#LocalNews
Published - 13 June 2022
ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်းဆက်တိုက်မြင့်တက်နေသော်လည်း ခရီးသည်များ အဆင်မပြေသည့်အတွက် ပုံမှန်နှုန်းထားဖြင့်သာ ယာဥ်လိုင်းများပြေးဆွဲပေးနေကြောင်း တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ သိရသည်။
"ဆီစျေးက ဆက်တိုက်တတ်နေတာ အဆင်မပြေဘူး။ အခက်အခဲတွေတော့ရှိတာပေါ့။ ယာဥ်စီးခကလည်း တိုးမကောက်ချင်ဘူး။ ခရီးသည်တွေကအဆင်မပြေဘူး။ ဆီစျေးထပ်တတ်ရင်တော့ တိုးကောက်သင့်ရင် ကောက်မှာပေါ့။ တခြားယာဥ်လိုင်းတွေတိုးရင်တော့ ကျွန်တော်တို့လည်းတိုးမယ်။ ခရီးက အပြည့်မပါဘူး။ ၂၀ ကျော်လောက်ပဲရှိတယ်"ဟု တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲပေးနေသော ယာဥ်လိုင်းပေါင်း ၃၈၇ လိုင်း ယာဥ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဥ်ခရီးသည် ၂ သောင်းနီးပါးကို ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldMilitary
Published 13 June 2022
စစ်အေးကာလပြီးဆုံးပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် လာမယ့်နှစ်များအတွင်း တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အင်အား ပိုမိုကြီးထွားလာမယ်လို့ ခန့်မှန်းရပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း နျူကလီးယားလက်နက်အသုံးပြုလာနိုင်တဲ့ အန္တရာယ်အများဆုံးဖြစ်နေကြောင်း ပဋိပက္ခနှင့်လက်နက်ဆိုင်ရာပညာရှင်များ အဖွဲ့အစည်းက တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။
ရုရှားတို့ ယူကရိန်းကိုကျူးကျော်ခြင်းနဲ့ ယူကရိန်းအားအနောက်နိုင်ငံက ထောက်ပံ့ကူညီခြင်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နျူကလီးယားလက်နက်ပိုင်နိုင်ငံ ၉ နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI)က လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း နျူကလီးယားလက်နက်အရေအတွက် အနည်းငယ်လျော့ကျခဲ့ပေမယ့် နျူကလီးယားအင်အားကြီးနိုင်ငံများက မြန်မြန်ဆန်ဆန်အလေးထားမဆောင်ရွက်ဘူးဆိုရင် ဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးမှာ နျူကလီးယားထိပ်ဖူး အရေအတွက် များပြားလာနိုင်တယ်လို့ SIPRI က ဆိုပါတယ်။
"နျူကလီးယားလက်နက်ပိုင်နိုင်ငံတွေအားလုံးက သူတိုရဲ့နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်နေကြပြီး စစ်ရေးဗျူဟာတွေမှာ နျူကလီးယားလက်နက်အရေးပါပုံကို တိုးမြှင့်ဆောင်ရွက်နေကြပါတယ်"လို့ SIPRI လက်နက်ကြီးပပျောက်ရေး ညွှန်ကြားရေးမှူး'ဝီလ်ဖရက်ဒ်ဝမ်'က ၂၀၂၂ နှစ်ချုပ်စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က အထူးစစ်ဆင်ရေးဆောင်ရွက်ချက်ဖြင့် ယူကရိန်းကိုစတင်ကျူးကျော်ပြီး ၃ ရက်အကြာမှာ ရုရှားနျူကလီးယားတပ်များကို အထူးတပ်လှန့်ထားခိုင်းခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ဆောင်ရွက်ချက်တွေကို ဝင်ရှုပ်ရဲတဲ့နိုင်ငံတွေအနေနဲ့ သမိုင်းမှာမကြုံဖူးတဲ့ နောက်ဆက်တွဲအန္တရာယ်တွေကြုံလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ရုရှားနိုင်ငံက နျူကလီးယားလက်နက်အင်အားအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး စုစုပေါင်း ၅,၉၇၇ ပိုင်ဆိုင်ထားကာ အမေရိကန်နိုင်ငံထက် ၅၅၀ ပိုများနေပါတယ်။
ထိုနှစ်နိုင်ငံရဲ့ပိုင်ဆိုင်မှုက တစ်ကမ္ဘာလုံးရှိ နျူကလီးယားထိပ်ဖူးပေါင်း ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး တရုတ်နိုင်ငံကလည်း ဒုံးကျည်အသစ် ၃၀၀ ကျော် တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၁ ဇန်နဝါရီလက တစ်ကမ္ဘာလုံးက နျူကလီးယားထိပ်ဖူးပေါင်း ၁၃,၀၈၀ ရှိရာမှ ၂၀၂၂ ဇန်နဝါရီလမှာ ၁၂,၇၀၅ အထိ လျော့နည်းခဲ့ပါတယ်။
နျူကလီးယားထိပ်ဖူး ၃,၇၃၂ ခုကို ဒုံးကျည်တွေနဲ့ လေယာဉ်တွေမှာ တပ်ဆင်ထားပြီး ထိပ်ဖူး ၂,၀၀၀ နီးပါးက ရုရှားနဲ့အမေရိကန်တို့ ပိုင်ဆိုင်ထားတာဖြစ်ကာ အဆင်သင့်အနေအထားမှာ ရှိနေပါတယ်။
လူသားမျိုးနွယ်နဲ့ ကမ္ဘာလောကကြီးကြုံတွေ့နေရတဲ့ ဘုံပြဿနာအခက်အခဲတွေကို နိုင်ငံတကာများမှ ပူးပေါင်းပြီးဖြေရှင်းရမယ့်အချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားဆက်ဆံရေးက ပိုမိုဆိုးရွားလာနေပါတယ်"လို့ SIPRI ဘုတ်အဖွဲ့ဥက္ကဌနဲ့ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း'စတီဖင်လော့ဖ်ဗန်'က ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published _ 13 June 2022
ပုဇွန်တောင်မြို့နယ်အတွင်း အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးများနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအပါအဝင် ဗို့အားကောင်းမွန်ရေးအတွက် ဟောင်းနွမ်း Analog မီတာများကို Digital Smart မီတာများဖြင့် အစားထိုးလဲလှယ်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊
ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်းနှင့် AMl စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပြုလုပ်နေလျှက်ရှိပြီး မြို့နယ်အတွင်း အများပြည်သူ အသုံးပြုနေသည့် ဟောင်းနွမ်း Analog မီတာ အလုံး ၁၆၀၀၀ ကျော်ကို Digital Smart မီတာအသစ်များဖြင့် အစားထိုးလဲ လှယ်ပေးနေကြောင်း သိရသည်။
ထိုသို့လဲလှယ်ရာတွင် မီးသုံးစွဲသူ ပြည်သူများအနေဖြင့် မည်သည့်ငွေကြေးမှကျခံ ရန်မလိုဘဲ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းယင်းမှ သိရသည်။
