Published 6 Oct 2022
ဥရောပမှ လျှပ်စစ်ဓာတ်အားတင်သွင်းလို့မရခဲ့လျှင်၊လောင်စာဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် လုံလောက်တဲ့ သဘာဝဓာတ်ငွေ့တွေမရခဲ့လျှင် ယခုနှစ်ဆောင်းရာသီတွင် ဗြိတိန်နိုင်ငံတွင် တစ်ရက်လျင် သုံနာရီကြာ လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ကြုံရနိုင်ကြောင်း ဗြိတိန်နိုင်ငံရဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားကွန်ယက်လိုင်း National Grid ကုမ္ပဏီက သတိပေးလိုက်တဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်ဇ်က ဥရောပအနေဖြင့် စွမ်းအင်တင်ပို့စီးဆင်းမှုကို ဆောင်းရာသီအတွင်း ဆက်လက်ထိန်းသိမ်းထားရန် တောင်းဆိုခဲ့အပြီး လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့်အလားအလာတွေရှိလာတာဖြစ်ပါတယ်။
ဥရောပတစ်လွှားက နိုင်ငံတွေက ယူကရိန်းနှင့်စစ်ပွဲကြောင့် ရုရှားထံမှ ဓာတ်ငွေ့တွေ ပြတ်တောက်မှုဖြစ်လာတဲ့အခါ ဆောင်းရာသီအရေးပေါ်အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ အဲသလိုဆိုရင် ခွဲတမ်းတွေဖြစ်လာနိုင်ပြီး အခြားနိုင်ငံတွေကို လောင်စာဆီတင်ပို့တာတွေလည်း ဖြတ်တောက်ရဖွယ်ရှိနေပါတယ်။
ဥရောပကဓာတ်ငွေ့တွေ မလုံလောက်တာနှင့် ပြင်သစ်ရဲ့နျူကလီးယားဓာတ်အားပေးစက်ရုံတော်တော်များများ ပြုပြင်မွမ်းမံနေရတဲ့အတွက် အဲဒါတွေဟာ ဗြိတိန်အတွက် လုံလောက်တဲ့ ဓာတ်ငွေ့ရရှိဖို့ ခက်ခဲလာနေပါတယ်။ အဲဒါကြောင့် လျှပ်စစ်ဓာတ်အားကို ပုံမှန်အားဖြင့်ရရှိတဲ့ ပြင်သစ်၊ဘယ်ဂျီယံနှင့် နယ်သာလန်တို့ကနေ့ တင်သွင်းဖို့လိုအပ်နေပါတယ်။
“အလားအလာမရှိတဲ့ အရေးကြီးဖြစ်ရပ်နှင့် အနေအထားမှာကြုံနေရတယ်။ ဆိုလိုတာက အချို့သော ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ရက်တစ်ရက်ရဲ့ ကြိုတင်ကြေညာထားတဲ့အချိန်တွေမှာ လျှပ်စစ်မီးပြတ်တောက်တာဖြစ်နိုင်တယ်။ ယေဘုယျအားဖြင့်တော့ သုံးနာရီကြာအလှည့်ကျပြတ်တောက်တာမျိုးပေါ့” လို့ အမျိုးသား လျှပ်စစ်ဂရစ်စနစ်အော်ပရေတာ(ESO)က ယင်းရဲ့ဆောင်းရာသီအခြေအနေခန့်မှန်းချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဗြိတိန်အစိုးရကတော့ ဆောင်းရာသီမှာ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့ သူယုံကြည်နေတယ်လို့ ပြောပါတယ်။
“ ယူကေဟာ လုံခြုံစိတ်ချရပြီးကွဲပြားတဲ့ စွမ်းအင်စနစ်တစ်ခုရှိပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ အိမ်ထောင်စုတွေနင့်စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီးအပြည့်ရရှိစေဖို့ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်” လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။
ပိုပြီးစိတ်ချရအောင် အစီအစဉ်တွေလည်းချပြီးပါပြီ။ ဗြိတိန်ရဲ့ မြောက်ပင်လယ် ဓာတ်ငွေ့အရန်တွေ၊ ပြီးတော့ နော်ဝေနှင့် သန့်ရှင်းတဲ့စွမ်းအင်အရင်းအမြစ်တွေလိုမျိုးပေါ့ လို့ သူက ထပ်မံဖြည့်စွက်ပြောပါတယ်။
Source Reuters
#Britain
#Electricity_Shortage
#Russia_gas
Published 6 Oct 2022
မကြာမီရောက်ရှိတော့မယ့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကိုကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမယ်လို့ သိရပါတယ်။
အဲဒီအတွက် ဆန်စပါးသီးနှံ အတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ အထူးချေးငွေစီစဉ်ပေးမယ့်အကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့ဆန်စပါး ညီလာခံ -၂၀၂၂ (Myanmar Rice Conference – 2022) ဖွင့်ပွဲမှာ ထုတ်ဖော်ပြော ကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စီးပွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ဆောင်ရွက် ရမယ့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်၍ “နိုင်ငံ့စီပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသည့် ခေါင်းစဉ်ဖြင့် မြန်မာ့ဆန်စပါး ညီလာခံ -၂၀၂၂ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ စတင်ကျင်းပနေပါတယ်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများအကြား အကျိုးတူလယ်ယာ စနစ် (Contract Farming)ဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်ပြီး ဝင်ငွေ တိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီးများ ထူထောင်ဆောင်ရွက်ကြဖို့ကို ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းသွားပါတယ်။
