#Local_News
Published _ 28 September 2022
အခုကာလထဲ နိုင်ငံရေးအခြေအနေအချို့နဲ့ ကုန်ဈေးနှုန်းအတက်အကျဂယက်တွေကြောင့် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေမှာ အာဟာရ၊ ဆေးဝါးအလှူတွေ ပုံမှန်ထက်အနည်းငယ်လျော့နည်းလာခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 28 September 2022
၁။ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများ၌ နေ့စဉ်အာဟာရလုံလောက်မှုရှိစေရန် အလှူရှင်များအား စုဆောင်းလျှက်ရှိနေ
၂။ ခြေလျင်တောင်တက်ဝါသနာပါသူများအတွက် လေ့ကျင့်ခန်း training များ ပြန်လည်စတင်
၃။ ရခိုင်ပြည်နယ်အတွင်း ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးရှေ့ပြေးစီမံချက် ယခုလကုန်တွင်စတင်မည်
၄။ စိတ်ကူးယဉ်ဘဝနှင့်လက်တွေ့ဘဝကြားက ဆိုရှယ်မီဒီယာနာမည်ကျော်များအတွက် အခွင့်အလမ်းများ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 September 2022
ပြည်ပကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 september 2022
တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စက်ချို့ယွင်းနေသည့်အတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်းများအား ယနေ့ စက်တင်ဘာလ ၂၈ရက်ကစတင်၍ ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါသံရုံးမှ ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်ထုတ် စက်ချို့ယွင်းနေသည်ကို အမြန်ဆုံး ပြင်ဆင်နေလျက်ရှိကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်ချို့ယွင်းနေဆဲကာလတွင် လူကိုယ်တိုင်၊ စာတိုက်မှတဆင့် သက်တမ်းတိုးလျှောက်ထားသည့် မြန်မာနိုင်ငံ ကူးလက်မှတ်တွေကို ထုတ်ပေးနိုင်ခြင်းမရှိသေးသောကြောင့် ခေတ္တစောင့်ဆိုင်းပေးရန်လည်း သံရုံးမှ အသိပေးထားရှိသည်။
မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပြန်ထုတ်ပေးနိုင်မည့် အခြေအနေနှင့် နေ့ရက်ကို သံရုံးမှ ထပ်မံကြေညာပေးမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_28 September 2022
ထိုင်းနိုင်ငံ ဘန်ကောက်သို့သွားမည့်နေရာနှစ်ခုတွင် တရားမဝင်မြန်မာ ၉၅ ဦးကို ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။
အဆိုပါ နေရာမှာ ထိုင်း-မြန်မာ နယ်စပ် ကန်ကျနဘုရီအတွင်း ဖြစ်ပြီး ဗန်းထဖဲရွာ ထခနုံခရိုင်ခွဲ ထောင်ဖာဖွန်ခရိုင်တွင်း အမျိုးသား ၆၃ ဦး ၊ အမျိုးသမီး ၁၉ ဦး နှင့် လမ်းပြပွဲစား ထိုင်းနိုင်ငံသား၂ ဦး ၊ ဗန်းဖုနမ်းလောင်းရွာ ဗန်းကောင်ခရိုင် ကန်ကျနဘုရီပြည်နယ်တွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသည့် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ စမွတ်စခေါင် ၊ ဘန်ကောက် ၊ ကန်ကျနဘုရီ ရယောင် တိုတွင် သွားရောက် အလုပ်လုပ်ခွင့် ရရှိရန် ပွဲစားခ ဘတ်တစ်သောင်းခွဲမှ သုံးသောင်းထိပေးခဲ့ကြရကြောင်း သိရသည်။
"သူတို့က မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရန်ခိုင်ပြည်နယ်တွေက ဖြစ်တယ်၊ အခု သူတို့ကို ထိုင်းရဲက ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံက ထိုင်းကို အောက်လမ်းက လာသူတွေ များတယ်။ နေ့တိုင်းလည်းဖမ်းနေတယ်။ ဖမ်းနေလည်း လာကြတယ်။ မလာစေချင်ဘူး။ အလုပ်လုပ်မယ်ဆိုရင်လည်း တရားဝင်လမ်းကြောင်းကပဲ လာစေချင်တယ်"ဟု ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။
ဖမ်းဆီးမိသူများအား ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရာ ရောဂါပိုး မတွေ့ရကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_28 September 2022