လက်ရှိတွင် ပုစွန်တောင်မြို့နယ်အတွင်းရှိ အမှတ်၂၊ ၅၊ ၇ ၊ ၈ ရပ်ကွက်များကို ဆောင်ရွက်ပေးပြီး ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည့်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊
ymg/NN
#Yangon_Media_Group
#WorldTechnology
Published 13 June 2022
အဆင့်မြင့်လာတဲ့ နည်းပညာတွေက လူသားနဲ့စက်ရုပ်ကြားကွာဟချက်ကို ကျဉ်းမြောင်းလာစေပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေက နောက်တဆင့်တက်လှမ်းဖို့ကြိုးစားနေပြီး လူသားတွေလိုအသားအရည်မျိုးကို စက်ရုပ်တွေအတွက် ဖန်တီးလာကြပါပြီ။
Matter ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြထားရာမှာ လူသားတွေရဲ့အသားအရည်ကဲ့သို့ထင်မှတ်ရစေတဲ့ အရေပြားတစ်ရှူးတွေကို စက်ရုပ်တွေအတွက် တီထွင်ထားပုံကို ဖော်ပြခဲ့ကြပါတယ်။
"သက်ရှိအရေပြားတစ်ရှူးတွေကို စက်ရုပ်တွေမှာအပေါ်ကနေအုပ်ပြီး အသုံးပြုဖို့ပြထားပါတယ်၊ စက်ရုပ်တွေကို လူသားတွေနဲ့ပိုပြီးတူလာအောင် ပြုလုပ်နိုင်တဲ့အလားအလာရှိနေပါတယ်" လို့ တိုကျိုတက္ကသိုလ်မှ အင်ဂျင်နီယာ'ရှိဂျီတာကူချီ'က ပြောပြပါတယ်။
အရေပြားဖန်တီးဖို့အတွက် အသားအရည်အဖြစ်ဖွဲစည်းရာမှာ အဓိကဖြစ်တဲ့ ကော်လာဂျင်နဲ့ အမျှင်ဆဲလ်တွေ ပေါင်းစပ်ပါဝင်တဲ့အရည်ထဲကို စက်ရုပ်လက်ချောင်းထည့်လိုက်ရပါတယ်။
သက်ရှိဆဲလ်တွေကိုအသုံးပြုခြင်းက စက်ရုပ်တွေမှာ တကယ့်အသားအရည်ရဲ့ ဇီဝလုပ်ဆောင်ချက်များအတိုင်း ရရှိစေမှာဖြစ်ပါတယ်။
ဒီနည်းပညာနဲ့ပတ်သက်ပြီး သုတေသနအဖွဲ့က အသုံးဝင်ပုံအမျိုးမျိုးကို စိတ်ကူးထားကာ ပိုမိုပေါ့ပါးသွက်လက်တဲ့ ခြေတုလက်တုများဖန်တီးခြင်း၊ အလှကုန်ပစ္စည်းများနဲ့ အရေပြားအတွက်ဆေးဝါးများထုတ်လုပ်ခြင်းတို့မှာ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
အရေပြားက ၁.၅ မီလီမီတာအထူရှိပြီး လူ့ခန္ဓာကိုယ်ရဲ့အပေါ်ဆုံးအလွှာတွေဖြစ်တဲ့ epidermis နဲ့ dermis အလွှာတို့ဖြင့်သာ တည်ဆောက်ထားပါတယ်။
"တကယ့်အသားအရည်နဲ့ ချွတ်စွတ်တူတာတော့ မဟုတ်ပါဘူး၊ အသားအရည်အင်္ဂါရပ်တွေဖြစ်တဲ့ အာရုံခံဆဲလ်များ၊ မွေးညင်းပေါက်များ၊ လက်သည်းခြေသည်းများ၊ ချွေးပေါက်များ ပါဝင်မှာတော့မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း စက်ရုပ်လှုပ်ရှားတဲ့အခါ အရေပြားကျုံခြင်း ဆန့်ခြင်း အရေးကြောင်းပေါ်ခြင်းများဖြစ်ပေါ်နိုင်တာကြောင့် ဆီလီကွန်ထက်တော့ အများကြီးပိုပြီး သဘာဝကျမှာဖြစ်ပါတယ်" လို့ 'တာကူချီ'ကဆိုပါတယ်။
လက်ရှိမှာတော့ စက်ရုပ်အသားအရည်ပြုလုပ်ရာမှာ ဆီလီကွန်ကိုအဓိကထားပြီး အသုံးပြုနေကြပါတယ်။
စက်ရုပ်တွေကို လူသားတွေနဲ့ ပို့ပြီးတူလာအောင် ပညာရှင်တွေကကြိုးစားဖန်တီးနေကြပေမယ့် စက်ရုပ်ကိုယ်ထည်လိုမျိုး မညီညာတဲ့မျက်နှာပြင်တွေမှာ လိုက်လျောညီထွေရှိမယ့် တကယ့်အသားအရည်မျိုးကိုတော့ မတီထွင်နိုင်ခဲ့ကြပါဘူး။
