သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ ကြေညာထားတဲ့အတိုင်း အမေရိကန် မော်တော်ယာဉ်လုပ်ငန်းဟာ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအပါအဝင် ကုန်သွယ်ရေးမူဝါဒသစ်များရဲ့ အကျိုးဆက်တွေကို ခံစားနေရပါတယ်။
#World_Industry
Published 25 March 2025
#ဒေါ်နယ်ထရမ့် #ကုန်သွယ်ရေးအခွန်စည်းကြပ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 March 2025
၁။ ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရန်ကုန်၌စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့မည်
၃။ ‘ပြည်တွင်းဆီ ပိဿာချိန် ခြောက်သောင်းကျော်ရောင်းချပေးမည့် သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကျင်းပမည်
၄။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ကုန်သွယ်ရေးအခွန်စည်းကြပ်မှု မူဝါဒအသစ်များကြောင့် မော်တော်ယာဉ်လုပ်ငန်းထိခိုက်ကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 March 2025
▪️ ဂေါက်ဖ်အကျော်အမော် တိုက်ဂါးဝုဒ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ချွေးမဟောင်းဖြစ်သူ ဗနက်ဆာထရမ့်နဲ့ တွဲနေတယ်လို့ အသိပေးလိုက်ပါတယ်။
▪️ အသက် ၄၇ နှစ်ရှိတဲ့ ဗနက်ဆာက ဒေါ်နယ်ထရမ့်ဂျူနီယာနဲ့ ၁၃ နှစ်ကြာအောင် လက်ထပ်ခဲ့ပြီး သားသမီး ၅ ယောက်ထွန်းကားခဲ့ကာ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။
▪️ အသက် ၄၉ နှစ်ရှိတဲ့ ဝုဒ်က ဆိုရှယ်မီဒီယာပေါ်မှာ သူနဲ့ဗနက်ဆာတို့ရဲ့ ပုံတွေကို တနင်္ဂနွေနေ့က တင်ခဲ့ပြီး "လေထဲမှာ အချစ်တွေပြည့်နေပြီး ကိုယ့်ဘေးနားမှာ မင်းရှိနေရင် ပိုပြည့်စုံတယ်။ ဘဝခရီးကို အတူတူဖြတ်သန်းသွားဖို့ ရှေးရှုထားတယ်" လို့ ရေးထားပါတယ်။
▪️ ဘာလို့ လူအများသိအောင် ဖော်ထုတ်သလဲ မသိရပေမယ့် သူတို့နှစ်ယောက်ရဲ့ ကောလာဟာလတွေအကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက မဂ္ဂဇင်းတွေမှာ ဖော်ပြထားပါတယ်။
▪️ အဓိကပြိုင်ပွဲကြီး ၁၅ ခုမှာ အနိုင်ရခဲ့တဲ့ ဝုဒ်ဟာ ၂၀၀၀ ဝန်းကျင်တွေက အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အရှုပ်ကိစ္စတွေ ထွက်ပေါ်ခဲ့ကာ သူ့ရဲ့ပုံရိပ်နဲ့ ကစားသမားဘဝ ထိခိုက်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ ထိန်းသိမ်းနေထိုင်ခဲ့ပါတယ်။
▪️ လိင်မှုကိစ္စစွဲလမ်းမှု ပြန်လည်ထူထောင်ရေးဆေးခန်း ပြခဲ့ပြီး ပထမဆုံးဇနီးဖြစ်သူ အယ်လင်နော်ဒီဂရင်နဲ့ ၆ နှစ်ကြာ လက်ထပ်နေထိုင်ပြီးနောက် မပြေမလည်လမ်းခွဲခဲ့ကြပါတယ်။
▪️ အမေရိကန်မီဒီယာများ ဖော်ပြချက်အရ တိုက်ဂါးဝုဒ်ကလေးတွေနဲ့ ဗနက်ဆာကလေးတွေက တက်တဲ့ကျောင်းတူတယ်လို့ သိရပါတယ်။
▪️ ဗနက်ဆာက ဒေါ်နယ်ထရမ့် သားအကြီးဆုံးရဲ့ ဇနီးဟောင်းဖြစ်ပြီး ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတရာထူးရစဉ်က အခမ်းအနားပွဲတွေမှာ ပုံမှန်တက်ရောက်ခဲ့ပါတယ်။
