#World_Health
Published 15 May 2023
YouTube ယူကျုမကြာခဏကြည့်တတ်သူတွေဟာ အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ချေမြင့်မားကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများက ယူကျုကြည့်တဲ့အချိန်မှာ စိတ်ကျန်းမာရေးအခြေအနေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးနောက်ဆက်တွဲတွေကို နားလည်ရန်ရည်ရွယ်ခဲ့ပါတယ်။
ယူကျုကနေ အခြားလူတွေရဲ့ဘဝအကြောင်းအရာတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ အသက် ၂၉ နှစ်အောက်လူတွေဟာ ဆိုးကျိုးအခံစားရဆုံးလူတွေဖြစ်နေပါတယ်။
ဗီဒီယိုဖန်တီးသူတွေက သူတို့ဖော်လိုဝါတွေနဲ့ ဆက်ဆံရေးတည်ဆောက်ပုံကို ဒေါက်တာ'လုခ်ဘယ်ကွန်ဘီ'က စိုးရိမ်မိကြောင်းဖော်ပြလိုက်ပါတယ်။
အွန်လိုင်းကနေ ဆက်ဆံရေးတည်ဆောက်ရာမှာ လူမှုစိုးရိမ်ပူပန်မှုအတွက် ကွက်လပ်ဖြည့်ဆည်းနိုင်သလိုရှိပေမယ့် မျက်နှာချင်းဆိုင်အပြန်အလှန်ပြောဆိုမှုများ မပါဝင်တာကြောင့် ယင်းပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ရှင်းပြထားပါတယ်။
နဂိုကတည်းက စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်းတို့ ဖြစ်လွယ်တဲ့လူတွေဟာ ယူကျုကြောင့်ပိုမိုထိခိုက်နိုင်တယ်လို့ သုတေသီများတွေ့ရှိခဲ့တာဖြစ်ပါတယ်။
AI ၊ ဒီဂျစ်တယ်စိတ်ကျန်းမာရေးတိုင်းတာခြင်းများအသုံးပြုခြင်းဖြင့် စိတ်ကျန်းမာရေးလိုအပ်ချက်တွေ မြှင့်တင်ပေးနိုင်မယ့် ဖြေရှင်းချက်ကိုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။
ယူကျုအသုံးပြုချိန်ကို လျှော့ချကန့်သတ်ဖို့နဲ့ အခြားလူမှုပေါင်းသင်းရေးတို့ကို ရှာဖွေကျင့်သုံးဖို့ ဒေါက်တာက အကြံပြုထားပါတယ်။
မိဘများအနေဖြင့် သူတို့ရဲ့ကလေးများ ယူကျုကိုကြာမြင့်စွာ မသုံးမိစေဖို့နဲ့ အကျိုးရှိတဲ့ဗီဒီယိုများကိုသာ ကြည့်ရှုမိစေဖို့ စောင့်ကြည့်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။
ယူကျုအယ်ဂိုရစ်သမ်တွေကြောင့် သတ်သေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို တုန့်ပြန်ဖို့မလုံလောက်သေးဘူးလို့လည်း သုတေသီများဆိုကြပါတယ်။
အကြောင်းအရာတွေက မိမိကိုယ်ကိုသတ်သေခြင်းနဲ့ ပတ်သက်တယ်လို့ မတွေ့ရသေးပေမယ့် လက်ရှိအယ်ဂိုရစ်သမ်က စိုးရိမ်စရာဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။
ထိခိုက်လွယ်တဲ့ ကလေးငယ်များဆယ်ကျော်သက်များအတွက် AI များမှတဆင့် စောင့်ကြည့်ဆောင်ရွက်နိုင်ရင်တော့ အကျိုးရှိနိုင်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
Source: The Jerusalem Post #World_Health #YouTube #စိတ်ဓာတ်ကျခြင်းကိုဖြစ်စေသလား #YMG #Yangon_Media_Group
#World_Health
Published 15 May 2023
အခွံမာသီးတွေဟာ စားသမျှထဲမှာ အာဟာရအရှိဆုံးအရာတွေဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဝင်ကာ နှလုံးအတွက်မရှိမဖြစ်ဖြစ်တဲ့အပြင် မကောင်းတဲ့ကိုလက်စ်ထရောလ်ကိုလျှော့ချပေးပြီး ဆံပင်ဖွံ့ဖြိုးခြင်းနဲ့ အသားအရည်အားဖြည့်ခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။
အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်တာဟာ သံဓာတ်နည်းပါးနေတာကြောင့် ဖြစ်နိုင်ပါတယ်။
အာယုဗေဒဆရာဝန် ဒေါက်တာ'ဒီဆာဘက်ဗ်ဆာဆာဗာလီယာ'က ခန္ဓာကိုယ်ထဲက သံဓာတ်ကိုတိုးများစေကာ တစ်နေ့လုံးအားအင်ရှိစေမယ့် အခွံမာသီးတွေအကြောင်း အင်စတာဂရမ်မှာ ဝေမျှခဲ့ပါတယ်။
