#TV Yangon Times Matters အစီအစဉ်
Published - 15 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က လင်းဏေ(Myanmar Magician)နှင့်အတူ
-"၁၉၉၆ခုနှစ်မှစ၍ မျက်လှည့်အစီအစဉ်တွေစကြည့်ဖြစ်ရင်း မျက်လှည့်ပညာရပ်ကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး နည်းစနစ်ကျတဲ့သင်ကြားမှုတွေကို စာအုပ်တွေကတစ်ဆင့်လေ့လာခဲ့ရပြီး ဆရာကြီးစက္ကောမက မျက်လှည့်နဲ့ပတ်သက်တဲ့ အခွေတွေစာအုပ်တွေထွက်လာတော့ ပဉ္စလက်ဆန်တဲ့ပြကွက်တွေကို သင်ယူခဲ့ရတာဖြစ်ကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_14 January 2023
မြန်မာဘက်ခြမ်းကနေ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်သေးပေမယ့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ နေ့စဉ်ပုံမှန် ကုန်သွယ်မှုပြုလုပ်နေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_14 January 2023
CNG Gas တွေကို ည ၁၀ နာရီအချိန်ထိ ထပ်တိုးပေးထားတယ်လို့ ကြေညာထားပေမယ့် တစ်ကယ့်လက်ရှိမှာတော့ ည ၈ နာရီကျော်အထိသာရရှိတယ်လို့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#World_Disaster
Published 14 January 2023
ပဋိပက္ခနဲ့ ပထဝီဝင်စီးပွားရေးတင်းမာမှုများကြောင့် လာမယ့် ၂ နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ အဆိုးရွားဆုံးအန္တရာယ်ဖြစ်လာပြီး လူနေထိုင်မှုစရိတ်အကျပ်အတည်း အမြင့်ဆုံးဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF)က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ၂၀၂၃ တစ်ကမ္ဘာလုံးဆိုင်ရာအန္တရာယ်သတင်းတင်ပို့မှုအရ သိရှိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- အန္တရာယ်ကင်းတဲ့ ကလေးဖြည့်စွက်အာဟာရကို ဘယ်လိုသိရှိနိုင်မလဲ ဘယ်လိုရွေးချယ်နိုင်မလဲ??
#Yangon_Media_Group
Published 14 January 2023
အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ဟာ အာကာသပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလက်မှတ်ရေးထိုးပွဲကို ဝါရှင်တန်ဒီစီက နာဆာ ဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်အာကာသအေဂျင်စီနာဆာကို သွားရောက် လေ့လာလည်ပတ်ပြီးနောက် လက်မှတ်ရေးထိုးပွဲကို ဆက်လက်ပြုလုပ်ခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီတို့ဟာ ဂျပန်ဝန်ကြီးချုပ်ရှေ့မှောက်မှာ အဆိုပါ အမေရိကန်-ဂျပန်အာကာသပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရည်ရွယ်ချက်နှင့် အာကာသပူးပေါင်း ဆောင်ရွက်ရေးအတွက် အခြေခံမူဘောင်တွေပါဝင်ပါတယ်။ဒီလက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဟာ သူတို့ပြည်တွင်း ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ဟာ ဂျပန်နှင့်အမေရိကန်နှစ်နိုင်ငံအကြား အာကာသပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားနယ်ပယ် တွေမှာပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက ပြောပါတယ်။
ဒီမူဘောင်သဘောညီချက်ဟာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုမှာ အထွတ်အထိပ်အသစ်တစ်ခုကို ရောက်ရှိစေပါလိမ့်မယ်။ အာကသနည်းပညာနှင့်ပို့ဆောင်ရေး၊ လမျက်နှာပြင် စက်ရုပ်မစ်ရှင်တွေနှင့် ရာသီဥတုဆက်စပ် မစ်ရှင်တွေလို နယ်ပယ်တွေနှင့် ဂျပန်အာကာသယာဉ်မှူးတွေကို လကိုစေလွှတ်မယ့် ကျွန်တော်တို့ရဲ့ ဘုံမျှော်မြင်မှုတွေ မှာ မိတ်ဖက်ဖြစ်မှုပိုမိုခိုင်မာလာစေပါလိမ့်မယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီသဘောတူညီချက်ကို အခြေပြုပြီး ဂျပန် အမေရိကန် အာကာသပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုပြီးနက်ရှိုင်းလာပြီး အနာဂတ်မှာ လူသားအားလုံးအတွက် အကျိုးရှိစေမယ်လို့သူရိုးသားစွာယုံကြည်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source AFP
#Local_News
Published_ 14 January 2023
အိမ်သာနဲ့ရေချိုးခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ အမွှေးနံ့တွေထွက်နေပြီဆိုရင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲနေတဲ့ သားသမီးရှိပြီဆိုတာသိပြီး ဆေးဖြတ်ပေးဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 824 of 1178