#Daily_News
Published 17 December 2024
၁။ အခွန်ကင်းလွတ်ခွင့်ပြုထားသော လက်ခစားအပ်ကုန်စနစ်တွင် သတ်မှတ်ချက် မကိုက်ညီပါကအခွန်နှင့်ဒဏ်ကြေးပေးရမည်
၂။ ရန်ကုန်မြို့၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် မကြာခင်ဖွင့်လှစ်မည်
၃။ ကြံကြိတ်ခွဲရာသီ စတင်ချိန် သကြားဈေးအမြင့်တန်း၌ငြိမ်နေ
၄။ ငွေကြေးဖောင်းပွမှုကြောင့် ဘယ်လ်ဂျီယံတွင် ချောကလက်လုပ်ငန်းထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 December 2024
၁။ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာ၊ ငွေကြေးနှင့်အခြေခံ လိုအပ်ချက်များကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေးလျှက်ရှိ
၂။ ၈ လတာအတွင်း ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာတစ်သန်းကျော်ရရှိ
၃။ နိုင်ငံအထက်ပိုင်း၌ အအေးပိုလာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ရှစ်ခု၌ မိုးရွာသွန်းနိုင်
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်ရုရှားဆက်ဆံရေးတိုးတက်မှုသည် သမိုင်းရလဒ်တစ်ခုဟု ရုရှားပါတီဥက္ကဋ္ဌကိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဒီဇင်ဘာ ၂၀၂၄
▪️ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် သန်းကြွယ်သူဋ္ဌေးကြီး သက်ဆင်ရှင်နာဝါထရာကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က သူ့အနေနှင့်လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အခါသူ့ကိုအကြံပေးဖို့ သူ့ရဲ့ ကိုယ်ရေး အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ပါတယ်။
▪️သက်ဆင်ဟာ အာဆီယံ၁၀ နိုင်ငံမှ နိုင်ငံတော်တော်များများရဲ့ အကြံပေးတွေနှင့်အတူ သူ့ရဲ့အကြံပေး အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ အန်ဝါကပြောပါတယ်။
▪️အန်ဝါဟာ သက်ဆင်ရဲ့ သမီးထွေးဖြစ်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း အဆိုပါကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
▪️“ သူ့လိုနိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့လိုအပ်ပါတယ်။ အခုလိုသဘောတူ လိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်” လို့ အန်ဝါကပြောပါတယ်။
▪️ထိုင်းမီဒီယာတွေရဲ့ရေးသားချက်များအရ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေမှာ သက်ဆင်က ကြားထဲကနေ စေ့စပ်ဖြန်ဖြေပေးသူတစ်ဦးအဖြစ် သက်ဆင်က လိုလားနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ တွေဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားဝန်ကြီးချုပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ် လို့ ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source Reuters
#Daily_News
Published 14 December 2024
၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည်
၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ
၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည်
၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 December 2024
၁။ မြို့တော်စည်ပင်လိုင်စင်ရရှိထားသူများလည်း ဓာတ်သတ္တု (ရွှေ) လိုင်စင်ထပ်မံလျှောက်ထားရမည်
၂။ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးကျလာသော်လည်း ပြင်ပပေါက်စျေးကျဆင်းခြင်းမရှိ
၃။ တနင်္သာရီတိုင်း၌ မိုးလေပြင်းထန်နိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ် ငါးခု၌မိုးရွာနိုင်
၄။ ယူကေ၌သွားရောက်ပညာသင်ယူခဲ့သည့် တရုတ်နိုင်ငံမှ မျက်မမြင်အင်္ဂလိပ်ဆရာ မျက်မမြင်ကျောင်းသားများကို အခမဲ့သင်ကြားပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၁ ဒီဇင်ဘာ ၂၀၂၄
တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနှင့်မူဝါဒချမှတ်သူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်အကောက်ခွန် တွေ တိုးမြှင့်မယ့်အစီအစဉ်ကြောင့် လာမယ့် ၂၀၂၅ခုနှစ်မှာ တရုတ်ယွမ်ငွေကို တန်ဖိုးချဖို့ စဉ်းစားနေကြပါ တယ်။
ထရမ့်က သွင်းကုန်ခွန်ကို ပုံမှန်အားဖြင့် ၁၀ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး တရုတ်နိုင်ငံသွင်းကုန်ကိုတော့ ၆၀ ရာခိုင်နှုန်းကောက်မယ်လို့ ပြောထားပါတယ်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တရုတ်ဗဟိုဘဏ်ကတော့ ရိုက်တာသတင်းဌာနကို ချက်ခြင်းမတုန့်ပြန် သေးပါဘူး။
၂၀၁၈ခုနှစ် တရုတ်-အမေရိကန်တင်းမာမှုတွေဖြစ်ခဲ့စဉ်က တရုတ်ယွမ်ငွေ ဇောက်ထိုးဆင်းခဲ့ဖူးပါတယ်။
တန်ဖိုးချထားတဲ့ယွမ်ငွေကြောင့် တရုတ်ရဲ့ပို့ကုန်တွေ တိုးမြင့်လာစေပြီး ငွေကြေးဖောင်းပွမှုကို ရင်ဆိုင် ဖြေရှင်းရနိုင်ပါတယ်။
တရုတ်ဗဟိုဘဏ်ကတော့ ယွမ်ငွေဟာ တည်ငြိမ်လိမ့်မယ်လို့ပြောထးပါတယ်။
Source Reuters
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 22 of 142