ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ် ၁၀၀ အထိ ဈေးကျဆင်းနေ၍နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုးပေါ်နေ' ပြီးခဲ့တဲ့နှစ်တွေကပေါတာကပေါတယ်ဒီလောက်အထိဈေးမကျသေးဘူး၊၃၀၀လောက်ဆိုသူတို့အတွက် တွက်ခြေကိုက်သေးတယ်၊ အရင်းပြန်ကျေနိုင်သေးတယ်'
#Local_News
Published_ 14 February 2024
#ဂေါ်ဖီပန်းပွင့်ဈေးပေါလွန်း #နွားစာအဖြစ်ဝယ်ကျွေး
#YMG/NN #Yangon_Times
"နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အာရုဏ်ဆွမ်း/နေ့ဆွမ်းကို၁ရက်လျှင် ၅၀ ဘတ်၊ ပံသကူသင်္ကန်း/ကန်တော့ပွဲ ၁ပွဲလျှင် ၅ဘတ်၊ ရွှေ့ထင်း ငွေထင်း ၁စုံ လျှင် ၁ ဘတ်၊ ရေ/မီး ၁ရက် လျှင်၄ဘတ်၊ စုစုပေါင်း။ ၁စုံကြီးစာ ၆၀ ဘတ်ဖြင့် လှူဒါန်းနိုင်တယ်"
#Local_News
Published_ 14 February 2024
#နဂါးနှစ်ကောင်ဆရာတော်ကြီး
#tthl #Yangon_Times
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းသည် ပြည်တွင်းပြည်ပဘေးအန္တရာယ်ဆိုတာထက် တို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရတာဝန်ရှိတဲ့အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ် လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ယင်းဥပဒေနှင့်ပတ်သက်၍ ပြောဆိုဝေဖန်မှုများရှိနေသည့်အတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ထပ်မံရှင်းလင်းပြောဆိုရာတွင် ယင်းကဲ့သို့အသိပေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းတင်ပြချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစာရေစာ ပြတ်လပ်မှု ပိုမိုဆိုးရွားနေပြီး ထိုနေရာမှလူတွေဟာ ငတ်မွတ်ခြင်းကို ခံစားနေရကြောင်း CGTN သတင်းထောက်က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Crisis
Published_ 13 February 2024
#ပါလက်စ်တိုင်းလူမျိုး #အစာရေစာငတ်မွတ်ခေါင်းပါးမှုကြုံတွေ့နေရ
#YMG_News #Yangon_Times #Yangon_Media_Group
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ဆီးရီးယားအနေဖြင့် နိုင်ငံထဲမှ မည်သည့် တရားမဝင်နိုင်ငံခြားတပ်များကိုမဆို ခုခံကာကွယ်ဖို့အရေးက ထိပ်တန်းဦးစားပေး ဖြစ်တဲ့အတွက် အစ္စရေးနှင့် စစ်ပွဲအသစ်တစ်ခုစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆီရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆဲလ် မက်ဒက် က ထပ်မံပြောကြားလိုက်ပါတယ်။
Source CCTV+
#Daily_News
Published_ 13 February 2024
၁။ "မွန်ဘိုင်းရုပ်ရှင်ပွဲတော်"တွင် မြန်မာဇာတ်ကားများပါဝင်ပြသပြီး နိုင်ငံတကာရုပ်ရှင်ဈေးကွက်ထိုးဖောက်နိုင်
၂။ စပါးဈေးကောင်းခဲ့သည့်အတွက် နွေစပါးစိုက်ရာသီ၌ အထွက်တိုးစပါးများ စိုက်ပျိုးလာကြဟုဆို
၃။ မိုးနှမ်းရာသီကုန်ချိန်ကျော် လွန်နေသော်လည်း နှမ်းဈေး ထိုးမြင့်လာတာကြောင့် တောင်သူတွေရောင်းချမှုများနေ
၄။ ဂါဇာကမ်းမြောင်မြောက်ပိုင်းမှ ပါလက်စ်တိုင်းလူမျိုးများ အစာရေစာငတ်မွတ်ခေါင်းပါးမှုကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
CI စာအုပ်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူတွေကို မဟာချိုင်မှာ ဖွင့်လှစ်ထားတဲ့ TDCC ရုံးခွဲမှာ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားဖို့ လုပ်ဆောင်ပေးလျက်ရှိရာမှ စက်ရုံ အလုပ်ရုံတွေရဲ့ တင်ပြချက်အရ အခုလို mobile team နဲ့ စက်ရုံတွေအထိ သွားရောက်လုပ်ပေးဖို့ ဆောင်ရွက်ရတာဖြစ်တယ်ဆိုပါတယ်။
#Local_News
Published_ 13 February 2024
#CI စာအုပ်ကိုင်ဆောင်ထား #Mouလုပ်သား
#YMG/LW #Yangon_Times
Page 437 of 1151