#LocalNews
Published _ 6 June 2022
အကယ်ဒမီမီးလင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ် ၄သောင်းကျော်ဝန်းကျင်ဖြင့် ပြီးခဲ့တဲ့ မေလ ၂၆ရက် မှ ယနေ့ ဇွန်လ ၆ရက်အထိ ဆယ်ရက်အတွင်း တည်ငြိမ်နေပြီး ကျောင်းဖွင့်ရာသီနှင့် ရွှေတွင်းများဖွင့်သောရာသီဖြစ်သည့်အတွက် ပြည်တွင်းရွှေစျေးကွက်နှင့် ကမ္ဘာ့ရွှေစျေးကွက်မှာအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
#Yangon_Media_Group
#LocalNews
Published -6 June 2022
မကြာမီလပိုင်းအတွင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားတဲ့မြောက်ဦးဒေသကို နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS)အဖွဲ့က လာရောက်စစ်ဆေးဖို့ရှိတဲ့အတွက် မြောက်ဦးဒေသခံတွေကို အသိပညာပေးတာတွေဆောင်ရွက်နေတယ်လို့ Myauk Oo Heritage Trust အဖွဲ့က ဒေါ်ခင်သန်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းနှင့် သစ်ပင်ကိုဝင်တိုက်၍ ယာဉ်ထပ်ပိုင်းပြတ်သွား၊ ယာဉ်မောင်းသေဆုံးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းအခင်းဖြစ်နေရာမှာ မိုင်တိုင်အမှတ်(၁၄၇/ဝ)ဖာလုံတွင် ဖြစ်ပြီး ယနေ့ ဇွန်လ ၆ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်အချိန် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော MARK ll အမျိုးအစား (အဖြူရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထမ်းပင်တို့ကို ဝင်ရောက်တိုက်မိကာယာဉ်မှာ ထပ်ပိုင်းပြတ်ကာရပ်တန့်သွားကြောင်း သိရသည်။
ယင်းကြောင့် ဗာဓိကုန်းအမြန်လမ်းမီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးက ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်၊ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကုန်ဘောင်(၁)စံပြကျေးရွာရဲ့ အမျိုးအဆွေရွာလည်ပွဲတော်ကို ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 June 2022
တေးရေးဆရာကြီး နန်းတော်ရှေ့ဆရာတင်၏ သား အသက် ၁၀၀ နှစ် အရွယ် ဇာတ်မင်းသားကြီး စည်သူ(ဦး)ရွှေနန်းတင် ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ကွယ်လွန်သွားကြောင်း မိသားစုဝင်များကပြောသည်။
ရွှေနန်းတင်မှာ နန်းတော်ရှေ့ဆရာတင်နှင့် ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)တို့၏သားဖြစ်ပြီး နန်းခင်အေး၊ နန်းဝင်း၊ နန်းခင်မွှေး၏ ဖခင်ဖြစ်လည်းဖြစ်ကြောင်း သိရသည်။
ယင်း၏ အသုဘဈာပနကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 6 June 2022
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်မောင်းများ စည်းကမ်းမဲ့ယာဥ်မောင်းနှင်သည့်အပြင် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း YRTC မှသိရသည်။
YRTC မှ မိုးရာသီကာလတွင် ယာဥ်မောင်းသူများလိုက်နာရမည့်အချက်ကို အသိပေးထုတ်ပြန်ခဲ့ပြီး YBS ယာဥ်လိုင်းကုမ္ပဏီများကိုလည်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
YBS ကုမ္ပဏီများအနေဖြင့် မိမိတို့စီမံမှုအောက်ရှိ ခရီးသည်တင်ယာဥ်လိုင်းများမှ ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ရန်နှင့် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး ခရီးသည် ၉ သိန်းနီးပါးစီးနင်းမှုရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 6 june 2022
၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ် မြောက်နှစ်ပတ်လည်နေ့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သံတမန်ဆက်ဆံရေးထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း - ရုပ်ပုံဖြင့် မိမိနှင့်တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်နဲ့ အစီအစဉ်တစ်ခုကို Facebook မှာ ကျင်းပနေပါတယ်၊၊