- ဗာဒံစေ့
ဗာဒံစေ့မှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဗိုက်တာမင်-အီး၊ ကယ်လ်စီယမ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ရိုင်ဘိုဖလေဗင်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဗိုက်တာမင်-ဘီတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ကိုလက်စ်ထရောလ်လျှော့ချပေးခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းသိမ်းကာ မှတ်ဉာဏ်တိုးတက်စေခြင်း၊ ကင်ဆာကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
- စွန်ပလွံ
စွန်ပလွံတွေက ဆယ်လီနီယမ်၊ မန်ဂန်နိစ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီစတဲ့ အာဟာရဓာတ်များကြွယ်ဝပါတယ်။
ချက်ချင်းအားဖြည့်ပေးခြင်း၊ အသားအရည်ကောင်းမွန်စေခြင်း၊ အိပ်မပျော်ခြင်းကိုသက်သာစေခြင်း၊ အရိုးအတွက်ကောင်းစေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
- အစိမ်းဖျော့ရောင်အခွံမာသီး
ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်-ဘီ၆၊ သိုင်ယာမင်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
အိပ်စက်ခြင်း၊ မျက်လုံးကျန်းမာရေး၊ အူလမ်းကြောင်းကျန်းမာရေးတို့အတွက် ကောင်းမွန်စေကာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
- သစ်ကြားသီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝကာ ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး အူလမ်းကြောင်းကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်များစွာ ပါဝင်ပါတယ်။
အမြဲတမ်းလေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာသန်စွမ်းနေတဲ့လူဆိုရင် အခွံမာသီးကြေညက်နေစေဖို့အတွက် နေ့စဉ်လက်တစ်ဆုပ်စာ စားပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
အလွန်အကျွံစားသုံးရင်တော့ အစာမကြေဖြစ်နိုင်ပြီး ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ နှလုံးပြဿနာ၊ ဝမ်းပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
Source: India Today #World_Health #သံဓာတ်မြှင့်တင်ပေးနိုင်မည့်အခွံမာသီး(၅)မျိုး
#YMG #Yangon_Media_Group
Published 14 May 2023
ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ယနေ့ မေလ ၁၄ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဝေဖန်မှုတွေခံနေရတဲ့ လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဦးဆောင်တဲ့ အစိုးရရဲ့ ကံကြမ္မာကို ယခုရွေးကောက်ပွဲက ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဘန်ကောက်စံတော်ချိန်မနက်၈နာရီကစပြီး မဲရုံတွေစတင်ဖွင့်လှစ်ခဲ့တဲ့အခါ ရွေးကောက်ပွဲအရာရှိတွေက မဲလာပေး မယ့်သူတွေ များပြားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်စနစ်အတွက် မဲပေးခွင့်ရှိသူ ၅၂သန်းက လွှတ်တော်အမတ် ၅၀၀ကိုရွေးချယ်မဲပေးကြပါလိမ့်မယ်။ မဲပေးသူတစ်ဦးဟာ မဲပြားနှစ်ခုပေးစရာလိုပြီး တစ်ခုက မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ်လောင်းကိုပေးဖို့ဖြစ်ပြီး နောက်တစ်ခုက ပါတီအလိုက်စာရင်းလုပ်ထားတဲ့ လွှတ်တော်အမတ်တွေကိုမဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်း (၃)နေရာပြိုင်ထားတဲ့ အတိုက်အခံဖြူထိုင်းပါတီ Pheu Thai က အနည်းဆုံး လုပ်ခလစာတွေတိုးမြှင့်ဖို့၊လူမှုဖူလုံရေးငွေကြေးတွေပံ့ပိုးဖို့၊စစ်တပ်ကို နိုင်ငံရေးကထုတ်ပယ်ဖို့ ဆိုတာတွေတောင်းဆိုထား ပြီး လက်ရှိမှာ ဦးဆောင်နေတယ်လို့ စစ်တမ်းများအရသိရပါတယ်။
