#World_Health
Published 25 March 2025

▪️ သက်ကြီးရွယ်အိုတွေ အိပ်စက်မှုချို့တဲ့ပါက ဦးနှောက်ထဲမှာ အန္တရာယ်ပြု အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းကို ထိခိုက်စေတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

▪️ အိပ်စက်မှု မကောင်းတဲ့အခါ ထိုစနစ်ရဲ့ လုပ်ဆောင်ချက် ယိုယွင်းစေပြီး မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ အသိဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

▪️ သက်ကြီးရွယ်အို ၇၂ ဦးကို ဦးနှောက်ဓာတ်မှန်ရိုက်ရာမှာ ကောင်းစွာမအိပ်စက်ရပါက မှတ်ဉာဏ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်ကွန်ရက်များအတွင်း ချိတ်ဆက်မှုများကို ထိခိုက်စေတယ်လို့ တွေ့ရှိလာပါတယ်။

▪️ HKUမှ စိတ်ကျန်းမာရေးသိပ္ပံ ပရော်ဖက်ဆာ တေရှာအမ်စီလီက အိပ်စက်မှုနဲ့ ဦးနှောက်လုပ်ဆောင်ချက်အကြောင်း ရှင်းပြသွားပါတယ်။

▪️ ပရော်ဖက်ဆာလီနဲ့အဖွဲ့က ဦးနှောက်ထဲကနေ အညစ်အကြေးများ ရှင်းထုတ်ပေးရာမှာ အဓိကပါဝင်တဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းစနစ်ကို အလေးထားလေ့လာခဲ့ကြပါတယ်။

▪️ ဒီစနစ်ဟာ အထူးသဖြင့် အသက်ကြီးသူတွေမှာ ဦးနှောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးတဲ့စနစ် ဖြစ်ပါတယ်။

▪️ လင့်အဖွဲ့အစည်း ချို့ယွင်းတဲ့အခါမှာ အဆိပ်အတောက်ပရိုတိန်းများ စုပြုံလာပြီး အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဝက်ရူးပြန်တို့လို အာရုံကြောရောဂါတွေ ဖြစ်လာစေပါတယ်။

▪️ ဒီပတ်သက်မှုတွေကို သိရှိခြင်းဖြင့် အသက်အရွယ်အရ မှတ်ဉာဏ်ဆုံးရှုံးလာခြင်းကို ဖြစ်စေတဲ့ အာရုံကြောဇီဝကမ္မဖြစ်စဉ်တွေအကြောင်း ပိုမိုသိရှိလာစေနိုင်တယ်လို့ ပရော်ဖက်ဆာလီက ပြောပါတယ်။

▪️ ဒါကြောင့် ကျန်းမာစွာ အသက်ကြီးရင့်လာနိုင်ဖို့အတွက် လင့်အဖွဲ့အစည်း လုပ်ဆောင်ချက်ထိန်းသိမ်းနိုင်ဖို့ က အရေးပါနေပါတယ်။

▪️ ဒီရလဒ်တွေက အိပ်စက်မှု၊ လင့်အဖွဲ့အစည်းစနစ်နဲ့ ဦးနှောက်ကွန်ရက်များကြား ဆက်သွယ်မှုရှုထောင့်ကနေ လေ့လာထားတာ ဖြစ်ပါတယ်။

#Source: Neuro Science News