စက်တင်ဘာ ၂၅ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီဂါလန် ၆ သန်းကျော် ဆီချခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပိုဆောင်ပေးနေကြောင်း သိရသည်။
ယင်းအပြင် ယခုလအတွင်း ဓာတ်ဆီတန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲခန့်ကို တင်သွင်းခွင့်ပြုထားပြီး ပြည်တွင်းသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရသည်။ ရုရှားနိုင်ငံမှတင်သွင်းသည့် စက်သုံးဆီများသည် လမ်းခရီးကြန့်ကြာနေပြီး မကြာမီရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_28 September 2022
အာဆီယံ ကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ဟွိုင်း (H.E. Dato Lim Jock Hoi) ၊ အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယလက်ထောက် ၊ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ဒေါက်တာကာ့တ်ကင်းဘယ်လ် (Dr. Kurt Campbell ၊ Deputy Assistant to the President and Coordinator for the Indo-Pacific Affairs ၊ National Security Council) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ ဒယ်နီရယ်ဂျေ၊ ခရစ်တင်ဘရင့် (Mr. Daniel J. Kritenbrink ၊ Assistant Secretary of State for East Asian and Pacific Affairs) တိုအား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အစီအစဉ်တွင် မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ၊သံအမတ် ဦးသက်ဝင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို စက်တင်ဘာလ ၂၆ ရက် ACW အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် သံအမတ်ကြီးက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ၊ သံအမတ် ဦးသက်ဝင်း အနေဖြင့် ဝါရှင်တန်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် အတူ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်း အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဧည့်သည်တော်များနှင့် အဖွဲ့ဝင် အာဆီယံ သံရုံးအကြီးအကဲများက အာဆီယံ-အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_28 September 2022
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့အနေဖြင့် ငွေအပ်နှံမှု ပိုများလာစေရန် အတိုးနှုန်းမြှင့်တင်မှုများ ပြုလုပ်လာကြကြောင်း ပြည်တွင်းဘဏ်များ၏ ကြေညာချက်အရ သိရသည်။
ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် AGD ဘဏ်က လာမည့်အောက်တိုဘာလ ၁၄ ရက်အထိ Promotion ကာလအတွင်း ငွေချက်ချင်းအပ် အတိုးချက်ချင်းယူနိုင်မည့် ကြိုယူအကောင့်ကို လာရောက်အပ်နှံမည်ဆိုပါက အထူးပြုလုပ်ပေးထားသည့် ငွေစုသက်တမ်းများနှင့် မြင့်မားသောအတိုးနှုန်းများ ရရှိမည်ဟု ထုတ်ပြန်ထားသည်။
AGD ဘဏ်နည်းတူ CB ဘဏ်၊ KBZ ဘဏ်တို့ကလည်း ယင်းတို့၏ ဘဏ်အတိုးနှုန်းများကို ပရိုမိုးရှင်းကာလအတွင်း အတိုးနှုန်းတိုးမြှင့်သတ်မှတ်ထားကြောင်းကြေညာချက် အသီးသီး ထုတ်ပြန်လာကြခြင်း ဖြစ်သည်။
ဘဏ်များက အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ ချေးငွေကို အများဆုံး ၁၅ ဒသမ ၅ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပုဂ္ဂလိကဘဏ်များအပေါ် သတ်မှတ်ချက်မှာ အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၀ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ချေးငွေကိုအများဆုံး ၁၄ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန်ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _28 September 2022
