#Daily_News
Published 22 February 2025
၁။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date မတိုင်ခင်လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်ရမည်
၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ပြည်ပမှ နည်းပညာအကူအညီများရယူဆောင်ရွက်မည်
၃။ ရွှေလုပ်ငန်းရှင်များအား ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အသိပေး
၄။ ငှက်တုပ်ကွေးကြောင့် အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်ကာ ကြက်မငှားရမ်းမွေးမြူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Daily_News
Published 21 February 2025
၁။ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း(၄)ခုအတွက် တရုတ်က ဒေါ်လာ ၁ ဘီလျံခန့်ကူညီမည်
၂။ စက်သုံးဆီအမျိုးအစားအားလုံးဈေးပြန်တက်
၃။ ယခုလ ၂၄ ရက်မှ ၂၇ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်
၄။ အဘူဒါဘီ၌ ကျင်းပသည့် (၂၀၂၅)နိုင်ငံတကာ ကာကွယ်ရေးပြပွဲ၌ ထိန်းကွပ်သူမဲ့နည်းပညာမြင့် စစ်ရေးပစ္စည်းအမျိုးမျိုးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Daily_News
Published 20 February 2025
၁။ ပုဂံဒေသတွင် မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်ပြုလုပ်မည်
၂။ မှတ်ပုံတင်ထားခြင်းမရှိသည့် OXYTOCIN ဆေးများ မသုံးရန် (FDA)အသိပေး
၃။ ယာယီနေရပ်စွန့်ခွာသူများအတွက် ကျပ် ၁၆၆ ဘီလျှံကျော်ကို ငါးကြိမ်ခွဲထောက်ပံ့မည်
၄။ ရှန်ဟိုင်း၌အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုများအလုပ်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 February 2025
၁။ ပြည်ပသို့ ရေထွက်ကုန်တန်ချိန် သုံးသိန်းကျော်ဖြင့် ယခင်နှစ်ထက်ပိုတင်ပို့နိုင်
၂။ ဆောင်းသီးနှံအတွက် အာမခံလျော်ကြေးငွေ ကျပ်သန်း(၆၀၀)ကျော်ပေးလျော်မည်
၃။ တရုတ်နှင့်အိန္ဒိယမှမြန်မာ့ပြောင်းဆံ ဝယ်ယူရန်ကမ်းလှမ်းနေ၍ ဈေးမြင့်လာနိုင်
၄။ အမေရိကန်၏ (၅၁)ခု မြောက်ပြည်နယ်ဖြစ်သင့်ကြောင်း ဒေါ်နယ်ထရမ့်မှတ်ချက်အပေါ် ကနေဒါနိုင်ငံသားများ ဆန္ဒပြကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 February 2025
၁။ မြန်မာနှင့်ဒိန်းမတ်ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာသူအိမ်ထောင်စုများကို စားသောက်ကုန်များထောက်ပံ့
၂။ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၈၀ ရာခိုင်နှုန်းအထိပြီးစီး
၃။ ‘ချင်းချောင်းနန်းတော်’ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန်ပြင်ဆင်နေ
၄။ ကော်ဖီစေ့ရှားပါးပြတ်လပ်မှုကြောင့် တောင်ကိုရီးယားတွင်အစေ့မပါသော အစားထိုး ကော်ဖီများရောင်းချလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 February 2025
၁။ ဆံတော်ရှင်မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ၁၅ရက်ကြာကျင်းပမည်
၂။ စားအုန်းဆီရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၇၀၀၀ အောက်ရောက်ရှိ
၃။ နိုင်ငံ့ဝန်ထမ်းများအတွက် တိုက်ခန်းများကို(၃)လအတွင်း အကြေပေးသွင်းစနစ်ဖြင့် ရောင်းချပေးသွားမည်
၄။ အမေရိကန်အစိုးရ၏ အခွန်စည်းကြပ်မှုအသစ်များကြောင့်ငွေကြေးဖောင်းပွမှုထပ်မံဆိုးရွားလာမည်ကို စိုးရိမ်နေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဖေဖော်ဝါရီ ၂၀၂၅
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျှိုကျုံးရီသည် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများမှ ကယ်ထုတ်လာခဲ့သည့် တရုတ်နိုင်ငံသားများကို ပြန်လည်လက်ခံရေးပြင်ဆင်မှုများပြုလုပ်နိုင်ရန် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို ဖြတ်သန်းခဲ့ကြောင်း ထိုင်းသတင်းများကရေးသားသည်။
အရာရှိ ၂၆ဦးကို ဦးဆောင်လာသည့် ဒုဝန်ကြီးလျှိုသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းမှ မဲဆောက်နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
တရုတ်ဒုဝန်ကြီးလျှိုနှင့်အဖွဲ့ သည် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)သို့သွားရောက်ရာတွင် တပ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး ဖလွန်ကလင်ဖေယွမ်က လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြောင်း သတင်းများကဆိုသည်။ ရဲမှူးကြီးက မြန်မာနိုင်ငံ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ သို့ နိုင်ငံခြားသားများလွှဲပြောင်းပေးပို့နေမှုလုပ်ငန်းစဉ်တွေကို တရုတ်ဒုဝန်ကြီးအား ရှင်းလင်းပြောပြခဲ့သည်။
မြန်မာ နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုလ်တွင် လတ်တလော ဖြိုခွင်းနှိမ်နှင်းမှုများပြုလုပ်နေပြီး လူပေါင်း ၂၀၀၀ခန့် ထိန်းသိမ်းဖမ်းဆီးထားနိုင်ခဲ့ရာ ယင်းတို့အနက်ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။ ထိုဖမ်းဆီးခံရသူများထဲတွင်လူကုန်ကူးခံရသူများနှင့် မိမိဆန္ဒအလျောက် တစ်ဦး ချင်းက ဆက်သွယ်၍ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြသည်။
ဒုဝန်ကြီးလျှိုက လုပ်ငန်းစဉ်များကို အသေးစိတ်စစ်ဆေးခဲ့ပြီး မဲဆောက်လေဆိပ်တွင် တရုတ်လေယာဉ် ပျံထားရှိကာ တရုတ်နိုင်ငံက ၂၀၂၄ခုနှစ်တွင် အသုံးပြုခဲ့သည့် ပြန်လည်လက်ခံရေးနည်းစနစ်ကို ညွှန်းဆိုပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ သတင်းတွင်ဖော်ပြထားသည်။
#knl/ymg
Page 21 of 149