#DailyNews
Published _ 19 September 2022
၁။ ကျပ်ငွေတန်ဖိုးကျဆင်းလာ၍ လယ်ယာမြေများထံ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာ
၂။ လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်နိုင်ခြေရှိ
၃။ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်ပတ်သက်၍ သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိဟုဆိုာ
၄။ ဘင်္ဂလားဒေ့ရှ်မှ ဘာသာရေးခေါင်းဆောင်က မကောင်းဆိုးဝါးစွဲကပ်သည်ဟုခံယူထားသူများကို စိတ်ရောဂါကုပညာဖြင့် ကူညီလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-19 Setember 2022
မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးကနေ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 19 Sept 2022
တနင်္ဂနွေနေ့က ပြင်းထန်တဲ့ငလျင်တစ်ခု ထိုင်ဝမ်တွင် လှုပ်ရှားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အဆောက်အဦအနည်းငယ် ပြိုကျခဲ့ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွ ၂နာရီ ၄၄ မိနစ်မှာ ပြင်းအား ၆.၉ အဆင့်ရှိငလျင်ဟာ ထိုင်ဝမ်မြောက်ပိုင်း တိုင်တွန်းမှာ မြေအောက် ၁၀ကီလိုမီတာအနက်ကနေ လှုပ်ရှားခဲ့တာပါ။ စနေနေ့ညတုန်းကလည်း ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခု အဆိုပါနေရာမှာပဲ လှုပ်ရှားခဲ့ပါသေးတယ်။
ဟောလျန်စီရင်စု ရဲဌာနကက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ယုလီမြို့က ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုထဲကနေ အသက် ၅နှစ်အရွယ် သမီးငယ်လေးနှင့် မိခင်ဖြစ်သူတို့ကို ကယ်ဆယ်နေတဲ့ပုံတွေ ဖော်ပြထားပါတယ်။
Source AFP
#Taiwan_earthquakes
#Taiwan_ Hualien
#Earthquakes
#Local_News
Published _ 19 September 2022
ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲအောက်သို့ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာ့အကယ်ဒမီ အခေါက်ရွှေစျေးနှုန်းများမှာ နေ့စဉ်စျေးနှုန်းကျဆင်းမှုများရှိနေပြီး ယနေ့ ပြင်ပရွှေစျေးကွက်၏ အဖွင့်စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈သိန်းခွဲ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိနေကြောင်း YGEA ရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG သို့ ပြောကြားခဲ့သည်။
"လက်ရှိပေါက်စျေးကတော့ ၂၈သိန်းခွဲနဲ့ ရောင်းဝယ်တာတွေပြုလုပ်နေပါတယ်။ ထပ်ကျဖိုလည်းရှိပါတယ်။ ဘာလိုလဲဆိုတော့ အခုစျေးကွက်ထဲမှာ ဝယ်လိုအားမရှိတော့တာရယ်၊ ဒေါ်လာစျေးတွေ ဆက်တိုက်ကျဆင်းနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ ကမ်ဘာ့ရွှေစျေးကလဲ ကျဆင်းနေတာမို ရှေ့လျှောက် ရွှေစျေးကတော့ ဆက်ကျနေမယ့်အနေအထားမှာရှိနေပါတယ်" ဟု သူကဆိုသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေဒင်္ဂါးများကို တစ်ကျပ်သားလျှင် ၂,၉၅၀,၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ရောင်းချပေးခဲ့ကာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃,၅၅၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်မှုလည်း ရှိခဲ့သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published-19 September 2022