သံစိမ်းကုန်ကြမ်းထုတ်လုပ်မည့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) အချိန်မီပြီးစီးရန် စိုင်းပြင်းလျက် ဆောင်ရွက်နေကြကြောင်း စက်မှုဝန်ကြီးဌာန က သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက် က စက်ရုံသို့ သွားရောက်ခဲ့သည့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိပြန်လည် စစ်ဆေးရန်၊ စက်ရုံ စတင်လည်ပတ်လျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် မတူညီသည့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်နှစ်ခုမှ ချိတ်ဆက်သွယ်တန်းနိုင်ရန်၊ စက်မှုပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်နေမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး ၊ စွန့်ပစ်အပူသုံး ဘွိုင်လာအားစွမ်းအားပြည့် အသုံးပြုနိုင်ရေး ၊ စက်ရုံစမ်းသပ် လည်ပတ်နိုင်ရေးအတွက်ကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို ကြိုတင်စုဆောင်းထားရေး စသည်တို့ကို တိုက်တွန်းပြောဆိုခဲ့သည်။
အဆိုပါ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများပြီးစီး၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ပါက ထွက်ရှိလာမည့် သံစိမ်းများကို အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၌ သံမဏိထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_28 September 2022
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မြန်မာလုပ်သားများ လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ပြီး လုပ်ခလစာတိုးမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေ၏ အခြေခံလုပ်ခလစာကို အနည်းဆုံး ၃၂၈ ဘတ်ကနေ အများဆုံး ၃၅၄ ဘတ်အထိ ခရိုင်အလိုက် တိုးမြှင့်ပေးသွားရန် သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အခြေခံလုပ်ခလစာတွေ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအပြင် ထိုင်းနိုင်ငံသားတွေ၏ အခြေခံလုပ်ခလစာတွေကိုလည်း ဘတ် ၄၅၀ ကနေ ဘတ် ၆၅၀ ထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား MoU စနစ်ဖြင့် လုပ်သားစေလွှတ်ခြင်းကို ကိုဗစ်ကာလအလွန် ၂၀၂၂ ခုနှစ် မေလတွင်စတင်၍ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်တွင်း၌ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာနများမှ နည်းလမ်းနှင့် အကြံဉာဏ်များကိုလည်း အခမဲ့ရယူနိုင်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။
လက်ရှိတွင် ပြည်တွင်း၌အလုပ်အကိုင်ရှာပါးလာခြင်းကြောင့် ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားသွားရောက်လုပ်ကိုင်နေပြီး တရားမဝင်သွားရောက်မှုများလည်း ရှိနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 28 September 2022
ညစဉ်ဘီယာသောက်ခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ ခံစားရနိုင်ချေနည်းပါးနိုင်ကြောင်း သိပ္ပံပညာရှင်များ အဆိုပြုလိုက်ပါတယ်။
ဩစတြေးလျသုတေသီများက အသက် ၆၀ ကျော်လူကြီး ၂၅,၀၀၀ မှာ ဘီယာသောက်ခြင်းအလေ့အထနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ ဖြစ်နိုင်ချေတို့ကို လေ့လာခဲ့ကြပါတယ်။
အယ်လ်ကိုဟောရှောင်ရှားခြင်းက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ပတ်သက်ပြီး ဘာကာကွယ်မှုမှ မကာကွယ်ပေးနိုင်သလို အတော်အသင့်သောက်သုံးခြင်းဖြင့် ထိုဝေဒနာဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပြီး အလွန်အကျွံသောက်သုံးခြင်းကတော့ အန္တရာယ်ဖြစ်စေပါတယ်။
