Published_ 2 June 2022
တယ်လီနောမြန်မာ က ၎င်းတို၏ အမှတ်တံဆိပ်အား အက်တမ်(Atom)မြန်မာလို့ အမည် ပြောင်းလဲသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
တယ်လီနောမြန်မာက မတ်လတွင် လက်ဘနွန်နိုင်ငံမှ M1 Group သို့ အမေရိကန် ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့တာဖြစ်ပြီး ယခုအခါ M1 Group နှင့် ၎င်း၏ ပြည်တွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းထားသော Investcom ပိုင်ဆိုင်မှာဖြစ်ပါတယ်။
စစ်တမ်းများအရသုံးစွဲသူ ၁၈ သန်းရှိနေသည့် တယ်လီနောကုမ္ပဏီအား ကုမ္ပဏီ အမည်ပြောင်းလဲခြင်းကြောင့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများတွင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ဘဲ ကတိကဝတ်များနှင့် ကိုယ်စားပြုမှုများသည် သုံးစွဲသူများနှင့်မိတ်ဖက် များအတွက် မပြောင်းလဲဘဲ ဆက်လက်ရှိသွားမည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ကုမ္ပဏီအမည်ပြောင်းလဲမှုအား ၂၀၂၂ မေ ၃၀ ရက်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အဆိုပါအမည်ပြောင်းလဲမှုနှင့်အတူ ကြီးမားသောဈေးကွက်အတွင်းသို့ ပံ့ပိုးလုပ်ဆောင် နိုင်မှုများကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
Published 2 June 2022
ဖေ့စ်ဘုတ်( Meta Platforms)ရဲ့စီးအီးအို မတ်ဇူကာဘတ်နှင့်အတူတွဲပြီး ဖေ့စ်ဘုတ်ကို ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်ကြီး တစ်ခုအဖြစ် စွမ်းဆောင်ခဲ့တဲ့ ဖေ့စ်ဘုတ်ရဲ့ စီအိုအို (လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်) ရှာရီဆန်းဘတ်ဟာ ကုမ္ပဏီမှာ ၁၄နှစ် အလုပ်လုပ်ပြီးနောက် အလုပ်ထွက်လိုက်ပြီလို့ သူမက ဖေ့စ်ဘုတ်ကနေတစ်ဆင့် ဗုဒ္ဓဟူးနေ့တုန်းက ကြေညာပါတယ်။
အဲဒီကြေညာချက်ကြောင့် အစပိုင်းမှာ ဖေ့စ်ဘုတ်ခ်ရဲ့ ရှယ်ယာက ၄ရာခိုင်နှုန်းကျဆင်းသွားပေမယ့် နာရီအနည်းငယ်အကြာမှာတော့ ဆက်မကျတော့ဘဲ တန်းသွားပါတယ်။
“ ၂၀၀၈ခုနှစ်တုန်းက ဒီအလုပ်စလုပ်တော့ ငါးနှစ်လောက်ပဲလုပ်မယ်လို့ ထင်ခဲ့တာ ၁၄နှစ်ကြာသွားတယ်။ ယခုတော့ ကျွန်မဘဝအတွက် ကဏ္ဍသစ်တစ်ခု ရေးဖို့အချိန်ရောက်ပြီ” လို့ သူမကရေးပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ်(စီဂျီအို) ဂျာဗီးယားအိုလီဗန်ဟာ သူမနေရာကို လွှဲပြောင်းတာဝန်ယူမယ်လို့ ဇူကာဘတ်က သီးခြားဖေ့စ်ဘုတ်ပို့စ်မှာ ရေးသားပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိဖွဲ့စည်းပုံအတွင်း ဆန်းဘတ်ရဲ့ အခန်းကဏ္ဏကို သူ့အနေနှင့် အစားထိုးဖို့ မစီစဉ်ခဲ့ဘူးလို့ သူက ထပ်ပြောပါတယ်။
“မက်တာဟာ လုပ်ငန်းတွေအားလုံးနှင့် လည်ပတ်မှုတွေဟာ ကျွန်တော်တို့ထုတ်ကုန်တွေနှင့် ခွဲပြီးဆောင်ရွက်နေတာထက် ထုတ်ကုန်တွေနှင့် လုပ်ငန်းအုပ်စုတွေ ပိုပြီး နီးနီးကပ်ကပ်စုစည်းဖို့ အဆင့်ရောက်ခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ ဇူကာဘတ်ကပြောပါတယ်။
အိုလီဗန်ဟာ မက်တာ(ဖေ့စ်ဘုတ်ခ်)နှင့် အလုပ်လုပ်နေတာ ၁၄နှစ်ရှိပြီးဖြစ်ပြီး ဖေ့စ်ဘုတ်ခ်၊အင်စတာဂရမ်၊ WhatsApp နှင့် မက်ဆင်ဂျာအဖွဲ့တွေကို ဦးဆောင်နေသူဖြစ်ပါတယ်။