တရုတ်နိုင်ငံနဲ့ ရေစက်ဆုံပုံကို ရုပ်ပုံတစ်ပုံနဲ့ဖော်ပြ အကြောင်းအရာတွေကတော့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း၊ ပညာတော်သင်သွားရောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းတို့အပြင် တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်ရှုခြင်း၊ တရုတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ကား ကြည့်ရှုခြင်း၊ တရုတ်သူငယ်ချင်းတစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်းစသဖြင့် ထည့်သွင်းဖော်ပြကြရတာဖြစ်ပါတယ်။
အစီအစဉ် နောက်ဆုံးရက်မှာ ဇွန်လ ၇ ရက်နေ့ဖြစ်ပြီး တရုတ်သံရုံးက ဇွန်လ ၈ ရက်နေ့ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်ပတ်လည်နေ့မှာ ထူးချွန်လက်ရာများကို Facebook မှာ ဖော်ပြသွားမှာဖြစ်ပြီး ပါဝင်သူတွေကို လက်ဆောင်မွန်တွေပေးအပ်သွားမှာ ဖြစ်ပါတယ်၊၊ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook page မှာလေ့လာနိုင်မှာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 6 June 2022
ဒီကနေ့ဇွန် ၆ ရက်မှစတင်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖြစ်တဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့တဲ့ အချိန်မှစတင်ကာ ရောဂါကူး စက်မှုထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူများက နှစ်နိုင်ငံကူးသန်းသွား လာလျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံကူးသန်းသွားလာ ကြမယ့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလာရမှာဖြစ်ပါတယ်။
သွားလာမှုတွင် ထိုင်းနိုင်ငံကူးလက်မှတ် (Pass Port) ကိုင်ဆောင်ထားသူများနှင့် တတိယ နိုင်ငံသားများအား ကူးသန်းသွားလာခွင့်မပြုသေးကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံရနောင်းမြို့သို့ ကူးသန်းသွားလာရာတွင် မြို့ခံပြည်သူများကူးသန်းရန် သတ်မှတ်ထားတဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP (Border Pass) နှင့် ဧည့်သည်များ ကူးသန်းရန် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP (Temporary Border Pass) နှစ်မျိုးလုံးဖြင့် ကူးသန်း သွားလာခွင့်ပြုမည်ဖြစ်ပါတယ်။
ကော့သောင်းမြို့သို့ လာရောက်လည်ပတ်မယ့် ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံ(ရနောင်းမြို့)မှ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများအား ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁ ရက်နေ့ ကျန်းမာရေးညွှန်ကြားချက်ဖြင့် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မယ့်အစီအစဉ်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 6 June 2022
၁။ မကြာမီလပိုင်းအတွင်း ICOMOS အဖွဲ့လာစစ်ဆေးမည်ဖြစ်၍ မြောက်ဦးဒေသခံများကို ကြိုတင်အသိပညာပေးနေ
၂။ အကယ်ဒမီမီးလင်းရွှေဈေး ကျပ်သိန်း နှစ်ဆယ် ၄သောင်းကျော်ဖြင့် ဆက်လက်တည်ငြိမ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အစ္စရေးလ်နှင့်အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာသည့် စိန်ကျောက်မျက်ရတနာလုပ်ငန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 6 June 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုံးဆီလက်ကားရည်ညွှန်းစျေး တစ်ပိဿာ ငွေကျပ် ၅၆၄၅ ကျပ်ထုတ်ပြန်ထားသော်လည်း စျေးကွက်တွင် ၈၀၀၀ ကျပ်ဖြစ်နေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးထားသည်။
