#Daily_News
Published_ 21 September 2023
၁။ စားအုန်းဆီများကို လက်လီပြန်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှရောင်းချပေးနေဟုဆို
၂။ အခြေခံ စားသောက်ကုန်အချို့ ဈေးပြန်ကျပေမယ့် အရောင်းဝယ် အလွန်အေးနေ
၃။ နေပြည်တော်မြို့တွင် လျှပ်စစ်သုံးEVကား(၁၀)စီးဖြင့် တက်စီဝန်ဆောင်မှုများ စပေးနေ
၄။ ဒူဘိုင်းကန္တာရရှိ ကုလားအုတ်နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပြည်ပကို သွားရောက် အလုပ်လုပ်ချင်သူများကို အလုပ်ရမည်ဟုဆိုကာ အွန်လိုင်းကနေ တစ်ဆင့် ငွေကြေး လိမ်လည်မှုတွေလုပ်ဆောင်နေ
ပြည်တွင်းမှာ အလုပ်ကိုင်အခွင့်အလမ်းနည်းလာတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူများလာတဲ့ အပေါ်အခွင့်ကောင်းယူပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ အကောင့်အမျိုးမျိုးနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် အလုပ်အကိုင်များ ရေးတင်ခြင်း၊တရားဝင်အေဂျင်စီတွေရဲ့ ဖေ့ဘုတ်နဲpage အတုများ ပြုလုပ်ပြီး လိမ်လည် ငွေကြေးတောင်းခံတာတွေကြောင့် ပြည်ပကိုသွားရောက် အလုပ်လုပ်လိုသူများ ငွေသိန်းနဲ့ချီ အလိမ်ခံရတာတွေရှိနေတယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
ဆိုလာတပ်လိုသည့် စက်ရုံအလုပ်ရုံများ ဘဏ်အရစ်ကျဖြင့် ရောင်းမည်
‘ဆိုလာတပ်လိုတဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့ Power Light Solarကုမ္ပဏီကနေ ဆိုလာဝယ်ရင် ၂၀မှ၃၀ရာခိုင်နှုန်းကို ကုမ္ပဏီကိုဘဏ်မှတစ်ဆင့် ငွေပေးချေပြီးပြီဆိုရင်ကျန်တဲ့၇၀မှ၈၀ရာခိုင်နှုန်းကို ဘဏ်ကနေ ဆိုလာချေးငွေအဖြစ် ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ ဘဏ်ကနေSolar Loanရရှိမှု နည်းပါးနေရင်လည်း လိုအပ်နေတဲ့ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းကို အဖွဲအစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီပံ့ပိုးပေးသွားမယ်’ ဒေါ်ဖြူဖြူသန့် (Power Light Solar Co.,Ltd၏Managing Director)
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
EVကား (၁၀)စီးဖြင့် နေပြည်တော်တွင် တက်စီဝန်ဆောင်မှုပေးနေ
‘တက်စီ ငှားရမ်းလိုသူတွေအနေနဲ့ နေအိမ်တွေကနေ မိနစ်၂၀ခန့် ကြိုတင်ဖုန်းဆက်ပြီး ငှားရမ်းနိုင်ပြီး စတက်တက်ချင်းကျပ်(၁၅၀၀)၊ အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ်(၅၀၀)၊ မနက်၉နာရီမှ ၆နာရီအတွင်း တစ်ကီလိုကို ကျပ်(၁၀၀၀) နှုန်းနဲ့ ပြေးဆွဲနေတယ်’ EVNET Taxiမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
အခြေခံ စားသောက်ကုန်အချို့ဈေး ပြန်ကျပေမယ့် အရောင်းဝယ်အလွန်အေးနေ
ပြည်ပဝယ်လိုအား နည်းလာပြီး ဈေးကွက်အတွင်း ကုန်အဝင်များလာကာ စားသောက်ကုန်အချို့ ဈေးပြန်ကျလာပေမယ့် ယခင်က ဈေးကွက်တည်ငြိမ်မှုမရှိတာကြောင့် ဝယ်ယူသူအချို့က လိုအပ်သလောက်သာ ဝယ်ယူနေခြင်း၊ ယခုရက်ပိုင်း မိုးများပြီး နေရာအချို့ သွားလာရခက်နေတာတွေ ကြောင့် အရောင်းဝယ်အလွန်အေးနေတယ်လို့ ပွဲရုံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
စားအုန်းဆီ ပေပါလိုက် ဝယ်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်း
‘အမြတ်(၂)ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ လက်လီပြန်ရောင်းတဲ့ဆိုင်တွေကို ဆိုင်တစ်ဆိုင်ချင်းကို ကတိပြုခံဝန်လက်မှတ်ထိုးစေကာ မှတ်ပုံတင်မိတ္တူရော၊ ခံဝန်လက်မှတ်ရော လက်ကားဒိုင်တွေကယူပြီးမှ ရောင်းချပေးနေပါတယ်’ ဘုရင့်နောင် စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published-21 September 2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ယနေ့နံနက်က ကားတစ်စီး မတော်တဆတိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးရှိကြောင်း Myanmar Rescue Organization Hpa An က သိရသည်။
စက်တင်ဘာလ ၂၁ ရက် နံနက် ၁နာရီခွဲ အချိန်၌ ဘားအံမြို့အမှတ် ( ၉ )ရပ် ကွက် ၊မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ ကားအတွင်းညှပ်နေသူ အမျိုးသား (၂)ဦးနှင့် အပြင်ထွက်နေသောလူနာအမျိုးသား (၁)ဦး၊အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်နေရာသို့ Myanmar Rescue Organization - Hpa An ၏ အရေးပေါ်
ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီမှုဆောင်ရွက်ကာဒဏ်ရာများပြုစုပေးပြီး လူနာ (၄) ဦးအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ လူနာတင်ယာဥ် နှစ်စီးဖြင့် တောင်ကလေးစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 754 of 1337