ဆန်းဘတ်ထွက်ခွာမှုကို မက်တာခေတ်အဆုံးသတ်မှုလို့ မှတ်ယူရမှာဖြစ်ပါတယ်။ မက်တာဟာ သူ့ပလက်ဖောင်းပေါ်မှာ ကိုယ်ရေးလွတ်လပ်ခွင့် စော်ကားနှောက်ယှက်မှုတွေနှင့် အရှုပ်တော်ပုံအကြောင်းအရာတွေ ပျံ့နှံ့မှုတွေနှင့်ပတ်သက်လို့ နှစ်ပေါင်းများစွာ သိက္ခာကျစရာတွေနှင့် ဖေ့စ်ဘုတ်ခ်သုံးသူတွေ တန့်သွားပြီးနောက် ဟာ့ဒ်ဝဲလ်ထုတ်ကုန်တွေနှင့် တက်တာဗာ့စ်ဆီ ပြောင်းရွှေ့အာရုံစိုက်ခဲ့ပါတယ်။
ဆန်းဘတ်ဟာ တည်ထောင်သူ ဇူကာဘတ်ပြီးရင် ဖေ့စ်ဘုတ်ခ်မှာ ဒုတိယနေရာမှာ ရှိသူဖြစ်ပါတယ်။ ဖေ့စ်ဘုတ်က သူ့ကို အလုပ်ခန့်တုန်းက သူ့အသက် ၂၃နှစ်ပဲရှိပါသေးတယ်။ သူမဟာ ကုမ္ပဏီမှာ အထင်ပေါ်ဆုံးအရာရှိကြီးတွေက တစ်ဦးဖြစ်ပြီး မကြာခဏ ဝေဖန်တိုက်ခိုက်ခံရတဲ့ ကြေညာအခြေပြုစီးပွားရေးပုံစံကို ဦးဆောင်တည်ဆောက်ခဲ့သူဖြစ်ပါတယ်။
သူမဟာ ကုမ္ပဏီက ထွက်လိုက်ပေမယ့် မက်တာဘုတ်အဖွဲ့မှာတော့ ဆက်လက်ပါနေဦးမယ်လို့ ဆန်းဘတ်ကပြောပါတယ်။
အလုပ်ထွက်ပြီးနောက်ဘာလုပ်မှာလဲလို့ ရိုက်တာကမေးတဲ့အခါ သူမက “ အမျိုးသမီးတွေအတွက် ပရဟိတအလုပ်ကို အာရုံစိုက်လုပ်ဆောင်မယ်လို့ပြောပါတယ်။
Source Reuters
Published 1 June 2022
အိမ်နီးချင်းမလေးရှားနိုင်ငံက စင်ကာပူကို တစ်လ တစ်လ တင်ပို့နေတဲ့ ကြက်သားကောင်ရေ ၃.၆သန်းကို ရပ်နားထားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့အတွက် စင်္ကာပူနိုင်ငံသားတွေ မပျော်မရွှင်နေကြရပါတယ်။
ပြည်တွင်းမလုံလောက်မှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းချင်လို့ မလေးရှားက ကြက်သားတင်ပို့မှုကို ယခုလိုရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။
မျှော်လင့်မထားတဲ့ မလေးရှားရဲ့လုပ်ရပ်ကြောင့် စင်ကာပူမှာ အံ့အားသင့်ပြီး ထိန်လန့်မှုတွေဖြစ်ကုန်ပါတယ်။ နိုင်ငံပိစိကွေးလေးဖြစ်တဲ့ စင်ကာပူဟာ သူ့ထက်ပိုကြီးတဲ့ အိမ်နီးချင်းမလေးရှားကနေ အစားအစာတွေ အများကြီးတင်ပို့နေရတာပါ။ အဲဒီအထဲမှာ ပြည်တွင်းသုံးစွဲတဲ့ ကြက်သားသုံးပုံတစ်ပုံကို မလေးရှားက တင်သွင်းနေတာပါ။
Source AFP
Published 31 May 2022
ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့မှာ ခွေးတွေသီးသန့် ဝန်ဆောင်မှုပေးတဲ့ ကဖေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ကိုးရီးယား အဟာရပညာရှင်တစ်ဦးလည်းဖြစ် အသိအမှတ်ပြု အိမ်မွေးတိရိစ္ဆာန် မုန့်တိုက်ပိုင်ရှင်လည်း ဖြစ်တဲ့ ယွန်ဆူကူ က အဲဒီခွေးကဖေးဆိုင်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒူဘိုင်းမြို့က ခွေးကဖေးဆိုင်လေးအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ရုပ်သံကို တင်ဆက်လိုက်ရပါတယ်။
Source AFP
Published 29 May 2022
တရုတ်နိုင်ငံက ပြည်တွင်းထုတ် အလယ်အလတ်အရွယ် လုပ်ငန်းစုံသုံး ရဟတ်ယာဉ် AC352 ကို လုပ်ဆောင်မှုတွေနှင့် စိတ်ချရမှုတွေကို စမ်းသပ်ပျံသန်းမှု ပြီးဆုံးခဲ့ပြီး ဒါဟာ ပျံသန်းခွင့်လက်မှတ်ရဖို့ နောက်တစ်ဆင့်တက်သွားတာ ဖြစ်တယ်လို့ တရုတ်လေကြောင်း လုပ်ငန်းကော်ပိုရေးရှင်း AVICက စနေနေ့ကပြောပါတယ်။