အဲဒီဖြူထိုင်းပါတီမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးအငယ်ဆုံး အသက်၃၆နှစ်အရွယ် ပေတွန်တမ်က ဝန်ကြီးချုပ်လောင်းအဖြစ်စာရင်းသွင်းထားပါတယ်။အဲဒီအပြင် အသက်၅၉နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်းသူဋ္ဌေးကြီး ဆရက်သာ သာဝီဇင်ကလည်း နောက်ထပ်ဝန်ကြီးချုပ်လောင်းအဖြစ် အတူတူယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။သက်ဆင်ရဲ့ သမီးငယ်က လူငယ်တွေအကြားရေပန်းစားနေပါတယ်။
ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်စနစ်ကျင့်သုံးပါတယ်။ ရွေးကောက်ပွဲကိုလေးနှစ်တစ်ကြိမ်ကျင်းပပြီး ၂၀၁၉ခုနှစ်က နောက်ဆုံးရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်-
✅Website>>>>
✅Telegram>>>>>
Source WION
#ထိုင်းနိုင်ငံရွေးကောက်ပွဲ
#ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ
#YangonMediaGroup
#World_Science
Published 14 May 2023
စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းအတွက် အဖိုးတန်နည်းလမ်းတစ်ခုကို တွေ့ရှိထားပြီဖြစ်ပါတယ်။
လျော့နည်းတဲ့အပူချိန်ထဲမှာ ပလတ်စတစ်တွေကို ဖြိုခွဲချေဖျက်နိုင်တဲ့ အဏုဇီဝဘက်တီးရီးယားတစ်မျိုးကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဏုဇီဝသက်ရှိအများအပြားက ဒီလိုဖြိုခွဲနိုင်တယ်လို့ တွေ့ရှိပြီးသားဖြစ်ပေမယ့် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော်မှ လုပ်နိုင်ပါတယ်။
ဆွစ်ဖက်ဒရယ်အင်စတီကျုWSLမှ သိပ္ပံပညာရှင်များက အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ပလတ်စတစ်တွေကို ချေဖျက်နိုင်တဲ့ အဏုဇီဝပိုးမွှားတွေကို တွေ့ရှိခဲ့ကာ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းမှာ တိုးတက်နိုင်မယ်လို့ သိရပါတယ်။
ဒေါက်တာ'ဂျိုရယ်ရူသီ'နဲ့အဖွဲ့က ဘက်တီးရီးယား ၁၉ မျိုးနဲ့ မှိုမျိုးကွဲ ၁၅ မျိုးတို့ကို ဂရင်းလန်း၊ ဆဗယ်ဘာ့၊ ဆွစ်ဇာလန်တို့မှာ တစ်နှစ်ကြာအောင် မြေမြှုပ်ထားခဲ့တဲ့ ပလတ်စတစ်တွေပေါ်မှာ ထားရှိခဲ့ပါတယ်။
အဏုဇီဝပိုးမွှားတွေကို ဓာတ်ခွဲခန်းအမှောင်ထဲမှာ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ကြီးထွားစေခဲ့ကာ ပလတ်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်ခြင်းရှိ/မရှိ စမ်းသပ်ခဲ့ကြပါတယ်။
စမ်းသပ်တဲ့ပလတ်စတစ်တွေကတော့ ဇီဝနည်းအရမပြိုကွဲနိုင်တဲ့ ပိုလီအီသလင်း၊ ပြိုကွဲနိုင်တဲ့ ပိုလီအက်စ်တာ-ပိုလီယူရီသိန်းအပြင် ပိုလီဗျူတိုင်လင်းအက်ဒီပိတ်တယ်ရက်သာလိတ်နဲ့ ပိုလီလက်တစ်အက်ဆစ်တို့လည်း ပါဝင်ပါတယ်။
ပလတ်စတစ်တွေပေါ်မှာ ၁၂၆ ရက်ထားပြီးနောက် ဘယ်ပိုးမွှာကမှ ပိုလီအီသလင်းကို မဖြိုခွဲနိုင်ခဲ့ပါဘူး။
မျိုးကွဲ ၁၉ မျိုးကတော့ အချို့သောပလတ်စတစ်တွေကို ၁၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ချေဖျက်နိုင်တာတွေ့ရပါတယ်။
အယ်လ်ပိုင်းနဲ့ အာတိတ်မြေတို့မှ မူလအဏုဇီဝတက်ဆာက ၁၅ ဒီဂရီမှာ ပလတ်စတစ်ကိုဖြိုခွဲနိုင်တာကိုတွေ့ရပါတယ်။
ဒီပိုးမွှားတွေဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းလုပ်ငန်းစဉ်တွေမှာ အကုန်အကျသက်သာစေမှာဖြစ်ပါတယ်။
စမ်းသပ်မျိုးကွဲအများစုက အနည်းဆုံးတော့ ပလတ်စတစ်တစ်မျိုးကို ဖြိုခွဲနိုင်ခဲ့တာဖြစ်ပါတယ်။
