#LocalNews
Published_ 21 March 2023
ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အိမ်သာအတွင်း ခလေးမွေးဖွားမှု မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ဗိုက်အောင့်ရာမှ အိမ်သာခန်းတွင်းသွားရောက်စဉ် အရေးပေါ်ကလေးမွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊မွေးလာသည့် ကလေးမှာ မိန်းခလေးဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်းရွေ့ပြောင်းမြန်မာလုပ်သားများအရေး ကူညီနေသူများထံမှ သိရသည်။
အဆိုပါ ကလေးမွေးဖွားမှုမှာ ညပိုင်းဖြစ်သောကြောင့်အယုဒ္ဓယလူမှုကယ်ဆယ်ရေးသူနာပြုဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း၊ ၎င်း၏ကိုယ်ဝန်သက်တမ်း ၆ လသာ ရှိသေးသည်ဟုဆိုသော်လည်း ကလေးငယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားနေကြောင်း၊ယခုအခါ အဆိုပါ အမျိုးသမီးအား အယုဒ္ဓယဆေးရုံတွင် ထားရှိကာ စောင့်ရှောက်ပေးထားပြီး ကလေးရော မိခင်ပါ ကျမ်းမာကြောင်း သိရသည်။
Photo- Thaitv2 သတင်း
ymg/mt
#Yangon_Media_Group
#DailyNews
Published_ 20 March 2023
၁။ ရန်ကုန်ရွှေဈေး အကယ်ဒမီအခေါက်ရွှေ သိန်း ၃၀ နီးပါး ရှိလာ
၂။ ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနိုင်ငံများတွင် သင်္ကြန်တွင်းတရားစခန်းများ ပြန်ဖွင့်မည်
၃။ ဓာတ်ဆီဈေး တစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၄။ သန့်စင်စွမ်းအင်ကဏ္ဍကိုဦးစားပေးလာသော်ငြား လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ အမေရိကန်တွင် ရှားပါးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 20 March 2023
ထိုင်းနိုင်ငံ၊ချွန်ဘုရီခရိုင်၊တမ်ဗွန်ဟွေးကပီမြို့နယ်တွင် မြန်မာနိုင်ငံသားဇနီးမောင်နှံစကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဦးခေါင်းကို တူနှင့်ထုသတ်၍ ထွက်ပြေးလျက်ရှိရာ ယင်းကို မတ်လ ၁၈ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က တံဗွန်နောင်ခမ် စီရာဇာ(သီရိရာဇာ) မြို့ ချွန်ဘုရီခရိုင်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မသီတာ ဖြစ်ကြောင်း၊ တူဖြင့် ထုခဲ့သည့် ခင်ပွန်းဖြစ်သူမှာ အသက် ၄၂ နှစ်အရွယ် နေထွန်း ဆိုသူဖြစ်ကြောင်း သိရသည်။
ဇနီးဦးခေါင်းကို တူနှင့်ထုသတ်ခဲ့သူမှာ အရက်အမြဲသောက်သူ ဖြစ်ကြောင်း၊အခင်းဖြစ်သည့်နေ့ကလည်း ယင်းဇနီးမောင်နှံနေထိုင်သည့် ဆောက်လုပ်ရေးတန်းလျားအနီး သောက်သုံးပြီးသား ဘီယာဗူးခွံ ၄ လုံး တွေ့ရှိရကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published_ 18 March 2023
၁။ ဓာတ်ဆီ ဈေးတစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၂။ သင်္ကြန်အပြီးတွင် မီးလောင်ကျွမ်းမှု ပိုများလာနိုင်၍ ရပ်ကွက်တိုင်းတွင် အရန်မီးသတ်အဖွဲ့များ ဖွဲ့ထားရမည်ဟုဆို
၃။ အမေရိကန်ဘဏ်အချို့ ဒေဝါလီခံလိုက်တာကြောင့် ဒေါ်လာအညွှန်းကိန်းမြင့်လာပြီး ရွှေဈေးများ မြင့်တက်နေဟုဆို
၄။ သီချင်းဓာတ်ပြားဟောင်း ဝယ်ယူစုဆောင်းခြင်းပြန်လည်ခေတ်စားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#DailyNews
Published_ 17 March 2023
၁။ သင်္ကြန်ကာလမန္တလေး၊ ပုဂံနှင့်မြောက်ဦးယဉ်ကျေးဇုန်များ၊ ပျူမြို့ဟောင်းများဖွင့်လှစ်ထားမည်၊ ပြတိုက်များပိတ်မည်
၂။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းနီးပါး ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်မရှိ
၃။ သင်္ကြန်ကာလအိမ်ခြံမြေအရောင်းအဝယ်အေးမည်၊ သင်္ကြန်ပြီးမှအရောင်းအဝယ်ပြန်ဖြစ်မည်ဟုဆို
၄။ ဒေါင်ဖန်မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ကားမော်ဒယ်လ်အချို့ကို လျှော့ဈေး(၄၀)ရာခိုင်နှုန်းကျော်လျှော့ချပြီး ဆွဲဆောင်မှုများလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#DailyNews
Published_ 16 March 2023
၁။ သင်္ကြန်တွင်းကာလ YBS ယာဉ်များ ယာဉ်စီးခ ပိုမိုမကောက်ခံဖို့ ညွှန်ကြားထားဟုဆို
၂။ နွေရာသီကာလရေတွင်းများ ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုစတင်ဖြစ်ပေါ်လာ
၃။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးမြင့်တက်
၄။ ဂျပန်နိုင်ငံ၏ ဘူမိအပူစွမ်းအင်စီမံကိန်းအလားအလာကို ရေပူစမ်းလုပ်ငန်းရှင်များ ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#DailyNews
Published_ 15 March 2023
၁။ သင်္ကြန်တွင်းကာလ အဝေးပြေးယာဉ်စီးခများ တိုးမတောင်းရန်လမ်းညွှန်ထား၊ တိုးယူထားပါက ပြန်အမ်းခိုင်းမည်ဟုဆို
၂။ ကမ္ဘာ့ရွှေဈေး ၁၉၀၀ ကျော်အထိ ပြန်တက် ပြင်ပရွှေဈေးကွက်၂၈သိန်း ၈ သောင်းကျော် ပေါက်ဈေးရှိနေ
၃။ ဓာတ်ဆီဈေးတစ်လီတာ ၂၁၃၀ကျပ်အထိ ပြန်လည်ဈေးတက်လာ
၄။ နစ်ကယ်သတ္တုတူးဖော်ရေး စီမံကိန်းကြောင့် အင်ဒိုနီးရှားတောင်သူလယ်သမားများ လယ်မြေခုခံကာကွယ်နေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 73 of 132