ယနေ့စက်တင်ဘာလ ၁၉ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၆၉၀ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။
ပြီးခဲ့သည့်တစ်ပါတ်တွင် ထုတ်ပြန်ခဲ့သည့် လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ ၄၇၃၀ ကျပ်ဖြစ်ပြီးယခင်ထက် ဈေးကျခဲ့ကြောင်း သိရသည်။
မလေးရှား၊ အင်ဒိုနီးရှားစသည့် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့် ဈေးနှုန်းတွေအရ ပြည်တွင်းစားအုန်းဆီရည်ညွှန်းဈေးကို သတ်မှတ်ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိသာကို ၈၀၀ ဝန်းကျင်သာရှိပြီး ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စားအုန်းဆီဈေးနှုန်းတွေက တစ်ပတ်နဲ့တစ်ပတ်ဈေးကမတူဘူး ။ တဖြည်းဖြည်းနဲ့တော့ ကျလာနေပါပြီ။ အရင်ထက်စာရင်တော့ ဈေးကအဆင်ပြေလာပါပြီ” ဟု အကြော်စုံရောင်းချနေသည့် ဈေးသည်တစ်ဦးက အခုလို ပြောပါတယ်။
ယင်းအပြင် ဈေးကွက်ထဲတွင် ဈေးကစားခြင်းပြုလုပ်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published_ 19 September 2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ မနက်ပိုင်းတွင် ညောင်ဦးမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်ပထိုင်ဝမ်တွင် ဗဟိုပြု၍ပြင်းထန်သောငလျင်ကြီးများ လှုပ်ခတ်ခဲ့သလို ပြည်တွင်းတွင်လည်း ငလျင်ငယ်လှုပ်ခတ်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက် ညပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၃၉၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Taiwan)တွင် ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၅)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊ မနက်ပိုင်းတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဓနုဖြူမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း သိရသည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့လည်ပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် မိုင် (၁၄၀၀) ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Taiwan)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၇)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းထပ်မံထုတ်ပြန်ခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 19 September 2022
ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခန်းကဏ္ဍတွေမှာ လူငယ်တွေ ပါဝင်နိုင်မှုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံသုံးနိုင်ငံကို လေ့လာရေးခရီးသွားရောက်ရမည့် အစီအစဉ်အတွက် ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များပါ လျှောက်ထားနိုင်ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့များသို့ လေ့လာရေးခရီးစဉ်အား ဆယ်ရက်အကြာ သွားရောက်ရမှာဖြစ်ပြီး မြို့ကြီးတွေမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် လူငယ်တွေ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလည်းဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးလေ့လာရမည့် ခရီးစဉ်တစ်ခုဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်ကို The Hanns Seidel Foundation မှ ပြုလုပ်ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ လူငယ် ၂၀ ဦးကို ရွေးချယ်မည်ဟု သိရသည်။
