#World_Health
Published 04 March 2024
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရန်အတွက် သံဓာတ်က အရေးကြီးတဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်သယ်ပို့ရာမှာ လိုအပ်တဲ့ ဟေမိုဂလိုဘင်ဆဲလ်တွေ ဖြစ်ပေါ်ရာမှာလည်း အရေးပါပါတယ်။
သံဓာတ်ချို့တဲ့ခြင်းက ဖြစ်လေ့ဖြစ်ထရှိပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။
သံဓာတ်နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အိပ်ရာထတဲ့အခါ မူးဝေခြင်း
သံဓာတ်နည်းတဲ့အခါ သွေးမှာ အောက်ဆီဂျင် မသယ်နိုင်တော့ဘဲ ဦးနှောက်သို့ ရောက်ရှိမှုနည်းကာ မတ်တပ်ရပ်လိုက်တဲ့အခါ မူးဝေးတတ်ပါတယ်။
(၂) နှုတ်ခမ်းခြောက်ခြင်း
အမြှေးပါးတွေကို ထိခိုက်ကာ နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်လာပြီး မကုသဘဲထားပါက ပါးစပ်ထောင့်များအထိ ခြောက်သွေ့လာပါတယ်။
(၃) ရင်ပူခြင်းနှင့်နှလုံးတုန်ခြင်း
ပုံမှန်နှလုံးခုန်ခြင်းကို အနှောင့်အယှက်ဖြစ်စေကာ နှလုံးတုန်တတ်ပြီး အစာရေမျိုလမ်းကြောင်း လျှံတက်ကာ ရင်ပူတတ်ပါတယ်။
(၄) မျက်လုံးအရောင်မှိန်ခြင်း
သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အခါ အရေပြားနဲ့ မျက်လုံးအရောင်လျော့လာပြီး မျက်လုံးအရောင် လျော့ပါးလာပါတယ်။
(၅) ထိခိုက်ပွန်းပဲ့လွယ်ခြင်း
သွေးကြောများအားနည်းကာ ထိခိုက်ပွန်းပဲ့တဲ့အခါ သွေးထွက်လွယ်တတ်ပါတယ်။
အခြားလက္ခဏာတွေ အနေနဲ့ ဆံပင်ကျွတ်ခြင်း၊ လက်သည်းကြွပ်ဆတ်ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ အလွန်အမင်း ပင်ပန်းလွယ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ဖရုံစေ့၊ အသား၊ ပန်းဂေါ်ဖီစိမ်း၊ ချောကလက်မည်း၊ ကွမ်းသီး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကြက်ဥတို့ ဖြစ်ပါတယ်။
#World_Health #သံဓာတ်အားနည်းခြင်း #Source: DoctorNDTV
#World_Health
Published 04 March 2024
စကားတစ်ခွန်း ပြောချင်တဲ့အချိန်မှာ ပြောစရာစကားလုံး ရှာမရတာမျိုး ဖြစ်နေတယ်ဆိုရင် မိမိဦးနှောက် ဘာဖြစ်နေပြီလဲဆိုတာမျိုး အံ့အားသင့်နေကြမှာပါ။
အဆိုးဆုံး အခြေအနေတွေမှာဆိုရင် ဒီမန်ရှာရောဂါ ဖြစ်နေပြီလားလို့တောင် စိတ်ပျက်မိမှာပါ။
ယခုအခါမှာတော့ ပြောချင်တဲ့အချိန်မှာ ပြောဖို့စကားလုံး မထွက်တာဟာ သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ကျန်းမာရေးကို ညွှန်ပြနေတာ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်များ ဆိုလာကြပါတယ်။