▪️ ကမ္ဘာ့နံပါတ် ၁ ဂေါက်ဖ်ရိုက်သူဖြစ်ခဲ့ဖူးတဲ့ တိုက်ဂါးဝုဒ်က သမ္မတထရမ့်နဲ့ ခဏခဏ ဂေါက်ဖ်ကစားခဲ့ဖူးပါတယ်။
▪️ ထရမ့်က ဂေါက်ဖ်အားကစားကို မြတ်နိုးပြီး ဂေါက်ဖ်ကွင်းတစ်ဒါဇင်ကျော် ပိုင်ဆိုင်ထားပါတယ်။
▪️ ဝုဒ်နဲ့ ဗနက်ဆာတို့ရဲ့ ကလေးတွေဟာလည်း အငယ်တန်းဂေါက်ဖ်ရိုက်သူတွေ ဖြစ်နေပါပြီ။
#Source: BBC
#World_Health
Published 25 March 2025
▪️ သက်ကြီးရွယ်အိုတွေ အိပ်စက်မှုချို့တဲ့ပါက ဦးနှောက်ထဲမှာ အန္တရာယ်ပြု အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းကို ထိခိုက်စေတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အိပ်စက်မှု မကောင်းတဲ့အခါ ထိုစနစ်ရဲ့ လုပ်ဆောင်ချက် ယိုယွင်းစေပြီး မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ အသိဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။
▪️ သက်ကြီးရွယ်အို ၇၂ ဦးကို ဦးနှောက်ဓာတ်မှန်ရိုက်ရာမှာ ကောင်းစွာမအိပ်စက်ရပါက မှတ်ဉာဏ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်ကွန်ရက်များအတွင်း ချိတ်ဆက်မှုများကို ထိခိုက်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ HKUမှ စိတ်ကျန်းမာရေးသိပ္ပံ ပရော်ဖက်ဆာ တေရှာအမ်စီလီက အိပ်စက်မှုနဲ့ ဦးနှောက်လုပ်ဆောင်ချက်အကြောင်း ရှင်းပြသွားပါတယ်။
▪️ ပရော်ဖက်ဆာလီနဲ့အဖွဲ့က ဦးနှောက်ထဲကနေ အညစ်အကြေးများ ရှင်းထုတ်ပေးရာမှာ အဓိကပါဝင်တဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းစနစ်ကို အလေးထားလေ့လာခဲ့ကြပါတယ်။
▪️ ဒီစနစ်ဟာ အထူးသဖြင့် အသက်ကြီးသူတွေမှာ ဦးနှောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးတဲ့စနစ် ဖြစ်ပါတယ်။
▪️ လင့်အဖွဲ့အစည်း ချို့ယွင်းတဲ့အခါမှာ အဆိပ်အတောက်ပရိုတိန်းများ စုပြုံလာပြီး အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဝက်ရူးပြန်တို့လို အာရုံကြောရောဂါတွေ ဖြစ်လာစေပါတယ်။
▪️ ဒီပတ်သက်မှုတွေကို သိရှိခြင်းဖြင့် အသက်အရွယ်အရ မှတ်ဉာဏ်ဆုံးရှုံးလာခြင်းကို ဖြစ်စေတဲ့ အာရုံကြောဇီဝကမ္မဖြစ်စဉ်တွေအကြောင်း ပိုမိုသိရှိလာစေနိုင်တယ်လို့ ပရော်ဖက်ဆာလီက ပြောပါတယ်။
▪️ ဒါကြောင့် ကျန်းမာစွာ အသက်ကြီးရင့်လာနိုင်ဖို့အတွက် လင့်အဖွဲ့အစည်း လုပ်ဆောင်ချက်ထိန်းသိမ်းနိုင်ဖို့ က အရေးပါနေပါတယ်။
▪️ ဒီရလဒ်တွေက အိပ်စက်မှု၊ လင့်အဖွဲ့အစည်းစနစ်နဲ့ ဦးနှောက်ကွန်ရက်များကြား ဆက်သွယ်မှုရှုထောင့်ကနေ လေ့လာထားတာ ဖြစ်ပါတယ်။
#Source: Neuro Science News
#World_Health
Published 25?March 2025
▪️ မြစ်စွန်မြစ်ဖျားတွေအနီး နေထိုင်တဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ များတယ်လို့ အိန္ဒိယဆေးသုတေသနကောင်စီ (ICMR)က လေ့လာဖော်ပြပါတယ်။
