#Health_Tips
Published 14 December 2022
အစားအစာတွေမှာ ပျားရည်အသုံးပြုခြင်းဖြင့် အရသာပိုမိုကောင်းမွန်စေသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေကြောင်း တိုရွန်တိုတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။
ပျားရည်ဟာ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောပမာဏတွေကဲ့သို့ နှလုံးဇီဝဖြစ်စဉ်ကျန်းမာရေးကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။
ပျားရည်စားသုံးခြင်းဖြင့် သွေးတွင်းဂလူးကို့စ်လျော့ကျစေခြင်း၊ မကောင်းတဲ့ ကိုလက်စ်ထရောများ ကျစေခြင်း၊ ထရိုင်ဂလစ်စရိုက်ပမာဏ ထိန်းညှိပေးခြင်း၊ အသည်းအဆီဖုံးခြင်းအတွက် အမှတ်အသားလက္ခဏာများဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
ပျားရည်က ကောင်းကျိုးပြုကိုလက်စ်ထရောလ်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ပျားရည်မှာ သကြားဓာတ်က ၈၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့် အခုလိုတွေ့ရှိချက်က အံ့ဩစရာဖြစ်ရကြောင်း တိုရွန်တိုဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သုတေသီ'တော်ဆစ်ခန်'က ဆိုပါတယ်။
သကြားဓာတ်တွေ၊ ပရိုတိန်းတွေ၊ အော်ဂဲနစ်အက်ဆစ်တွေ၊ အခြားဇီဝဒြပ်ပေါင်းတွေ ရှုပ်ထွေးစွာပေါင်းစပ်ထားပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိနေနိုင်ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေအတိုင်း စမ်းသပ်လိုက်နာပုံတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့အရေးကြီးကြောင်း သုတေသီအဖွဲ့က အလေးထားပြောကြားလိုက်ပါတယ်။
တွေ့ရှိချက်အရ ပါဝင်တဲ့သကြားက ၁၀ ရာခိုင်နှုန်းသာသာ သို့မဟုတ် စမ်းသပ်ပါဝင်သူတွေရဲ့ တစ်နေ့တာကယ်လိုရီစားသုံးမှုထက် နည်းပါးကြောင်း တွေ့ခဲ့ရပါတယ်။
လက်ရှိမှာ သကြားရှောင်နေတယ်ဆိုရင်တော့ ပျားရည်ကိုလည်း မစားသုံးသင့်ပါဘူး။
သကြားတွေ ပုံမှန်စားသုံးနေတယ်ဆိုရင်တော့ သကြားနေရာမှာ ပျားရည်အစားထိုးခြင်းက နှလုံးဇီဝဖြစ်စဉ်အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။
သုတေသနပြုရာမှာ ပျားရည်ကို တစ်နေ့ စားပွဲဇွန်း ၂ ဇွန်းစားသုံးပြီး ၈ ပတ်တာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ပျားရည်ကို ပြင်ဆင်ထုပ်ပိုးတာကတော့ ကျန်းမာရေးကောင်းကျိုးတွေကို လျော့ကျစေနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _ 14 December 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ဒုတိယညွန်ကြားရေးမှူးချုပ် H.E. Mr. Nikolay SPASSKIY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ဖြစ်မြောက်နိုင်စွမ်းနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group
Published 13 Dec 2022
စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲဖို့အတွက် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာမှာ ဗိုလ်ချူပ်မှူးကြီးက အဆိုပါအတိုင်းပြောဆိုခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ စက်သုံးဆီတွေကိုပြည်ပမှနှစ်စဉ်တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များစွာကုန်ကျနေပါတယ်။ အဲဒါကြောင့် စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲကြဖို့လိုပါတယ်။ စက်သုံးဆီသုံးစွဲဖို့မလိုတဲ့ စက်ဘီးကဲ့သို့သော ယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုပါတယ်။ စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်တဲ့ ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရပါမယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့အရင်းအမြစ် မီဂါဝပ် ၄ သောင်းခန့်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေရပ်တန့်ခဲ့ရတယ်၊ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်များစွာရှိပြီးဖြစ်လို့ အကျိုးရှိရှိအသုံးချစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ခဲ့တဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုတော့ အမည်နာမရည်ညွှန်းပြောဆိုသွားခြင်းမရှိပါဘူး။

ကချင်ပြည်နယ်မှလုပ်ငန်းရှင်တွေက MSMEလုပ်ငန်းတွေအခက်အခဲကြုံတွေ့နေရမှုနှင့် အစိုးရမှလိုအပ်တာ တွေကူညီပေး ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကနေ ကုန်ချောတွေကို ပြည်ပသို့တင်ပို့ရာမှာ ကုန်သွယ်ခွန်နှုန်းထားလျှော့ချစေရေး သက်ဆိုင်ရာနိုင်ငံတွေနှင့် ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများရယူလိုမှုနှင့် အခြားအချက်အလက်တွေကိုတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာထုတ်ကုန်တွေကို လုံလောက်စွာထုတ်လုပ်နိုင်လျှင် ကုန်ဈေးနှုန်းတွေကျဆင်းလာလိမ့်မယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ပြန်လည်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဒေသထွက်ပစ္စည်းတွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ကာ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မည်ဆိုပါက အကျိုးရှိမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆို ပါတယ်။
နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက လုပ်ငန်းရှင်တွေနှင့် တိုက်ရိုက် ထိတွေ့ဆွေးနွေးမှုတွေလုပ်ဆောင်နေရာမှာ ယခု ကချင်ပြည်နယ်မှာလည်း အလားတူတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ့အပြင် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြိး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၃ရက် မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုတွေကိုတွေ့ဆုံပြီး နိုင်ငံ့ သမိုင်း ကြောင်းဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ၊ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေ၊ရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Myanmar_Politics





#Local_News
Published_13 December 2022
၂ နှစ်ကျော်ကြာပိတ်ထားတဲ့ တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင်တံတားကို ပြန်ဖွင့်လိုက်တာကြောင့် ယင်းနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ပွင့်လာနိုင်တယ်လို မူဆယ်နယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Sports
Published 13 December 2022
အာဖရိကအမြင့်ဆုံးတောင်အနီးရှိ ကင်ညာဘေးမဲ့တောတစ်နေရာမှာ မာဆိုင်းလူငယ်တွေက သူတို့ရဲ့ အစွမ်းသတ္တိနဲ့ ခွန်အားကို သက်သေပြဖို့အတွက် ရိုးရာခြင်္သေ့အမဲလိုက်ပွဲများအစား အားကစားပြိုင်ပွဲများပြုလုပ်လာကြပါတယ်။
#Yangon_Media_Group
Published 13 Dec 2022
မော်ရိုကိုနှင့်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ အမ်ဘာပီရဲ့ ပြင်သစ်အသင်းက ကစားသမားတွေဟာ လေ့ကျင့်နေကြတာကို မြင်တွေ့ကြရပါတယ်။ လေ့ကျင့်တဲ့ ပထမ ၁၅မိနစ်ကို မီဒီယာတွေ သတင်းယူခွင့်ပေးခဲ့စဉ်မှာ Aurélien Tchouaméni နှင့် Dayot Upamecano တို့ လေ့ကျင့်ရာမှာ ရှိမနေခဲ့ကြပါဘူးလို့ အေအက်ဖ်ပီကပြောပါတယ်။
ထိုနည်းတူ ခရိုအေးရှားနှင့် ဆီမီးဖိုင်နယ်ပွဲကစားရမယ့် မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာလည်း ကာတာ တက္ကသိုလ်ကွင်းမှာ လေ့ကျင့်နေကြပါတယ်။
Source: AFP
#Mbappe's_France
#Messi's_Argentina
#World_Cup_2022
#Local_News
Published_13 December 2022
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်းဟာ ယမန်နှစ်ထက် ဈေးကပိုမြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ကိုဗစ်ကာလအပြီး အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့တွင်းမြို့နယ်တွေထက် ဒဂုံ(၄)မြို့နယ်နဲ့ မြေကွက်လုံးချင်းတွေက အရောင်းအဝယ်ပိုဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(MRPDA) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 December 2022
အသက်(၇၅)နှစ်အထက် သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးခန့်ကို အခုဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပူဇော်ကန်တော့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 13 December 2022
၁။ သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးကို ပူဇော်ကန်တော့သွားရန်ရှိ
၂။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း Down Town မြို့နယ်များထက် ဒဂုံမြို့နယ်များ၌ အရောင်းအဝယ်ပိုဖြစ်နေ
၃။ ပြည်ပဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်း ယခင်နှစ်ထက် ဈေးပိုမြင့်တက်လာ
၄။ ကင်ညာနိုင်ငံ မာဆိုင်းလူမျိုးတို့၏ ရိုးရာခြင်္သေ့အမဲလိုက်ပွဲအစား အားကစားပြိုင်ပွဲများဖြင့် အစားထိုးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local _News
Published _ 13 December 2022
လက်ရှိမှာတော့ အောင်ပန်းကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ ပဲလိပ်ပြာတွေဟာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများလာတာကြောင့် ဈေးတွေထိုးကျသွားခဲ့တယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို ယနေ့ တွင် သက်သေစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား သက်သေအဖြစ် စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် ဦးမင်းသူကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
"ဒီနေ့ ဦးမင်းသူကို အမှုအားလုံး စစ်ဆေးပါတယ်။နောက်လာမယ့် ရုံးချိန်းမှာ စစ်ဆေးဖို့ သက်သေတွေ ကျန်နေပါသေးတယ်။ မနေ့ကတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကို စစ်ဆေးခဲ့ပါတယ်။ အခုဆိုရင် စွပ်စွဲခံရသူဘက်က တရားခံပြသက်သေအနေနဲ့ စစ်ဆေးပြီးတာ လေးယောက် ရှိပါပြီ"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1510 of 2052