သောင်းနဲ့ချီတဲ့ လူတွေဟာ လက်ရှိအချိန်ထိ ဂါဇာမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေဆဲဖြစ်ပြီး အစာရေစာ၊ အခြေခံသန့်ရှင်းမှုများ မရရှိဘဲ ခက်ခက်ခဲခဲအသက်ရှင်နေရပါတယ်။
#Gaza_Crisis
Published_5 January 2024
#လူအများအပြားသောင်တင်နေဆဲ #အစာရေစာပြတ်လပ်နေကြ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_5 January 2024
၁။ ရန်ကုန်တွင် ချောင်းဆိုး၊ ဖျားနာသူများ ပြန်များလာ၍ Mask များ ပြန်တပ်လာ
၂။ ဓါတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ဇီဝသဘာဝမြေဩဇာတွဲဖက်အသုံးပြုနိူင်ရန် တောင်သူများကို သင်တန်းများပို့ချပေးနေဟုဆို
၃။ မြန်မာ့ဝါးလက်မှုထည်များ တစ်လလျှင်ကျပ်သိန်းရာကျော်အထိ ဝင်ငွေရရှိအောင် ရောင်းအားကောင်းနေ
၄။ ဂါဇာမြို့တွင် လူအများအပြားသောင်တင်နေဆဲဖြစ်ကာ အစာရေစာပြတ်လပ်နေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_5 January 2024
ခရီးသည် ရာပေါင်းများစွာတင်ဆောင်လာတဲ့ရထားနှစ်စီး ဇန်နဝါရီ (၅)ရက်သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံမှာ တိုက်မိကြရာ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။
အနောက်ဂျာဗားပြည်နယ်မှာ အဆိုပါ ရထားတိုက်မှုကြောင့် ရထားနှစ်စီးစလုံးရဲ့ ရှေ့ပိုင်းအတွဲတွေ အားလုံး ပျက်စီးသွားပြီး နောက်တွဲတွေဟာ စပါးခင်းတွေထဲ လမ်းချော်တိမ်းမှောက်ကုန်ကြပါတယ်။
စီးနင်းလာတဲ့ ခရီးသည် ၅၀၀ ဦးခန့်ထဲမှာ သေဆုံးသူတွေမရှိဘဲ သေဆုံးသူ (၄)ဦးစလုံးဟာ ရထားအမှုထမ်းတွေဖြစ်ကြတယ် လို့သိရပါတယ်။ သေဆုံးသူတစ်ဦးဟာ တွဲပျက်အောက်ပိနေလို့ ဆွဲထုတ်လို့မရသေးဘူးလို့လည်း သတင်းများကဆိုပါတယ်။
သောကြာနေ့ မနက် ၆နာရီခွဲမှာ ခရီးသည် ၂၈၇ ဦးပါလာတဲ့ မြို့တွင်းဆွဲရထားတစ်စီးနှင့် ခရီးသည်၁၉၁ ဦးပါလာတဲ့ လိုကယ်လ်ရထားတစ်စီးတို့ ဆီကယ်လန်ကာအနီးတိုက်မိခဲ့ကြတာဖြစ်တယ်လို့ရထားကုမ္ပဏီ PT KAI ကပြောပါတယ်။
ဒဏ်ရာရသူအရေအတွက်ကတော့ အမျိုးမျိုးပြောနေကြပါတယ်။ ရဲတွေက ၃၇ဦးဒဏ်ရာရတယ်လို့ဆိုပြီး ရထားကုမ္ပဏီ ကတော့ ၂၂ ဦးလို့ပြောပါတယ်။
ရထားနှစ်စီးတိုက်ရတဲ့ အကြောင်းရင်းကို ယခုထက်ထိမသိရသေးပါဘူး။ ပို့ဆောင်ရေးဝန်ကြီးဌာနက လူတွေကယ်ထုတ်ဖို့ အကူအညီပေးရေးအဖွဲ့စေလွှတ်ပြီး ရထားတိုက်ရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ပြောပါတယ်။
#Local_News #ခရီးသည်တင်ရထားနှစ်စီးတိုက်မိ #(၄)ဦးသေဆုံးပြီး(၂၂)ဦးဒဏ်ရာရ #Source CNA
#World_News
Published 05 January 2024
အိုင်အက်စ် အစ္စလာမ်ဂျီဟဒ်ဝါဒီအဖွဲ့က ဇန်နဝါရီ ၃ ရက်နေ့ အီရန်မှာ လူ ၈၄ ဦးသေဆုံးစေခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကို ပြုလုပ်ခဲ့တယ်လို့ ၄ ရက်နေ့မှာ ဝန်ခံလိုက်ပါတယ်။
ကာမန်မြို့တောင်ပိုင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်မှ ကျဆုံးလေပြီးသော တပ်မှူးဗိုလ်ချုပ်ကြီး ကာဆန်ဆိုလေမန်ရဲ့ အုတ်ဂူအနီးမှာ လူအများစုဝေးနေကြစဥ် ဂျီဟဒ်အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးက သူတို့ရဲ့ ဖောက်ခွဲရေးဝတ်စုံများကို ဖောက်ခွဲခဲ့တယ်လို့ အိုင်အက်စ်ဂျီဟဒ်အဖွဲ့က တယ်လီဂရမ်မှာ ကြေညာထားပါတယ်။
