#World_Health
Published 30 May 2025
▪️ TRIM63 ဆိုတဲ့မျိုးဗီဇပစ္စည်းဟာ ကမ္ဘာတဝှမ်း မျိုးရိုးလိုက် နှလုံးရောဂါတွေထဲမှာ အဖြစ်အများဆုံး နှလုံးကြွက်သားထူထဲတဲ့ နှလုံးသွေးကြောရောဂါ(HCM) ဖြစ်စေတဲ့ အရာအဖြစ် အစ္စရေးလ်မှ တွေ့ရှိထားပါတယ်။
▪️ ဒီတွေ့ရှိချက်ကနေ ကမ္ဘာတဝှမ်းမှ ရောဂါခံစားရသူများအတွက် မျိုးဗီဇစစ်ဆေးခြင်းနဲ့ ကုသမှုပုံစံများ ပြောင်းလဲနိုင်စေမှာ ဖြစ်ပါတယ်။
▪️ HCM က လူအယောက် ၅၀၀ မှာ တစ်ယောက်နှုန်း ဖြစ်နိုင်ခြေရှိပြီး သာမန်သက်တမ်းအတိုင်း နေနိုင်ကြသလို နှလုံးရောဂါတွေလို ပြဿနာတွေဖြစ်သူတွေလည်း ရှိပါတယ်။
▪️ ရောဂါရှိတဲ့မိဘတွေကနေ ကလေးတွေထံ မျိုးရိုးလိုက်ဖြစ်ပွားဖို့က ၅၀ ရာခိုင်နှုန်းရှိပါတယ်။
▪️ HCM ရောဂါဆိုတာက နှလုံးကြွက်သားထူထဲလာပြီး နှလုံးကနေ သွေးညှစ်ထုတ်ဖို့ ပိုမိုခက်ခဲစေတဲ့ရောဂါ ဖြစ်ပါတယ်။
▪️ ရောဂါလက္ခဏာတွေအနေနဲ့ ရုတ်တရက် နှလုံးခုန်နှုန်းမြင့်တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက် ခြေကျင်းဝတ် ခြေဖျား အစာအိမ် လည်ပင်းသွေးကြောတို့ ဖောရောင်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ မျိုးဗီဇအရ ဖြစ်နိုင်သူတွေအနေနဲ့ ရောဂါဆိုးရွားခြင်းမရှိစေရန် ဆေးလိပ်ရှောင်ရှားခြင်း၊ အဆီကျဆေးရှောင်ရှားခြင်း၊ အအေးမိဖျားနာဆေးများ ရှောင်ရှားခြင်း၊ ရေပူစမ်း ရေနွေးကန်တို့မှ ရှောင်ရှားခြင်း၊ ဆေးခြောက်ရှောင်ရှားခြင်းတို့ ပြုလုပ်ရပါမယ်။
▪️ အဆီချခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်း၊ သွေးတိုးကုသခြင်းတို့ဖြင့် လက္ခဏာများ သက်သာစေနိုင်ပါတယ်။
▪️ TRIM63 မျိုးဗီဇပစ္စည်းက HCM ရောဂါဖြစ်စေတဲ့ အဓိကမျိုးဗီဇအကြောင်းအရင်း ဖြစ်တယ်လို့ ကလာလစ်သုတေသနတက္ကသိုလ်နဲ့ ရေဘင်ဆေးရုံတို့မှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီတွေ့ရှိချက်ကနေ HCM ရောဂါဆိုးရွားစွာဖြစ်ပွားခြင်းမှ ကာကွယ်ပြီး စောစီးစွာ ရောဂါသိရှိကုသစေနိုင်မယ်လို့ ဒေါက်တာ ရူဟာမန်ရှာဟာက ဖော်ပြထားပါတယ်။
#Source: The Jerusalem Post
#World_Health
Published 29 May 2025
▪️ လက်တွေမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာတာက နောက်ခံကျန်းမာရေး အခြေအနေရှိနိုင်တဲ့ သဘောဖြစ်ပါတယ်။
▪️ အသားအရောင်၊ အသွင်အပြင်ပြောင်းလဲခြင်း၊ ဖောရောင်ခြင်း၊ လက်သည်းပုံစံ ပြောင်းလဲခြင်းတို့က ရောဂါလက္ခဏာဖြစ်ခြင်းရဲ့ အစောပိုင်းအခြေအနေတွေ ဖြစ်နိုင်ပါတယ်။
(၁) လက်အေးစက်ခြင်း
▪️ လက်တွေ အမြဲအေးနေတာက သွေးလည်ပတ်မှု အားနည်းတဲ့လက္ခဏာဖြစ်ပြီး သိုင်းရွိုက်ကျဆင်းခြင်း၊ ရေးနော့ဒ်ရောဂါတို့ ဖြစ်နိုင်ကာ သွေးပေါင်ချိန်တွေ သိုင်းရွိုက်ပမာဏတို့ကို စစ်ဆေးသင့်ပါတယ်။
(၂) လက်တုန်ခြင်း
▪️ အဆက်မပြတ် လက်တုန်ခြင်းက ပါကင်ဆန်ရောဂါလို အာရုံကြောပြဿနာဖြစ်နိုင်ပြီး သိုင်းရွိုက်အလွန်အလုပ်လုပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