ယင်း ခရီးစဉ်အတွက် ကုန်ကျစရိတ်အပြည့်အ၀ ထောက်ပံ့ပေးမှာဖြစ်ပြီး နိုဝင်ဘာလလ ၆ ရက်မှ ၁၆ ရက် အထိ လေ့လာရေး ခရီးသွားရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍမှာ စိတ်ဝင်စားတဲ့လူငယ်များအပါအဝင် ထိုကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြသည့်လူငယ်များ ယခုခရီးစဉ်မှာ လျှောက်ထားနိုင်ပြီး အသက် ကန့်သတ်ချက်အနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်း သတ်မှတ်ထားရှိသည်။
လျှောက်လွှာကို https://asia.hss.de/en/asean-study-visit မှတဆင့် စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးထား လျှောက်ရမှဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published -19 Sept 2022
၂၀၂၂ခုနှစ်အဖွဲ့ချုပ် ဥက္ကဌဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အမျိုးသားအသက် (၂၁)နှစ်နှင့် အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀နှင့် ၈၀ အထက်ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲများ၊ အမျိုးသား Athletic Physique ပြိုင်ပွဲ၊အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊အမျိုးသမီး Model Physique (၁၆၀စင်တီမီတာ) ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တင်မီတာ) ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲများကိုကျင်းပခဲ့ကြသည်။
ပြိုင်ပွဲအတွင်း အမျိုးသား(၂၁)နှစ်နှင့်အောက်အငယ်တန်း ကာယဗလပြိုင်ပွဲနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ ၆၀၊ ၆၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ ၇၀၊ ၇၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆု၊ ၈၀ နှင့် ၈၀ အထက်ကီလိုတန်းပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသား အမျိုးသမီး Athletic Physique ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသမီး Model Physique(၁၆၀စင်တီမီတာ)ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသမီး Model Physique (၁၆၀စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသား Sports Physique(၁၇၀စင်တီမီ တာ)ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသား Sports Physique( ၁၇၀စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုတို့အတွက် ရွေးချယ်၍ ဆုချီးမြှင့်ခဲ့ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က သိရသည်။
Photo-YCDC
#ymg/mt
#Yangon_Media_Group
#World_Health
Published 19 September 2022
နေ့စဉ် နို့တစ်ခွက်၊ ဒိန်ချဉ်တစ်ဗူးသောက်ခြင်းဖြင့် ဆီးချိုရောဂါဒုတိယအမျိုးအစား ကင်းဝေးစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒါပေမဲ့ အမဲသား၊ ဝက်သား၊ ဝက်အူချောင်း၊ အသားပြားနဲ့ ကြက်သားတိုကတော့ ဆီးချိုဖြစ်လာနိုင်စေတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။
အီတလီသုတေသီများက အခုဆိုရင် အသားတွေအစား ငါးနဲ့ ကြက်ဥတို့ကို အစားထိုးစားသုံးဖို အကြံပြုလာကြပါတယ်။
