Published 22 Nov 2022
တရုတ်နိုင်ငံ အလယ်ပိုင်းရှိစက်ရုံတစ်ရုံမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းခဲ့တဲ့အတွက် လူပေါင်း ၃၈ ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ ဒီမီးလောင်ကျွမ်းမှုဟာ တရားမဝင် ဂဟေဆော်တဲ့အတွက်ကြောင့် ဖြစ်ရတယ်ဆိုပြီး အာဏာပိုင်တွေက အလုပ်သမားတွေကို အပြစ်တင်ထားပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုနန်ပြည်နယ်က အန်ယန်မြို့မှာရှိတဲ့အန်ယန်ခိုင်ဇင်ဒါကုန်သွယ်ရေးကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ တနင်္လာနေ့ ညနေ ၄နာရီ ၂၂မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အချက်ပေးသံရရှိပြီးနောက် မြူနီစပါယ်မီးသတ်အဖွဲ့ဟာ မီးလောင်ရာကိုချက်ခြင်းသွားပြီး ငြှိမ်းသတ်ခဲ့လို့ မီးကို ည၁၁နာရီခန့်မှာ အပြီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ စီစီတီဗွီက ပြောပါတယ်။
စီစီတီဗွီသတင်းဌာနရဲ့ သတင်းဗွီဒီယိုထဲမှာ မီးတောက်တွေထဲကနေ မီးခိုးလုံးအမည်းကြီးတွေလိပ်တက်လာတာကိုတွေ့ကြရပါတယ်။ မီးသတ်ကား အနည်းဆုံး(၂)စီးကလည်း မီးတွေကို ကြိုးစားငြှိမ်းသတ်ပေးခဲ့ကြပါတယ်။
သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်လိုက်ရပေမယ့် သူတို့နှစ်ဦးဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ တရုတ်အစိုးရရဲ့ ပြည်သူ့နေစဉ်သတင်းစာက သတင်းရေးသားပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ တရားခံလို့သံသယရှိသူတွေကို ရဲကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အလုပ်သမားတွေဟာ အန္တရာယ်ကင်းရှင်းရေးစည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး လျှပ်စစ်ဂဟေဆော်ခဲ့ကြရာကနေ မီးလောင်ရတာဖြစ်တယ်လို့ စီစီတီဗွီရုပ်သံကကြေညာပါတယ်။
အန္တရာယ်ကင်းရှင်းရေးစံသတ်မှတ်ချက်တွေအားနည်းမှုနှင့် အရာရှိတွေ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် တရုတ်နိုင်ငံမှာ စက်ရုံအလုပ်ရုံ မတော်တဆထိခိုက်မှုတွေဟာ ပုံမှန်လိုဖြစ်နေကြတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
အန်ယန်မြို့စက်ရုံမီးလောင်သလိုပဲ အဲဒီတစ်ရက်တည်းမှာတင် ရှန်ဇီပြည်နယ်မြို့တော် ထိုင်ယွမ်မြို့အနီး ဓာတုဗေဒစက်ရုံတစ်ရုံမှာလည်း ပေါက်ကွဲမှဒတစ်ခုဖြစ်ခဲ့ပါသေးတယ်။
ဇွန်လအတွင်းက ရှန်ဟိုင်းက ဓာတုဗေဒစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်လို့ တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း အေအက်ဖ်ပီကသတင်းပေးပို့တာဖြစ်ပါတယ်။
Source: AFP/CCTV
#China_factory_Fire
#Anyang_City_Henan_Province
#Fire_killed_38_in_Anyang_factory
Published 21 Nov 2022
ဂျပန်ဗဟိုဘဏ်က ၂၀၂၄ခုနှစ်မှာ ယန်းငွေစက္ကူအသစ်တွေ ထုတ်လုပ်တော့မှာဖြစ်လို့ အဲဒီငွေစက္ကူအသစ်တွေကို ငွေစက္ကူရေတွက်စက်နှင့်စမ်းသပ်ကြည့်နေပါတယ်။
ငွေစက္ကူအသစ်တွေကို အတုအပလုပ်လို့မရတဲ့ နည်းပညာတွေနှင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ သုံးဖက်မြင်ရုပ်လုံးကြွ ဟိုလိုဂရမ်နည်းပညာလည်းပါဝင်ပါတယ်။
“ဟိုလိုဂရမ်က အရာဝတ္ထုရဲ့ပုံရိပ်ကို သုံးဖက်မြင်ရုပ်လုံးကြွစေပြီးလှည့်ပတ်ပေးတယ်။ ငွေစက္ကူတွေမှာ ဒီနည်းပညာကို အသုံးပြုတာဟာ ကမ္ဘာပေါ်မှာ ဒါဟာ ပထမဆုံးဖြစ်တယ်” လို့ ဂျပန်ဘဏ်ရဲ့ အရာရှိ ဟီရိုယူကီကန်နို ကပြောပါတယ်။