"၃ ဘက်မြင်စက်ရုပ်ရဲ့အသွင်အပြင်အတိုင်း ပုံသွင်းနိုင်ဖို့အတွက် အရေပြားတွေကိုကျွမ်းကျင်စွာဖြတ်တောက်နိုင်တဲ့ လက်မှုစွမ်းရည်ရှိဖို့လိုပါတယ်၊ စက်ရုပ်ပေါ်က အရေပြားတွေကို တိုက်ရိုက်ပုံသွင်းတဲ့နည်းလမ်းဖြင့် စက်ရုပ်လက်ချောင်းတစ်ချောင်းမှာ ချောမွေ့တဲ့မျက်နှာပြင်ကိုရရှိလာပါတယ်"လို့ 'တာကူချီ'က Insider ကိုပြောကြားခဲ့ပါတယ်။
ဒီတစ်ရှူးတွေ ဘယ်လောက်ကြာကြာခံနိုင်သလဲသိရှိဖို့နဲ့ အရေပြားလုပ်ဆောင်ချက်တွေထည့်သွင်းနိုင်ဖို့အကြောင်းများကို 'တာကူချီ'နဲ့အဖွဲ့က ဆက်လက်လေ့လာသွားဖို့စီစဉ်နေပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published _ 13 June 2022
အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
"အရည်အသွေးပြည့်ဝတဲ့ ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်" ဟုပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့် နည်းပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့် ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးစတဲ့ လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နည်းပညာနှင့်စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုးမြှင့် သစ်အချောထည်တံခါးနှင့် ကျည်းဘောင်များ ထုတ်လုပ်နေကြောင်းလည်း အဆိုပါဌာနမှ တဆင့် သိရသည်၊၊
ymg/NN
#Yangon_Media_Group
#LocalNews
Published _13 June 2022
စက်သုံးဆီဈေးများ ဆက်လက် မြင့်တက်နေသောကြောင့် ရပ်နားရန်စီစဉ်ခဲ့သည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်းအနေဖြင့် ခရီးသည်များ၏ တောင်းဆိုမှုများကြောင့် ဇွန်လ ၁၁ ရက်မှစပြီး ပြေးဆွဲပေးနေလျှက်ရှိကြောင်း Yangon - Bago Smart City Bus Line By Daewoo Bus ရဲ့ တာဝန်ရှိသူက YMG သို့ ပြောသည်။
"ခရီးသည်တွေက တောင်းဆိုကြပါတယ်။ ဒီယာဥ်လိုင်းက သူတို့အတွက် အတော်အဆင်ပြေလို့ မရပ်နားဖို့ တောင်းဆိုလာကြတော့ ကျွန်တော်တို့လည်း ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းလမ်းတွေတင်ပြပြီး လက်ရှိပြေးဆွဲနေပါတယ်။ အဓိကကတော့ ကားခတိုးကောက်ပြီး ဆက်ဆွဲပေးနေပါတယ်။ ရန်ကုန်ကနေ ပဲခူးအရောက် ၃၀၀၀ ကျပ် သတ်မှတ်ထားတယ်။ ပဲခူး ကနေ ရန်ကုန်ပြန်ရင်တော့ လမ်းခရီးပေါ်မူတည်ပြီး ၂၀၀၀ သို့မဟုတ် ၁၀၀၀ ကောက်ပါတယ်" ဟု Daewoo bus ရဲ့ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်-ပဲခူး ယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာမှာ စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသဖြင့် အဆိုပါ ယာဉ်လိုင်း ပြေးဆွဲမှုကို ဇွန်လ ၁၀ ရက်မှစ၍ ခေတ္တရပ်နားမည်ဟု စီစဉ်ထားပြီး ယခုအခါ ခရီးသည်များရဲ့ တောင်းဆိုမှုများကြောင့် ယာဉ်လိုင်းအား ဇွန်လ ၁၁ ရက်မှစ၍ လုံး၀မရပ်နားဘဲ ပြန်လည်ပြေးဆွဲသွားမည်ကြောင်း သိရသည်၊၊
