Published 20 December 2022

အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ အမိမြေရဲ့မြို့တော် ဗျုနိုအေးရိစ်ကို ဆိုက်ရောက်လာပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မနက် (၂)နာရီမှာ လေယာဉ်ဆိုက်ရောက်လာပေမယ့် ထောင်ပေါင်းများစွာသော ပရိဿတ်တွေက  တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ လေယာဉ်ဆိုက်တာနှင့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနှင့် နည်းပြ စကာလိုနီတို့ဦးဆောင်ပြီး လေယာဉ်ကဆင်းလာကြပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ tracksuit ကိုဝတ်ဆင်ထားပြီးလက်ထဲမှာလည်း သူကာလရှည်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကြီးကို ပွေ့ပိုက်ထားပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အိမ်အပြန်လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို အေအက်ဖ်ပီက ရိုက်ကူးတင် ဆက်ပေးထားတာဖြစ်ပါတယ်။

Source AFP

#Argentina_land_Buenos_Aires

#World_Cup_2022

#Lionel_Messi

Published 20 December 2022 အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ"/>