Published 2 June 2022
လူထောင်ပေါင်းများစွာဟာ ဇွန် ၂ရက်က လန်ဒန်မြို့လယ်ကို လာရောက်ဆုံတွေ့ကြကာ ရာစုနှစ်ကြာညောင်းခဲ့ပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီးရဲ့ နန်းသက် ၇၀နှစ် ပလက်တီနမ်ရတုပွဲ"Trooping the Colour" ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို လာရောက်ကြည့်ရှုကြပါတယ် ။
အဲဒီ အဲလစ်ဇဘက်ဘုရင်မကြီးကို ပလက်တီနမ်ရတုဖြင့် ဂုဏ်ပြုပွဲကို လေးရက်တိုင်ကျင်းပမှာဖြစ်ပြီး ယခုအခမ်းအနားနှင့် စတင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
#WorldEconomy
Published 2 June 2022
သီရိလင်္ကာကျွန်းနိုင်ငံမှာ မကြုံစဖူးလောင်စာဆီပြတ်လပ်မှုကြုံတွေ့နေရတာကြောင့် နိုင်ငံရဲ့အဓိက ပင်လယ်ဆိပ်ကမ်းကြီးမှာ လောင်စာဆီသုံး မော်တော်ယာဉ်တွေ အသုံးမပြုရတော့ဘဲ အခမဲ့ စက်ဘီးဝန်ဆောင်မှုကို အင်္ဂါနေ့ကစတင်အသုံးချလိုက်ပါတယ်။
#Yangon_Media_Group
Published 2 June 2022
ရုရှားတပ်တွေဟာ နိုင်ငံရဲ့ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ပြောပါတယ်။ အဲဒီအထဲမှာ ကျူုးကျော်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆယ်နှင့် ၂၀၁၄ခုနှစ်ကတည်းက မော်စကိုက ကျောထောက်နောက်ခံပြု ထားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ အရှေ့ဘက်လည်းအပါအဝင်ဖြစ်တယ်လို့ သူကပြောပါတယ်။
Source AFP
#LocalNews
Published_2 June 2022
တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန်၊ ရွှေလီ၊ ကျယ်ဂေါင်စတဲ့ နယ်စပ်မြို့တွေမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ ကုန်စည်တွေကို မူဆယ်-ရွှေလီ ရွှေတြိဂံလမ်းကြောင်းကတစ်ဆင့် မြန်မာနိုင်ငံကို ရက်ပိုင်းအတွင်းမှာ ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -2 June 2022
လတ်တလောမှာ မြန်မာနိုင်ငံမှာမြေငလျင်ငယ်တွေခပ်စိပ်စိပ်ပြန်လှုပ်နေတဲ့အတွက်မြေငလျင်ကြီးတွေတစ်ကျော့ပြန်လှုပ်ခတ်မည်ကိုသတိပြုဖိုလိုတယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 2 June 2022
၁။ မြေငလျင်များ ခပ်စိပ်စိပ်ပြန်လှုပ်နေ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးဒေသများ မြေငလျင်ကြီးများတစ်ကျော့ပြန်လှုပ်ခတ်မည်ကို သတိပြုရန်လို
၂။ တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော ကုန်တင်ယာဉ်နှင့် ကုန်စည်များကို မြန်မာနိုင်ငံသို့ ပိုဆောင်ခွင့်ရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လောင်စာဆီပြတ်လတ်ပြီးနောက် သီရိလင်္ကာဆိပ်ကမ်းမှ အလုပ်သမားများ စက်ဘီးဖြင့်အလုပ်ခွင်သို့သွားလာနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldDevelopment
Published 1 June 2022
စစ်ပွဲပဋိပက္ခများ အစဉ်မပြတ်ဖြစ်ပွားနေခဲ့တဲ့ လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်မှာ လူငယ်များအပန်းဖြေဆော့ကစားနိုင်ရန် ပထမဆုံးစကိတ်စီးကွင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Page 778 of 889