အပင်ဆဲလ်နံရံဖြိုခွဲရာမှာ ပါဝင်တဲ့ ပိုလီမာဖြိုခွဲအင်ဇိုင်းတွေကို အဏုဇီဝပိုးမွှားတွေက ထုတ်လုပ်ပေးကြောင်း ဒေါက်တာ'ဘိဖရေး'က ရှင်းပြခဲ့ပါတယ်။
Source: WION #World_Science #ပလတ်စတစ်များကိုချေဖျက်နိုင် #အဏုဇီဝပိုးမွှား
#YMG #Yangon_Media_Group
Published 14 May 2023
အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ်(၂) သံတမန်တစ်ဦးဖြစ်တဲ့ လက်ထောက် နိုင်ငံခြားရေဝန်ကြီး ဝင်ဒီရှာမန်းဟာ ဝါရှင်တန်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆယ်စုနှစ်သုံးစုအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လာမယ့်ဇွန်လကုန် မှာ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ရှာမန်းဟာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို အမျိုးသမီးတွေထဲမှာ ပထမဆုံးထမ်းဆောင်တာပါ။ သူဟာ ဘိုင်ဒင်အစိုးရနှင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးကို ဦးဆောင်ခဲ့ပြီး ရုရှားနှင့် မအောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ရှာမန်းဟာ အမျိုးသမီးတွေအတွက် အတားအဆီးတွေကို ဖောက်ထွက်နိုင်ခဲ့သူဖြစ်ပြီး ကျွန်တော်တို့ရဲ့ခေတ်မှာ အခက်ခဲဆုံး နိုင်ငံခြားရေးမူဝါဒရဲ့ စိန်ခေါ်မှုတွေထဲက အချို့ကို လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ချီးကျူးပြောဆိုပါတယ်။
“ ကျွန်တော်တို့နိုင်ငံဟာ သူမရဲ့ ခေါင်းဆောင်မှုကြောင့်ပိုပြီးလုံခြုုံစိတ်ချလာရတယ်။ မိတ်ဖက်ဖွဲ့စည်းမှုတွေလည်း သန်စွမ်းခဲ့တယ်” လို့ ဘလင်ကန်က ပြောပါတယ်။
၂၀၂၁ခုနှစ်မှာ အစိုးရထဲရောက်ပြီးနောက် သူမရဲ့ နောက်ဆုံးတာဝန်က ပထဝီနိုင်ငံရေးဒီရေတွေကို ရွှေ့ပစ်ခဲ့တာဖြစ်တယ် လို့ သူမက အာဖဂန်ကနေ အမေရိကန်တပ်တွေရုပ်သိမ်းခဲ့တာ၊တရုတ်နှင့်ယှဉ်ပြိုင်မှုမြင့်တက်ခဲ့တာနှင့် ယူကရိန်းစစ်ပွဲတွေကို ထောက်ပြကိုးကားပြီး ရှာမန်းက နိုင်ငံခြားရေးဌာနဝန်ထမ်းတွေကို သူမရဲ့အသိပေးကြေညာ ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
Source Reuters
#အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဝင်ဒီရှာမန်း
#ဝင်ဒီရှားမန်းတာဝန်မှအနားယူ
#YangonMediaGroup
#World_Cyber
Published 13 May 2023
အမေရိကန်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ အခြားနိုင်ငံများရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျပြီး ကမ္ဘာကြီးကိုခြိမ်းခြောက်နေတဲ့ အချိုးမညီစစ်ပွဲအရိပ်အယောင်ဖြစ်ကြောင်း ထိုင်းအမျိုးသားကာကွယ်ရေးကောလိပ်ဥက္ကဌဟောင်း 'ဆူရာဆစ်ထနာဒန်'က ပြောကြားလိုက်ပါတယ်။
#World_Cyber #အမေရိကန်ဆိုက်ဘာတိုက်ခိုက်မှု #ထိုင်းပညာရှင်တစ်ဦးထုတ်ဖော်
#YMG #Yangon_Media_Group
#Daily_News
Published_ 13 May 2023
၁။ မုန်တိုင်းသက်ရောက်မှုရှိချိန်များတွင် ရန်ကုန်မြစ်တွင်းရှိသဗ္ဗာန်များ မောင်းနှင်ခြင်းယာယီရပ်နားရန်ရှိဟုဆို
၂။ လေပြင်းတိုက်ခတ်သဖြင့် ပန်းဆိုးတန်း-ဒလ သင်္ဘောများသွားလာမှုခေတ္တရပ်တန့်
၃။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၉၁၀ ကျပ်ဖြင့် အကျပိုင်းရောက်နေ
၄။အမေရိကန်ဆိုက်ဘာတိုက်ခိုက်မှုများသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကိုချိုးဖောက်ရာကျကြောင်း ထိုင်းပညာရှင်တစ်ဦးထုတ်ဖော် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 703 of 1125