Published 17 Nov 2022
ယခင်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးသန်းဋ္ဌေး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။
အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် နိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းသိရှိရပါတယ်။
-ymg/knl
#YMG
Published 17 Nov 2022
အနုပညာရှင် (၁၁)ဦးကို ၅၀၅-ကဖြင့်အရေးယူခြင်းမှ ဖြေလျော့ပေးလိုက်တယ်လို့ နစက ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMGကိုပြောပါတယ်။
ထိုသူတို့မှာ-
ဘုန်းသိုက်၊
သီဟဖြိုး၊
သဇင်ထူးမြင့်၊
ယွန်းဝတီလွင်မိုး၊
ဖွေးဖွေး၊
ဟေမန်သူသူအောင်၊
မယ်မင်းပုံ၊
စုမွန်၊
နန်းခင်ဇေယျာ၊
နီနီခင်ဇော်၊
ထက်ထက်ထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။
Published 17 Nov 2022
ဩစတြေလျပါမောက္ခ ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၄)ဦးကို အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMGကိုပြောပါတယ်။
အဆိုပါနိုင်ငံခြားသား (၄)ဦးမှာ ဩစတြေးလျမှ ပါမောက္ခ ရှောင်တာနယ်၊ဗြိတိန်နိုင်ငံမှ သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့ဖြစ်ကြောင်းသိရပါတယ်။
ယနေ့တွင် အဆိုပါနိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
-ymg/knl
#YMG
Published 16 Nov 2022
ဒေါ်နယ်ထရမ့်က ၂၀၂၄ခုနှစ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြန်ပြီးအရွေးမခံရအောင် ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ “ဂျိုးဘိုင်ဒင် နောက်ထပ်လေးနှစ်မရအောင် ကျွန်တော်အသေအချာလုပ်ပါမယ်” လို့ သူက ပြောခဲ့ပါတယ်။ သူဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ကြေညာခဲ့တဲ့ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ ပလက်ရှယ်မာအာလာဂိုအိမ်မှာ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။ “ကျွန်တော်တို့နိုင်ငံ ဒါကိုမယူနိုင်တော့ဘူး” လို့ သူကပြောပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook>>> https://fb.watch/gQLY_x_HOU/
#Trump_announces_his_presidential_bid
#Biden_Vs_Trump
#US_Politics
Published 16 Nov 2022
၂၀၂၂ခုနှစ် နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ယနေ့အထိ နိုင်ငံတော်ရဲ့ တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရအရေးယူထားတဲ့ အနုပညာရှင်များနှင့်ပြစ်ဒဏ်ကျခံလျက်ရှိသူများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ပြုလုပ်သွားမယ်လို့ ယနေ့ည (၈)နာရီသတင်း မှာ MRTVက ကြေညာသွားပါတယ်။
ဘွဲ့တံဆိပ်များချီးမြှင်ခြင်းအမိန့်ကြေညာစာနှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ထုတ်ပြန်မှုများကို နိုဝင်ဘာ (၁၇)ရက် မနက်ဖန် မနက်(၇)နာရီအချိန် မြန်မာ့အသံနှင့်မြဝတီရုပ်မြင်သံကြာတို့မှထုတ်လွှင့်ပေးသွားမည်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
#Yangon_Media_Group
#Local_News
Published_16 November 2022
နိုင်ငံတကာအဆင့်မီ ငါးလေးလံဈေးကြီးတည်ဆောက်မယ့် အစီအစဉ်ကို ခဏရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Event
Published 16 November 2022
လစ်ဗျားနိုင်ငံရဲ့သဲကန္တာရထဲမှာ လေးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များ၊ လေးဘီးကားများ စုဝေးနေကြပေမယ့် ပဋိပက္ခတွေ ဖြစ်နေတဲ့နိုင်ငံအတွက်တော့ ပုံမှန်အနေအထားတစ်ခုပါပဲ။
#Yangon_Media_Group
#Local_News
Published_ 16 November 2022
မြန်မာနိုင်ငံမှာ သေဆုံးနှုန်းအများဆုံး မကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဆီးချိုသွေးချိုရောဂါပါဝင်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 16 november 2022
နိုဝင်ဘာလ ဒုတိယပတ်အတွင်း စားအုန်းဆီတစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်လိုက်တယ်လို့ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Pubished_16 November 2022
လက်ရှိဈေးကွက်ထဲမှာ ကြက်သွန်နီဈေးကွက်အပါအဝင် အခြားသောကုန်စည်ဈေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 16 November 2022
၁။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၂။ စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေးမှာ သတ်မှတ်ရည်ညွှန်းဈေးထက် နှစ်ဆခန့်မြင့်မားနေ
၃။ မြန်မာတွင်သေဆုံးနှုန်းအများဆုံးရောဂါထဲတွင် ဆီးချိုသွေးချိုရောဂါပါဝင်၊ အဆီစားခြင်း၊ အထိုင်များခြင်းရှောင်ရန်လို
၄။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့် လစ်ဗျားနိုင်ငံတွင် ရှားရှားပါးပါးကန္တာရ ကားမောင်းပြိုင်ပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1521 of 2017