#Local_News
Published_2 April 2025
▪️ ပြင်းထန်ငလျင်လှုတ်ခတ်ခဲ့သော်လည်းမာရဝိဇယဆင်းတုတော်ကြီးနှင့်ပလ္လင်တော်ကြီး အပါအဝင် တွဲဆက်အပိုင်းများ ကွဲအက်ခြင်းလုံးဝမရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ငလျင်မလှုပ်ခတ်မီ မတ်လ ၂၇ ရက်တွင် တိုင်းတာထားရှိသည့် အချက်အလက်များနှင့် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်တွင် တိုင်းတာရရှိသည့် အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးချက်များအရ Datum Point များ ပြောင်းလဲသွားခြင်းမရှိကြောင်းနှင့် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီး တို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့(လုံးဝ)မရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက်ပြားများ အပါအဝင် သာသနိကအဆောက်အဦများရှိ မျက်နှာကြက်များသာ ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုရှိခဲ့ကြောင်း သိရသည်။
▪️ မာရဝိဇယဆင်းတုတော်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်ကာ မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲမှုရှိစေ ရေး ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများအပေါ် တွက်ချက်၍ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၁ ရက်က ပြောကြားခဲ့သည်။
▪️ ရုပ်ပွားတော်မြတ်ကြီးသည် ထုထည်ပမာဏကြီးမားပြီး ဉာဏ်တော်အရလည်း ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သကဲ့သို့ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး သည်လည်းအတွင်းအလယ်ဒေါက်တိုင်လုံးဝမပါရှိသည့် အတွင်းလှိုဏ်သဏ္ဍာန်ဒီဇိုင်းရေးဆွဲတည်ဆောက်ထား သော ထုထည်ပမာဏကြီးမားသည့် သာသနိကအဆောက်အဦကြီးတစ်ခုဖြစ်ကြောင်း၊ ပြင်းထန်သည့်ငလျင်သ ဘာဝ ဘေးဒဏ်သည် အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာနည်းပညာများအတွက် ကြီးမားသည့် စိန်ခေါ် မှုပင်ြ ဖစ်ကြောင်း၊ ယခုကဲ့သို့ အလွန်ပြင်းထန်ပြီး ရှားပါးသည့် မြေငလျင်သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မာရဝိ ဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်း ဆုံး ဖြစ်ခဲ့သည်မှာ မိမိတို့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်ပြီး တည်ထားပူဇော်ရာတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
▪️ မာရဝိဇာယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင်အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိမြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လည်း ယင်းကဆိုသည်။
▪️ ယင်းအပြင် ဆင်းတုတော်ကြီး၏ ကျောက်တုံးတော်ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီအင်ဂျင်နီယာနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဉာဏ် တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့် ပေါင်းစပ်ကာကြည်ညိုစဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 02 April 2025
▪️ သုတေသနအသစ်အရ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောက်ရှိတဲ့ သရက်သီးစားပေးရင် အင်ဆူလင်လျှော့ချနိုင်ပြီး အဝလွန်သူတွေမှာ အင်ဆူလင်အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။
▪️ သရက်သီးလတ်လတ်ဆတ်ဆတ်တွေက အဝလွန်သူတွေမှာ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်လို့ အီလီနွိုက်စ်နည်းပညာတက္ကသိုလ်မှ အစားအစာသိပ္ပံပရော်ဖက်ဆာ အင်ဒီကာအက်ဒရီဆင်ဂယ်က ပြောပါတယ်။
▪️ အမေရိကန်မှာ အဝလွန်ပြဿနာ ကြီးမားလာသလို ဆီးချိုဖြစ်ပွားသူ အရေအတွက်လည်း များလာပါတယ်။
▪️ အင်ဆူလင်ယဉ်ပါးပြီး သွေးတွင်းသကြားဓာတ် အလွန်မြင့်မားတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