နို့ထွက်ပစ္စည်းဆန့်ကျင်သူများက နို့၊ ထောပတ်၊ ချိစ်တို့ဟာ ကယ်လိုရီနဲ့ ပြည့်ဝဆီများပြားပြီး ကျန်းမာရေးပြဿနာများဖြစ်လာနိုင်တယ်လို့ ဆိုနေကြပါတယ်။
ဆီးချိုရောဂါမဖြစ်စေရန် NHS ရဲ့အကြံပြုချက်က အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ပဲမျိုးစုံ၊ အဆီဓာတ်နည်းတဲ့ နိုနဲ့ဒိန်ချဉ်တိုစားသုံးဖို အကြံပြုထားပါတယ်။
ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်နိုင်တဲ့အခါ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
မကုသဘဲထားလိုက်ရင် အသက်အန္တရာယ်ပါရှိလာပြီး နှလုံးရောဂါ၊ ခြေလက်ဆုံးရှုံးရခြင်းနဲ့ မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။
အသံတိတ်လူသတ်သမားလို ခေါ်ကြပြီး ဗြိတိန်နိုင်ငံသား ၄.၅ သန်းနဲ့ အမေရိကန်နိုင်ငံသား သန်း ၃၀ ကျော် ရောဂါခံစားနေရပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ တိရိစ္ဆာန်မှရရှိတဲ့အစားအစာတွေနဲ့ ဆီးချိုဖြစ်နိုင်တဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။
အဲဒီထဲမှာ အမဲသား၊ သိုးသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ငါး၊ အဆီပါနို့ထွက်ပစ္စည်း၊ အဆီနည်းပါးသည့် နို့ထွက်ပစ္စည်းတို့ ပါဝင်ပါတယ်။
တစ်နေ့ကို သားကြီးငါးကြီး ၁၀၀ ဂရမ်စားသုံးသူတွေက ဆီးချိုဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းပိုများနေပါတယ်။
ဝက်အူချောင်းလို အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့အသားတွေကို တစ်နေ့ ၅၀ ဂရမ်စားသုံးသူတွေက ဆီးချိုဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများခဲ့ပါတယ်။
တစ်နေ့ကို ကြက်သား ၅၀ ဂရမ်စားသုံးတဲ့သူတွေကတော့ ၄ ရာခိုင်နှုန်းသာရှိပါတယ်။
သားကြီးငါးကြီးတွေနဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့က ပြည့်ဝဆီ၊ ကိုလက်စ်ထရောများပိုမိုပါဝင်ပြီး အင်ဆူလင်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
ကြက်သားလိုအသားတွေကတော့ အဆီဓာတ်ပိုမိုနည်းပါးစွာပါဝင်ပါတယ်။
အဆီဓာတ်နည်းပါးတဲ့ နို့ကို တစ်နေ့ ၂၀၀ ဂရမ်သောက်တဲ့သူတွေက ဆီးချိုဖြစ်ပေါ်နိုင်ချေ ၁၀ ရာခိုင်နှုန်းနည်းပါးပြီး ဒိန်ချဉ် ၁၀၀ ဂရမ်သောက်တဲ့သူတွေကတော့ ၆ ရာခိုင်နှုန်းနည်းပါးခဲ့ပါတယ်။
နို့ထွက်ပစ္စည်းတွေက အဟာရဓာတ်၊ ဗိုက်တာမင်များကြွယ်ဝကာ သွေးတွင်းသကြားဓာတ်ကို ချေဖျက်ပေးပြီး ဆီးချိုဖြစ်နိုင်ချေလျှော့ချပေးခြင်းနဲ့ ဆက်စပ်နေပါတယ်။
သားကြီးငါးကြီးတွေကို ရံဖန်ရံခါမှသာ စားသုံးသင့်ပြီး ငါးနဲ့ကြက်ဥများကို အသင့်အတင့်စားသုံးပေးသင့်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Politics
Published 19 September 2022
ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ဘက်ကနေ အမေရိကန်တပ်များကာကွယ်ပေးသွားမယ်လို့ သမ္မတ'ဂျိုးဘိုင်ဒန်'က အရှင်းလင်းဆုံး ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ တရုတ်အတွက်တော့ သေချာပေါက်အမျက်ထွက်စရာပါပဲ။
တနင်္ဂနွေနေ့က CBS 60 Minutes အင်တာဗျူးထုတ်လွှင့်မှုကဏ္ဍမှာ အမေရိကန်တပ်တွေက ထိုင်ဝမ်ကိုကာကွယ်ပေးမှာလားလို့ မေးမြန်းခဲ့ရာ တကယ်လို့ မမျှော်လင့်ဘဲတိုက်ခိုက်လာခဲ့ရင် ကာကွယ်ပေးသွားမှာပါလို့ 'ဘိုင်ဒန်'က ဖြေကြားခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်က နှစ်ရှည်လများရပ်တည်လာတဲ့ မူဝါဒကိုကျော်လွန်လုပ်ဆောင်သွားနိုင်တယ်လို့ အင်တာဗျူးမှာ သိရှိလိုက်ရတာဖြစ်ပါတယ်။
