#World_Health
Published 31 May 2025
▪️ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ကိုဗစ်-၁၉ အကြောင်း နောက်ဆုံးရအခြေအနေ ဖော်ပြလာရာ ၂၀၂၄ ဇူလိုင်လနောက်ပိုင်း ရောဂါပိုးတွေ့ရှိမှုနှုန်း ၁၁ ရာခိုင်နှုန်း ရောက်လာပါတယ်။
▪️ ၂၀၂၅ ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ ကူးစက်မှုနှုန်းမြင့်တက်နေပြီး မက်ဒီတာရေးနီးယန်း အရှေ့ပိုင်း၊ အရှေ့တောင်အာရှ၊ ပစိဖိတ်အနောက်ပိုင်းအပါအဝင် ဒေသအများအပြား ပါဝင်နေပါတယ်။
▪️ ဒါဟာ SARS-CoV-2 မျိုးဗီဇကွဲ ပြောင်းလဲလာချိန်နဲ့ တိုက်ဆိုက်နေပါတယ်။
▪️ ယခုနောက်ဆုံး မျိုးဗီဇသစ် NB.1.8.1 က ကူးစက်မှုအရှိန်မြင့်လာပြီး မေလလယ်လောက်အထိ ဖြစ်ပွားမှုအားလုံးရဲ့ ၁၀.၇ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။
▪️ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ စောင့်ကြည့်ရေးတွေ လျော့ကျလာပေမယ့် SARS-CoV-2 မျိုးဗီဇကွဲများနဲ့ ကူးစက်မှုများကို အဆက်မပြတ် စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ WHO က ဖော်ပြထားပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးခြင်းက အဓိကကျနေသေးသလို ဆေးရုံတက်ကုသရမှုများ၊ အသက်ဆုံးပါးခြင်းများ လျှော့ချနိုင်ဖို့ ကာကွယ်ဆေးထိုးခြင်းကို အလေးထားကြရန် WHO က တိုက်တွန်းထားပါတယ်။
▪️ ကိုဗစ်-၁၉ စစ်ဆေးမှုများ လျော့နည်းလာခြင်းအပေါ် ကျန်းမာရေးကျွမ်းကျင်သူများက စိုးရိမ်နေကြပြီး ရောဂါရှာဖွေတွေ့ရှိရေး ပိုမိုခက်ခဲကာ မျိုးဗီဇကွဲအသစ်များကို တုံ့ပြန်ဆောင်ရွက်ဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။
▪️ ရာသီအလိုက် ကူးစက်ပုံအတိအကျကိုလည်း မထုတ်ပြန်နိုင်သေးတာကြောင့် ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲခြင်းက သာမန်ပျံ့ပွားပုံခန့်မှန်းမှုနဲ့ ကွဲထွက်နေဦးမှာ ဖြစ်ပါတယ်။
#Source: India Today
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ဟားဗတ်တက္ကသိုလ်နဲ့ ဒေါ်လာသန်း ၁၀၀ တန်ကြေးရှိတဲ့ စာချုပ်များ ဖျက်သိမ်းဖို့အတွက် ဖက်ဒရယ်အေဂျင်စီများကို တောင်းဆိုထားကာ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အကြွယ်ဝဆုံးတက္ကသိုလ်ကြီးနဲ့ အတိုက်အခိုက် ပြင်းထန်လာပါတယ်။
#World_News
Published 30 May 2025
#ဒေါ်လာသန်းတစ်ရာတန်ကြေးရှိစာချုပ် #ထရမ့်အစိုးရဖျက်သိမ်းရန်ကြိုးပမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 May 2025
၁။ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများအားလုံး ရှင်းလင်းပြီးစီး
၂။ ရန်ကုန်သို့ CMP အထည်ချုပ်လုပ်ငန်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာ
၃။ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးမည်
၄။ ဟားဗတ်တက္ကသိုလ်နှင့် ဒေါ်လာသန်းတစ်ရာတန်ကြေးရှိ စာချုပ်များအား ထရမ့်အစိုးရဖျက်သိမ်းရန်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံအဝှမ်းက သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူတွေအတွက် မျိုးနဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 30 May 2025
#ထောက်ပံ့ပေး #မိုးစပါးစိုက်ပျိုးရန်
#YMG/NN #Yangon_Times
လက်ရှိဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 May 2025
#လှိုင်းအလွန်ကြီး #အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်
#YMG/SW #Yangon_Times
CMP အဝတ်အထည်ချုပ်လုပ်ငန်းတစ်ခု ရန်ကုန်တိုင်းသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအဖြစ်ဝင်ရောက်ခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
Published 30 May 2025
#CMP #နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
#YMG/NN #Yangon_Times
ငလျင်ကြီးအပြီး နှစ်လအကြာမှာတော့ ကျောက်ဆည်ခရိုင်အတွင်းက ငလျင်ဒဏ်သင့်အဆောက်အအုံတွေ စိစစ်ရှင်းလင်းရေးလုပ်ငန်းအားလုံးရှင်းလင်းပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 30 May 2025
#ကျောက်ဆည်ခရိုင် #ငလျင်ဒဏ်သင့်အဆောက်အအုံ
