#Local_News
Published -9 August 2022
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ချက်တွေနှင့်အညီ လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွန် ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်လျှောက်မည်ဆိုပါက ကုမ္ပဏီမန်နေဂျာ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ လျှောက်ထားစာ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင်ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ထားစဉ်က တင်ပြအတည်ပြုထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ အစည်းအဝေးမှတ်တမ်းတို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီမန် နေဂျင်းဒါရိုက်တာတစ်ဦးတည်းနာမည်ဖြင့် ကျပ်သိန်းတစ် ထောင်တန်ဖိုးရှိသည့်မရွှေ့ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုစာရင်း၊ အထောက်အထားတင်ပြရမည်ဟု ဖော်ပြထားသည်။
မန်နေဂျင်းဒါရိုက်တာတစ်ဦးတည်းအမည်ဖြင့် အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ ကို ထည့်သွင်းစုဆောင်းစေပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရပြီးနောက် ယင်းငွေထည့်သွင်းထားကြောင်းအထောက်အထားကို ဌာနသို့ ခြောက်လကြာ လစဉ်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခြောက်လပြည့်ပြီးပါက ကျပ်သိန်း ၁,၀၀၀ ကို ကြားကာလသုံးစွဲခွင့်ရှိပြီးနောက် မှတ်ပုံတင်သက်တမ်းတိုးပါက အဆိုပါငွေပမာဏကို ဘဏ်ထဲပြန်ထည့်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၀၀ ကျော်ရှိပြီး အလုပ်သမားစေလွှတ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းကစပြီး ပြန်လည် လုပ်ဆောင်နေကြကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Health_Tips
Published 10 August 2022
အစာစားပြီးနောက် ခဏတဖြုတ်လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီး ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်နိုင်ချေကို လျော့ကျစေကြောင်း အကြံပြုထားကြပါတယ်။
စားသောက်ပြီး မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း သွေးတွင်းသကြားဓာတ်အမြင့်ဆုံးဖြစ်နေချိန်မှာ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်းဖြင့် ကြွက်သားတွေအနေနဲ့ အစားအစာမှရရှိတဲ့ အဟာရလောင်စာများကို စုပ်ယူသုံးစွဲကြပါတယ်။
၁၅ မိနစ်ခန့် လမ်းလျှောက်သင့်ပေမယ့် အနည်းဆုံး ၂ မိနစ်မှ ၅ မိနစ်အတွင်းလျှောက်ရင်တောင် ကောင်းကျိုးရရှိစေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
အိုင်ယာလန် လိုင်မဲရစ်တက္ကသိုလ်မှသုတေသီများက နှလုံးကျန်းမာရေး၊ အင်ဆူလင်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏတိုနဲ့ပတ်သက်ပြီး မတ်တပ်ရပ်နေခြင်းနဲ့ လမ်းလျှောက်ခြင်းတိုရဲ့ အကျိုးသက်ရောက်မှုများကို လေ့လာချက် ၇ ရပ်ဖြင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။
စားသောက်ပြီးနောက် အပေါ့စားလမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်မှုမှာပါဝင်တဲ့သူတွေကို မိနစ် ၂၀ ကနေ မိနစ် ၃၀ ကြာတိုင်း ၂ မိနစ်မှ ၅ မိနစ်အထိ လမ်းလျှောက်ခြင်း ဒါမှမဟုတ် မတ်တပ်ရပ်ခြင်းတိုကို ပြုလုပ်ခိုင်းခဲ့ပါတယ်။
လေ့လာချက် ၇ ခုစလုံးမှာတော့ အစာစားပြီးနောက် မိနစ်အနည်းငယ်မျှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်းဟာ ထိုင်နေတာထက်စာရင် သွေးတွင်းသကြားဓာတ်ကို သိသိသာသာထိန်းညှိပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဆီးချိုရောဂါထိန်းနေရသူတွေကတော့ သွေးတွင်းသကြားဓာတ် အတက်အကျမများစေဖို့တော့ ဂရုစိုက်ဖို့လိုပါတယ်။
အတက်အကျများတယ်ဆိုရင် ဒါဟာ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။
မတ်တပ်ရပ်နေခြင်းကလည်း လမ်းလျှောက်ခြင်းလောက် မသိသာပေမယ့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်းဟာ မတ်တပ်ရပ်နေတာထက်စာရင် ကြွက်သားများ ပိုမိုပါဝင်လှုပ်ရှားရပြီး သွေးထဲမှာလည်ပတ်နေတဲ့သကြားဓာတ်တွေကို အသုံးပြုရတာကြောင့်ဖြစ်ပါတယ်။
ရုံးတက်အလုပ်လုပ်နေရသူတွေက ပြေးစက်ပေါ်ပြေးတာတို၊ ရုံးထဲမှာပတ်ပြေးနေတာတို့ မပြုလုပ်ရတာကြောင့် ကော်ဖီထဖျော်တာပဲဖြစ်ဖြစ်၊ လျှောက်လမ်းမှာ ခဏတဖြုတ်လမ်းလျှောက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
စတန်းဖိုဒ်တက္ကသိုလ်မှ နှလုံးအထူးကုဒေါက်တာ'ယူအမ်အက်ရှ်လေ'က အနည်းငယ်မျှလှုပ်ရှားရင်တောင် သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း၊ လမ်းလျှောက်ဖို့အခွင့်မသာတဲ့သူတွေအနေနဲ့ မတ်တပ်ရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ကြောင်း မှတ်ချက်ပြုသွားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 9 August 2022