Source: AFP
#Japan_new_banknotes
#anti-counterfeit_technology_in_banknotes
#Japan_modern_banking
Published 15 Nov 2022
အလှဘုရင်မတွေထုတ်လုပ်ပေးတဲ့စက်ရုံကြီးအဖြစ် တင်စားကြတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဗင်နီဇွဲလားမယ်ရွေးပွဲလို့သိကြတဲ့ အရေးအကြီးဆုံးအလှမယ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှာကျင်းပပါတော့မယ်။
ကိုဗစ်ကပ်ရောဂါဘေးကြောင့် ပြီးခဲ့တဲ့ (၂)နှစ်မှာ ပရိဿတ်အကန့်အသတ်နှင့် ကျင်းပခဲ့ရာကနေ ယခုနှစ်မှာ ကြီးကျယ်ခမ်းနားစွာပြန်လည်ကျင်းပပေးမှာဖြစ်ပါတယ်။
အဲဒီအတွက် မီဒီယာတွေကိုဖိတ်ကြားပြီး ဝတ်စုံပြည့် အစမ်းပြသပွဲကို နိုဝင်ဘာ ၁၄ ရက်ကကျင်းပပေးခဲ့ပါတယ်။
ဖွင့်ပွဲမှာ ပြိုင်ပွဲဝင်အလှမယ် ၂၄ ဦးတို့ဟာ အကနှင့်တင်ဆက်ကြပါလိမ့်မယ်။ ပြီးခဲ့တဲ့(၂)နှစ်က အနိုင်ရခဲ့တဲ့ အလှမယ် (၅)ဦးကိုလည်း ပွဲတက်ရောက်ဖို့ဖိတ်ကြားထားပါတယ်။
ယခုနှစ်မယ်ရွေးပွဲကို ဗင်နီဇွဲလားနိုင်ငံရဲ့ အထင်ကရ ဇာတ်ရုံတွေထဲက တစ်ရုံဖြစ်တဲ့ ပရိဿတ်နှစ်သောင်းဆန့် Poliedro de Caracas မှာ ကျင်းပပေးမှာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအာရုံစိုက်ကြတဲ့ ဗင်နီဇွဲလားအလှမယ်ရွေးပွဲရဲ့ အကြိုအစမ်းပြသပွဲကို AFP ကတင်ဆက်ထားပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook >>> https://fb.watch/gPklwOswwR/
#Miss_Venezuela
#Factory_for_queens
#Venezuela_Beauty_industry
Published 11 Nov 2022
ရုရှားနှင့်မြန်မာနှစ်နိုင်ငံအကြား ဘဏ္ဍာရေးနှင့်ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ဖို့နှင့် ကုန်သွယ်မှုမြှင့်တင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံ ငွေအဖွဲ့ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံရာမှာ အဆိုပါကိစ္စတွေဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ မြန်မာ နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ တွင်းထွက်နှင့် သဘာဝသယံ ဇာတ ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevichနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြတာဖြစ်ပါတယ်။
ရော့စ်ကွန်ဂရက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ ဗိုလ်ချူပ်မှူးကြီးထံ မတွေ့ဆုံခင် ဒီကနေ့တက်ရောက်တဲ့ ပြည်ထောင်စု ဝန်ကြီးတစ်ဦးချင်းစီနှင့် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စတွေကို ယခင်ရက်တွေက ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။
Ymg/-knl
#Myanmar_Russia
#Roscongress_Russia
#Myanmar_Politics_Business


Published 11 Nov 2022
ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အနောက်မြောက်ပိုင်းက လေယာဉ်ကွင်းတစ်ခုကနေ တက္ကစီယာဉ်ပျံ တစ်ခုကို စမ်းသပ်မောင်းနှင်မှုတစ်ခု နိုဝင်ဘာ ၁၀ ရက် ကြာသပတေးနေ့က ပြီးဆုံးခဲ့ပါတယ်။
အဲဒီတက္ကစီယာဉ်ပျံ လုပ်ငန်းကို ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်အားကစားပွဲတော်အတွင်း အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ပါရီဒေသတစ်ခွင်မှာ တက္ကစီယာဉ်ပျံ အခြေစိုက်စခန်း (၅)ခုကို တည်ဆောက်ဖို့ လျာထားပြီး တက္ကစီယာဉ်ပျံဟာ ခရီးသည်တွေ တင်ဆောင်ရုံမျှမကဘဲ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေမှာလည်း အသုံးပြုနိုင်ပါလိမ့်မယ်။