သေဆုံးသူစာရင်းက ၁၀၃ ဦးလို့ အစောပိုင်းမှာ ဖော်ပြခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ပြီးနောက် ၈၄ ဦးဖြစ်တယ်လို့ အီရန်အာဏာပိုင်များက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
အစောပိုင်းက တွက်ချက်ရာမှာ ပေါက်ကွဲမှုကြောင့် ပြတ်ထွက်သွားတဲ့ အလောင်းအစိတ်အပိုင်းတွေကို အကြိမ်ကြိမ် ရေတွက်မိခဲ့တာ ဖြစ်တယ်လို့ အီရန်အရေးပေါ်ဌာနမှ အကြီးအကဲ ဂျာဖာမီယက်ဖာက ဆိုပါတယ်။
၂၀၂၀ ခုနှစ်က အီရတ်မှာ အမေရိကန် ဒရုန်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ ဆိုလေမန်ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ လူရာနဲ့ချီစုဝေးနေစဥ် ပေါက်ကွဲမှုများ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဆိုလေမန်အုတ်ဂူ တည်ရှိရာ သင်္ချိုင်းသို့သွားတဲ့လမ်းမှာ လူအုပ်ကြီးရှိနေစဥ် မွန်းလွဲ ၃ နာရီ ၄ မိနစ်ခန့်မှာ ပထမအကြိမ် ပေါက်ကွဲခဲ့ပြီး နောက်ထပ် ၁၃ မိနစ်ခန့်ကြာတဲ့ အချိန်မှာ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်ကြောင်း အီရန်အခြေစိုက် တက်စ်နင်မ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဆိုလေမန်ဟာ အစ္စလာမ် တော်လှန်ရေးအစောင့်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အီရန်စစ်တပ်အရာရှိဖြစ်ပြီး Quds တပ်ဖွဲ့ရဲ့ တပ်မှုးဗိုလ်ချုပ်ကြီးလည်း ဖြစ်ကာ ဘဂ္ဂဒက်လေဆိပ် အပြင်ဘက်မှာ အမေရိကန်ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
အဆိုပါ ဖောက်ခွဲမှု ၂ ခုကို နိုင်ငံပိုင်မီဒီယာနဲ့ ဒေသတွင်းအာဏာပိုင်များက အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ထားကာ အနောက်အာရှမှာ ပဋိပက္ခကျယ်ပြန့်လာမှာ စိုးရိမ်နေရပါတယ်။
ပေါက်ကွဲမှုအတွက် အမေရိကန်နဲ့ အစ္စရေးလ်တို့ ပါဝင်ပတ်သက်နေမယ်လို့ အီရန်သမ္မတရဲ့ နိုင်ငံရေးလက်ထောက်ပုဂ္ဂိုလ် မိုဟာမက်ဂျမ်ရှီဒီက ဆိုလိုက်ပါတယ်။
အီရန်သမ္မတ အီဘရာဟင်ရေစီက ဒါဟာ ကောက်ကျစ်ရက်စက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ရှုတ်ချလိုက်ကာ ကြာသပတေးနေ့ကို တစ်နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းပူဆွေးခြင်းနေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။
#World_News #အီရန်တွင်ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု(၂)ခု #အိုင်အက်စ်အစ္စလာမ်ဂျီဟဒ်အဖွဲ့ #Source: WION
Published 05 January 2024
ခွေး ဒါမှမဟုတ် ကြောင်လိုမျိုး အိမ်မွေးတိရိစ္ဆာန် မွေးထားတဲ့ တစ်ဦးတည်းနေ သက်ကြီးရွယ်အိုတွေဟာ ဦးနှောက်အသိဉာဏ် ယိုယွင်းလာမှုနှုန်း နှေးကွေးတာကို ဆက်စပ်တွေ့ရှိထားပါတယ်။
အခြားလူတွေနဲ့ နေထိုင်ပြီး အိမ်မွေးတိရိစ္ဆာန် မွေးထားတဲ့သူတွေမှာတော့ ထိုကဲ့သို့ သက်ရောက်မှုမျိုး မတွေ့ရပါဘူး။
တရုတ်သုတေသီတွေက သက်ကြီးပိုင်း အယောက် ၈ ထောင်နီးပါးကို လေ့လာဖော်ပြခဲ့ကြပါတယ်။
