၁၃ အောက်တိုဘာ ၂၀၂၄
ဟာရီကိန်း မီလ်တွန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင် ဖလော်ရီဒါပြည်နယ်ကို လေပြင်း များနှင့်အတူ ဖျက်အားပြင်း လေဆင်နှာမောင်းတွေ သည်းထန်တဲ့မိုးတွေနှင့် ညကြီးမင်းကြီးမှာ ဝင် ရောက် တိုက်ခတ်ဖျက်ဆီးခဲ့တဲ့အတွက် လူ ၁၇ဦးအနည်းဆုံးသေဆုံးပြီး သန်းပေါင်းများစွာဟာ ပြီးခဲ့တဲ့ သောကြာနေ့အထိ လျှပ်စစ်မီးပြတ်တောက်မှုတွေနှင့်ကြုံနေကြရပါတယ်။
Source CCTV+
ခရီးသွားစီးနင်းသူများပြားလာတာကြောင့် ရန်ကုန်-ပြည်နဲ့ ရန်ကုန်- မော်လမြိုင်ရထားတွဲဆိုင်းတွေကို ဒီကနေ့ကစတင်ပြီး တိုးချဲ့ပြေးဆွဲနေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 13 October 2024
#ပြည်နှင့်မော်လမြိုင် #ရထားတွဲဆိုင်းများတိုးချဲ့ပြေးဆွဲ
#YMG/NN #Yangon_Times
စက်ရုပ်စားဖိုမှူးများကို တရုတ်အာဏာပိုင်များက အသင့်စားအစားအသောက် ဝန်ဆောင်မှုလိုင်စင်ပေးအပ်ခဲ့ရာ ပေကျင်းမြို့မှာ မကြာခင် စက်ရုပ်စားဖိုမှူးများက လာရောက်စားသုံးသူများအတွက် အစားအစာများချက်ပြုတ်ပေးတော့မှာ ဖြစ်ပါတယ်။
#Asia_Development
Published 12 October 2024
#စက်ရုပ်စားဖိုမှူး #အစားအစာများပြင်ဆင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 October 2024
၁။ သီတင်းကျွတ်ပိတ်ရက်အတွက် အထူးရထားများ ပြေးဆွဲမည်
၂။ တစ်လအတွင်း ဒေါ်လာသန်း၁၀၀ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့၊ ယခုဘဏ္ဍာနှစ်အတွင်းပို့ကုန်ဝင်ငွေအများဆုံးရရှိထား
၃။ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ပွဲတော်(၃)ရက်တိုင်တိုင် ကျင်းပမည်
၄။ မကြာမီပေကျင်းတွင် စက်ရုပ်စားဖိုမှူးများဖြင့် အစားအစာများ ပြင်ဆင်ပို့ဆောင်သွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ လေကြောင်းလိုင်းနှစ်ခုမှ တစ်ပတ် မှာ လေးရက်စတင်ပျံသန်းပြေးဆွဲသွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 12 October 2024
#ပုသိမ်လေဆိပ် #တစ်ပတ်လေးရက်ပျံသန်းပြေးဆွဲ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSMEထုတ်ကုန်သီတင်းကျွတ်ဈေးရောင်း ပွဲတော်နဲ့ဂီတပွဲတော်ကို(၃)ရက်တိုင်တိုင်ကျင်းပဖို့ရှိပြီး ဆိုင်ခန်း(၄၂၀)ခန့် ရောင်းချပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 12 October 2024
#ပြည်သူ့ရင်ပြင် #သီတင်းကျွတ်ပွဲတော်
#YMG/tthl #Yangon_Times
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ဆန်နဲ့ ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး အခုဘဏ္ဍာနှစ်အတွင်းမှာ တော့ တန်ချိန်အများဆုံးနဲ့ ပို့ကုန်ဝင်ငွေအများဆုံးရရှိထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 October 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်ဝင်ငွေအများဆုံးရရှိ
#YMG/NN #Yangon_Times
Page 433 of 1339