VoloCity လို့ အမည်ပေးထာတဲ့ အဆိုပါ တက္ကစီယာဉ်ပျံဟာ လူနှစ်ယောက်စီးနင်းလိုက်ပါနိုင်မှာဖြစ်ပြီး ခရီးသည် တစ်ဦးနှင့်နောက်တစ်ဦးကတော့ အလိုအလျောက်မောင်းနှင်မှိုကု စောင့်ကြပ်ထိန်းသိမ်းပေးမယ့် ယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။
Source AFP
#Volocity
#Flying_Taxi
#France_Flying_Taxi
Published 10 Nov 2022
MSCအပျော်စီးသင်္ဘောလိုင်းရဲ့ အထင်ကရသင်္ဘောအသစ်ကြီး "MSC World Europa" ဟာ ကာတာနိုင်ငံရဲ့ မြို့တော် ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တရားဝင်အမည်ပေးအခမ်းအနားမတိုင်ခင် အမ်အက်စ်စီ ဝေါယူရိုပါ ဇိမ်ခံသင်္ဘောကြီး ရောက်ရှိလာခြင်းဖြစ်ပါတယ်။
အဆိုပါ ဧရာမသင်္ဘောကြီးဟာ ဒိုဟာမြို့တော်ရဲ့ ဂရန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီးနောက် တစ်ကမ္ဘာလုံးမှ ဘောလုံးပွဲ ပရိဿတ်တွေအတွက် ရေပေါ်ဟိုတယ်ကြီးအဖြစ် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
အဆိုပါသင်္ဘောကြီးဟာ အလျား ၁၀၉၄ ပေ၊ဗျက်၁၅၄ ပေ၊ အမြင့် ၂၂၃ ပေရှိပြီး အထပ်ပေါင်း ၂၁ထပ်ပါဝင်ပါတယ်။ ခရီးသည်ပေါင်း ၆၇၆၂ ဦးတင်ဆောင်နိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းရှိ ဇိမ်ခံသင်္ဘောကြီးဖြစ်ပြီး သင်္ဘောကုမ္ပဏီရဲ့ အကြီးဆုံးသင်္ဘောကြီးဖြစ်ပါတယ်။
Source: AFP
#MSC_World_Europa
#Doha_Qatar
#FIFA_Worldcup
Published 7 Nov 2022
►ဖေ့စ်ဘုတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ပလက်ဖောင်းဟာ ဒီတစ်ပတ်ထဲမှာ ဝန်ထမ်းတွေ အကြီးအကျယ်လျှော့ချဖို့ရှိလို့ ဝန်ထမ်း ထောင်ပေါင်းများစွာထိခိုက်နိုင်ဟု ဝေါစထရိဂျာနယ်ကရေးသား
►အဲဒီကြေညာချက်ကို ဗုဒ္ဓဟူးနေ့မှာ ခပ်စောစောကြေညာဖို့ စီစဉ်နေတယ်လို့ အတွင်းသိတစ်ဦးက ဝေါစထရိကို သတင်းပေး
►ဖေ့စ်ဘုတ်ခ်ဟာ ပြီးခဲ့တဲ့နှစ်က တန်ဖိုး ဒေါ်လာ (၁)ထရီလီယံဝက်ကျော် (ဒေါ်လာ ၅၀၀ဘီလျံကျော်) ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
►Meta ဟာ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနှင့် ရင်ဆိုင်ရတာရယ်၊ တစ်တော့ခ် TikTok နှင့် ပြိုင်ဆိုင်မှုတွေကြောင့် စီးပွားရေး ရလာဒ်တွေဟာ စိတ်ပျက်စရာဖြစ်နေခဲ့ရ
►Metaverse ရင်းနှီးမြှပ်နှံမှုကနေ အကျိုးအမြတ်ဖြစ်ထွန်းဖို့က နောက်ထပ် ဆယ်နှစ်စောင့်ရမှာဖြစ်တယ်လို့ အမှုဆောင် ချုပ် မတ်ခ် ဇူကာဘတ်က ပြော
►ဇွန်လက ဖေ့စ်ဘုတ်ခ်ဟာ အင်ဂျင်နီယာတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ စီစဉ်ခဲ့ပြီး စီးပွားရေးအကျမှာ တောင့်ထားကြဖို့ သူ့ဝန်ထမ်းတွေကို ဇူကာဘတ်က ပြောခဲ့
►မိုက်ခရိုဆော့၊ တွစ်တာနှင့် Snap ဆနက်ပ်တို့အပါအဝင် နည်းပညာကုမ္ပဏီတော်တော်များမျာဟာ အတိုးနှုန်းမြင့်မားလာမှု၊ ငွေကြေးဖောင်းပွမှုတွေနှင့် ဥရောပ လောင်စာအကျပ်အတည်းတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုတွေ ကြောင့် ဝန်ထမ်းတွေ လျှော့ချနေရပြီး အလုပ်တွေဖြုတ်ပစ်နေရ
Source Reuters
#Meta_Platforms_cut_jobs
#Facebook_business
Page 49 of 79