အရည်အသွေးကောင်းဆန်များကို အရေ အတွက် ပိုမိုထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက်ကို တိုးတက်တင်ပို့နိုင်ရေး၊ ဆန်စပါး ကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများ ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပေးကြ ဖို့ကိုလည်း နစက ဥက္ကဋ္ဌက ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူတွေကိုလည်း ဆက်လက် တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တတိယအကြိမ်အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တန်းမြင့်ဆန်တစ်ချို့ကိုလည်း အာဖရိကနိုင်ငံသာမ ကတရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ပါတိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်နေတယ် လို့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
၂၀၂၂ - ၂၀၂၃ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်း ကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော် ကိုနိုင်ငံ ၃၈ နိုင်ငံကိုတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဆန် ၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။

ပြည်ပနိုင်ငံအချို့ကို ပေါင်းဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိခဲ့ပြီး ဘဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၆ သိန်းအနက်ပေါင်းဆန် ၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၄၂ ရာခိုင်နှုန်း၊ ပုံမှန်ဆန်တင်ပို့မှု ၅၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
“နိုင်ငံအတွင်း စားသုံးမှုသည်လက်ရှိ စပါးစိုက်ပျိုးမှုနှင့် ဖူလုံပိုလျှံမှုရှိပါတယ်။ လက်ရှိစပါးစိုက်ပျိုးဧကအတိုင်း သီးထပ် အပြည့် အဝစိုက်ပျိုးနိုင်မည်ဆိုပါက များစွာပိုလျှံပြီး ပြည်ပသို့ပိုမိုတင်ပို့နိုင်မှာဖြစ်ပါတယ်။အဲဒါကြောင့် စပါးစိုက်ဧကတိုးချဲ့ရေးထက် လက်ရှိစပါးစိုက်မြေများတွင် စပါးပြီးစပါး၊ စပါး ပဲ စပါး၊ စပါး နေကြာ စပါး စသဖြင့် မိမိတို့နှစ်သက်ရာသီးနှံများဖြင့် တွဲဖက်ပြီး သီးထပ်အဖြစ် စိုက်ပျိုးသွားကြရန် တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ထပ်မံပြောကြားခဲ့ပါတယ်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့် နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂မှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက စီးပွားရေးရာဝန်ကြီး တွေ၊မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ပုဂ္ဂလိကဘဏ်များနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း/ပြည်ပ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တွေတက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။
မြန်မာ့ဆန်စပါးညီလာခံ၂၀၂၂ ခုနှစ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်(MRF)တို့ ပူးပေါင်းကျင်းပနေတာဖြစ်ပြီး အောက်တိုဘာ (၇)ရက်အထိ ဆက်လက်ကျင်းပသွားမယ်လို့ သတင်း ရရှိပါတယ်။
Source MNA
#Myanmar_Agriculture
#Myanmar_Economy
#Myanmar_Rice_Conference

#Local_News
Published_6 October 2022