အသက်ကြီးသူတွေမှာ ပြောစရာစကားလုံး ရှာမတွေ့တာထက်စာရင် စကားပြောတဲ့ အမြန်နှုန်းက ဦးနှောက်ကျန်းမာရေးကို ပိုမိုတိကျစွာ ညွှန်ပြနေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
အသက် ၁၈ နှစ်မှ ၉၀ နှစ်ကြားလူပေါင်း ၁၂၅ ဦးပါဝင်တဲ့ စမ်းသပ်မှုမှာ စကားပြောအမြန်နှုန်းနဲ့ စကားလုံးရှာခြင်းတို့ကို ဦးစားပေးလေ့လာခဲ့ကြပါတယ်။
ပြောစရာ စကားလုံးစဥ်းစားရတာဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ကျဆင်းလာပေမယ့် မှတ်ဉာဏ်ကျဆင်းလာတာနဲ့ မသက်ဆိုင်ပါဘူး။
ဒါပေမဲ့ စကားပြောတဲ့ အမြန်နှုန်း ကျဆင်းလာတာကတော့ ဦးနှောက်မှတ်ဉာဏ် လုပ်ဆောင်ချက် ကျဆင်းလာတာကို ညွှန်ပြနေပါတယ်။
ဘေးခရက်စ်နဲ့ တိုရွန်တို တက္ကသိုလ်တို့က စကားပြောဆိုခြင်းနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ကွာခြားချက်များကို တပြိုင်နက်တည်း လေ့လာအကဲဖြတ်တဲ့ ပထမဆုံးလေ့လာချက် ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများ မှတ်ဉာဏ်ကျဆင်းလာခြင်းကို စစ်ဆေးရန်၊ လိုအပ်တဲ့ အထောက်အပံ့များ ပေးနိုင်ရန်အတွက် စံချိန်မီ မှတ်ဉာဏ်ဆန်းစစ်ချက်များ ပြုလုပ်ရာမှာ စကားပြော အမြန်နှုန်းကို တစ်စိတ်တစ်ပိုင်း အနေဖြင့် ထည့်သွင်းသင့်တယ်လို့ အကြံပြုသွားပါတယ်။
#World_Health #သက်ကြီးရွယ်အိုများတွင်စကားပြောနှေးခြင်း #ဦးနှောက်ကျန်းမာရေးယိုယွင်း #Source: WION
#World_Science
Published 03 March 2024
လိင်ဆက်ဆံပြီးမြောက်ခြင်းဟာ သာယာကျေနပ်ဖို့ မျိုးဆက်ပွားဖို့ သက်သက် မဟုတ်ပါဘူး။
လက်တွဲဖော်နှစ်ဦးကြား သံယောဇဥ်ကြာရှည်စွာ ခိုင်မြဲစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
တက္ကဆပ်တက္ကသိုလ်မှ သုတေသီများက လယ်ကြွက်များ ဆန္ဒပြီးမြောက်နေစဥ်နဲ့ နောက်ပိုင်းတို့မှာ ဦးနှောက်လှုပ်ရှားပုံများကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
ထိုအခါမှာ ကြွက်တွေရဲ့ ဦးနှောက်လှုပ်ရှားမှုတွေက ဦးနှောက်ရဲ့ ထင်ရှားတဲ့အစိတ်အပိုင်း ၆၈ ခုလောက်မှာ အမြင့်ဆုံးဖြစ်သွားခဲ့ပါတယ်။
ဒီလိုမျိုး လိင်စိတ်ဆန္ဒအမြင့်ဆုံး ရောက်သွားတဲ့အချိန်မှာ လူသားတွေရဲ့ ဦးနှောက်မှာလည်း အလားတူလှုပ်ရှားမှုမျိုး ရှိနိုင်တယ်လို့ ပညာရှင်များ ယူဆကြပါတယ်။