AC352 ရဟတ်ယာဉ်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာပင်းဖင်းဖှန်းလေဆိပ်ကို စနေနေ့ မနက် ၁၀နာရီ၂၂မိနစ်မှာ ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ဟာ အဲဒီပြည်နယ် ကျန်ဆန်ကျန်းရှီဒီလေဆိပ်ကျားမူးဆီ လေဆိပ်ကနေ ၆၁၆ ကီလိုမီတာ ခရီးရှည် ပျံသန်းခဲ့တာဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းမှုပြီးဆုံးသွားတဲ့အတွက် တရုတ်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က စစ်ဆေးပြီးတဲ့နောက် ပျံသန်းခွင့်လက်မှတ်ထုတ်ပေးဖို့ နောက်ဆုံးအဆင့်ပဲ ကျန်ရှိပါတော့တယ်လို့ တရုတ်ရဲ့ ထိပ်တန်း လေယာဉ်ပျံထုတ်လုပ်တဲ့ AVIC ကပြောပါတယ်။
စမ်းသပ်ပျံသန်းမှုတွေကို တစ်ရက်ကို ငါးနာရီကြာပြုလုပ်ခဲ့တာဖြစ်ပီဲး နေ့ပျံသန်းခြင်းနှင့်ညပျံသန်းခြင်းတွေကိုပါ ဆောင်ရွက်ခဲ့ကြပါတယ်လို့သိရပါတယ်။
Source CCTV
Published 27 May 2022
တရုတ်နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်သူ SAIC Motor က မေလထဲမှာ နိုင်ငံရပ်ခြား ကားရောင်းအား ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရှန်ဟိုင်းအခြေစိုက် SAIC ကားကုမ္ပဏီက ဒီလအတွင်း ကားပေါင်း ခုနှစ်သောင်းကျော်ကို နိုင်ငံရပ်ခြား ရောင်းချရဖို့ မျှော်လင့်ထားတာဖြစ်ပြီး တစ်နှစ် တစ်နှစ်ကို ရောင်းအားက ၆၀ ရာခိုင်နှုန်းတက်လာတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ရှန်ဟိုင်းမြို့ ဟိုင်းတောင်းဆိပ်ခံတံတားကနေ ဩစတြေလျကိုပို့မယ့် ကားအစီးပေါင်းဟာ ၃၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ SAIC ကားတွေက အစီးတစ်ထောင်ကျော်ပါနေပါတယ်။ အဲဒီကားတွေက ပင်လယ်ခရီးမှာ ၁၂ရက်က နေ ၁၄ရက်အထိကြာပြီး ဩစတြေလျ ရောက်သွားမှာဖြစ်ပါတယ်။
“ တရုတ်နိုင်ငဲရဲ့ကားတင်ပို့မှုဟာ နှစ်အလိုက်တိုးတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် နှစ်ပတ်လည်တိုးတက်မှု နှုန်းဟာ ၃၀ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီနှစ် ဇန်နဝါရီကနေ ဧပြီအထိ SAIC ကားတွေကို ဟိုင်းတောင်ဆိပ်ခံတံတားကနေ တင်ပို့တာ အစီးရေ ကိုးသောင်းခန့်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှင့်ယှဉ်ရင် ၁၃၇ ရာခိုင်နှုန်းတိုးတက်လာတာပါ” လို့ ရှန်ဟိုင်း ဟိုင်းတောင် နိုင်ငံတကာ ကားဆိပ်ကမ်းကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ရှီကျားလင်း က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ SAIC ကားအစီးရေ ရှစ်သိန်းခန့် နိုင်ငံခြားတင်ပို့ဖို့နှင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်တင်ပို့ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။
Source CCTV
Published 25 May 2022
ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ စားအုန်းဆီစိုက်ခင်းတွေမှာ နိုင်ငံခြားအလုပ်သမား မလုံလောက်မှုတွေရှိနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ စားအုံးဆီလိုအပ်ချက်တွေ မြင့်တက်လာနေတဲ့အပေါ် အကျိုးအမြတ်ရရှိဖို့ မလွယ်ဖြစ်နေပါတယ်။
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီစိုက်ခင်းမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။ စားအုန်းဆီဈေးတွေတက်လာတာနှင့် အင်ဒိုနီးရှားက ပြည်ပတင်ပို့မှုပိတ်လိုက်တဲ့အပေါ်မှာ အဲဒီအလုပ်သမားတွေရှားပါးနေလို့ တကယ့်လက်တွေ့မှာ အကျိုးအမြတ်ထုတ်ယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
Source CCTV+
Page 46 of 61