ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ရာ
အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုသွားကြောင်း တရားရုံးနှင့်နီးစပ်သူများက ပြောသည်။
ယင်းအမှုမှာရာကြီးအမှတ် ၄ အမှုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုအရ နောက်ထပ် ဦးရဲမင်းဦးကို စစ်ဆေးရန် ကျန်နေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ စစ်ဆေးခဲ့ရာ ယင်းတို့အားလုံးက
အပြစ်မရှိဟု ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
နစက အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ ယခုအချိန်ထိ အမှုပေါင်း ၂၀ ထက်မနည်း တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချထားရပြီးလည်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_4 July 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ စက်လှေသမားတွေထဲက သုံးယောက်မှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Point_Of_View
Published - 5 July 2022
ယနေ့ ဇူလိုင်လ (၅)ရက် နံနက် ၇ နာရီ ၃၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ (ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်အကွာတွင် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ ယင်းငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုက သိရှိခံစားခဲ့ကြရကြောင်း YMG က ဆက်သွယ်မေးမြန်းချက်အရ သိရသည်ကို ဖော်ပြအပ်ပါသည်။
#Yangon_Media_Group
Page 1698 of 1956