အဖိုရော အမရော ဆန္ဒပြီးမြောက်တဲ့အခါ သံယောဇဥ်ဖြစ်လာစေရန် အကူအညီဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ကြွက်ထီးနဲ့ ကြွက်မတွေရဲ့ ဦးနှောက်တွေကို မတူညီစွာ ချိတ်ဆက်ထားပေမယ့် မိတ်လိုက်စဥ်မှာတော့ အာရုံကြောလှုပ်ရှားမှုတွေက ထပ်တူနီးနီးကျနေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အထီးတွေရော အမတွေရော ဆန္ဒပြီးမြောက်သလားဆိုတာ မသေချာပေမယ့် အထီးတွေ ခံစားမှုအမြင့်ဆုံး ရောက်တဲ့အချိန်မှာ ဦးနှောက်လှုပ်ရှားမှု မြင့်တက်သွားခဲ့ပါတယ်။
လူသားတွေရဲ့ ဦးနှောက်ဟာလည်း ထိုအချိန်အတွင်းမှာ အလားတူလှုပ်ရှားမှုမျိုး ဖြစ်လိမ့်မယ်လို့ သုတေသီများ ယုံကြည်နေကြပါတယ်။
ကြွက်တွေဟာ အလျင်အမြန်ပဲ သံယောဇဥ်ဖြစ်သွားကြပြီး မကြာခဏ မိတ်လိုက်တတ်ကြပါတယ်။
သံယောဇဥ်ဖြစ်သွားတဲ့ ကြွက်စုံတွဲတွေဟာ တစ်ကောင်နဲ့တစ်ကောင် ပွတ်သပ်ပေးခြင်း၊ ဖိစီးမှုကြုံတဲ့အခါ အားပေးခြင်း၊ သူတို့ရဲ့ ကလေးတွေနဲ့ နယ်မြေတို့ကို ကာကွယ်ခြင်းတို့ ပြုလုပ်ကြပါတယ်။
#World_Science #လယ်ကြွက်များဖြင့်စမ်းသပ်လေ့လာ #လိင်ဆန္ဒပြီးမြောက်ခြင်း #Source: New York Post
#World_Discovery
Published 03 March 2024
သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေဟာ လူသားတွေအတွက် အဆန်းတကြယ် ဖြစ်နေပြီး အာကာသအကြောင်း သိထားတာလောက်တောင် သမုဒ္ဒရာအကြောင်း မသိထားပါဘူး။
သမုဒ္ဒရာရေထုထည်ကြီးက သတ္တဝါမျိုးစိတ်ပေါင်းများစွာကို ဖုံးကွယ်ထားပေမယ့် လူသားတွေရဲ့ ရှာဖွေစူးစမ်းလိုစိတ်ကလည်း အံ့အားသင့်စရာ ကောင်းပါတယ်။
အခုဆိုရင် အဝေးထိန်းယာဥ် (ROV)ဖြင့် မီတာ ၆၀၀၀ ခန့်နက်တဲ့ ပစိဖိတ်သမုဒ္ဒရာမှာ ပုလဲနက်ဥတွေကို တွေ့ရှိခဲ့ပြီး တိုကျိုတက္ကသိုလ်မှ ဇီဝဗေဒပညာရှင်နဲ့ တွဲဖက်ပရော်ဖက်ဆာဖြစ်သူ ဒေါက်တာ ယာဆူနိုရီကာနိုက လေ့လာခဲ့ပါတယ်။
ထိုဥနက်တွေရဲ့ သဘောသဘာဝကို သေချာမသိတာကြောင့် အဏ္ဏဝါကျောရိုးမဲ့ ဇီဝဗေဒကို လေ့လာနေတဲ့ ဟိုကိုင်ဒိုတက္ကသိုလ်မှ ဒေါက်တာ ကီချီကာကူအီထံသို့ ယူဆောင်သွားခဲ့ပါတယ်။
ကာကူအီက ဥတစ်ဥကို ဖွင့်လိုက်ရာမှာ နို့ရည်လိုအရာမျိုးတွေ့ခဲ့ပြီး မိုက်ခရိုစကုပ်ဖြင့် ကြည့်ရှုတဲ့အခါ ထိလွယ်ရှလွယ်တဲ့ အဖြူရောင်ကောင်လေးတွေကို တွေ့ရှိခဲ့ပါတယ်။
ဒီတော့မှ ထိုဥတွေဟာ ပလက်တီဟယ်လ်မင်းသီးစ်လို့ခေါ်တဲ့ ကိုယ်ပြားကပ်ပါးကောင်တွေ ဖြစ်နေပါတယ်။
ကိုယ်ပြားကပ်ပါးကောင်တွေဟာ ကုန်းပေါ်နဲ့ ရေထဲတို့မှာတွေ့ရတဲ့ ကျောရိုးမဲ့မျိုးစိတ်ပေါင်း ၂၂၀၀၀ ကျော်ထဲက တစ်မျိုးဖြစ်ပါတယ်။
သံပြားကောင်လို့လည်း အခေါ်များကြပြီး တောအုပ်ကြမ်းပြင်တွေမှာ ရှာဖွေစားသောက်တတ်ကြပါတယ်။