ရန်ကုန်-ပဲခူးယာဉ်လိုင်းတွင် ခရီးစဉ် ငါး ကြောင်းဖြင့် ခရီးသည် တစ်ဦးလျှင် ခရီးစဉ် စ/ဆုံး အတွက် ယာဉ်စီးခ ၃၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလည်း အဆိုပါ ယာဥ်လိုင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Health_Tips
Published 13 June 2022
မနက်စာ စားဖို့အကောင်းဆုံးအချိန်က နံနက် ၁၁ နာရီဖြစ်ပြီး အိပ်ရာထတာနဲ့ ဗိုက်ဆာတတ်သူတွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။
မနက်စာကို အနည်းငယ်နောက်ကျပြီးမှ စားသောက်တာက ကိုယ်အလေးချိန်လျော့ကျချင်သူတွေအတွက် သင့်တော်ကြောင်း လန်ဒန်ကင်းကောလိပ်မှ ပရော်ဖက်ဆာ'တင်မ်စပက်တာ'က အကြံပေးလိုက်ပါတယ်။
အခုခေတ်မှာ လူအများစုက ညစာကိုနောက်ကျမှ စားလေ့ရှိလာကာ ည ၉ နာရီလောက်အထိစားသောက်တတ်ကြပါတယ်။
ဒါကြောင့် မနက်စာကို နံနက် ၉ နာရီမှာစားခြင်းဖြင့် အစာမရှိချိန် ၁၄ နာရီလောက်ရှိမှာဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ဖို့နဲ့ ဇီဝဖြစ်စဉ်များအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
အဆိုပါ နည်းလမ်းအတိုင်း လအနည်းငယ်ကျင့်ကြံပါက ၄ ပေါင်ကနေ ၁၁ ပေါင်လောက်အထိ ဝိတ်ကျစေနိုင်မှာ ဖြစ်ပါတယ်။
"အင်္ဂလန်မြောက်ပိုင်းမှာ မနက်စာစောစောစားတတ်တဲ့သူအချို့ ရှိနေပေမယ့် စပိန်တို့ အီတလီတို့မှာ ညစာကိုနောက်ကျမှ စားသောက်လာကြတာကြောင့် စားသောက်မှုပုံစံပြောင်းလဲဖို့လိုပါတယ်၊ ပုံမှန်အတိုင်းဆိုရင်တောင် အစာမရှိချိန် ၁၄ နာရီရှိဖို့ခက်ခဲတတ်ပါတယ်၊ မနက်စာစားချိန်ကို ၁၁ နာရီကိုပြောင်းလဲပြီး အလွယ်တကူထိန်းသိမ်းလိုရပါတယ်" လို့ ပရော်ဖက်ဆာ'စပက်တာ'က ပြောပြခဲ့ပါတယ်။
ပရော်ဖက်ဆာက တန်ဇန်နီယာမှ ဟက်ဒ်ဇာလူမျိုးစုအကြောင်းလေ့လာရာမှာ သူတို့ဟာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ မရှိကြကြောင်းတွေ့ရှိရပါတယ်။
သူတို့လူမျိုးစုဟာ မနက်စာမစားကြဘဲ မနက် ၁၀ နာရီခွဲ ဒါမှမဟုတ် ၁၁ နာရီလောက်မှ စတင်စားသောက်ကြပါတယ်။
ယူကေမှာ လူအချို့က ၅ ရက်တာပုံမှန်စားပြီး ၂ ရက်ကို ကယ်လိုရီလျှော့ချစားသုံးကြတဲ့ ၅:၂ ပုံစံကို ကျင့်သုံးလာကြပါတယ်။
မနက်စာကိုနောက်ကျမှစားပြီး တစ်နေ့ကို အစာမရှိချိန် ၁၄ နာရီရအောင်ပြုလုပ်ခြင်းက ပိုမိုလွယ်ကူကြောင်း၊ အစာအိမ်ထဲက လည်ပတ်မှုစနစ်ကလည်း နားချိန်လိုအပ်ကြောင်း ပရော်ဖက်ဆာက ရှင်းပြပါတယ်။
မနက်စာမရှောင်သင့်ဘူးဆိုတဲ့ အယူဟောင်းကိုလည်းဖယ်ရှားသင့်ပြီး မနက်စာစားခြင်းက လူတွေကို ပိုမိုဝဖြိုးစေကြောင်းဆိုပါတယ်။
Source: DailyMail.