▪️ သုတေသီအဖွဲ့က အသက် ၂၀ မှ ၆၀ အတွင်း အဝလွန်သူ ၄၈ ဦးကို ၂ ဖွဲ့ခွဲခဲ့ပါတယ်။
▪️ တစ်ဖွဲ့ကို နေ့စဉ်သရက်သီး ၂ ခွက်စားခိုင်းပြီး အခြားအဖွဲ့ကိုတော့ အီတလီရေခဲသုပ်တစ်မျိုး စားခိုင်းခဲ့ပါတယ်။
▪️ ဒါ့အပြင် ယင်းတို့ရဲ့ ပုံမှန်စားသောက်နေထိုင်မှုပုံစံအတိုင်း ၄ ပတ်ကြာ စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ဒီနောက်မှာတော့ သရက်သီးစားတဲ့သူတွေဟာ အင်ဆူလင်ယဉ်ပါးခြင်း သိသိသာသာ ကျဆင်းတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါကြောင့် သရက်သီးဟာ ကယ်လိုရီတူညီတဲ့ အခြားစားစရာတွေထက် နှလုံးအတွက် ပိုကောင်းစေတယ်ဆိုတာကို ယူဆစရာဖြစ်လာပါတယ်။
▪️ သရက်သီးရဲ့ သကြားဓာတ်ပါဝင်မှုက ဆီးချိုအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ ယူဆချက်အလွဲတွေကို ဖြေရှင်းပြတဲ့သဘော တွေ့လာရပါတယ်။
▪️ သရက်သီးက အမျှင်ဓာတ်ကြွယ်ဝကာ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။
▪️ ဗိုက်တာမင်-အေ၊ စီ၊ အီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရေပြားနဲ့ ဆံကေသာကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
#Source: New York Post
#World_Science
Published 02 April 2025
▪️ အန္တာတိကမျက်နှာပြင်အောက်ဘက် ရှေးဟောင်းတိုက်ကြီးတစ်ခုရဲ့ အပိုင်းအစတွေ ရှာဖွေတွေ့ရှိခဲ့တာဟာ သိပ္ပံပညာရှင်များ အံ့အားသင့်စရာ ဖြစ်ရပါတယ်။
▪️ ဒီအချက်အလက်တွေကို ၂၀၁၃တည်းက အသုံးမပြုတော့တဲ့ ဆွဲငင်အားမြေပုံပြဂြိုဟ်တုတစ်ခုကနေ ရရှိတာ ဖြစ်ပါတယ်။
▪️ ဒါဟာ ဥရောပအာကာသအေဂျင်စီရဲ့ Gravity Field နဲ့ Ocean Circulation Explorer (GOCE) ဂြိုဟ်တုဖြစ်ပါတယ်။
▪️ ဥရောပအာကာသအေဂျင်စီမှ အသုံးပြုပြီး ၄ နှစ်အကြာမှာ ဖျက်ဆီးခဲ့ပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်အချို့ ရှိနေဆဲဖြစ်ပါတယ်။
▪️ အန္တာတိကရဲ့ ကြီးမားကျယ်ပြန့်တဲ့ ရေခဲပြင်ကြီးကို လေ့လာရန် ခက်ခဲနေခဲ့ပြီး ယခုအချက်အလက်တွေကတော့ နှစ်ပေါင်းဘီလီယံချီ နစ်မြုပ်တိမ်ဖုံးနေတဲ့ ဘူမိသမိုင်းကို သိရှိလာစေနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီလေ့လာချက်ကနေ အန္တာတိကဟာ ပြီးခဲ့တဲ့နှစ်သန်းပေါင်း ၂၀၀ ကျော်အတွင်း ဘယ်လောက်ရွေ့သွားလဲဆိုတာ ဖော်ပြနေပါတယ်။
▪️ ဂွန်ဝါနာဆိုတဲ့ တိုက်ခွဲကြီးတစ်ခုကနေ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ ကျော်တုန်းက ပြိုကွဲပြီး အိန္ဒိယ၊ ဩစတြေးလျ၊ အန္တာတိကတို့ဖြစ်လာပြီး လက်ရှိနေရာတွေကို ရောက်ရှိသွားပါတယ်။
▪️ ရှေးဟောင်းတိုက်အလွှာ အပိုင်းအစတွေကို အန္တာတိကသာမက ဩစတြေးလျနဲ့ အိန္ဒိယအောက် တစ်မိုင်လောက်မှာ တွေ့ခဲ့ကြသဖြင့် အန္တာတိကအရှေ့ပိုင်းနဲ့ နှစ်နိုင်ငံတို့ဟာ တစ်ချိန်က ချိတ်ဆက်နေခဲ့ကြတာကို ပြနေပါတယ်။
▪️ အန္တာတိကအောက်ဘက်နဲ့ အခြားတိုက်များအောက် အလွှာတွေကြား အခြေခံတူညီချက်များနဲ့ ကွဲပြားချက်များ ဖော်ပြနေတဲ့ ဘူမိအချက်အလက်များကို မြင်တွေ့ရတယ်လို့ ဗြိတိသျှအန္တာတိတ်စစ်တမ်းမှ ဘူမိသိပ္ပံခေါင်းဆောင် ဖော်စ်တိုဖယ်ရာဆီယိုလီက ပြောသွားပါတယ်။
▪️ အခုဆိုရင် သိပ္ပံပညာရှင်တွေက အန္တာတိကတိုက် လက်ရှိမှာ ရာသီဥတုဖောက်ပြန်မှုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို နားလည်ရန် ရည်မှန်းနေပါတယ်။
#Source: WION
April 1, 2025
In light of the devastating earthquake that has struck multiple regions across Myanmar, the traditional Thingyan festival will be celebrated this year in a subdued, peaceful manner. The State Administration Council (SAC) announced that the festivities, usually marked by vibrant entertainment and public celebrations, will instead focus on cultural traditions without singing, dancing, or other forms of entertainment.