နောက်နှစ် ၃၀ အတွင်း ကမ္ဘာတဝှမ်းမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ ဖြစ်လာနိုင်ချေ ၃ ဆများလာနိုင်ကြောင်း၊ ဒါကြောင့် ထိုသို့ဖြစ်လာနိုင်စေတဲ့ အကြောင်းအရင်းများကို လျှော့ချနိုင်ဖို့အရေးကြီးကြောင်း ဒေါက်တာ'လူးဝစ္စမြူတန်'က ပြောပြသွားပါတယ်။
ဝေဒနာဖြစ်လာနိုင်စေတဲ့ အကြောင်းအရင်းတွေကို လျှော့ချနိုင်ရင် ၁၀ ယောက်မှာ ၄ ယောက်လောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ အဝလွန်ခြင်းပဲ ဖြစ်ပါတယ်။
စမ်းသပ်မယ့်လူ ၂၅,၀၀၀ ကို အဖွဲ့ခွဲရာမှာ ဘီယာလုံးဝမသောက်သူ၊ ရံဖန်ရံခါသောက်တတ်သူ၊ သင့်တင့်ရုံသောက်သူ၊ အသောက်များသူနဲ့ အလွန်အကျွံသောက်သူဆိုပြီး ခွဲခြားလိုက်ပါတယ်။
ရံဖန်ရံခါမှသောက်တဲ့သူတွေက လုံးဝမသောက်သူတွေထက်စာရင် မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ ဖြစ်ပေါ်နိုင်ချေ ၂၂ ရာခိုင်နှုန်းပိုနည်းပါးပါတယ်။
သင့်တင့်ရုံသောက်တဲ့သူတွေကတော့ ၃၈ ရာခိုင်နှုန်းပိုနည်းကာ အလွန်အကျွံသောက်တဲ့သူတွေတောင် ၁၉ ရာခိုင်နှုန်းပိုနည်းနေပါတယ်။
အယ်လ်ကိုဟောလုံးဝမသောက်သူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ အများဆုံးရှိနေကြောင်း ဒေါက်တာ'မြူတန်'က ဆိုပါတယ်။
အသင့်အတင့်သောက်သုံးသူတွေဟာ ဦးနှောက်မှာ အကျိတ်အခဲဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အန်တီအောက်ဆီဒင့်ကြွယ်ဝတဲ့ အနီရောင်ဝိုင်တွေဟာလည်း နှလုံးကိုကာကွယ်ပေးကာ မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
တစ်ပတ်အတွင်း ဘီယာ ၁၄ ခွက်ထက် ပိုမသောက်သင့်ဘဲ ဘီယာ ၆ ခွက် ဒါမှမဟုတ် ခွက်အသေးလေးနဲ့ ဝိုင် ၁၀ ခွက်က သင့်တော်ကြောင်း ယူကေကျန်းမာရေးအကြီးအကဲများက အကြံပြုထားပါတယ်။
နှစ်ပေါင်းများစွာတိုင်အောင် အယ်လ်ကိုဟောအများအပြားသောက်သုံးရင်တော့ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
အယ်လ်ကိုဟောက ဦးနှောက်ဆဲလ်တွေမှာ အဆိပ်အတောက်ဖြစ်စေတာကြောင့် အလွန်အကျွံသောက်သုံးရင်တော့ ဦးနှောက်ပုံသဏ္ဍာန်၊ လုပ်ဆောင်ချက်များ ပြောင်းလဲသွားပြီး အဟာရဓာတ်တွေကို ကောင်းစွာမစုပ်ယူနိုင်တော့ပါဘူး။
မှတ်ဉာဏ်ချို့ယွင်းခြင်းအတွက် ကုသဆေးမရှိပေမယ့် ဝေဒနာလျော့ပါးစေရန် ဆရာဝန်များက ဆေးညွှန်းလေ့ရှိပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Military
Published 28 September 2022
ရုရှားက ယူကရိန်းပြည်နယ် ၄ ခုကို သိမ်းပိုက်ရန် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် မဲပေးရလာဒ်များကို စတင်ထုတ်ပြန်လိုက်ကာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'ရဲ့ မဟာမိတ်တစ်ဦးက ယူကရိန်းနဲ့ အနောက်နိုင်ငံအား နျူကလီးယားသတိပေးချက်တစ်ခုကို အင်္ဂါနေ့က ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်ပါတယ်။
ဘောလ်တစ်ပင်လယ်အောက်ရှိ ရုရှားသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု အကျိုးအကြောင်းမရှိဘဲ ယိုစိမ့်မှုဖြစ်နေတာကို ဥရောပနိုင်ငံများက အဆောတလျင်စုံစမ်းစစ်ဆေးနေကြပြီး ဒါဟာ ပေါက်ကွဲမှုဖြစ်ပွားနိုင်ကာ ပင်လယ်ထဲမှာရှိတဲ့ သင်္ဘာများ နစ်မြုပ်သွားနိုင်ပါတယ်။
ရုရှားဘက်က ဥရောပသို့လွှတ်ပေးတဲ့ ဓာတ်ငွေ့များကို အစောပိုင်းမှာဖြတ်တောက်ရခြင်းက နည်းပညာပြဿနာကြောင့်လို့ ဆိုလိုက်ပြီး ဘယ်သူ့အပြစ်လဲဆိုတာကိုတော့ မပြောသွားခဲ့ပါဘူး။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကိုကျူးကျော်ပြီးကတည်းက ရုရှားနဲ့ အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်နေကြရာ အနောက်နိုင်ငံရဲ့ ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရုရှားတုံပြန်ချက်တွေကြား ကမ္ဘာတဝှမ်းငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာပြီး နိုင်ငံအများအပြားမှာ လောင်စာစွမ်းအင်နဲ့ စားနပ်ရိက္ခာအကြပ်အတည်များ ဖြစ်ပေါ်လာပါတယ်။
