ငွေတောင်ကမ်းခြေသို့ ဒီဇင်ဘာလအတွင်း ခရီးသွားဧည့်သည်လေးသောင်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်တိုင်းကနေအများဆုံးလာရောက်ခဲ့ကြတယ်လို့ ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 4 January 2025
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်း
#YMG/NN #Yangon_Times
၂၀၂၄ ကဲချောင် နိုင်ငံတကာ ဒရုန်းပြိုင်ပွဲကို တရုတ်အရှေ့ပိုင်း ကျဲကျန်းပြည်နယ် ရှောင်ရှင်မြို့မှာ တနင်္လာနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။
#World_Event
Published 3 January 2025
#ကမ္ဘာ့ဒရုန်းပြိုင်ပွဲကြီး #ရှောင်ရှင်မြို့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 3 January 2025
၁။ ယခုတစ်ပတ်အခွန်စည်းကြပ်မှုအတွက် အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၈၇.၅ကျပ်နှုန်းသတ်မှတ်
၂။ သီလဝါနှင့်ဆူးလေဆိပ်ကမ်းများကို ဒေါ်လာ ၆၁ သန်း ရင်းနှီးမြှုပ်နှံ၍အဆင့်မြင့်တင်မည်
၃။ စက်သုံးဆီဈေးများ နှစ်ပတ်ဆက်တိုက်ကျဆင်း၊ 92တစ်လီတာကျပ် ၃,၀၀၀ အောက်ရှိလာ
၄။ (၂၀၂၄)ကမ္ဘာ့ဒရုန်းပြိုင်ပွဲကြီး တရုတ်၌ဒုတိယအကြိမ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခု ၂၀၂၅ ခုနှစ်အတွက် လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားနှစ်သောင်းခန့်ကို ပထမအကြိမ် စီမံချက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကနဦးပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 3 January 2025
#လူမှုဖူလုံရေး #ကျန်းမာရေးစောင့်ရှောက်မှု
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်မှာ စက်သုံးဆီဈေးတွေ နှစ်ပတ်ဆက်တိုက်ကျဆင်းလာပြီး ၊92တစ်လီတာကို ကျပ် ၃,၀၀၀ အောက်အထိရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 January 2025
#စက်သုံးဆီဈေးကျဆင်း #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ပြည်ပသို့ ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်အထောက်အကူဖြစ်စေမယ့် ဆိပ်ကမ်းတွေ အဆင့်မြင့်တင်တည်ဆောက်မှုကို ကနဦးအနေနဲ့အမေရိကန်ဒေါ်လာ ၆၁သန်း ရင်းနှီးမြုပ်နှံတည်ဆောက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 3 January 2025
#သီလဝါနှင့်ဆူးလေဆိပ်ကမ်း #အဆင့်မြင့်တင်
#YMG/SW #Yangon_Times
ပို့ကုန်သွင်းကုန်ကုန်ပစ္စည်းတွေကို ဈေးကွက်ငွေလဲလှယ်နှုန်းအပေါ်အခြေခံတဲ့ အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြောင်းလဲအခွန်စည်းကြပ်ကောက်ခံသွားမှာဖြစ်ရာ ယခုတစ်ပတ် အခွန်စည်းကြပ်မှုအတွက်အမေရိကန်တစ်ဒေါ်လာကို ၃၅၈၇.၅ကျပ်နှုန်းသတ်မှတ်ထားတယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 3 January 2025
#အခွန်စည်းကြပ်မှု #နိုင်ငံခြားငွေလဲလှယ်နှုန်း
#YMG/SW #Yangon_Times
Page 116 of 1084