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အနီးတစ်ဝိုက်မှာ တနင်္လာနှင့် အင်္ဂါနေ့တွေတုန်းက မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တဲ့အတွက် အနည်းဆုံး လူ(၈)ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားခဲ့ပါတယ်။
မုန်တိုင်းကြောင့် ရေလွှမ်းမိုးခဲ့တဲ့အတွက် လူ(၆)ဦးလည်း ပျောက်ဆုံးနေပါတယ်။
အင်္ဂါနေ့ မနက်၅နာရီအထိ ဆိုးလ်မြို့တော်မှာ မိုးရေချိန်လက်မ၄၂၀ မီလီမီတာရှိခဲ့ပြီး မိုးတွေထပ်ရွာဦးမယ့် အခြေအနေလည်းရှိပါတယ်။
မိုးကြီးလေကြီးထဲမှာ အချို့သောလမ်းတွေ၊ပန်းခြံတွေနှင့် မြေအောက်ရထားဘူတာရုံတွေ ရေနစ်မြုပ်ခဲ့ပြီး လူတွေဟာ ရေတွေထဲမှာ ပိတ်မိနေပါတယ်။ ရေလွှမ်းမိုးခံရတဲ့ အိမ်ခြေ ၁၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မုန်တိုင်းကြောင့် မြေပြိုမယ့်အန္တရာယ်ကို သက်ဆိုင်ရာက သတိပေးထားပါတယ်။ လာမယ့်ရက်အနည်းငယ်အထိ မိုးသည်းနေဦးမယ်လို့ မိုးဇလဌာနက ပြောပါတယ်။
Source: CCTV Plus
#Heavy_rainfall_Seoul
#South_Korea_Seoul_Flood
#Climate_Change
#Local_News
Published _ 9 August 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေဆီ ပျားရည် မက်ထရစ်တန်ချိန်ပေါင်း ၇၀၀ခန့် တင်ပိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Climate
Published 9 August 2022
ဩစတြီးယားနိုင်ငံ ဂျမ်တယ်လ်ရေခဲပြင်ကြီးမှ နှင်းများနဲ့ရေခဲများ အရင်ကထက် ပိုမိုလျင်မြန်စွာအရည်ပျော်လျက်ရှိပြီး သိပ္ပံနည်းကျဆိုင်ရာ အဖိုးတန်အချက်အလက်များ အပြီးတိုင်ပျောက်ကွယ်သွားမှာကို သိပ္ပံပညာရှင်'အန်ဒရီယာဖစ်ရှာ'က စိုးရိမ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_8 August 2022
လတ်တလောမှာ မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး သစ်ပင်ပြိုလဲတာ၊ ရေကြီးရေလျှံတာ၊ တောင်ပြို၊ မြေပြိုတာတွေစတဲ့ သဘာဝဘေးအန္တရာယ်တွေကြုံတွေ့နိုင်တဲ့အတွက် ပြည်နယ်အတွင်းရှိကယ်ဆယ်ရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_9 August 2022
ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားကြတဲ့ အလုပ်သမားတွေထဲမှာ မူလ စာချုပ်ပါ အလုပ်နဲ့ မကိုက်ညီတာတွေကို ကြုံနေရတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေဖြစ်ကြတဲ့ ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ဖို လုပ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 August 2022
၁။ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီနှင့် လွယ်ဂျယ်ကို အဆင့်မြှင့်တင်မည်
၂။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်သည့်အလုပ်သမားများ စာချုပ်ပါအတိုင်း မကိုက်ညီမှုရှိနေသည်ဟုဆို
၃။ မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သဘာဝဘေးကြုံတွေ့နိုင်၍ ကြိုတင်ပြင်ဆင်နေ
၄။ ရေခဲပြင်များ အရည်ပျော်ကျလာခြင်းနှင့် ပတ်သက်၍ ဩစတြီးယားသိပ္ပံပညာရှင်များ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ကွန်ပစ်ပြီး ငါးဖမ်းသူကိုကူညီတဲ့ ဧရာဝတီလင်းပိုင်ကို လေ့လာတဲ့သူတွေ လုံးဝမရှိသလောက် ဖြစ်သွားရာကနေ ဒီနှစ်ထဲမှာ နည်းနည်းလေး ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) မှာ မုန်တိုင်းငယ် ဖြစ်လာပြီ ဟု မိုးဇလက ထုတ်ပြန်သည်။
ယင်းလေဖိအားနည်းရပ်ဝန်းအနေဖြင့် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့၍ ပိုမိုအားကောင်းလာကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်းလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်းအား လျော့သွားမည်ဟု လည်းခန့်မှန်းထားသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
"ဝါဆို ဝါခေါင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင်၊မုန်တိုင်းရှိရင် မိုးကြီးမှာသေချာသလောက်ဖြစ်ပါတယ်။ မိုးကြီးရင် မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးတတ်ပါတယ်၊ အားလုံးသတိရှိဖိုလိုပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published -9 August 2022
ဩဂုတ်လ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ် ထပ်မံသတ်မှတ်ထားကြောင်းစားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများသည် စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်နေသည့်အတွက်ကြောင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကိုလည်း ယခင်တစ်ပတ်အတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ်သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ စားသုံးသူများ ဝယ်ယူရသည့် လက်လီဈေးနှုန်းသည် လက်ကားဈေးနှုန်းထက် ၂ ဆကျော် မြင့်တက်နေကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ စားသုံးသူများအနေဖြင့် ဈေးကြီးပေးဝယ်နေရခြင်းကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၃၈၀၀ ကျပ်နှင့် နေရာအချို့တွင် ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
Page 1525 of 1848