(၃) လက်ချောင်းထိပ်တုတ်ခိုင်ခြင်း
▪️ လက်ချောင်းထိပ်တွေ ဖောပြီး လက်သည်းတွေက အောက်ဘက်သို့ညွတ်နေရင် သွေးထဲမှာ အောက်ဆီဂျင်နည်းတဲ့သဘောဖြစ်နိုင်ပြီး အဆုတ်ရောဂါ၊ နှလုံးနဲ့ အသည်းပြဿနာတို့ ဖြစ်နိုင်ပါတယ်။
(၄) လက်သည်းအရောင်မရှိခြင်း
▪️ လက်သည်းဝါနေရင် မှိုရောဂါ၊ အဆုတ်ပြွန်ရောင်ခြင်းတို့ ဖြစ်နိုင်သလို အရောင်ဖျော့နေရင် သွေးအားနည်းခြင်း ဖြစ်နိုင်တဲ့အပြင် ပြာနေရင်တော့ သွေးထဲမှာ အောက်ဆီဂျင်မရှိတာ ဖြစ်နိုင်ပါတယ်။
(၅) လက်ချောင်းဖောရောင်ခြင်း
▪️ အဆစ်ရောင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ဟော်မုန်းမညီမျှခြင်းတို့ကြောင့် လက်ချောင်းတွေ ဖောနေတတ်ပြီး ဒါဟာ ကိုယ်တွင်းဖိစီးမှုဖြစ်တဲ့ လက္ခဏာဖြစ်ပါတယ်။
(၆) နီမြန်းယားယံခြင်း
▪️ လက်တွေမှာ အမြဲတမ်းနီမြန်းအကွက်ထနေတာက အရေပြားရောဂါကြောင့် ဖြစ်နိုင်သလို ကိုယ်ခံအားရောဂါများ၊ ဓာတ်မတည့်ခြင်း၊ အစားအစာ ဆေးဝါးတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၇) လက်ချောင်းထိပ်အရေခွံကွာခြင်း
▪️ ဒါက ဗိုက်တာမင်-ဘီထဲက ဘီ၃၊ ဘီ၇တို့ ချို့တဲ့ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ဖြစ်တတ်သလို ဆပ်ပြာနဲ့ လက်သန့်စင်ဆေးပြင်းပြင်းတွေကြောင့်လည်း ကွာတတ်ပါတယ်။
(၈) ထုံကျဉ်စူးရှခြင်း
▪️ ဒါက အာရုံကြောတစ်ခုခု ဖိမိတာကြောင့် ခံစားရတတ်ပြီး ဆီးချိုပြဿနာကို ညွှန်ပြနေသလို ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။
(၉) လက်သည်းအောက်အမည်းလိုင်းပေါ်ခြင်း
▪️ ထိခိုက်မှုတွေကြောင့် ဖြစ်တတ်တဲ့အရာလည်း ဖြစ်နိုင်ပေမယ့် ဘာကြောင့်မှန်းမသိ ပေါ်နေရင်တော့ အရေပြားကင်ဆာတစ်မျိုး ဖြစ်နိုင်တာကြောင့် အရေးတကြီးစစ်ဆေးသင့်ပါတယ်။
(၁၀) လက်ဆုပ်ကိုင်အားနည်းခြင်း
▪️ ဒါက အာရုံကြောပြဿနာ၊ ကြွက်သားအားနည်းခြင်း၊ လေးဖက်နာတို့ဖြစ်နိုင်သလို အသက်ကြီးသူတွေမှာ ကျန်းမာရေးဆုတ်ယုတ်လာတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။
#Source: DoctorNDTV
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟားဗတ်တက္ကသိုလ်ကို ထောက်ပံ့မယ့် ဘီလီယံဒေါ်လာတွေကို အမေရိကန်တဝှမ်းရှိ အသက်မွေးဝမ်းကြောင်း နည်းပညာကျောင်းများသို့လွှဲပြောင်းပေးသွားမယ်လို့ တနင်္လာနေ့က ခြိမ်းခြောက်လိုက်ကာ ဟားဗတ်လို ထိပ်တန်းတက္ကသိုလ်ကြီးနဲ့ တင်းမာမှုမြင့်တက်နေပါတယ်။
#World_News
Published 29 May 2025
#အမေရိကန်သမ္မတဒေါ်နယ်ထရမ့် #ဟားဗတ်လိုထိပ်တန်းတက္ကသိုလ်ကြီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 May 2025
၁။ စစ်ကိုင်းအထက်ပိုင်းမိုးကြီးပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်မြင့်တက်နိုင်
၂။ ရန်ကုန်ဆေးရုံကြီး၌ သဘာဝဘေးဖြစ်ပေါ်လာပါက လူနာ ၁၀၀အထိအရေးပေါ် ကုသနိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်နေ
