#Local_News
Published 22 October 2026

■ ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိထားသည့် မြန်မာ့ပေါ်ဆန်းဆန်ကို အမျိုးသားအဆင့် အရည်အသွေးမြင့်ထုတ်ကုန်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိက၊ ပညာရှင်များနှင့် တောင်သူများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

■ ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆုရရှိခဲ့သည့် မြန်မာ့ပေါ်ဆန်းဆန်ကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအား ဂုဏ်ပြုသည့်အခမ်းအနားနှင့်ဆန်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

■ အဆိုပါအခမ်းအနားတွင် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဆိုသည့် ရည်မှန်းချက်ကို လက်တွေ့အောင်မြင်မှုအဖြစ် ဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times