သဘာဝတရားရိပ်သာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကိုဗစ်ပိုးတွေ့ရတဲ့ ရဟန်း၊ ရှင်လူ(၂၀)ကျော်တွေ့ရှိခဲ့ပြီး ကုသမှုတွေဆောင်ရွက်ပေးခဲ့ရတယ်လို့ သဘာဝတရားရိပ်သာအုပ်ချူပ်ရေးမှူး ဒေါ်ခင်စမ်းဦးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Technology
Published 6 October 2022
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် 'အီလွန်မက်စ်' က လူသားဆန်စက်ရုပ် နောက်ဆုံးဗားရှင်းကို သောကြာနေ့က ပြသခဲ့ပြီး တစ်နေ့နေ့မှာ ဆင်းရဲမွဲတေမှုတွေကို ဖယ်ရှားပစ်နိုင်မယ်လို့ ဆိုလိုက်ပါတယ်။
#Yangon_Media_Group
Published 6 Oct 2022
တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ ဘူဆန်မှာ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဘူဆန်ရုပ်ရှင်ပွဲတော်ဟာ အာရှရဲ့ အကြီးဆုံးရုပ်ရှင်ပွဲတော်ဖြစ်ပြီး ကိုဗစ်ကပ်ဘေးအလွန် ဒီနှစ်မှာ ပုံစံအပြည့် ပြန်လည်ကျင်းပပေးခြင်းဖြစ်ပါတယ်။
ဖွင့်ပွဲမှာ အီရန်ရဲ့ရုပ်ရှင်ဇာတ်ကာတစ်ကားကို စတင်ပြသဖွင့်လှစ်ပေးခဲ့ပါတယ်။
အဆိုပါဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ဒါရိုက်တာတွေနှင့် ပရိဿတ်တွေ တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။
တက်ရောက်သူတွေထဲမှာ ဟောင်ကောင်အကျော်ဇေယျ သရုပ်ဆောင် Tony Leung အပါအဝင် ထိပ်တန်း တောင်ကိုးရီယား ရုပ်ရှင်သရုပ်ဆောင်များနှင့် အာရှကြယ်ပွင့်တွေပါတက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲတော်ကို ကော်ဇော်နီအခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၁၄ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
Source AFP
#Busan_International_Film_Festival
#South_Korea
#Asia’s_Biggest_Film_Festival
#Local_News
Published_6 October 2022
ထိုင်းနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေထံမှ သိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published _6 October 20222
လောင်စာဆီ ဈေးနှုန်းကြီးမြင့်လာခဲ့တာကြောင့် ဆီစားနှုန်းသက်သာတဲ့ Yangon Water Bus ကို ဖြည့်တင်းပြင်ဆင်ပြီး ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြန်လည်ပြေးဆွဲမှု စတင်လိုက်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 6 October 2022
လက်ရှိအချိန်မှာ ကမ်ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးတွေက ဆက်တိုက်မြင့်တက်နေလျှက်ရှိတာကြောင့် အဝယ်ပါးနေပြီး အရောင်းအေးနေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 October 2022
၁။ ဒေါ်လာဈေးနှင့် ရွှေဈေးတက်နေ၍ အိမ်ခြံမြေဈေးကွက်ဘက်သို့ အာရုံစိုက်မှု နည်းလျှက်ရှိနေ
၂။ Yangon Water Bus ပြန်လည်ပြေးဆွဲမှု ယနေ့စတင်
၃။ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
၄။ လူသားဆန်ပြီး လက်တွေ့အသုံးဝင်နိုင်မည့် စက်ရုပ်အား 'အီလွန်မက်စ်' မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 October 2022
သီလဝါဆိပ်ကမ်းကို စက်သုံးဆီဂါလန် ငါးသန်းကျော် ထပ်မံရောက်ရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
Published 6 Oct 2022
ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးဟာ ကြာသပတေးနေ့က နေ့ကလေးထိန်းဌာနတစ်ခုကို သေနတ်တစ်လက်၊ဒါးတစ်ချောင်းနှင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ် အနည်းဆုံး ၂၄ဦးနှင့် လူကြီး ၁၁ဦးသေဆုံးသွားခဲ့ရပါတယ်။(သတင်းဖော်ပြပြီး)။ အဲဒီရဲအရာရှိဟောင်းဟာ အခင်းဖြစ်ပွားရာနေရာကနေ ကားနှင့် ထွက်ပြေးသွားပြီး အိမ်အပြန် ကားပေါ်ကနေလည်း ပစ်ခတ်သွားပါတယ်။ အဲဒီနောက် သူ့ဇနီးနှင့် သူ့သားကို အိမ်မှာ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေနှင့် ဓာတ်ပုံတွေထဲမှာ သွေးတွေပေကျံနေတဲ့ အခန်းတစ်ခန်းနှင့် ပြန့်ကျဲနေတဲ့ ဖျာတွေကိုတွေ့ရပါတယ်။