သူတို့ရဲ့ ပညာရေးအဆင့်အတန်း၊ အလုပ်အကိုင်၊ လူမှုရေးအခြေအနေတို့အပြင် ဆေးလိပ်အရက် သုံးစွဲမှု၊ ကိုယ်လက်လှုပ်ရှားမှု၊ ကိုယ်ကာယကျန်းမာရေး၊ စိတ်ဓာတ်ကျလက္ခဏာများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါများကိုပါ မှတ်သားခဲ့ကြပါတယ်။
၅၆ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ ဖြစ်ပြီး ၃ ပုံ ၁ ပုံခန့်က ခွေး ဒါမှမဟုတ် ကြောင် မွေးထားပါတယ်။
တစ်ဦးတည်းနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဦးနှောက်ယိုယွင်းခြင်း ဒီမန်ရှာ ဖြစ်နိုင်ခြေများကြောင်း၊ သက်ကြီးပိုင်း လူဦးရေနဲ့ ပျမ်းမျှနေထိုင်သက်တမ်း များပြားလာတာကြောင့် ဦးနှောက်အသိဉာဏ် ယိုယွင်းလာခြင်းက အဓိကကျန်းမာရေးပြဿနာ ဖြစ်လာကြောင်း ဖော်ပြသွားပါတယ်။
၂၀၁၉ ခုနှစ်မှာ ဒီမန်ရှာရောဂါရှိသူ ၅၇ သန်းရှိရာကနေ ၂၀၅၀ ခုနှစ်မှာ ၁၅၃ သန်းရှိလာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း၊ အသိဉာဏ်မှတ်ဉာဏ် ယိုယွင်းလာခြင်းက ရောဂါရှင်တွေသာမက စောင့်ရှောက်သူတွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး ကျန်းမာရေးနဲ့ ဘဏ္ဍာရေးစနစ်တို့ကိုလည်း ထိခိုက်စေကြောင်း ဖော်ပြထားပါတယ်။
၂၀၂၁ အတွင်း ယူကေမှာ တစ်ဦးတည်းနေ အိမ်ထောင်စု အချိုးနှုန်းက ၂၉.၄ ရာခိုင်နှုန်း၊ အမေရိကန်မှာ ၂၈.၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ခွေးတွေ ကြောင်တွေမရှိတဲ့ တစ်ဦးတည်းနေ လူကြီးတွေဟာ မိသားစုတွေနဲ့ နေထိုင်တဲ့လူကြီးတွေ၊ ခွေးကြောင်တွေရှိတဲ့ တစ်ဦးတည်းနေလူကြီးများထက် စကားပြောဆိုမှုဆိုင်ရာ အသိဉာဏ်ပိုင်း ယိုယွင်းလာမှုနှုန်း ပိုမြန်နေပါတယ်။
လူဖြူမဟုတ်သူတွေနဲ့ အခြားလူမျိုးတွေမှာ အလားတူရလဒ်တွေ ထွက်လားဆိုတာကို နောက်ထပ်လေ့လာရဦးမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
#Published 05 January 2024
#World_Health
#YMG #Yangon_Times #Yangon_Media_Group #YMG_News
အီရန်အနေဖြင့် စက်မှုနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကာ BRICS အဖွဲ့ဝင်အဖြစ်မှ စီးပွားရေးအခွင့်အလမ်းများ ကနဦးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့က ဦးစားပေးအခြေအနေတစ်ခု ဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေး ပညာရှင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
#World_News
#Published_04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_4 January 2024
၁။ မိုးနှမ်း ရာသီကုန်ချိန်ရောက်မှ တရုတ်၀ယ်လိုအားကြောင့် နှမ်းဈေးပြန်မြင့်လာ
၂။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ ကျင်းပ
၃။ ကျိုက်သလ္လံစေတီတော်ရှိ ဆွေးမြေ့ပျက်စီးနေသော စောင်းတန်းအမိုးများကို ပြုပြင်မွမ်းမံမည်
၄။ အီရန်အပါအဝင် နိုင်ငံ(၅)နိုင်ငံ BRICS စီးပွားရေးပူးပေါင်းအဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်များဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 357 of 951