ထိုသံပြားကောင်တွေဟာ ထူးခြားလှပတဲ့ သတ္တဝါများဖြစ်ကြပြီး လူတွေက အလှမွေးကန်ထဲမှာ ထည့်ထားတတ်ကြပါတယ်။
အဆိုပါ ရေငန်ကျောရိုးမဲ့သတ္တဝါတွေကို သန္တာကျောက်တန်းများကြား ရေတိမ်တွေမှာ တွေ့ရတတ်ပါတယ်။
ဒီတွေ့ရှိမှုဟာ ရှာဖွေတွေ့ရှိဖူးသမျှထဲမှာ အနက်ရှိုင်းဆုံးမှာတွေ့ရတဲ့ ကိုယ်ပြားကပ်ပါးကောင်များအဖြစ် မှတ်တမ်းတင်လိုက်ကြပါတယ်။

#World_Discovery #ပစိဖိတ်သမုဒ္ဒရာနက်ထဲ #ပုလဲနက်ကဲ့သို့ဥများ #Source: Science TheWire
လက်ဘနွန်နဲ့ ယာယီနယ်နိမိတ်မျဥ်းပိုင်းခြားထားတဲ့ အစ္စရေးလ်မြောက်ပိုင်းဒေသရှိ ကာယက်ရှမိုနာမြို့ဟာ စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး အစ္စရေးလ်နဲ့ လက်ဘနွန်လက်နက်ကိုင်တပ်ဖွဲ့ ဟက်ဇ်ဘိုလာတို့ကြား ပဋိပက္ခဖြစ်ပွားနေတာကြောင့် ဖြစ်ပါတယ်။
#World_News
Published_ 2 March 2024
#အစ္စရေးလ်မြောက်ပိုင်း #စစ်ဘေးပဋိပက္ခဒဏ်ခံစားနေရ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 2 March 2024
၁။ လက်မှုပစ္စည်းရောင်းချလိုသူများ မြန်မာ့လက်မှုအနုပညာစင်တာ၌ ဆိုင်ခန်းများ ငှားရမ်းနိုင်
၂။ ဈေးကွက်အတွင်း ကုန်အဝင်နည်းနေသော်လည်း အားလူးဈေးကျဆင်းနေ
၃။ ကြမ်းခင်းဈေးကောင်းသော်လည်း သယ်ယူစရိတ်ကြောင့် ကြံစိုက်တောင်သူ ၇၀ ရာခိုင်နှုန်းခန့်တွက်ခြေကိုက်မှုနည်းပါး
၄။ လက်ဘနွန်နှင့်နယ်စပ်ထိစပ်နေသော အစ္စရေးလ်မြောက်ပိုင်းမြို့စစ်ဘေးပဋိပက္ခဒဏ်ခံစားနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 02 March 2024
အိန္ဒိယရဲ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး မူကက်ရှ်အမ်ဘာနီဟာ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူ အာနန့်အမ်ဘာနီအတွက် အကြီးကျယ် အစည်ကားဆုံး မင်္ဂလာပွဲကြီးကို စတင်ကျင်းပပေးပြီး အဲဒီမင်္ဂလာပွဲကို အဆိုတော် ရီဟားနား၊ဇူကာဘတ်တို့အပါအဝင် ကမ္ဘာတစ်လွှားမှအကျော်အမော်များ ပရိဿတ်၁၂၀၀ခန့်ကိုဖိတ်ကြားထားပါတယ်။
သတို့သားဟာ အချိန်ကြာမြင့်စွာ ချစ်ခင်စုံမက်လာခဲ့တဲ့ ချစ်သူ ရာဒီကာမားချန့်နဲ့ လက်ထပ်မှာ ဖြစ်ပါတယ်။
ယင်းတို့မိသားစုနေရပ်မြို့မှာ သောကြာနေ့ကစတင်ပြီး ၃ ရက်တာဧည့်ခံပွဲ ကျင်းပသွားမှာဖြစ်ကာ ကမ္ဘာတဝှမ်းမှ ဘီလျံနာများ၊ တိုင်းပြည်အကြီးအကဲများ၊ ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်တို့မှ နာမည်ကြီးပုဂ္ဂိုလ်များ တက်ရောက်ရန် မျှော်မှန်းထားပါတယ်။
