နယ်မှပြောင်းရွေ့နေထိုင်သူတွေများပြားလာတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးကွက်မှာ လတ်တလောကာလမှာတော့ အိမ်အပါမြေကွက်နဲ့ လုံးချင်းေတွအရောင်းအဝယ်မြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 June 2025
#အိမ်ခြံမြေဈေးကွက် #မြေကွက်ဝယ်ယူမှုမြင့်တက်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနဲ့ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ဇွန်လ ယမန်နေ့က ရန်ကုန်မြို့ရှိ Rose Garden Hotel မှာကျင်းပခဲ့ပါတယ်။
#Local_News
Published 17 June 2025
#မြန်မာနှင့်ဂျာမနီပူးပေါင်း #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လျှပ်တပျက်ရေကြီးတာ မြေပြိုတာစတဲ့ သဘာဝဘေးတွေဖြစ်နိုင်တာ ကြောင့် ကုန်းမြင့်နေသူတွေ၊ မြစ်ငယ်၊ ချောင်းငယ်အနီးနေထိုင်သူတွေနဲ့ ဆည်မြောင်းတာတမံတွေ အနေနဲ့ လိုအပ်တာတွေ ကြိုတင်ဆောင်ရွက်ထားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့က အထူးမိုးလေဝသ သတင်းတစ်ရပ်ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
#Local_News
Published 17 June 2025
#လျှပ်တပျက်ရေကြီးခြင်း #မိုးဇလသတိပေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်နှုန်းမြင့်သူတွေနဲ့နာတာရှည်ရောဂါအခံရှိသူတွေကို ကာကွယ် ဆေးထိုးပေးသွားမယ်လို့ ယမန်နေ့ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးလာပါတယ်။
#Local_News
Published 17 June 2025
#ကိုဗစ်အတည်ပြုလူနာ၅၀ကျော် #ကာကွယ်ဆေးထိုးပေး
#YMG/NN #Yangon_Times
တရုတ်လေကြောင်းကျွမ်းကျင်သူတစ်ဦးက ကြာသပတေးနေ့က အိန္ဒိယ ဂူဂျာရက်ပြည်နယ်မှာ လေယာဉ်ပျက်ကျရတာဟာ စက်အင်ဂျင်ပျက်ယွင်းခြင်း၊ ရာသီဥတုအခြေအနေတို့ အပါအဝင် အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
#World_Disaster
Published 16 June 2025
#အိန္ဒိယလေယာဉ်ပျက်ကျ #တရုတ်လေယာဉ်ပညာရှင်သုံးသပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 June 2025
၁။ ယခုဘဏ္ဍာနှစ်စောပိုင်းတွင်ပြည်ပသို့ဆန်၊ ဆန်ကွဲ တန်ချိန် ၄သိန်းကျော် တင်ပို့ထား
၂။ နှစ်လအတွင်း နေလှန်းဆားပိဿာချိန်တစ်သိန်းကျော်တင်ပို့ရောင်းချ
၃။ လေးရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်
၄။ အိန္ဒိယလေယာဉ်ပျက်ကျရသည့် ဖြစ်နိုင်ဖွယ်အကြောင်းအရင်းအား တရုတ်လေယာဉ်ပညာရှင်သုံးသပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းကိုယ်စားပြုမြန်မာ့သိုင်းလက်ရွေးစင်တွေ ရွေးချယ်ဖို့ ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေရာ သိုင်းအားကစားသမား ၃၆၀ကျော် ဝင်ရောက် ယှဉ်ပြိင်နေတယ်လို့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 16 June 2025
#သိုင်းလက်ရွေးစင်ရွေးချယ်ပြိုင်ပွဲ #သိုင်းသမား၃၆၀ကျော်ဝင်ရောက်ယှဉ်ပြိုင်
#YMG/NN #Yangon_Times
Page 142 of 1226