အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အဖွဲ့ဟာ ဒိန်းမတ်ရဲ့ ဂရင်းလန်းကို ရရှိဖို့အတွက် ရွေးချယ်စရာနည်းလမ်းအမျိုးမျိုးစဉ်းစားနေပြီး အမေရိကန်စစ်တပ် အသုံးချရေးလည်း အပါအဝင်ဖြစ်နေတယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက အင်္ဂါနေ့မှာပြောပါတယ်။
#Local_News
Published 09 January 2026
#ဂရင်းလန်းကျွန်း #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ နှစ်ပတ်ကကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာလည်း တစ်လီတာကို ၃၅ကျပ် ကနေ ၆၀ကျပ်အတွင်း ဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 09 January 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံတွေ ပိုမိုအားကောင်းလာစေဖို့အတွက်စစ်ကိုင်း၊ မန္တလေးနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ အိုင်စီအာရ်စီအဖွဲ့ကထုတ်ပြန်ပါတယ်။
#Local_News
Published 09 January 2026
#စစ်ကိုင်း_မန္တလေး
#YMG/SW #Yangon_Times
#Local_News
Published 9 January 2026
▪️ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် စေလွှတ်လချုပ်ပေးပို့ရန်ကျန်ရှိ အေဂျင်စီ (၄၆)ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်စာရင်းပါ အေဂျင်စီများသည် လုပ်သားစေလွှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လချုပ်စာရင်းကိုပေးပို့ပေးရန် လိုအပ်ကြောင်း၊ ထိုလချုပ်စာရင်းကို
▪️ အေဂျင်စီများအနေဖြင့် သတ်မှတ်ရက်အတွင်း လချုပ်စာရင်းပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုနှစ် ဇန်နဝါရီလ(၁)ရက်မှစတင်ကာ သွင်းကုန်လုပ်ငန်းရှင်များက လျှောက်ထားလာတဲ့ သွင်းကုန်ပါမစ်/လိုင်စင်တွေအတွက်သက်တမ်းကို ရက်ပေါင်း(၁၈၀) အထိသတ်မှတ်လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 January 2026
#သွင်းကုန်ပါမစ် #ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ကရင်ပြည်နယ်မှာ အခုနှစ်ဆောင်းဆီထွက်သီးနှံ ဧက ၇၆,၀၀၀ကျော် စိုက်ပျိုးဖို့လျာထားရာ လက်ရှိမှာစိုက်ဧက ခုနှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 09 January 2026
#ကရင်ပြည်နယ် #ဆောင်းဆီထွက်သီးနှံ
#YMG/NN #Yangon_Times
#Daily_News
Published 09 January 2026
၁။ သွင်းကုန်ပါမစ်သက်တမ်းကို ရက်ပေါင်း(၁၈၀) အထိသတ်မှတ်
၂။ ကျန်းမာရေး အခြေခံအဆောက်အအုံများ ပိုမိုအားကောင်းလာရန် ဆက်လက်ဆောင်ရွက်မည်
၃။ စက်သုံးဆီဈေး အားလုံးသုံးပတ်ဆက်တိုက်ကျဆင်း
၄။ ဂရင်းလန်းကျွန်းပိုင်ဆိုင်ရေးအတွက် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ နည်းလမ်းအမျိုးမျိုးစဉ်းစား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 38 of 1270