သို့သော်ရောင်းချသူများအနေဖြင့် ကုန်သည်များထံမှ ဝယ်ယူရာတွင် အစိုးရသတ်မှတ်ထားသည့် လက်ကားရည်ညွှန်းစျေးအတိုင်းဝယ်ယူ၍မရပဲ စျေးကွက်ပေါက်စျေးအတိုင်းပေး၍ ဝယ်ယူရောင်းချရကြောင်း သိရသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ စားအုန်းဆီဈေးနှုန်းများ ယခင်အပတ်ထက်အနည်းငယ် ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ဇွန် ၁၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၆၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း အမှန်တကယ် မြေပြင်တွင် စိစစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Health_Technology
Published 6 June 2022
တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို ဆန့်ကျင်ဟန့်တားနိုင်ဖွယ်ရှိတဲ့ ဖြစ်စဉ်နည်းပညာတစ်ခုကိုတွေ့ရှိထားပြီး သွေးစုပ်ဖုတ်ကောင်ရဲ့သဘာဝကဲ့သို့ ယူဆလို့ရပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီမှဦးဆောင်တဲ့ လေ့လာချက်မှာ အသက်အရွယ်ကြီးရင့်တဲ့ကြွက်တွေဆီက သွေးလည်ပတ်မှုစနစ်ကို ငယ်ရွယ်တဲ့ကြွက်တွေဆီကစနစ်နဲ့ ခွဲစိတ်ချိတ်ဆက်ခဲ့ကြကြောင်း Cell Stem Cell ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
ငယ်ရွယ်တဲ့ကြွက်တွေဆီကသွေးကိုယူပြီး အသက်ကြီးတဲ့ကြွက်တွေမှာ ထိုးနှံခဲ့ရာ ပိုမိုအသက်ရှည်လာခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ငယ်ရွက်သူဆီက နမူနာယူပြီးစမ်းသပ်မှုမျိုးကို သိပ္ပံပညာရှင်တွေကြားမှာ heterochronic parabiosis (HP) ဆိုပြီး သိရှိထားတာ ဆယ်စုနှစ် ၇ ခုလောက်ရှိနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း HP ရဲ့ ငယ်ရွယ်နုပျိုစေတဲ့သက်ရောက်မှုများကို စာစောင်အများအပြားမှာဖော်ပြခဲ့ကြပါတယ်။
လက်ရှိမတိုင်ခင်အချိန်အထိ ငယ်ရွယ်သူရဲ့သွေးက အိုမင်းနေပြီဖြစ်တဲ့သွေးကြောစနစ်မှာ အကျိုးသက်ရောက်မှုရှိစေလားဆိုတာ ဆန်းကြယ်တဲ့ကိစ္စဖြစ်နေခဲ့ပါတယ်။
သုတေသီတွေအောင်မြင်စွာထုတ်လုပ်ခဲ့တဲ့ HP ပင်မ stem ဆဲလ်အသစ်ဖြစ်စဉ်ဟာ အိုမင်းတဲ့ကြွက်တွေဆီက ပင်မ stem ဆဲလ်တွေနဲ့ အနီးနားကဆဲလ်တွေကို ပြန်လည်နုပျိုအောင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာတဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေဟာ လေ့လာမှုပြုလုပ်ပြီးနောက် ပြောင်းလဲသွားခဲ့ပါတယ်။
ဒါပေမဲ့ ငယ်ရွယ်တဲ့ကြွက်တွေက အိုမင်းရင့်ရော်တဲ့သွေးနဲ့ထိတွေ့လိုက်ရတာကြောင့် အရွယ်မတိုင်ခင် အိုမင်းလာခဲ့ပါတယ်။
သူတို့ရဲ့တွေ့ရှိချက်တွေက အိုမင်းရင့်ရော်ခြင်းကိုပြောင်းလဲနိုင်ဖို့ သုတေသနများဆက်လက်ပြုလုပ်နိုင်ရန် အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း ပြောပြသွားပါတယ်။
"အိုမင်းရင့်ရော်ခြင်းအကြောင်းအရင်းများကို သိရှိနားလည်ပြီး ဘယ်လိုဆန့်ကျင်ရမလဲဆိုတာသိရှိဖို့ ကျွန်တော်တို့လုပ်ဆောင်နေတာဖြစ်ပါတယ်" လို့ ရေးသားဖော်ပြသွားပါတယ်။
Source: Yahoo
#Yangon_Media_Group
#Breaking_News
Published 6 June 2022
