#Local_News
Published _4 August 2022
အမေရိကန် ဒေါ်လာဈေးမြင့်တက်လာမှုနဲ့အတူ ပို့ကုန်တင်ပို့မှု မူဝါဒ ကန့်သတ်ချက်တွေကြောင့် ပြည်ပကို တင်ပို့ရန်ကျန်ရှိနေသေးတဲ့ ပြောင်းတန်ချိန် စုစုပေါင်း ၂သိန်းကျော် ပြောင်းကုန်သည်တွေဆီ ကျန်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA အဖွဲ့ဝင်တွေက ဖမ်းသွားတာ နှစ်ညရှိပြီ ဖြစ်ပေမဲ့ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို အခုထိ မသိရသေးဘူးလို့ ALP ရဲ့ တာဝန်ရှိသူက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအတွင်းမှာ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ သန့်ရှင်းရေးလုပ်သားတွေက တွေ့ရှိခဲ့တာပါ။
#Yangon_Media_Group
Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
#DailyNews
Published - 4 August 2022
၁။ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်း၌ သံဃာတော်တစ်ပါး၏ ရုပ်အလောင်းတွေ့ရှိ
၂။ ALP ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးအဖမ်းခံရသည့် ကိစ္စအကြောင်းရင်း မသိရသေး
၃။ ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန်ချိန် ၂ သိန်းကျော် ပြည်တွင်း၌ ကျန်ရှိနေ
၄။ ကမ္ဘောဒီးယားအန်ကာဝတ်တောထဲတွင် မျိုးသုဉ်းအန္တရာယ်ရှိနေသည့် မျောက်လွှဲကျော်မျိုးစိတ် ပြန်လည်ရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ဝေဘာဂီဆေးရုံကြီးမှာ HIV ပိုးရှိတဲ့ ကလေးတွေကို ARTဆေး အခမဲ့ထုတ်ပေးနေတယ်လို့ ဝေဘာဂီဆေးရုံကြီးက ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published -3 August 2022
ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်လို့ သတ်မှတ်ထားပေမဲ့ အပြင်မှာ တစ်ဒေါ်လာကို ၂၇၀၀ ကျပ်ထိ မြင့်တက်နေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက တညီတညွတ်တည်း ဆိုကြပါတယ်။
#Yangon_Media_Group
Page 893 of 1061