ထိုင်ဝမ်ကို အမေရိကန်တပ်ဖွဲ့များ စေလွှတ်ခြင်းနဲ့ပတ်သက်ပြီး အရင်ကထက် ပိုပြီးပြတ်ပြတ်သားသား ထုတ်ပြန်လာတာဖြစ်ပါတယ်။
အမေရိကန်ဟာ စစ်ရေးဗျူဟာမူဝါဒအတိုင်း လက်ကိုင်ထားခဲ့တာ ကြာပြီဖြစ်ကာ ထိုင်ဝမ်တိုက်ခိုက်ခံရရင် စစ်ရေးအရတုံ့ပြန်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒက မပြောင်းလဲဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။
"သမ္မတက အရင်ကလည်း ပြောထားပါတယ်၊ ယခုနှစ်အတွင်း တိုကျိုမှာတုန်းကလည်း ပြောခဲ့ပါတယ်၊ ထိုင်ဝမ်အပေါ်ထားတဲ့ မူဝါဒက မပြောင်းလဲဘူးဆိုတာ သူပြတ်ပြတ်သားသား ပြောထားပါတယ်" လို့ ဆိုပါတယ်။
တနင်္လာနေ့မှာတော့ 'ဘိုင်ဒန်'ဟာ ဘုရင်မကြီး'အဲလိဇဘက်'ရဲ့အသုဘအတွက် ဗြိတိန်ကို ရောက်ရှိနေပါတယ်။
မေလတုန်းက ထိုင်ဝမ်ကို စစ်ရေးအရကာကွယ်ပေးမှာလားလို့ 'ဘိုင်ဒန်'ကိုမေးမြန်းခဲ့ရာမှာ "ကာကွယ်သွားမှာပါ၊ ကာကွယ်ဖို့အတွက် ကတိပြုထားပါတယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။
အင်တာဗျူးအတွင်း 'ဘိုင်ဒန်'က အမေရိကန်ဟာ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကို အသိအမှတ်မပြုသလို တရုတ်တစ်သွေးတစ်သံတည်းမူဝါဒအတိုင်း ပေကျင်းကိုပဲ တရားဝင်အသိအမှတ်ပြုကြောင်း အကြိမ်ကြိမ် ပြောကြားထားပါတယ်။
ဒါကြောင့် 'ဘိုင်ဒန်'ရဲ့မှတ်ချက်တွေက တရုတ်အတွက် အမျက်ထွက်စရာဖြစ်စေမှာဖြစ်ပြီး ဩဂုတ်လတုန်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကိုလာရောက်ခြင်းကလည်း တရုတ်တို့ မကျေနပ်စရာဖြစ်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်က ထိုင်ဝမ်အနားမှာ စစ်ရေးပြများပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အမေရိကန်လွှတ်တော်အမတ်တွေ တရားဥပဒေများပြဌာန်းဖော်ဆောင်နေခြင်းကိုလည်း တရုတ်က ကန့်ကွက်ထားပါတယ်။
တရုတ်သမ္မတ'ရှီကျင့်ဖင်'က ဒီမိုကရက်တစ်စနစ်အရ အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို တရုတ်လက်အောက်သိမ်းသွင်းဖို့ ဆုံးဖြတ်ထားကာ လိုအပ်ပါက အင်အားသုံးသိမ်းပိုက်သွားမယ်လို့ ဆိုထားပါတယ်။
အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးကတော့ မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။
အမေရိကန်ရဲ့ ဂျာမနီမာရှယ်ရန်ပုံငွေအဖွဲမှ အာရှပိုင်းကျွမ်းကျင်ပညာရှင်'ဘွန်နီဂလေဆာ'က 'ဘိုင်ဒန်'အနေနဲ့ ကူညီမယ်လို့ ကတိပြုလိုက်ရင် တကယ်ကူညီထောက်ပံ့ပေးသင့်တယ်လို့ ဆိုလိုက်ပါတယ်။
"သမ္မတကြီးက ထိုင်ဝမ်ကိုကာကွယ်ဖို့ ဆုံးဖြတ်ထားရင် အမေရိကန်စစ်တပ်က သေချာပေါက်ကာကွယ်နိုင်စွမ်း ရှိရပါမယ်၊ စကားနဲ့ပဲ ထောက်ပံ့မယ်ပြောပြီး တကယ်မကာကွယ်နိုင်ရင် အကျိုးမရှိပါဘူး"လို့ ပြောကြားလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 19 September 2022
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အရှည်ပေ ၃၂၀၀ ကျော်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ် (၂) ကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