၃။ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဂျာမနီကြက်ခြေနီအသင်းမှ ရွက်ဖျင်တဲများ လှူဒါန်း
၄။ ဟားဗတ်တက္ကသိုလ်ထောက်ပံ့ငွေများအား အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များသို့လွှဲပြောင်းပေးမည်ဟု ထရမ့်ခြိမ်းခြောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ထက်အငှားပိုသွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။
#Local_News
Published 29 May 2025
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အငှားပိုသွက်နေ
#YMG/SW #Yangon_Times
#Local_News
Published 29 May 2025
▪️ ယခုကျောင်းဖွင့်ချိန်အမီငလျင်ဘေးသင့်ကျောင်းများ၌ ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငါးဆောင်စီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
▪️ ယာယီစာသင်ကျောင်းဆောင်လွှဲပြောင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး AHA Centre ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီစာသင်ကျောင်းဆောင်များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိတဲ့ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှလှူဒါန်းတဲ့ Tent များ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 29 May 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ရွက်ဖျင်တဲများလှူဒါန်း
#YMG/SW #Yangon_Times
ရန်ကုန်ဆေးရုံကြီးမှာ တစ်ရက်ကို လူနာသုံးထောင်ကျော်ကုသပေးနေပြီး ထိခိုက်သူ နဲ့ သဘာဝဘေး ဖြစ်ပေါ်လာပါကလည်း လူနာ ၁၀၀ အထိအရေးပေါ် ကုသနိုင်ဖို့ စီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
#Local_News
Published 29 May 2025
#ရန်ကုန်ဆေးရုံကြီး #စီမံချက်ရေးဆွဲဆောင်ရွက်နေ
#YMG/NN #Yangon_Times
စစ်ကိုင်းအထက်ပိုင်းမိုးကြီးပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်မြင့်တက်နိုင်တယ်လို့ ECMWF နဲ့ Meteoblue ကြိုတင်ခန့်မှန်းချက်တွေကို ကိုးကားပြီး ပြည်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
#Local_News
Published 29 May 2025
#စစ်ကိုင်းအထက်ပိုင်းမိုးကြီး #ချင်းတွင်းမြစ်ရေရုတ်တရက်မြင့်တက်နိုင်
#YMG/NN #Yangon_Times
#Local_News
Published 29 May 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီး၌ ငလျင်ငယ် တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မေလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် (၃၀) မိုင်ခန့်အကွာ)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ မြေငလျင်ငယ်သည် မြောက်လတ္တီတွဒ် (၂၃.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 29 May 2025