▪️ ထိုနေရာတွေမှာ ကျန်းမာရေးအန္တရာယ်က ဘေးကင်းစိတ်ချရတဲ့အမှတ်ကို ကျော်လွန်နေကာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယသိပ္ပံအကယ်ဒမီမှာ ဖော်ပြထားပါတယ်။
▪️ ရေထဲမှာ ခဲဓာတ်၊ သံဓာတ်၊ အလူမီနီယံဓာတ်တို့ မြင့်မားစွာ ပါဝင်နေကာ ညစ်ညမ်းမှုထိန်းချုပ်ရေး ဗဟိုဘုတ်အဖွဲ့မှ သတ်မှတ်ထားတဲ့နှုန်းထက် ကျော်လွန်နေပါတယ်။
▪️ ကင်ဆာကုသရေး တိုးတက်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြင်အဆင်များ မြှင့်တင်နေတယ်လို့ ဗဟိုအစိုးရက ရေးသားဖော်ပြထားပါတယ်။
▪️ ပြည်နယ်အဆင့် ကင်ဆာတက္ကသိုလ်(SCI) ၁၉ ခုနဲ့ ကင်ဆာအဆင့်မြင့်စောင့်ရှောက်ရေးစင်တာ (TCCC) ၂၀ တို့က နည်းပညာမြင့် ရောဂါရှာဖွေရေးနဲ့ ကုသရေးဝန်ဆောင်မှုများ ပြုလုပ်ရန် အသိအမှတ်ပြုထားပါတယ်။
▪️ ဒါ့အပြင် အဆင့်မြင့်ဆေးရုံသစ် ၂၂ ခုမှာ ဆေးဘက်ဆိုင်ရာ၊ ခွဲစိတ်မှုနဲ့ ဓာတ်ရောင်ခြည်ဝန်ဆောင်မှုများ ပါဝင်တဲ့ ကင်ဆာကုသရေးစင်တာများ ထားရှိမှာဖြစ်ပါတယ်။
▪️ ဒီကုသရေးတွေက နွမ်းပါးတဲ့လူနာတွေအတွက် အခမဲ့ ဒါမှမဟုတ် ထောက်ပံ့ကြေးတွေနဲ့ ရရှိမှာဖြစ်ပါတယ်။
▪️ PM-JAYကျန်းမာရေး အာမခံအစီအစဉ်ကလည်း ကင်ဆာကုသရေးအတွက် ငွေကြေးအကူအညီပေးထားကာ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် မိသားစုတစ်ခုအတွက် နှစ်စဉ်ရူပီး ၅ သိန်းထောက်ပံ့ပေးထားပါတယ်။
▪️ ဒီအစီအစဉ်က စီးပွားရေးချို့တဲ့သူပေါင်း သန်း ၅၅၀အတွက် ထောက်ပံ့ပေးထားကာ အသက် ၇၀ နဲ့အထက် လူကြီးအားလုံးလည်း ပါဝင်လာပါတယ်။
▪️ ပြည်နယ် ၂၉ ခုမှ AMRITဆေးဆိုင်ပေါင်း ၂၂၂ ဆိုင်မှာ ဆေးဝါးတွေကို ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရရှိနိုင်ပါတယ်။
▪️ အစိုးရက ကင်ဆာစောစီးစွာတွေ့ရှိပြီး ကာကွယ်နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။
#Source: India Today
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းခြင်းလုပ်ငန်းစဉ် တရားဝင်စတင်ရန် သမ္မတအမိန့်ကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
#World_News
Published 24 March 2025
#ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး #ပညာရေးဝန်ကြီးဌာနပိတ်သိမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 March 2025
၁။ လူငယ်များ အသိပညာရှာမှီးရန် ရန်ကုန်တိုင်း၌ ပထမဆုံး လူငယ်စင်တာ စတင်ဖွင့်လှစ်
၂။ တောင်သူများထံမှ စပါးတင်းသိန်း၁၅၀နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူမည်
၃။ လျှပ်စစ်လိုအပ်ချက်အတွက် ဆိုလာများထုတ်လုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်
၄။ ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည့် အစီအစဉ်အား ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 337 of 1243