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ လူမှုဖူလုံရေး အာမခံလုပ်သားများ၏ သားသမီးများ ပညာသင်စရိတ် ထောက်ပံ့ ငွေနှင့် ငလျင်ဒဏ်သင့် အာမခံလုပ်သားများအတွက် မိသားစုထောက်ပံ့ငွေများကို Online Payment စနစ်ဖြင့် ပေးချေနိုင်ရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ပေးအပ်ရာတွင် Online Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay နှင့် Mytel Pay စသည်တို့ဖြင့် ပေးအပ်နိုင်ရန်အတွက် စီစဥ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့်အတူတိုင်းနှင့် ပြည်နယ် ၆ ခုရှိ ငလျင်ဒဏ်သင့် အာမခံလုပ်သားများကို သဘာဝဘေးအန္တရာယ်ကျ ရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကိုပါ တစ်ပါတည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သား သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွား ရန်အတွက် အလုပ်သမား ဝန်ကြီးဌာနမှ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ အာမခံထားရှိသူအလုပ်သမား၏ ပညာသင် ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ်ရာတွင် မူလတန်းသားသမီး တစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲတိတိကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲကို ဇွန်လ၁ရက်တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက် လှမ်းမည်” အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် ပြန်ကြားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 30 May 2025
▪️ သာယာလှပတဲ့ ဆွစ်ဇာလန်ရွာမှာ ရေခဲပြင်ကြီးပြိုကျဖုံးလွှမ်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကာ ကြာသပတေးနေ့မှာ ရွာသူရွာသားတွေ ထိတ်လန့်ခံစားခဲ့ရပါတယ်။
▪️ ဒါဟာ ရာသီဥတုဖောက်ပြန်ခြင်းက အဲ့ပ်စ်တောင်တန်းတွေအပေါ် သက်ရောက်နေတဲ့ ဥပမာတစ်ခုအဖြစ် သိပ္ပံပညာရှင်များ ယူဆလာပါတယ်။
▪️ ဗုဒ္ဓဟူးနေ့မှာ ကုဗမီတာသန်းနဲ့ချီရှိတဲ့ ရေခဲ၊ ရွှံ့၊ ကျောက်တုံးတွေက တောင်တစ်ခုကို ဖြိုချပစ်ခဲ့ပြီး ဘလက်တန်ရွာနစ်မြုပ်သွားကာ ကျန်တဲ့အိမ်တွေဟာလည်း ခဏနေတော့ ဖုံးလွှမ်းသွားခဲ့ပါတယ်။
▪️ မေလအစောပိုင်း Birch ရေခဲပြင်နောက်ဘက်ရှိ တောင်တစ်နေရာ စတင်တုန်လှုပ်ပြီးနောက် ရွာခံ ၃၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။
▪️ အသက် ၆၄ နှစ်အရွယ် လူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေရေးခွေးများ ဒရုန်းများဖြင့် ဆက်လက်ရှာဖွေနေပေမယ့် မတွေ့ရှိသေးပါဘူး။
▪️ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဒေသခံအာဏာပိုင်များက ရှာဖွေရေးကို ဆိုင်းငံ့လိုက်ပြီး နောက်ထပ်ကျောက်တုံးတွေ လိမ့်ဆင်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။
▪️ ဆွစ်ဇာလန်တပ်မတော်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ကီလိုမီတာလောက်ရှိတဲ့ အပျက်အစီးတွေ လွန်ဇာမြစ်လမ်းကြောင်းကို ပိတ်ဆို့သွားကာ ပိုမိုရေကြီးလာသလို ရေကန်ကြီးသဖွယ်ဖြစ်လာပြီး နုန်းမြေပါသွားမှာကို စိုးရိမ်နေရပါတယ်။
▪️ ရေခဲပြင် အရည်ပျော်ခြင်းနဲ့ မြစ်ပိတ်ဆို့ခြင်းတို့ကြောင့် တစ်နာရီကို ၈၀ စင်တီမီတာလောက် ရေကြီးနေတယ်လို့ ဗယ်လစ်ကန်တန် လုံခြုံရေးဌာနခွဲခေါင်းဆောင် စတက်ဖာနီဂန်ဇာက သတင်းထောက်တွေကို ပြောပါတယ်။
▪️ စစ်မှုထမ်း ၅၀ လောက်က ရေမော်တာများ၊ တူးဖော်စက်များ၊ စက်ပစ္စည်းကြီးများဖြင့် အသင့်စောင့်နေကြပြီး မွေးမြူရေးတိရိစ္ဆာန်များကို လေထဲကနေ မတင်ဆယ်ထုတ်နေကြပါတယ်။
▪️ ထိခိုက်မှုက ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ပြင်းထန်လွန်းတယ်လို့ ဒေသခံအရာရှိ ယိုနက်စ်ဂျိတ်ဇီနာက ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 30 May 2025
▪️ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့တွင်ကျင်းပမည့် 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန်(၁)ရက်မှ (၄)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့များ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေဖြင့် (၃)ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် ကစားသမားများတွင် ဇော်မင်းခန့်၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နှင့် ဟန်ဝင်းထွဋ်တို့ ပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 May 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၌ ယနေ့မနက်ပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်း၍ သစ်ပင်ပြိုလဲရာ နေအိမ်သို့ ပိမိပြိုကျ ပျက်စီး
ခဲ့ကြောင်း သိရသည်။
▪️ မေ ၃၀ ရက်နေ့၊ မနက် ၄ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ လှေကျင်းရပ်ကွက်၊ လှေကျင်း(၅)လမ်းတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 260 of 1920