မန္တလေး-လားရှိး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂)သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ကန်ပိုက်တီမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ်၌ တည်ရှိနေတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
အဆိုပါ တံတားကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး တံတားအရှည် ပေ ၃၂၁၂ ဒသမ ၀၉၉ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ပေ ၃၅၀ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မ ရှိကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 19 September 2022
ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့ အသက် ၆၅ နှစ်အထက် အမေရိကန်လူမျိုး ၆ သန်းကျော်ကို မှတ်တမ်းလေ့လာခဲ့ရာ တစ်နှစ်အတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်လာနိုင်ချေ ရှိနေပါတယ်။
ကိုဗစ်ရောဂါက အယ်လ်ဇိုင်းမားဖြစ်စေတာမဟုတ်ပေမယ့် ဆက်စပ်မှုရှိနေကြောင်း အယ်လ်ဇိုင်းမားရောဂါဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
လေ့လာမှုပြုလုပ်ခဲ့ရာမှာ ကိုဗစ်ရောဂါဖြစ်ခဲ့တဲ့ လူကြီးအယောက်တစ်ထောင်မှာ ၇ ယောက်က တစ်နှစ်အတွင်း အယ်လ်ဇိုင်းမားဖြစ်လာနိုင်ပြီး ကိုဗစ်မဖြစ်တဲ့ လူတွေမှာတော့ ၅ ယောက်နှုန်းသာ ရှိပါတယ်။
"ကိုဗစ်က ဦးနှောက်ကို သက်ရောက်စေတယ်ဆိုတာ သိထားပေမယ့် အယ်လ်ဇိုင်းမားဖြစ်လာနိုင်တယ်လို့တော့ မသိခဲ့ကြပါဘူး" လို့ စာတမ်းပြုစုသူ'ပါမယ်လာဒေးဗီးစ်'က ပြောပြခဲ့ပါတယ်။
အယ်လ်ဇိုင်းမား ရောဂါလက္ခဏာရှာတွေ့တာက ရောဂါဖြစ်နေတယ်လို့ သေချာပေါက်အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။
တစ်ခါတရံ မှတ်ဉာဏ်စမ်းသပ်ချက်တုံ့ပြန်ခြင်းနဲ့ အပြုအမူပြောင်းလဲခြင်းတို့ကြောင့် လက္ခဏာတွေ့ရတတ်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲခံစားရသူတွေက အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့ အန္တရာယ်များ နေပါတယ်။
တစ်ယောက်ယောက်ကို အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ ပြောဖို့က ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ ကိုဗစ်နောက်ဆက်တွဲကြောင့် စိတ်ရှုပ်ထွေးမှုဖြစ်ခြင်းတို့နဲ့ ကွဲပြားနေပါတယ်။
ဆရာဝန်က အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ နာမည်တပ်လိုက်ရင် မှတ်ဉာဏ်ချို့ယွင်းမှုရှိနေတာကို ရည်ညွှန်းပါတယ်။
အချို့လူနာတွေက ကိုဗစ်ကူးစက်ကတည်းက အယ်လ်ဇိုင်းမားဖြစ်လာနိုင်တဲ့ အလားအလာရှိနေပြီး ဦးနှောက်ကို သက်ရောက်နေပြီးသားဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားဖြစ်နိုင်တဲ့ အခြေအနေက ကိုဗစ်လူနာတွေမှာ အချိန်ကြာလာတာနဲ့အမျှ မြင့်တက်လာပါတယ်။
ကိုဗစ်လူနာတွေရဲ့ ဆုတ်ယုတ်လာတဲ့ဦးနှောက်အချို့ကို ကိုလံဘီယာတက္ကသိုလ်ဗေဂဲလော့စ်ကောလိပ်မှ သိပ္ပံပညာရှင်များက လေ့လာခဲ့ကြရာ အယ်လ်ဇိုင်းမားရောဂါလို ညွှန်ပြနေတဲ့ ချို့ယွင်းနေတဲ့ လက်ခံဆဲလ်တွေ တွေ့ရှိရပါတယ်။
အရင်က မှတ်ဉာဏ်ချို့ယွင်းခြင်းလက္ခဏာမရှိခဲ့တဲ့ ကိုဗစ်လူနာတွေထံမှ သွေးရည်ကြည်ကို ရယူခဲ့ရာ သူတို့ရဲ့အာရုံကြောဆုတ်ယုတ်လာတဲ့အခြေအနေက အယ်လ်ဇိုင်းမားရောဂါသည်တွေနဲ့ တန်းတူအနေအထားရှိနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Source: The Washington Post
#Yangon_Media_Group
Page 1523 of 1919