#Yangon_Media_Group
#Local_News
Published_ 12 June 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက် ဒီကနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ အတွက်ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
မေ ၂၀ ရက်မှ စတင်ကာ နစကဥက္ကဌအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 12 June 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တောင်ပိုင်းစစ်နယ်ဌာနချုပ်လက်အောက်က ရေတပ်လေကြောင်း တပ်မဟာက ဗုံးကြဲတိုက်လေယာဉ်တွေဟာ စစ်ပွဲအစစ်မှာသုံးတဲ့ စွမ်းရည်အတိုင်း ရေကြောင်းပစ်ခတ်မှုတွေ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
ခဲယမ်းမီးကျောက်တွေ တပ်ဆင်ထားတဲ့ ဗုံးကြဲတိုက်လေယာဉ်တွေဟာ ထွက်ခွာပျံသန်းပြီးနောက် လေထဲမှာ နည်းဗျူဟာမြောက်ဖွဲ့စည်းပျံသန်းမှုပြီးစီးတဲ့နောက်ပစ်မှတ်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြပါတယ်။
လေယာဉ်ပစ်အမြောက်တွေကို ရှောင်ရှားဖို့ ဖွဲ့စည်းမှုကို အနိမ့်မှာ ခပ်မြန်မြန်လုပ်ဆောင်ကြပြီးနောက် ပင်လယ်ပြင်ပေါ် အလွန်နိမ့်တဲ့ အမြင့်မှာပျံသန်းပြီး ကိုယ်ပျောက်ထိုးဖောက်မှုကို လေ့ကျင့်ခဲ့ကြပါတယ်။ပင်လယ်ထဲက ပစ်မှတ်နယ်ပယ်ထဲရောက်လာပြီးနောက် လေယာဉ်မှူးတွေဟာ ခပ်မြန်မြန် အမြင့်တက်ပျံသန်းကြပါတယ်။ ရာသီဥတုပြောင်းလဲမှုအရ တိုက်ခိုက်မှုလမ်းကြောင်းကို တည်ဆောက်ပြီး သင့်တော်တဲ့ ဒုံးကျည်ကိုပစ်လွှတ်ကြပါတယ်။ အဲဒီနောက် ကောင်းကင်ကနေ ငိုက်ဆင်းပြီး ပင်လယ်ထဲ ပေါလောပေါ်နေတဲ့ ပစ်မှတ်ကို တိုက်ခိုက်ပါတယ်။
“တကယ့်ပစ်ခတ်တိုက်ခိုက်တဲ့ လေ့ကျင့်မှုမှာ ရာသီဥတုက ရှုပ်ထွေးပြောင်းလဲနေလို့ ပင်လယ်ထဲက ပစ်မှတ်ကို မှတ်သားရတာ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ကျွန်တော်တို့ဟာ ဒုံးကျည်အမျိုးမျိုးကို ပစ်လွှတ်ရပါတယ်။ လက်နက်စစ်ဆင်ရေးဟာ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးတဲ့ စစ်မြေပြင်ဝန်းကျင်မှာ ကျွန်တော်တို့ မစ်ရှင်ကို ဆောင်ရွက်နိုင်တဲ့အရည်အချင်း လိုအပ်မှုက မြင့်မားပါတယ်” လို့ လေယာဉ်မှူး ချောင်းလေး ကပြောပါတယ်။