ရုရှားလုံခြုံရေးကောင်စီဒုဥက္ကဌ မစ္စတာ'ဒီမစ်ထရီမက်ဗီဒက်ဗ်'က နျူကလီးယားသတိပေးချက်ကို အင်္ဂါနေ့ကထုတ်ပြန်လိုက်ကာ ဒါဟာ 'ပူတင်'တို့ လတ်တလောထုတ်ပြန်ထားတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
ရုရှားက လတ်တလောသိမ်းပိုက်ထားတဲ့ နယ်မြေများကိုကာကွယ်ရန် နျူကလီးယားလက်နက်များအသုံးပြုရေး အသင့်အနေအထားရှိနေကာ ယူကရိန်းနဲ့ အနောက်နိုင်ငံကိုဟန့်တားဖို့ အစီအစဉ်ထုတ်ထားတာဖြစ်ကြောင်း သတိပေးတဲ့သဘောဖြစ်ပါတယ်။
ထိုနယ်မြေတွေမှာ ယခုရက်များအတွင်း ယူကရိန်းဘက်က တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မစ္စတာ'မက်ဗီဒက်ဗ်' ပထမအကြိမ်မှန်းဆခဲ့စဉ်က နေတိုး(NATO) မဟာမိတ်အဖွဲ့ဟာ နျူကလီးယားစစ်ပွဲဖြစ်မှာ မလိုလားတာကြောင့် ရုရှားက ယူကရိန်းကို နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်ရင်တောင် နေတိုးက တိုက်ရိုက်ပါဝင်မှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။
၅ ရက်တာပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲကို ယူကရိန်းနဲ့ အနောက်နိုင်ငံတို့က အသိအမှတ်မပြုဟု ရှုတ်ချထားကာ ဒီလိုကြေညာချက်ထုတ်ပြန်လာမယ်ဆိုတာ ကြိုတင်မှန်းဆထားပြီး ဖြစ်ပါတယ်။
ဒီမဲရလာဒ်များအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ဖို့ ဥရောပသမဂ္ဂကို ယူကရိန်းကတိုက်တွန်းလိုက်ကာ မဲဆန္ဒကောက်ခံရာမှာ သေနတ်ထောက်ပြီး မဲပေးခိုင်းတာဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။
ရုရှားတိုင်းရင်းသားလူမျိုးများနဲ့ ရုရှားစကားပြောသူများ နှိပ်စက်ခံနေရတာကို ကာကွယ်ဖို့အတွက် မဲဆန္ဒခံယူပွဲပြုလုပ်ရတာဖြစ်ကြောင်း 'ပူတင်'က ရုပ်သံကနေပြောကြားခဲ့ကာ ယူကရိန်းကတော့ ဒီအဆိုကိုငြင်းပယ်ထားပါတယ်။
'ပူတင်'က ယူကရိန်းနဲ့တိုက်ပွဲအတွက် တောင်သူလယ်သမားများကို စစ်တိုက်ခိုင်းဖို့ကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။
ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲလိုက်တာကြောင့် ထောင်ပေါင်းများစွာသော ရုရှားလူမျိုးများဟာ အိမ်နီးချင်းနိုင်ငံများထံ ပြောင်းရွှေ့ကုန်ကြပါတယ်။
ရုရှားအချုပ်အခြာနယ်မြေအဖြစ် မကြာခင်သတ်မှတ်တော့မယ့် နေရာတွေကို ယူကရိန်းတပ်များ သိမ်းပိုက်နေမယ်ဆိုပါက နျူကလီးယားလက်နက်များ ထုတ်သုံးလာနိုင်ဖွယ်ရှိတယ်လို့ ရုရှားအစိုးရအရာရှိများက အကြိမ်ကြိမ် သတိပေးထားပါတယ်။
ယူကရိန်းသမ္မတအကြံပေး'မစ်ခေလိုပိုဒိုလီယက်'က ရုရှားဘက်က နျူကလီးယားဖြင့် တိုက်ခိုက်လာနိုင်တဲ့အပေါ် ကြိုတင်ပြင်ဆင်နေကြောင်း ဆိုလိုက်ပါတယ်။
ကိဗ်မြို့တော်အလယ်ပိုင်းက တေးဂီတဆရာတစ်ဦးက "နျူကလီးယားလက်နက်သုံးတော့ရော ဘာဖြစ်လဲ၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ပြီးကတည်းက ဘာကိုကြောက်ရွံနေရဦးမှာလဲ၊ ဒီထက်ပိုပြီး ကြောက်ရွံနေစရာ မရှိတော့ပါဘူး" လို့ ပြောကြားသွားပါတယ်။
ရုရှားတို့ကျူးကျော်ဖို့ မဲဆန္ဒခံယူတဲ့ပွဲမှာ ရုရှားကိုကူညီတဲ့ ယူကရိန်းသားတွေကို သစ္စာဖောက်မှုနဲ့ တရားစွဲမှာဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၅ နှစ်ချမယ်လို့ 'ပိုဒိုလီယက်'က ပြောကြားလိုက်ပါတယ်။
Source: The Straits Times
#Yangon_Media_Group
Page 1515 of 1926