▪️ အမေရိကန်ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေသူများ၊ အရေးကြီးကဏ္ဍများမှာ သင်ယူလေ့လာနေသူများအပါအဝင် တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ထဲထဲဝင်ဝင် ပြန်လည်ရုပ်သိမ်းသွားတော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
▪️ အမေရိကန်ရှိ တရုတ်ကျောင်းသားပေါင်း သိန်းနဲ့ချီ ဗီဇာရုပ်သိမ်းခံရပါက အမေရိကန်ကျောင်းများအတွက် အဓိကဝင်ငွေရင်းမြစ်တွေနဲ့ အမေရိကန် နည်းပညာကုမ္ပဏီများအတွက် အရည်အသွေးရှိလူငယ်များ ထိခိုက်သွားနိုင်ပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးလမ်းစဉ် တင်းကြပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းနေရာ နေရပ်ပြန်ပို့ခြင်းများနဲ့ ကျောင်းသားဗီဇာ ရုပ်သိမ်းခြင်းတို့ မြှင့်တင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် အနာဂတ်မှာ တရုတ်နဲ့ ဟောင်ကောင်တို့မှ ဗီဇာလျှောက်ထားခြင်းများကို သေချာစိစစ်သွားမယ့် ဗီဇာလိုအပ်ချက်ကိုလည်း ပြင်ဆင်ကြပ်မတ်သွားမှာ ဖြစ်ကြောင်း ရူဘီယိုက ပြောပါတယ်။
▪️ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ယင်းတို့ရဲ့ နိုင်ငံခြားသွားကျောင်းသားများရဲ့ ပညာသင်ကြားပိုင်ခွင့်နဲ့ အကျိုးစီးပွားတို့ကို အခိုင်အမာ ကာကွယ်သွားမယ်လို့ အာမခံပြောကြားထားပါတယ်။
▪️ ထရမ့်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်က ဗဟိုချက်လို ဖြစ်နေပြီး မကြာသေးမီက အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှု ရပ်ဆိုင်းခဲ့ပေမယ့်လည်း ယခုလို တရုတ်ကျောင်းသားဗီဇာတွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာရှိတဲ့ နိုင်ငံခြားသားကျောင်းသားတွေထဲမှာ အိန္ဒိယနဲ့ တရုတ်ပေါင်းလိုက်ရင် ၅၄ ရာခိုင်နှုန်းထိရှိနေပြီး ၂၀၂၃ ခုနှစ်က အမေရိကန်စီးပွားရေးမှာ ဒေါ်လာ ၅၀ ဘီလီယံကျော် ရရှိစေခဲ့ပါတယ်။
▪️ ဗီဇာရုပ်သိမ်းရာမှာ ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်သွားမလဲဆိုတာတော့ ရူဘီယို သေချာမပြောသွားပါဘူး။
#Source: Reuters
#Local_News
Published 29 May 2025
▪️ ကျင်းတုံးလေကြောင်းလိုင်း၏ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ကုန်တင်လေယာဥ် ခရီးစဉ်စတင်ပျံသန်းပြေးဆွဲခြင်းအခမ်းအနားကို ချန်ဒူးမြို့၌ ယခုလ၂၆ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတက်ရောက်ခဲ့ပြီးချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
▪️ ကျင်းတုံးလေကြောင်းလိုင်းအေနဖြင့် ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဥ်ခရီးစဉ်ကို မေလ၂၆ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် လေယာဉ်အမှတ် 737-800BCF ဖြင့် အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့ကြောင်း၊ အဆိုပါလေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 261 of 1920