ဗွီဒီယိုတွေထဲမှာလည်း ကလေးထိန်းဌာနအပြင်ဘက်မှာ အော်ဟစ်ငိုကြွေးနေကြတဲ့ မိသားစုတွေကိုတွေ့ရပြီး ရဲတွေနှင့် ဆေးဘက်ဝန်ထမ်းတွေက အနားတစ်ဝိုက်အလုပ်များနေပြီး အရေးပေါ်လူနာတင်ယာဉ်က အဆင်သင့်ရပ်ထားတာတွေ့ရပါတယ်။
အဲဒီရန်ပြုသူဟာ ရဲအရာရှိဟောင်းတစ်ဦးလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ သူဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလမ်ပူပြည်နယ်က မြို့ကလေးတစ်မြို့မှာရှိတဲ့ ကလေးထိန်းဌာနထဲ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။
သူဟာ အဆောက်အဦထဲကထွက်မပြေးခင် အဆောက်အဦထဲက ကလေးငယ် ၂၂ ဦးနှင့်လူကြီးနှစ်ဦးတို့ အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် သူဟာ ကားထဲကနေ ဆက်လက်ပြီး ပစ်ခတ် ခဲ့သေးတယ်လို့ ရဲမှူးချုပ် ပိုင်းဆဲလ် လူဆွမ်ဘွန်းက အေပီသတင်းဌာနကိုပြောပါတယ်။

သူဟာ အိမ်ရောက်တဲ့အခါ သူ့ဇနီးနှင့် သူ့ကလေးကိုပစ်သတ်ခဲ့တယ်။ အဲဒီနောက်ကိုယ့်ကိုကိုယ်ပစ်သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။
သူဟာ နောက်ထပ်ကလေးနှစ်ဦးနှင့် လူကြီး ၉ ဦးကို ကလေးထိန်းဌာနအပြင်ဘက်မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ သေနတ်နှင့်ဆက်စပ်တဲ့ သေမှုသေခင်းတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတွေထက် နည်းပါးပါတယ်။ ဒါပေမယ့် သေနတ်ဥပဒေတင်းကြပ်တဲ့ စင်္ကာပူနှင့် ဂျပန်တို့ထက်တော့ များနေပါတယ်။ ၂၀၁၉ခုနှစ်စာရင်းဇယားများအရ သေနတ်ပစ်ခတ်သေဆုံးမှုဟာ လူတစ်သိန်းမှာ လေးဦးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ လူတစ်သိန်းမှာ ၁၁ ဦးနှုန်းရှိပြီး ဘရာဇီးမှာတော့ လူတစ်သိန်းမှာ ၂၃ ဦးနှုန်းရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဘန်ကောက်မှာရှိတဲ့ ထိုင်းစစ်တပ် စစ်ကောလိပ်က တစ်ဦးဟာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူနစ်ဦှးကိုသတ်ပစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ်တုန်းက အရှေ့မြောက်ဘက်မြို့တစ်မြိုက ဈေးဝယ်စင်တာအနီးဝန်းကျင်မှာ စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့လို့ လူ၂၉ ဦးသေဆုံးခဲ့ပါတယ်။
Source AP
#Thailand
#Thailand_Gun_mass_shooting
#Gun_Laws






#LocalNews
Published_6 October 2022
ရန်ကုန်မြို့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ယနေ့အောက်တိုဘာလ ၆ ရက်က တင်ဒါဖြင့်ရောင်းချခဲ့သည့် ရွှေတုံးနှင့်ရွှေစင်ခဲများကို ရွှေကုန်သည်များက ဈေးပြိုင်ပေး၍ ဝယ်ယူခဲ့ကြကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
"ကြမ်းခင်းဈေး တစ်ကျပ်သားကို ၂၄ သိန်း နဲ့ဖွင့်ထားတယ်။အပြင်မှာ ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ တစ်ကျပ်သားကို ၂၆ သိန်း ဝန်းကျင်လောက်ရှိနေတယ်။ဒီနေ့ တင်ဒါမှာ တစ်ပိဿာစီခွဲရောင်းယ်။တစ်ပိဿာစီ ခွဲပြီး lot နံပါတ် 99900 က တစ်ကျပ်သားကို ၂၅ သိန်း သုံးသောင်းခွဲ lot နံပါတ် 999900 က ၂၅ သိန်း ၆ သောင်း ၊ lot နံပါတ် 9999900 က ၂၄ သိန်း နဲ့ လေလံ ရခဲ့ကြတယ်"ဟု ရွှေလုပ်ငန်းရှင်တစ်ဦး YMG ကို ပြောသည်။
ယနေ့တွင် ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေတုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချပေးသွာမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာထားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ယနေ့ ဒင်္ဂါးပြား တစ်ကျပ်သား ဈေးနှုန်းမှာ ၂၄ သိန်း ဖြစ်ပြီး နောက်နေ့များတွင်လည်း ဆက်လက် ရောင်းချနေမည် ဖြစ်ကြောင်း၊ဈေးနှုန်းမှာ တက်ဈေး၊ကျဈေး ရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ပထမအကြိမ်အဖြစ် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သော်လည်း ကြမ်းခင်းဈေးမှာ ၂၅ သိန်း ခွဲ ဖြစ်သောကြောင့် ယင်းအချိန်က ရွှေဈေးအကျဘက်ကို ရောက်လာနိုင်မည်ဟု သုံးသပ်ကာ တင်ဒါဝယ်ယူသူ မရှိခဲ့ပေ။
ymg/mt
#Yangon_Media_Group
Page 1520 of 1946