အခုနောက်ဆုံး စနေနေ့ညနဲ့ တနင်္ဂနွေနေ့နံနက်ပိုင်းမှာ အမေရိကန်ရှိမြို့ ၃ မြို့တွင် အစုလိုက်အပြုံလိုက် အကြမ်းဖက်သေနတ်ပစ်ခတ်မှု ၃ ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး နှစ်ဒါဇင်ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖီလာဒယ်လ်ဖီယာမြို့မှာ လူနှစ်ဦးထိပ်တိုက်ရင်ဆိုင်ပြီး သေနတ်ပစ်ခတ်သည်အထိအခြေအနေပြင်းထန်ခဲ့ရာ လူစည်ကားရာဘားတစ်ခုနဲ့ စားသောက်ဆိုင်တန်းများရှိရာသို့ ကျည်ဆန်များလွင့်စင်ခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် လူအများထိတ်လန့်ထွက်ပြေးခဲ့ကြရကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အလားတူ တန်နက်ဆီပြည်နယ် ချက်တာနူဂါမြို့မှာ စနေနေ့ညသန်းခေါင်ကျော်က ဘားတစ်ခုအနီးသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မီချီဂန်ပြည်နယ် ဆာဂီနောမြို့မှာလည်း တနင်္ဂနွေနေ့အစောပိုင်းက နောက်ထပ်သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကို WEYI ရုပ်သံကဖော်ပြခဲ့ပါတယ်။
ရှေ့ကပစ်ခတ်မှု ၂ ခုမှာ အနီးနားက မသက်ဆိုင်တဲ့သူတွေ ထိခိုက်ခဲ့ကြတာဖြစ်ပေမယ့် မီချီဂန်ကပစ်ခတ်မှုမှာကတော့ သေနတ်ထိမှန်ခဲ့တဲ့ ၅ ဦးစလုံးက ပစ်ခတ်မှုမှာပါဝင်နေကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။
ပစ်ခတ်မှုမှာပါဝင်တဲ့တရားခံတွေကို တနင်္ဂနွေနေ့ညနေအထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
အစောပိုင်းရက်တွေတုန်းက နယူးယော့ခ်မြို့စတိုးဆိုင်တစ်ဆိုင်အတွင်း အကြမ်းဖက်မှုကြောင့် လူ ၁၀ ဦးသေဆုံးရတဲ့အဖြစ်အပျက်၊ တက္ကဆက်မူလတန်းကျောင်းအတွင်း အကြမ်းဖက်မှုကြောင့် ၂၁ ဦးသေဆုံးရတဲ့ဖြစ်ရပ်၊ အိုကလာဟိုမာရှိ ဆေးကုသမှုအဆောက်အအုံအတွင်း လူ ၄ ဦးသေဆုံးခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ် စတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် ဝမ်းနည်းပူဆွေးနေကြရဆဲအချိန်မှာ အခုလိုနောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ် ယူဗယ်လ်ဒီမြို့မှာ အသက် ၁၀ နှစ်အရွယ် 'အယ်လီသီယာဟေဗင်ရာမီရက်ဇ်'ဆိုတဲ့ မိန်းကလေးကို မြေမြှုပ်အသုဘချခဲ့ကြပါတယ်။
အသက် ၁၈ နှစ်အရွယ်လူတစ်ယောက်က AR-15 ရိုင်ဖယ်ကိုင်ဆောင်ကာ ပစ်ခတ်သောင်းကျန်းခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ကျောင်းသူကျောင်းသား ၁၉ ဦးထဲမှာ 'အယ်လီသီယာ'လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။
'အယ်လီသီယာ'က ဘောလုံးကစားခြင်းနှစ်သက်သူဖြစ်ပြီး ပဲရစ်မှာ အနုပညာကျောင်းတက်ရောက်ဖို့ ရည်မှန်းနေတာဖြစ်ကြောင်း နာရေးကြော်ငြာထဲမှာ ဖော်ပြထားပါတယ်။
သေနတ်အန္တရာယ်ကင်းဝေးရေးအတွက် ထောက်ခံသူများက လက်နက်ကိုင်အကြမ်းဖက်မှုများကိုတားဆီးပေးရန် ပိုမိုတင်းကြပ်တဲ့အတိုင်းအတာများ လုပ်ဆောင်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းနေကြပါတယ်။
အမေရိကန်မှာ ယခုနှစ်အတွင်း လူအစုလိုက်အကြမ်းဖက် သေနတ်ပစ်ခတ်မှုပေါင်း အနည်းဆုံး ၂၄၀ ဖြစ်ပွားခဲ့ကြောင်း သေနတ်အကြမ်းဖက်မှု မှတ်တမ်းများအရသိရပါတယ်။
သေနတ်သမားကိုထည့်မတွက်ဘဲနဲ့ အနည်းဆုံးလူ ၄ ဦးသေဆုံးတယ်ဆိုရင် လူအစုလိုက်ကို သေနတ်နဲ့ပစ်သတ်မှုလို့ သတ်မှတ်ထားပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တိုက်ခိုက်ရေးလက်နက်များကို တားဆီးဖို့၊ နောက်ခံအကြောင်းစစ်ဆေးမှုများ တိုးချဲ့ဖို့၊ လူအစုလိုက်အပြုံလိုက်ပစ်သတ်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် သေနတ်ထိန်းချုပ်ရေးအခြားအတိုင်းအတာများလည်း အကောင်အထည်ဖော်ဖို့ ကြာသပတေးနေ့က လွှတ်တော်ကိုတောင်းဆိုလိုက်ပါတယ်။
ဖီလာဒယ်လ်ဖီယာ ပစ်ခတ်မှုဖြစ်စဉ်မှာ လူ ၂ ယောက်ကခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့စတင်ပစ်ခတ်ကြရာ တစ်ဦးကကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ရဲအရာရှိတစ်ဦးနဲ့ လူအုပ်ထဲကို ပစ်ခတ်ခဲ့ကြောင်း ရဲတွေကယူဆထားပါတယ်။
ရဲအရာရှိပစ်ခတ်ခဲ့ရာ သေနတ်သမားကိုထိမှန်ခဲ့ပြီး သေနတ်ပစ်ချခဲ့ကာ လူအုပ်ထဲထွက်ပြေးသွားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1512 of 1710