ဂူဂျာရက်ပြည်နယ် ကန္တာရအနီးရှိ လူဦးရေ ၆ သိန်းခန့်ရှိတဲ့ ဂျမ်နာဂါမြို့မှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီမြို့ဟာ သူတို့မိသားစုရဲ့ ဇာတိမြို့ဖြစ်သလို ရေနံချက်လုပ်ငန်းကြီး Reliance Industries တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။
ဘုရားကျောင်းဝန်းထဲမှာ ရိုးရာအခမ်းအနားတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာဆိုရင် အမ်ဘာနီမိသားစုဟာ အနီးနားရွာများမှ လူပေါင်း ၅၁၀၀၀ အတွက် စားစရာစီစဥ်ပေးခဲ့ပါတယ်။
ယခု ၃ ရက်တာပွဲက မင်္ဂလာပွဲအကြိုအခမ်းအနားသာ ဖြစ်ပြီး ဇူလိုင်လမတိုင်ခင်အထိ မင်္ဂလာဆောင် ပြုလုပ်ဦးမှာ မဟုတ်ပါဘူး။
ဖိတ်ကြားထားတဲ့ ဧည့်သည်ပေါင်း ၁၂၀၀ ခန့်ထဲမှာ ဘီလ်ဂိတ်စ်၊ မာ့ခ်ဇူကာဘတ်ခ်၊ ဆွန်ဒါပီချိုင်၊ အိုင်ဗန်ကာထရမ့်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် အိန္ဒိယဘီလျံနာ ဂေါ်တမ်အာဒါနီ၊ ကူမာမန်ဂါလမ်ဘာလာ၊ ခရစ်ကက်ကစားသမားဟောင်း ဆာချင်တင်ဒုလ်ကာတို့လည်း တက်ရောက်ရန် မျှော်မှန်းထားပါတယ်။
မင်းသားကြီး ရှာရွတ်ခန်းအပါအဝင် ဘောလိဝုဒ်နာမည်ကြီးတွေလည်း တက်ရောက်လာဖို့ ရှိပါတယ်။
ကမ္ဘာကျော်အဆိုတော် ရီဟားနား၊ မျက်လှည့်ပညာရှင် ဒေးဗစ်ဘလိန်းနဲ့ နာမည်ကြီး ဘောလိဝုဒ်အဆိုတော်များက ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဧည့်သည်တော်စာရင်းထဲမှာ ကာတာဝန်ကြီးချုပ်၊ ကနေဒါဝန်ကြီးချုပ်ဟောင်း၊ ဘူတန်ဘုရင်နဲ့ ဘုရင်မတို့လည်း ပါဝင်ပါတယ်။
ကြွရောက်လာတဲ့ ဧည့်သည်တော်တွေကို စားဖိုမှူးအယောက် ၁၀၀ ခန့်မှ ဖန်တီးထားတဲ့ ဟင်းပွဲ ၅၀၀ ဖြင့် တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆံပင်အလှပြင်ဆရာများ၊ မိတ်ကပ်ဆရာများ၊ အိန္ဒိယဝတ်စုံဒီဇိုင်နာများဖြင့် ဧည့်သည်များအကြိုက် ဖန်တီးပေးသွားဦးမှာပါ။
အာနန့်အမ်ဘာနီ တည်ထောင်ထားတဲ့ တိရိစ္ဆာန်ကယ်ဆယ်ရေးစခန်းကိုလည်း လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဖောဘီးစ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ မစ္စတာအမ်ဘာနီဟာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
သူ့ရဲ့ Reliance Industries ဟာ အလွန်ကြီးမားတဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီး ဖြစ်ပြီး ရေနံနဲ့ ဓာတ်ငွေ့ကစလို့ ဆက်သွယ်ရေး၊ လက်လီရောင်းချရေးတို့အထိ နှစ်စဥ်ဝင်ငွေ ဒေါ်လာ ၁၀၀ ဘီလျံခန့်ရှိပါတယ်။





#World_News #အာရှအချမ်းသာဆုံး #အိန္ဒိယသူဋ္ဌေးကြီးအမ်ဘာနီ #ထိပ်တန်းဧည့်သည်၁၂၀၀ကိုဖိတ်ကြား #Source: ABC.NET
Page 578 of 1214