#Daily_News
Published_ 23 April 2024
၁။ အခုနှစ်တွင် အယ်နီညိုရှိနေပေမယ့်လည်း မေလထဲမုတ်သုန်ပုံမှန်ဝင်နိုင်ဟုဆို
၂။ အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းရာကျော်အား အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်
၃။ တရုတ်ပြည်နယ်စပ်သို့ သွားရောက်အလုပ်လုပ်ရန် မူဆယ်တွင် UID စမတ်ကတ်လျှောက်ထားဖို့ စာရင်းပေးထားသူ ဦးရေ ၇၀၀၀ ရှိဟုဆို
၄။ ဗြိတိန်ဆိုင်ခန်းငှားရမ်းခများ မြင့်တက်လာကာ ဇိမ်ခံပစ္စည်းဝယ်လိုအားကျဆင်းလာသဖြင့် ဖက်ရှင်ဆိုင်များပိတ်သိမ်းလာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ စလင်းနဲ့ စကုတို့မှာ ကုလားပဲ စုပေါင်းရောင်းချပွဲကို တစ်လကြာပြုလုပ်ပေးခဲ့ ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တောင်သူတွေ လက်ဝယ်မှာ ရောင်းချဖို့အတွက် တင်းပေါင်း၂သောင်းကျော် ကျန်နေသေးတဲ့အတွက် စုပေါင်းရောင်းချပွဲကို ရက်ထပ်တိုးပြီး ဝယ်ယူပေးဖို့ တောင်သူတွေက တောင်းဆိုထားတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 23 April 2024
#ကုလားပဲစုပေါင်းရောင်းချပွဲ #မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး
#YMG/LW #Yangon_Times
ကျိုက်ထီးရိုးကို မနှစ်ကဒီလိုအချိန်မှာ ဘုရားဖူး(၄)သိန်းကျော်ခန့် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား ဘုရားဖူးဝင်ရောက်သူ(၅)သိန်းကျော်ဝင်ရောက်ပြီး ဘုရားဖူးဝင်ရောက်မှုတစ်သိန်းကျော် ပိုခဲ့တယ်။ သင်္ကြန်တွင်းမှာ တစ်ရက်ကို (၄)ထောင်ကျော်၊(၅)ထောင်ကျော်အထိ ဝင်ရောက်ခဲ့တယ်။
(ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၊တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 23 April 2024
#ကျိုက်ထီးရိုး #ဘုရားဖူး(၅)သိန်းကျော်ဝင်
#tthl #Yangon_Times
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းပေါင်း တစ်ရာကျော်ကိုလာမယ့် မေလအတွင်းမှာ အိမ်ရာချေးငွေစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published_ 23 April 2024
#အောင်မြင့်မိုရ်အိမ်ရာ #အိမ်ရာချေးငွေစနစ်ဖြင့်ရောင်းချ
#YMG/ NN #Yangon_Times
အယ်နီညိုရှိနေပေမယ့်လည်း အခုနှစ်မှာလည်း မေလ(၁၈)ရက်လောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေစပြီးတော့ မုတ်သုန်လေစဝင်ဖို့ရှိတယ်။ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း)
#Local_News
Published 23 April 2024
#အယ်နီညို #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#tthl #Yangon_Times
Page 384 of 1154