The earthquake has resulted in significant casualties, injuries, and widespread damage in areas such as Nay Pyi Taw, Sagaing, Bago, Magway, Mandalay, and Shan State. Given the national mourning for those affected, this year’s Thingyan will be observed with respect and reverence, as communities across the country prioritize recovery and support for the victims over festive activities.
@ymg/knl
ဆေးဝါးလုပ်ငန်းကဏ္ဍအပေါ် အမေရိကန်အစိုးရမှ အခွန်စည်းကြပ်လာနိုင်ကြောင်း ကြေညာချက်နဲ့ ပတ်သက်ပြီး အိန္ဒိယမှာ စိုးရိမ်စရာတွေ ပေါ်ပေါက်လာပါတယ်။
#World_News
Published 1 Apirl 2025
#အိန္ဒိယဆေးဝါးလုပ်ငန်း #အခွန်စည်းကြပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 Apirl 2025
၁။ ငလျင်ဘေးကြောင့် မစိုးရိမ်တိုက်သစ်မှ သံဃာတော် ၂၁ ပါး ပျံလွန်တော်မူ
၂။ ဂျပန်မှသဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ ရောက်ရှိ
၃။ ပြိုကျနေသည့် Sky Villa ကွန်ဒိုမှ ကိုယ်အားကိုယ်ကိုး၍ ဖောက်ထွက်လာနိုင်ခဲ့သည့် အမျိုးသမီးငယ်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သတင်းထုတ်ပြန်
၄။ အိန္ဒိယဆေးဝါးလုပ်ငန်းအပေါ် အမေရိကန်အခွန်စည်းကြပ်လာပါက ဆေးဝါးဈေးနှုန်းအပေါ်သက်ရောက်လာနိုင်ဖွယ်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံမှာ ငလျင်ကြီးကြောင့် ပိတ်မိနေသူများထဲမှ (၆)ဦးကို တရုတ်နိုင်ငံ ကယ်ဆယ်ၕေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြပါတယ်။
Source CCTV+
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ပြိုကျ ပိမိခဲ့တဲ့ Sky Villa ကွန်ဒို အတွင်းကနေ ကိုယ်အားကိုယ်ကိုးပြီး ဖောက်ထွက်လာနိုင်ခဲ့တဲ့ အမျိုးသမီးငယ်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။
#Local_News
Published 1 Apirl 2025
#Sky_Villaကွန်ဒို #ဖောက်ထွက်လာနိုင်ခဲ့တဲ့အမျိုးသမီးငယ်
#YMG/NN #Yangon_Times
မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံး လျော်ကြေးပေးလျော်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းက အသိပေးထားပါတယ်။
#Local_News
Published 1 Apirl 2025
#အမြန်ဆုံးလျော်ကြေးပေး #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို ကူညီဆောင်ရွက်ဖို့အတွက် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်ကို ယမန်နေ့ညနေပိုင်းက ရောက်ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 1 Apirl 2025
#ကျွမ်းကျင်ပညာရှင်များအဖွဲ့ #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကသံဃာတော် ၂၁ ပါး ပျံလွန်ခဲ့ရရှာပြီး ၄၅ ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 1 Apirl 2025
#မစိုးရိမ်တိုက်သစ် #သံဃာတော်၂၁ပါးပျံလွန်တော်မူ
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ယနေ့မွန်းလွဲတစ်နာရီကျော်အချိန့်ခန့်က မဂ်လာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ် သိမ်ဖြူစာတိုက်အနီးတွင် ကားနှစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
▪️ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးရှိ Daily Gasရှေ့တွင် ရပ်နားထားသည့် တိုယိုတာပရိုဘောက်ယာဉ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေး၌ကပ်လျက်ရပ်ထားသည့်ကားကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါမီးလောင်မှုကြောင့် သိမ်ဖြုလမ်းပိုင်းအားခေတ္တပိတ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆စီးခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရသည်။
#YMG/SW #Yangon_Times
Page 263 of 1859