“ ရှုပ်ထွေးတဲ့ မိုးလေဝသရဲ့ အီလက်ထရိုမဂ္ဂနက်တစ်ဝန်းကျင်အောက်မှာ ပင်လယ်တွင်း လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ခန်းအတွင်း အနိမ့်ပျံသန်းပြီး ကိုယ်ပျောက်ထိုးဖောက်မှုတွေဆောင်ရွက်ခဲ့ပါတယ် တည်ဆောက်ထားတဲ့ပစ်မှတ်တွေကို လက်နက်အစုံနှင့် အတိအကျတိုက်ခိုက်မှုပြီးစီးခဲ့ပါတယ်။ တကယ့်စစ်ပွဲအဆင့် အင်အားနှင့်အတူ တိုက်ပြီးနိုင်ဖို့ ကျွန်တော်တို့လေယာဉ်မှူးတွေရဲ့မြှင့်တင်ထားပြီးသားစွမ်းရည်တွေနှင့်အတူ စမ်းသပ်ခဲ့ကြပါတယ်” လို့ လေတပ်တပ်မှူး ပိုင်းစိန်း ကပြောပါတယ်။
Source: CCTV+
TV Yangon Times Matters အစီအစဉ်
Published - 12 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တယောပညာရှင်မေယံနီနှင့်အတူ
ငယ်ငယ်ကပုခက်ထဲမှာသိပ်ရင် သီချင်းဆိုသိပ်မှအိပ်တက်ကာ စဉ့်အိုးထဲခေါင်းဝင်သီချင်းတွေအော်ဟစ်ဆိုပြီး အနုပညာကိုရူးသွပ်ခဲ့ရပုံ
အခြေခံသင်ပေးလိုက်ရင် International note ရော Myanmar Note ရောရသွားကြပြီး ဆရာဘယ်သူလဲမေးရင် မေယံနီလိုပြောတဲ့အခါ ပီတိဖြစ်ရပုံ
ငွေရေးကြေးရေးနဲ့တိုင်းပြီးလုပ်ရင် အနုပညာမဟုတ်တော့ဘူး တူရိယာတွေတီးခတ်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်တာကိုပဲ ကျေနပ်နေပါပြီဆိုတဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 12 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တယောပညာရှင်မေယံနီနှင့်အတူ
ငယ်ငယ်ကပုခက်ထဲမှာသိပ်ရင် သီချင်းဆိုသိပ်မှအိပ်တက်ကာ စဉ့်အိုးထဲခေါင်းဝင်သီချင်းတွေအော်ဟစ်ဆိုပြီး အနုပညာကိုရူးသွပ်ခဲ့ရပုံ
အခြေခံသင်ပေးလိုက်ရင် International note ရော Myanmar Note ရောရသွားကြပြီး ဆရာဘယ်သူလဲမေးရင် မေယံနီလိုပြောတဲ့အခါ ပီတိဖြစ်ရပုံ
ငွေရေးကြေးရေးနဲ့တိုင်းပြီးလုပ်ရင် အနုပညာမဟုတ်တော့ဘူး တူရိယာတွေတီးခတ်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်တာကိုပဲ ကျေနပ်နေပါပြီဆိုတဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 12 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တယောပညာရှင်မေယံနီနှင့်အတူ
ငယ်ငယ်ကပုခက်ထဲမှာသိပ်ရင် သီချင်းဆိုသိပ်မှအိပ်တက်ကာ စဉ့်အိုးထဲခေါင်းဝင်သီချင်းတွေအော်ဟစ်ဆိုပြီး အနုပညာကိုရူးသွပ်ခဲ့ရပုံ
အခြေခံသင်ပေးလိုက်ရင် International note ရော Myanmar Note ရောရသွားကြပြီး ဆရာဘယ်သူလဲမေးရင် မေယံနီလိုပြောတဲ့အခါ ပီတိဖြစ်ရပုံ
ငွေရေးကြေးရေးနဲ့တိုင်းပြီးလုပ်ရင် အနုပညာမဟုတ်တော့ဘူး တူရိယာတွေတီးခတ်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်တာကိုပဲ ကျေနပ်နေပါပြီဆိုတဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1430 of 1641