#DailyNews
Published - 10 Mar 2022
၁။ ရွှေပြန်ရောင်းသူများနေသောကြောင့် တချို့ဆိုင်များ ငွေကို နေ့ချင်းပြီးမရှင်းနိုင်သည့်အခြေအနေရှိနေ
၂။ ချင်းပြည်နယ်မှစစ်ရှောင်လာသည့် လူဦးရေရာကျော်ကို ကလေးမြို့ရှိ ပုညကုသလအသင်းတွင် လက်ခံစောင့်ရှောက်ထား
၃။ မိုလေဝသ သတင်း
၄။ ဂါဇာဒေသတွင် မီးပျက်ခြင်းကြောင့် ဘတ်ထရီအဟောင်းအပျက်များစုပြုံလာပြီး ကျန်းမာရေးအန္တရာယ်ရှိလာနေ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 9 March 2022
ပိုလန်က တိုက်လေယာဉ်တွေပေးမယ့် ကမ်းလှမ်းချက်ကို အနောက်အင်အားကြီးနိုင်ငံတွေ အရေးတကြီး ဆုံးဖြတ်ပေးကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက တောင်းဆိုလိုက်ပါတယ်။
ပိုလန်က ဆိုဗီယက်ခေတ်က MiG-29 ဂျက် တိုက်လေယာဉ်တွေကို အမေရိကန်လေတပ်စခန်းရှိတဲ့ ဂျာမနီနိုင်ငံ ရမ်စတိန်းကနေ တစ်ဆင့် ယူကရိန်းကိုပို့ပေးဖို့ အဆိုပြုချက်ကို အမေရိကန်က အင်္ဂါနေ့တုန်းက ပယ်ချခဲ့ပါတယ်။ ပိုလန်က လေတပ်အနေနှင့် F-16 တိုက်လေယာဉ်တွေကို အစားဖိုးရရှိဖို့ အကြံပြုထားတာဖြစ်ပါတယ်။
Source AFP
#WorldSports
Published 09 March 2022
ငယ်စဉ်က ကလေးစစ်သားဖြစ်ခဲ့ဖူးတဲ့ နီပေါနိုင်ငံမှ မာရသွန်တာဝေးအပြေးမယ်'မီရာရိုင်'ဟာ နှစ်ပေါင်းများစွာတိုင်အောင် နံနက်တိုင်းတစ်ဦးတည်း အပြေးလေ့ကျင့်နေခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 March 2022
ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် စခန်း ၁၇၀ မှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ချင်တယ်ဆိုရင် ပြန်ပို့ပေးမယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက သိရပါတယ်။
#Yangon_Media_Group
Published 9 March 2022
အမေရိကန်နှင့်ဗြိတိန်တို့က ရုရှားထံမှ စွမ်းအင် တင်သွင်းတာတွေကို ဖြတ်ပစ်လိုက်ပြီလို့ မတ်(၈)ရက် နေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ရှဲလ်နှင့် ဘီပီတို့ကလည်း ရုရှားဆီက ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအသစ်တွေရပ်ဆိုင်းမယ်လို့ပြောပါတယ်။
အဲဒါကြောင့် လက်ရှိမှာ ရုရှားနှင့်ယူကရိန်းပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေတဲ့ အမေရိကန်မှာ အခုလို တင်သွင်းမှုပိတ်လိုက်တဲ့အတွက် ဈေးနှုန်းတွေ ထပ်မံမြင့်တက်မယ့်အလားအလာတွေရှိနေပါတယ်။
အခုဆို အမေရိကန်ပြည်ထောင်စုက ဓာတ်ဆီဆိုင်တွေမှာ ဆီတစ်ဂါလံကို ၄.၁၇ ဒေါ်လာပေးနေရပါပြီ။ တစ်လအတွင်း တစ်ဒေါ်လာနီးပါးဖြစ်တဲ့ ၇၂ ဆင့် တက်လာပါတယ်။ ဒီဈေးနှုန်းဟာ ၂၀၀၈ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနောက်ပိုင်းမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။
Source AFP
#LocalNews
Published_ 9 March 2022
ရန်ကုန်မြို့တော် သန့်ရှင်းရေးနဲ့ သပ်ရပ်စေရေးအတွက် အဓိကလမ်းမကြီးတွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalBusiness
Published - 9 Mar 2022
တောင်သူလယ်သမားတွေအနေနဲ့ နွေစပါးစိုက်ပျိုးရာသီစတင်နေပြီး လယ်ယာလုပ်ငန်းအတွက်လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေက မြင့်တက်နေတာကြောင့် စိုက်စရိတ်ကြီးမားတာကြောင့် နွေစပါးစိုက်ပျိုးရေးအပေါ်ထိခိုက်မှုရှိလာတယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ကလယ်သမားတွေဆီက စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
Page 892 of 931